Wednesday, January 3, 2018

ဖြိုးကိုကိုတင့်ဆန်းကို ဒက္ခိဏခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်

,
မဇ္ဈိမ

နေပြည်တော်လေဆိပ်မှာ သေနတ်တွေအပါအဝင် မူးယစ်ဆေးဝါးတချို့နဲ့အတူ သိမ်းဆည်းရမိမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့မနက် ၁၁နာရီခွဲမှာ ပထမဆုံးအကြိမ် ရုံးထုတ်လာပါတယ်။

ဒီအမှုနဲ့ပတ်သက်ပတ်ပြီး ဆက်စပ်တယ်လို့ယူဆရသူ အနည်းဆုံးလူ၂၀ဦးကို ပုဒ်မပေါင်း ၁၇ခုထက်မနည်း တရားစွဲဆိုထားပါတယ်။

လက်ရှိမှာ ဒီအမှုကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်နေပါတယ်။

(သတင်း၊ ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

Mizzima - News in Burmese

https://m.facebook.com/story.php?story_fbid=1575982739159920&id=322396224518584

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖြိုးကိုကိုတင့်ဆန်းကို ဒက္ခိဏခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...