Wednesday, April 29, 2020

အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူဆိုတာ

,
အနောက်နိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့်ကို (၁) မိမိနိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်သူတွေဖြစ်မှ ပေးတယ်။ (၂) နိုင်ငံရေး ခိုလှုံခွင့် ရပြီးရင်လည်း သူတို့နေထိုင် အသက်ရှင်ရေးအတွက် မိမိနိုင်ငံအစိုးရတွေကို ဆက်လက်ဆန့်ကျင်ပြဖို့ လိုတယ်လို့ မြန်မာတွေအတော်များများက အထင်လွဲနေကြတာကို ကွန်မင့်တွေအရ သိရတယ်။
တက်တက်စင်အောင် လွဲပါတယ်။
(၁) လက်ရှိအစိုးရကို ဆန့်ကျင်သူတိုင်း၊ မကောင်းပြောသူတိုင်းကို အနောက်နိုင်ငံတွေက မပေးပါဘူး။ ဥပမာ လက်ရှိအစိုးရကို လက်နက်ကိုင်နည်း သို့မဟုတ် အကြမ်းဖက်လမ်းစဉ် တစ်ခုခုနဲ့ ဆန့်ကျင်သူတွေကို လုံးဝ မပေးပါဘူး။ မိမိနိုင်ငံမှာ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခဲ့သူတွေကိုလည်း လုံးဝ မပေးပါဘူး။ နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေးယုံကြည်ချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်မှုတွေကို အစိုးရတွေရဲ့ ကျူးလွန်ခြင်း ခံနေရသူတွေကိုသာ ပေးပါတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
(၂) နိုင်ငံရေးခိုလှုံခွင့် ရပြီးရင်လည်း ကိုယ်နေတဲ့နိုင်ငံတွေက အစိုးရတွေကြိုက်အောင် မိမိမူရင်းနိုင်ငံတွေကို ဆန့်ကျင်ပြဖို့၊ ကိုယ်ခိုလှုံခွင့်ရတဲ့နိုင်ငံတွေက အစိုးရတွေကို ဖားလျားဖို့ ကြိုက်အောင်နေဖို့ လိုအပ်တယ်လို့ အနောက်ဒီမိုကရေစီ နိုင်ငံသား  တိုးရစ်တစ်ယောက်ယောက်ကို သွားမပြောလိုက်နဲ့။ ဟာသတွေ လာပြောတယ်လို့ ထင်သွားနိုင်သလို ပြောတဲ့သူတွေကိုလည်း အတော်တုံးတာပဲလို့ အထင်သေးသွားနိုင်ပါတယ်။ မယုံရင် လမ်းမှာတွေ့တဲ့ ကြိုက်တဲ့ တိုးရစ်တစ်ယောက်ယောက်ကို စမ်းပြီး မေးသာကြည့်လိုက်။
အမှန်က နိုင်ငံရေးခိုလှုံခွင့် ရသူတွေမှာ နိုင်ငံရေးရာ၊ လူ့အခွင့်အရေးရာ၊ ဥပဒေရေးရာတွေမှာ မူရင်းနိုင်ငံသားတွေလိုပဲ အခွင့်အရေး တန်းတူရပါတယ်။ နိုင်ငံသားဖြစ်သွားရင် သူ့နိုင်ငံသားတွေလိုပဲ အခွင့်အရေး အပြည့်အဝ ၁၀၀% ရသွားပါပြီ။ အဲဒီနိုင်ငံတွေမှာ အမတ်တို့၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်လို အဆင့်မျိုးတို့ကို ဝင်ရွေးခံလို့ ရတယ်။ နိုင်ငံအနည်းငယ်လောက်က လွဲရင် နိုင်ငံအတော်များများမှာ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်တောင် တက်အရွေးခံလို့ ရတယ်။
ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လို့ အစိုးရ အပြောင်းအလဲက အမြဲတန်းဖြစ်နေတဲ့အတွက် ကိုယ်ခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်တာက ဥပဒေ ချိုးဖောက်မှုလည်း မဟုတ်ဘူး။ နောက်ပြီး အနောက်နိုင်ငံတွေမှာ ပါတီတစ်ခုခုကို မှားမှားမှန်မှန် ထောက်ခံသူတွေက အင်မတန် လူနည်းစုသာ ဖြစ်တယ်။ သာမန်ပြည်သူတွေက ကောင်းတယ်လို့ မြင်တဲ့ပါတီကိုသာ ပြောင်းလဲ မဲပေးထောက်ခံကြတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ခေါင်းဆောင်စွဲ မထားကြဘူး။
ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုက နိုင်ငံရေးရေချိန်မြင့်လို့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု မထားတဲ့အတွက် အစိုးရတွေ အပြောင်းအလဲက ခဏခဏ ဖြစ်နေရတာကို မြင်အောင် ကြည့်စေချင်ပါတယ်။ ပါတီတစ်ခု ခေါင်းဆောင်တစ်ဦးကို စွဲမြဲတယ်ဆိုတာ နိုင်ငံရေး ရေချိန်မြင့်မှု မဟုတ်ဘူး။ နိုင်ငံရေး ရေချိန်နိမ့်ကျမှု၊ အတွေးအခေါ် အဆင့်အတန်း နိမ့်ကျမှုသာဖြစ်တယ်။
နိုင်ငံရေး ခိုလှုံခွင့် ရသူတွေဟာ မိမိမူရင်း နိုင်ငံအစိုးရတွေကို ဆန့်ကျင်လည်း ရတယ်။ ထောက်ခံလည်း ရတယ်။ မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ ဖြစ်တယ်။ ဆန့်ကျင်လို့လည်း ပိုက်ဆံမရဘူး။ ထောက်ခံလို့လည်း ပိုက်ဆံ မရဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတယ်။ အလုပ်မလုပ်ရင်တော့ လုံလောက်ရုံပေးထားတဲ့ ထောက်ပံ့ကြေးစားရမယ်။ ထောက်ပံ့ကြေးစားသူတွေဟာ ကြီးပွါးဖို့ မဖြစ်နိုင်ဘူး။
အမှန်က နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတွေထဲမှာ မြန်မာ့နိုင်ငံရေးရာတွေမှာ ဆက်လက် ပါဝင်နေသူတွေဟာ ၁၀%တောင် ရှိမယ် မထင်ဘူး။ အဲဒီ ၁၀%ထဲမှာပဲ စစ်အုပ်စုကို ထောက်ခံသူတွေ ရှိသလို၊ ဒီမိုရေစီအစိုးရလို့ ပြောနေတဲ့ ဒေါ်စုကြည်အုပ်စုကို ထောက်ခံသူတွေလည်း ရှိနေတယ်။  ကျန်တဲ့ ၉၀%လောက်က မိမိမိသားစု စားဝတ်နေရေး ကြီးပွါးရေးအတွက် လုံးပမ်းနေကြသူတွေဖြစ်တယ်ဗျာ။

Zawgyi

အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူဆိုတာ

အနောက်နိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့်ကို (၁) မိမိနိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်သူတွေဖြစ်မှ ပေးတယ်။ (၂) နိုင်ငံရေး ခိုလှုံခွင့် ရပြီးရင်လည်း သူတို့နေထိုင် အသက်ရှင်ရေးအတွက် မိမိနိုင်ငံအစိုးရတွေကို ဆက်လက်ဆန့်ကျင်ပြဖို့ လိုတယ်လို့ မြန်မာတွေအတော်များများက အထင်လွဲနေကြတာကို ကွန်မင့်တွေအရ သိရတယ်။
တက်တက်စင်အောင် လွဲပါတယ်။
(၁) လက်ရှိအစိုးရကို ဆန့်ကျင်သူတိုင်း၊ မကောင်းပြောသူတိုင်းကို အနောက်နိုင်ငံတွေက မပေးပါဘူး။ ဥပမာ လက်ရှိအစိုးရကို လက်နက်ကိုင်နည်း သို့မဟုတ် အကြမ်းဖက်လမ်းစဉ် တစ်ခုခုနဲ့ ဆန့်ကျင်သူတွေကို လုံးဝ မပေးပါဘူး။ မိမိနိုင်ငံမှာ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခဲ့သူတွေကိုလည်း လုံးဝ မပေးပါဘူး။ နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေးယုံကြည်ချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်မှုတွေကို အစိုးရတွေရဲ့ ကျူးလွန်ခြင်း ခံနေရသူတွေကိုသာ ပေးပါတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
(၂) နိုင်ငံရေးခိုလှုံခွင့် ရပြီးရင်လည်း ကိုယ်နေတဲ့နိုင်ငံတွေက အစိုးရတွေကြိုက်အောင် မိမိမူရင်းနိုင်ငံတွေကို ဆန့်ကျင်ပြဖို့၊ ကိုယ်ခိုလှုံခွင့်ရတဲ့နိုင်ငံတွေက အစိုးရတွေကို ဖားလျားဖို့ ကြိုက်အောင်နေဖို့ လိုအပ်တယ်လို့ အနောက်ဒီမိုကရေစီ နိုင်ငံသား  တိုးရစ်တစ်ယောက်ယောက်ကို သွားမပြောလိုက်နဲ့။ ဟာသတွေ လာပြောတယ်လို့ ထင်သွားနိုင်သလို ပြောတဲ့သူတွေကိုလည်း အတော်တုံးတာပဲလို့ အထင်သေးသွားနိုင်ပါတယ်။ မယုံရင် လမ်းမှာတွေ့တဲ့ ကြိုက်တဲ့ တိုးရစ်တစ်ယောက်ယောက်ကို စမ်းပြီး မေးသာကြည့်လိုက်။
အမှန်က နိုင်ငံရေးခိုလှုံခွင့် ရသူတွေမှာ နိုင်ငံရေးရာ၊ လူ့အခွင့်အရေးရာ၊ ဥပဒေရေးရာတွေမှာ မူရင်းနိုင်ငံသားတွေလိုပဲ အခွင့်အရေး တန်းတူရပါတယ်။ နိုင်ငံသားဖြစ်သွားရင် သူ့နိုင်ငံသားတွေလိုပဲ အခွင့်အရေး အပြည့်အဝ ၁၀၀% ရသွားပါပြီ။ အဲဒီနိုင်ငံတွေမှာ အမတ်တို့၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်လို အဆင့်မျိုးတို့ကို ဝင်ရွေးခံလို့ ရတယ်။ နိုင်ငံအနည်းငယ်လောက်က လွဲရင် နိုင်ငံအတော်များများမှာ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်တောင် တက်အရွေးခံလို့ ရတယ်။
ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လို့ အစိုးရ အပြောင်းအလဲက အမြဲတန်းဖြစ်နေတဲ့အတွက် ကိုယ်ခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်တာက ဥပဒေ ချိုးဖောက်မှုလည်း မဟုတ်ဘူး။ နောက်ပြီး အနောက်နိုင်ငံတွေမှာ ပါတီတစ်ခုခုကို မှားမှားမှန်မှန် ထောက်ခံသူတွေက အင်မတန် လူနည်းစုသာ ဖြစ်တယ်။ သာမန်ပြည်သူတွေက ကောင်းတယ်လို့ မြင်တဲ့ပါတီကိုသာ ပြောင်းလဲ မဲပေးထောက်ခံကြတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ခေါင်းဆောင်စွဲ မထားကြဘူး။
ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုက နိုင်ငံရေးရေချိန်မြင့်လို့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု မထားတဲ့အတွက် အစိုးရတွေ အပြောင်းအလဲက ခဏခဏ ဖြစ်နေရတာကို မြင်အောင် ကြည့်စေချင်ပါတယ်။ ပါတီတစ်ခု ခေါင်းဆောင်တစ်ဦးကို စွဲမြဲတယ်ဆိုတာ နိုင်ငံရေး ရေချိန်မြင့်မှု မဟုတ်ဘူး။ နိုင်ငံရေး ရေချိန်နိမ့်ကျမှု၊ အတွေးအခေါ် အဆင့်အတန်း နိမ့်ကျမှုသာဖြစ်တယ်။
နိုင်ငံရေး ခိုလှုံခွင့် ရသူတွေဟာ မိမိမူရင်း နိုင်ငံအစိုးရတွေကို ဆန့်ကျင်လည်း ရတယ်။ ထောက်ခံလည်း ရတယ်။ မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ ဖြစ်တယ်။ ဆန့်ကျင်လို့လည်း ပိုက်ဆံမရဘူး။ ထောက်ခံလို့လည်း ပိုက်ဆံ မရဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတယ်။ အလုပ်မလုပ်ရင်တော့ လုံလောက်ရုံပေးထားတဲ့ ထောက်ပံ့ကြေးစားရမယ်။ ထောက်ပံ့ကြေးစားသူတွေဟာ ကြီးပွါးဖို့ မဖြစ်နိုင်ဘူး။
အမှန်က နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတွေထဲမှာ မြန်မာ့နိုင်ငံရေးရာတွေမှာ ဆက်လက် ပါဝင်နေသူတွေဟာ ၁၀%တောင် ရှိမယ် မထင်ဘူး။ အဲဒီ ၁၀%ထဲမှာပဲ စစ်အုပ်စုကို ထောက်ခံသူတွေ ရှိသလို၊ ဒီမိုရေစီအစိုးရလို့ ပြောနေတဲ့ ဒေါ်စုကြည်အုပ်စုကို ထောက်ခံသူတွေလည်း ရှိနေတယ်။  ကျန်တဲ့ ၉၀%လောက်က မိမိမိသားစု စားဝတ်နေရေး ကြီးပွါးရေးအတွက် လုံးပမ်းနေကြသူတွေဖြစ်တယ်ဗျာ။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူဆိုတာ”

Post a Comment

Related Posts Plugin for WordPress, Blogger...