Friday, February 9, 2018

ကြည်လင်းနှင့် အပေါင်းအပါ ၃ ဦးအား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်

,
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းနှင့် ပူးပေါင်းကြံစည်သူများကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်သည်။ ယနေ့ ရုံးထုတ်တွင် တရားခံ ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်နိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၁)(ခ) ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းအား အားပေးကူညီမှု ပုဒ်မ ၂၁၂ လည်းကောင်း အသီးသီး စွဲချက်တင်လိုက်ကြောင်း သိရသည်။

“ဒီနေ့ဆုံးဖြတ်ချက်က ခင်ဗျားတို့အားလုံး မျှော်လင့်နေတဲ့ဆုံးဖြတ်ချက်ဖြစ်လို့ အားလုံးသဘောကျမှာပါ”ဟု ကြည်လင်း၏ရှေ့နေက မချိတင်ကဲဖြင့် ပြောကြားသွားခဲ့သည်။
News Watch

https://m.facebook.com/story.php?story_fbid=1991659834423298&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကြည်လင်းနှင့် အပေါင်းအပါ ၃ ဦးအား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်”

Post a Comment

Related Posts Plugin for WordPress, Blogger...