Friday, February 2, 2018

အိပ်မက်- (ဘကောင်း)

,
မြန်မာပြည်ဟာ အဖက်ဖက်ကနေယိုယွင်းနေတာမှာ ဘယ်အချက်က အရေးကြီးဆုံးလည်းဆိုတော့ ကိုယ်ကျင့်တရားနဲ့ စိတ်ကောင်းစေတနာကောင်းချို.တဲ့နေတဲ့ ပြဿနာပဲ။

ဒါ့ကြောင့် နိုင်ငံမှာ အများစုဟာ ပြည်သူပိုင်ပစ္စည်းတွေခိုးဆဲ၊ အများပြည်သူတွေကိုလိမ်ဆဲ၊ အိမ်ငှားစာချုပ်ကလည်း မဲခိုးတာနဲ့ ခိုးတာကိုခိုးကြောင်းမပြောဘဲ ဗြောင်လိမ်တာကြောင့် ခိုးလိမ်စာချုပ်ကြီးဖြစ်နေတာကလည်း အစစအရာရာကို ပြုပြင်ဖို့ခက်နေပါတယ်။

ခေါင်နေရာတကာမှာ မိုးယိုတယ်၊ ကြမ်းပြင်တွေကလည်း အဖာတစ်ထေနဲ့ နင်းတိုင်းကျွံ၊ အကာအရံတွေကလည်း ခနောနီခနော်နဲ့ ၊ ဒီကြားထဲ  ဘကြီး ဘဖေလက်ထက်ကတည်းကရှိခဲ့တဲ့ လမ်းထောင့်က ရေစုကန်ကို စပ်ကူးမတ်ကူးမှာ အကြံအဖန်တွေလုပ်၊ ဂရံတွေထုတ်ပြီး မောင်ပို်င်စီးခဲ့တာကြောင့် လမ်းထဲမှာ ရေတွေဝပ်နေ၊ ခြင်တွေထူ။

တကယ့်ဟောင်းနွမ်းသုံးမရ နေမရတော့တဲ့အိမ်ကြီးပါ။ အသစ်ဆောက်ဖို့လည်းမဖြစ်နိုင်တော့ သည်းခံပြီးသာနေရတယ် အိမ်မှာနေရတဲ့သူတိုင်း စိတ်ဆင်းရဲစရာတွေကြီးပါပဲ။

စိတ်ကောင်းစေတနာကောင်းတွေ မွေးမြူကြ၊ လိမ်တာတွေ၊ ခိုးတာတွေထိမ်းချုပ်ကြပြီး တက်ညီလက်ညီလုပ်ကိုင်ကြရင် အိမ်သစ်တစ်လုံးကိုဆောက်နိုင်ကြမှာပါ။

ရှေးရှေးကသူတွေလည်း တစ်နင့်တစ်ပိုးခိုးကြ၀ှက်ကြနဲ့ စိတ်၏ချမ်းသာခြင်းကင်းမဲ့စွာနဲ့ ဘ၀တစ်ပါးကူးပြောင်းသွားတာတွေ သင်ခန်းစာယူပြီး တရားမျှတမှုရှိတဲ့၊ ရပ်ကွက်သူရပ်ကွက်သား အများစုလိုလားတဲ့ စနစ်ဆီသွားကြရင်သိပ်ကောင်းကြမှာပဲလို့တွေးမိပါတယ်။

ဟိုဖက်ဒီဖက်ဆိုပြီး ရန်သတ္တုပြုနေကြရင်ဖြင့် ဘယ်ဖက်ကမှ အကျိုးမရှိနိုင်ပါဘူး။ နီနီစိမ်းစိမ်း နေရာတိုင်းအဖွဲ.အစည်းတိုင်းမှာ လူဆိုးလူကောင်းတွေရှိနေပါတယ်။ ကောင်းမွန်တရားမျှတတဲ့စနစ်သာပေါ်လာရင် လူကောင်းတွေအားကောင်းမယ်၊ လူဆိုးတွေနည်းပါးမယ်၊ ဒါဆိုတိုင်းပြည်သာယာအေးချမ်းမယ်၊ တိုင်းပြည်သာယာအေးချမ်း၇င် ကိုယ်ရောကိုယ့်မိသားစုပါအေးချမ်းမယ်။

ခုတော့ငါ့နောက်ကျောကို ဘယ်ကောင်ဓားနဲ့ထိုးမလဲလို့ပူပန်နေရတဲ့ဘ၀မလွတ်နိုင်၊ အလှုအတန်းတွေလှုကြလည်း ခိုးရာပါ ပစ္စည်းတွေကိုလှုကြရရှာ၊ မိသားစုအပန်းဖြေဖို့ခရီးထွက်လာတော့လည်း ခိုးဝှက်ပြီးရလာတဲ့ ငွေနဲ့ဝယ်ထားတဲ့ ကားကြီးကိုစီး၊ ခိုးဝှက်ပြီးရလာတဲ့ ငွေကြေးတွေနဲ့ စားသောက်ရလို့ ငါဟာ သူခိုးအကြီးစားပါလားလို့ တွေးမိရင် အမှန်တကယ်စိတ်၏အေးချမ်းမှုဆိုတာမရနို်င်ပါဘူး။

အကောင်းဖက်ကိုပြောင်းဖို့ဒီနေ့ဟာအကောင်းဆုံးပါ။

https://m.facebook.com/story.php?story_fbid=1546765352044733&id=100001338505522

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အိပ်မက်- (ဘကောင်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...