ဝါဆော တက္ကသိုလ်မှ ကျောင်းသားတစ်ဦး။
။အစီရင်ခံစာတွေအရ (ရခိုင်ဒေသမှာ) ဒီကနေ့အချိန်ထိ အသတ်ခံရတဲ့ လူပေါင်း
နှစ်ရာကျော်ရှိပြီး၊ နေအိမ်တွေကို စွန့်ခွာထွက်ပြေးရသူပေါင်း
နှစ်သိန်းခွဲကျော် ရှိနေပြီလို့  သိရပါတယ်။ ဒေါ်စုအနေနဲ့ ဒီကိစ္စတွေနဲ့ 
ပတ်သက်ပြီး ဘာ့ကြောင့် တိုက်ရိုက်ပြောဆိုကန့်ကွက်တာမျိုး မရှိသေးတာလဲဆိုတာ
သိပါရစေ။ ဒါ့အပြင် ၉၆၉ လှုပ်ရှားမှုနဲ့  ဆူပူအကြမ်းဖက်မှုတွေမှာ
အဓိကဦးဆောင်လှုံ့ ဆော်သူလို့  ပြောနေကြတဲ့ အရှင်ဝီရသူ အပေါ် ဒေါ်စုရဲ့ 
သဘောထားအမြင်ကိုလည်း သိလိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။
။(ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့) အခြေအနေတွေနဲ့  ပတ်သက်ပြီး ကျွန်မ တော်တော်
များ များ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မက လူတွေကို
လှုပ်လှုပ်ရှားရှားဖြစ်သွားစေမယ့် အပြောအဆိုမျိုးတွေပြော တာ
မဟုတ်တဲ့အတွက်ကြောင့် ကျွန်မပြောတာတွေကို နားမဝင်ကြတာပါ။
ကိစ္စတော်တော်များများအပေါ်ထားတဲ့ ကျွန်မရဲ့  သဘော ထားက
စိတ်လှုပ်ရှားစရာကောင်းတဲ့ သဘောထားမျိုးတွေ မဟုတ်ပါဘူး။ ကျွန်မဟာ အင်မတန်မှ
လက်တွေ့ဆန် သူ တစ်ယောက် ပါ။ ရခိုင်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေမှာ အစိုးရအနေနဲ့ 
ပြဿနာစဖြစ်တဲ့ ကနဦးအဆင့် ကတည်းက ဥပဒေစိုးမိုးရေးကို
အလေးပေးလုပ်ဆောင်ခဲ့မယ်ဆိုရင် ဒီပြဿနာတွေကို ထိန်းနိုင်ခဲ့မှာ ဖြစ်ပါတယ်။
ဥပဒေစိုးမိုးရေးဟာ ကျွန်မတို့  နိုင်ငံရဲ့  တည်ငြိမ်အေးချမ်းရေးအတွက်
အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကို ကျွန်မ တောက်လျှောက် ပြောလာခဲ့တာပါ။
လူအုပ်စုနှစ်စု ဟာ တစ်စုနဲ့ တစ်စု သံသယတွေဝင်နေမယ်၊ ဆူပူအကြမ်းဖက်မှုတွေ
ရှိနေမယ်ဆိုရင် ပထမဆုံး လုပ်ရမှာက အဲ့ဒီလူတွေ စိတ်ထဲမှာ လုံခြုံမှုကို
ခံစားနိုင်စေဖို့အတွက် ဥပဒေစိုးမိုးအောင် လုပ်ရမှာပါ။ ဒါကို ကျွန်မ အမြဲပဲ
ပြောခဲ့ပါတယ်။ တစ်ဦးကို တစ်ဦး သံသယနဲ့  ကြောက်ရွံ့နေကြတဲ့ လူတွေအချင်းချင်း
တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့  ဆိုတာမျိုးဟာ မဖြစ်နိုင်
ဘူး ဆိုတာကို ကျွန်မ အထပ်ထပ်အခါခါ ပြောခဲ့ပါတယ်။ သို့သော်လည်း ဘယ်သူကမှ
ကျွန်မပြောတာတွေကို တကယ်စိတ်ဝင်တစား နားထောင်တာမျိုး မရှိခဲ့ပါဘူး။ လူတွေဟာ
ပြစ်တင်ဝေဖန်ရှုံ့ ချတာမျိုးတွေကို စိတ်ဝင်စားလေ့ရှိပါတယ်။ ကျွန်မ က
ပြစ်တင်ရှုံ့ ချတဲ့လမ်းစဉ်ကို လိုက်နေတာမဟုတ်ပါဘူး။
ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကိုသာ ကျွန်မ လျှောက် လှမ်းနေတာဖြစ်ပါတယ်။
၉၆၉ လှုပ်ရှားမှုရယ် ဦးဝီရသူရယ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့၊ ဟုတ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ လိုနေပြီလို့ ယူဆပြီး စိုးရိမ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် တော်တော်များများရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးဟာ အတူတကွနေထိုင်တတ်ဖို့ ကိုလည်း လေ့လာကြရပါမယ်။ ပြီးတော့ ဂရုဏာ၊ ပညာ၊ မေတ္တာ ဆိုတဲ့ တရားတွေပေါ်မှာ အခြေတည်တဲ့ ဗုဒ္ဓဘာသာရဲ့  အခြေခံ အနှစ်သာရတွေအပေါ်မှာ ကျွန်မ အထူးယုံကြည်ပါတယ်။ အဲဒီ အနှစ်သာရတွေဟာ ကျွန်မတို့  လူမှုအဖွဲ့အစည်းမှာ ပြန်လည်ရှင်သန်လာမယ်ဆိုတာကိုလည်း ကျွန်မ အပြည့်အဝယုံကြည် ပါ တယ်။ ဘာဖြစ်လို့ လဲဆိုရင် ဒါတွေဟာ ကျွန်မတို့ ရဲ့ သမိုင်း၊ ကျွန်မတို့ ရဲ့  ထုံးထမ်းစဉ်လာတွေမှာ တော်တော်ကြီးကို အမြစ်တွယ်ပြီးသား တွေ ဖြစ်နေလို့ ပါပဲ။
သုံး ရောင် ခြယ်