Saturday, August 18, 2018

NLD အားစွန့်​ခွာခြင်း

,
မဲမကွဲသွား​စေဖို့NLDက​ပြောပြီး မွစ်​မဲ​တွေအားလုံးသိမ်းကြုံးယူလိုက်​ပြီးခါမှ သာ​ကေတဗလီငယ်​​လေးပိတ်​ခံလိုက်​ရတာပါပဲ။လွတ်​လပ်​စွာကိုးကွယ်​ခွင့်ဆိုတာ ကတုံးတစ်​ချို့နဲ့​အောက်​တန်းစားတစ်​ချို့ရဲ့ သ​ဘောထားအ​ပေါ်မူတည်​​နေတယ်​လို့ဆိုရမလိုပဲ။NLDဟာ မွစ်​စလင်​နဲ့ကိုမကင်းတာပါ။ဒါ​ပေမဲ့ပလ္လင်​​ပေါ်​ရောက်​တာနဲ့ လူမျိုး​ရေး ဘာသာ​ရေးအမြင်​နဲ့ခွဲခြားခဲ့တာပါပဲ။မိုးခါး​ရေကို​သောက်​ပြီးဆိုကတည်းက အဲဒီလူဟာ လိမ်​ဖို့ညာဖို့ ​ရှောင်​ဖို့ဝန်​မ​လေး​တော့ဘူး။ဒီလူသားဆီက ဘယ်​​တော့မှ တရားမျှတမှုရနိုင်​​တော့မှာမဟုတ်​ဘူး။

နောက်​တစ်​ချက်​က NLDပါတီဝင်​​တွေပဲ။NLDပါတီဝင်​​တွေထဲမှာ ၉၆၉ စိတ်​ဓာတ်​ပိုင်​ရှင်​​တွေ ၉၀%ရှိ​နေတာပဲ။အောက်​​ခြေအထိ ၀င်​​လေ့လာပြီးမှဒီစ​တေးတပ်​စ်​ကို​ရေးတာပါ။ဘာသာ​ရေးအပင်းမြန်​မာ​တွေမှာဝင်​​နေပါတယ်​။ဘယ်​​လောက်​အထိလည်းဆိုရင်​ ​ရှေ့ မှာ ကို​မောင်​ ကို​အောင်​လို့ ​​ခေါ်ပြီး ၁၀​ပေ​လောက်​အကွာကို​ရောက်​သွားတာနဲ့ ကုလား လို့ ​ခေါ်ကြ​တော့တာပဲ။လူလူခြင်း​လေးစားမှုစိတ်​ဓာတ်​ထက်​ နှုတ်​ကျိုး​နေတဲ့စကား​တွေကိုပဲဦးစား​ပေးတတ်​တာပါ။အကယ်​၍ ၀ီရသူသာ ​ဒေါ်စုကိုမ​စော်​ကားပဲ အစ္စလာမ်​​တွေကိုသာ တစ်​စိုက်​မက်​မက်​​ပြော​နေမယ်​ဆိုရင်​ ၀ီရသူကို NLD ပါတီဝင်​​တွေ​ရော ပါတီ​ပေါလစ်​ဗျူရိုကသူ​တွေ​ပါ အားလုံးဝိုင်းပြီးထိုင်​ကန်​​တော့​နေကြမှာ​သေချာတယ်​။

NLDကို စွန့်ခွာရ​တော့မယ်​လို့​ပြောတာ ဘာ​ကြောင့်လဲဆိုရင်​ NLD မွစ်​စလင်​ထုတစ်​ရပ်​လုံးကို အကြီးကြီးလိမ်​ခဲ့ပြီဖြစ်​တာ​ကြောင့်ပဲ။ဘာအ​ကြောင်းနဲ့မှမွစ်​စလင်​က ​နောက်​ကျပြီးမှအခွင့်အ​ရေးရစရာမရှိဘူး။ဒီ​မြေကို မြန်​မာချည်းပိုင်​တာမဟုတ်​ဘူး။မွစ်​စလင်​​တွေလည်းပိုင်​တယ်​။အဲဒီစိတ်​​ကို​​သေတဲ့အထိမှတ်​ထား။မြန်​မာအားသာလို့ မြန်​မာစိုးမိုးတဲ့နိုင်​ငံမှာ မြန်​မာ​ပြောသလိုဖြစ်​​နေရတာဟာ အမှန်​တရားမဟုတ်​ဘူး။လွတ်​လပ်​​ရေးယူတုန်းကမွစ်​စလင်​​တွေလည်းပဲ ကျရာကဏ္ဍက​နေပူး​ပေါင်းတိုက်​ခိုက်​ခဲ့ကြသလို မြန်​မာနိုင်​ငံသမိုင်းတစ်​​လျှောက်​မွစ်​စလင်​မပါတဲ့အခန်းကဏ္ဍရှိကိုမရှိဘူး။

NLDကိုစွန့်​ခွာရင်​ဖြစ်​လာနိုင်​တဲ့အကျိုးဆက်​​တွေက​တော့ရှိမှာပဲ။ဒါ​ပေမဲ့ ရလာမယ့်အကျိုးဆက်​​တွေလည်း ရှိ​နေတယ်​ဆိုတာ​သေချာကြည့်တတ်​ရင်​မြင်​လိမ့်မယ်​။မြန်​မာပြည်​က မွစ်​စလင်​ရဲ့ တည်​ရှိမှုကို ဘာအချက်​နဲ့မှပယ်​ဖျက်​လို့မရဘူး။ရင်​ဆိုင်​ရဲဖို့ပဲလိုတယ်​။NLDနဲ့လက်​တွဲခဲ့တုန်းကလည်း ခင်​ဗျားတို့ ဘာရခဲ့လဲ။ဒဏ်​ရာများမှတစ်​ပါး ဘာမှမရှိပါ။ခံရလွန်းလို့ဖင်​​တွေ​တောင်​ကြိမ်းစပ်​​နေ​လောက်​ပြီထင်​တယ်​။မဖြစ်​နိုင်​ဘူးဆိုပြီး အ​ကြောက်​တရား​တွေနဲ့​နေ​နေလို့က​တော့ ဘာမှဖြစ်​လာမှာမဟုတ်​ဘူး။

မန္တ​လေးက ​ဒေါ်ဝင်းမြမြရဲ့ ဖြစ်​စဉ်​က NLDမှာဆက်​​နေရင်​ ဒီပုံပဲဆက်​ဖြစ်​မယ်​လို့ အ​သိ​ပေးလိုက်​တဲ့ဖြစ်​စဉ်​ပဲ။NLDစတင်​ကတည်းက ​ပေးဆပ်​ခဲ့ကြသူ​တွေပါ။တကယ်​NLDနိမ့်ပါး​နေချိန်​မျိုးမှာအနားမှာကပ်​ပြီးဒုက္ခခံခဲ့ကြသူ​တွေပါ။ဒါ​တောင်​ ၀ီရသူနဲ့အစွန်း​ရောက်​​တွေအမြင်​ကြည်​​စေဖို့ (တကယ်​​တော့ ဒီအစွန်း​ရောက်​​တွေနဲ့ဝီရသူတို့ဟာ နိုင်​ငံအ​ပေါ်ဘာမှ​ကောင်းတာလုပ်​​ပေးခဲ့ဖူးတဲ့အစဉ်​အလာရှိသူ​တွေမဟုတ်​ဘူး။ဒါ​တောင်​ ဒီလိုလူ​တွေအမြင်​ကြည်​​စေဖို့ တန်​ဖိုးရှိတဲ့ ဘတ်​​တော်​သား​တွေကိုပစ်​ပယ်​ရဲသေးတာပါ) အားလုံးကိုပယ်​ချခဲ့တယ်​။ဒါဟာ ဘယ်​လိုပဲစကားလုံးလှလှ​တွေသုံးပြီး ​ဆင်​​ခြေ​ပေးကြ​စေကာမူ အဖြစ်​မှန်​နဲ့လက်​​တွေ့က​တော့ မွစ်​စလင်​​တွေရဲ့ နိုင်​ငံ​ရေးရပိုင်​ခွင့်ကိုရုတ်​သိမ်းလိုက်​တာပါပဲ။

မွစ်​စလင်​မဲ​ဆိုတာ ခပ်​ချာချာမဲမဟုတ်​ဘူး။အဲဒါသိထားပါ။မွစ်​စလင်​မဲဆိုတာ စာ​ရေးသူကိုယ်​တိုင်​ ကွင်း​ဆင်း​လေ့လာရသ​လောက်​ အဓိက​နေရာ​တွေက အဆုံးအဖြတ်​​ပေးတဲ့​နေရာ​တွေမှာအမြဲရှိ​နေတတ်​တာပဲ။မွစ်​စလင်​ကို​တော့ ကုလားလို့​ပြောတယ်​။မွစ်​စလင်​မဲကျ​တော့ မြန်​မာထဲထည့်​ရေတွက်​တာ။သိပ်​ချစ်​စရာ​ကောင်းတဲ့အစိုးရပါ။တိုင်းရင်းသား​ဒေသ​တွေမှာ ဥပမာ ကချင်​-မွစ်​စလင်​၊ရှမ်း-မွစ်​စလင်​ မရဘူး။ဘယ်​ရမလဲ ရှမ်းထဲမဲပါသွားမှာ​လေ။ဗမာထဲယူလို့ဘယ်​ရ​တော့မတုန်း။

အပနားကလည်း​တော်​တယ်​။၂၀၁၁​လောက်​ကတည်းက အ​မေမှ အ​မေပဲ။အ​မေကိုအားကိုးလိုက်​တာ ခွက်​ပါ​ပျောက်​ကုန်​တယ်​။အားကိုးချင်​​သေးသပဆိုလည်းဆက်​အားကိုးကြ​ပေါ့။မတားပါဘူး။ကိုယ်​တိုင်​ရုန်းကန်​မှုမရှိဘဲဘာမှဖြစ်​လာမှာမဟုတ်​ဘူးဆိုတာ​တော့မ​မေ့ကြနဲ့​ပေါ့။ကိုယ်​တိုင်ကိုယ့်လူမျိုးစရင်းပြု စုထားဖို့လိုတယ်​။ဝင်​ပြိုင်​မယ်​ဆိုရင်​လည်း ၂ပတ်​အလိုမှလူထုကိုချပြတာမျိုးမလုပ်​နဲ့။လူထုထဲတစ်​ခါတည်းထည့်ထား။ပညာရှင်​ကိုဦးစား​ပေး။သူ​ဋ္ဌေးကိုနိုင်​ငံ​ရေးမှာဦးစား​ပေးလို့မရဘူး။သူ​ဋ္ဌေးက​နောက်​က​နေပံ့ပိုး​ပေးရတာမျိုးပါ။

NLDနဲ့ပဲလက်​ဆက်​တွဲမယ်​ဆိုရင်​​တော့​သေချာတယ်​။အခုလိုပဲ ​တောမ​ရောက်​​တောင်​မ​ရောက်​တဲ့ဘ၀နဲ့နိုင်​ငံသားခြင်းအတူတူ ကိုးကွယ်​ရာမတူလို့ တစ်​ဆင့်နိမ့်ခံထားရတဲ့အ​ခြေ​နေမျိုးကြုံ​နေရမှာပါပဲ။အဲ​တော့ကိုယ့်ရဲ့ တည်​ရှိမှုကို ဥပ​ဒေနဲ့အညီကိုင်​တွယ်​သွားဖို့ ​တောင်းယူဖို့လိုပြီ။တိုက်​ရိုက်​ညှိသင့်ရင်​လည်းညှိဖို့လိုပြီ။ပါတီ​ထောင်​ခွင့်မ​ပေးရင်​ဘာ​ကြောင့်​ထောင်​ခွင့်မ​ပေး​ကြောင်း၊ဥပ​ဒေရှု​ထောင့်က​နေတရားစွဲရရင်​လည်းစွဲဖို့ လိုတယ်​။ရဲရဲတင်းတင်းရင်​ဆိုင်​ဖို့လိုပြီ။ပေးဆပ်​မှုအနည်းနဲ့အများ​တော့ရှိမှာပဲ။ဒါကို​ကြောက်​​နေရင်​ နိုင်​ငံထဲသူခိုးလို ခိုးဝင်​လို ​နေ​နေရတဲ့ဘ၀က ဘယ်​​တော့မှလွတ်​မှာမဟုတ်​ဘူး။ပြောသာ​ပြောရတယ်​။အပနားအထီး အမ​တွေလည်း သိပ်​အထင်​ကြီးစရာမရှိဘူး။အဲဒီသုံးစားမရတဲ့ ဗာလာနံ ၁၈နှစ်​က​နေ ၈၀အထိ​သော ပျိုပျိုအိုအို စုတ်​စုတ်​ပြတ်​ပြတ်​​ အထီး အမ ကရင်​နားတို့ ဗိုက်​​ဖောက်​ နှာ​ခေါင်း​ဖောက်​ ​သောက်​ရူးမ​တွေနဲ့ ရှရွတ်​ခန်းရူး​နေတဲ့​နွား​တွေကိုဖယ်​ပြီး လူမှုအသိုင်းအ၀ိုင်းက ပညာရှင်​​တွေ တတ်​သိသူ​တွေနဲ့ဝိုင်းဝန်းမှသာဖြစ်​ပါလိမ့်မယ်​။

(​မှတ်​ချက်​။NLDဘက်​​တော်​သားမည်​သူမဆို အဆင့်ရှိတယ်​ အစွမ်း​ရှိတယ်​ဆိုရင်​ ကြိုက်​တဲ့လူဖြစ်​ပါ​စေ ၁၉နှစ်​က​နေ သေခါနီးအဘိုးကြီးအထိ လာငြင်းနိုင်​ပါတယ်​။မဟုတ်​ဘူးဆိုတဲ့အချက်​ကို။သမိုင်းနည်းနဲ့ဖြစ်​​စေ၊နိုင်​ငံ​ရေးနည်းနဲ့ဖြစ်​​စေ ကိုအသင့်ပဲ။တော ​တော့လာမ​ခြောက်​ပါနဲ့)

https://m.facebook.com/story.php?story_fbid=131178347818353&id=100027785653688

NLDအားစွန့်​ခွာခြင်း....၂
-----------------------
NLDကိုစွန့်​ခွာဖို့​ပြောတာ တစ်​ချို့က ဘာသာ​ရေးလွတ်​လပ်​ခွင့်မရလို့ထင်​ကြတယ်​။တကယ်​​တော့ မြန်​မာပြည်​ကမွစ်​စလင်​အားလုံး ဘာသာ​ရေး၊လူမှု​ရေးနဲ့စီးပွား​ရေးဆိုင်​ရာအခွင့်အ​ရေး​တွေအပြင်​ နိုင်​ငံ​ရေးဆိုင်​ရာရပိုင်​ခွင့်​တွေအထိ ဆုံးရှုံး​နေကြရတာပါ။
အဲလိုဆို မြန်​မာ​တွေက​ရော ရ​နေပါသလားဆိုပြီး​မေးကြပါလိမ့်မယ်​။ဟုတ်​ကဲ့ပါ မြန်​မာ​တွေလည်း မွစ်​စလင်​​တွေနဲ့အတူ ကျန်​အ​ရေးအရာ​တွေမှာအတူတူ ရင်​ဆိုင်​​နေကြရ​စေကာမူ နိုင်​ငံသားဆိုင်​ရာနဲ့ဘာသာ​ရေး၊နိုင်​ငံ့ဝန်​ထမ်း​နေရာ​တွေမှာ​တော့ မွစ်​စလင်​​တွေခွဲခြားခံ​နေရတာ​လောက်​ ဘယ်​လူမျိုးမှမခံစားကြရဘူး။ဒါ​ကြောင့် ဒီissue ကို​ရေးတာပဲ။ဘာသာ​ရေးဆိုတာ အ​ရေးမကြီးဘူးမ​ပြောဘူး။ဒါ​ပေမဲ့ ပုဝါ​​ဆောင်း မုတ်​ဆိတ်​ထားရုံနဲ့ဘာသာ​ရေးရှိပြီလို့ယူဆ​နေတဲ့အဆံ​ချောင်၊ကိုယ်​ကျင့်တရားမဲ့ လူသား​တွေကို ဘာသာ​ရေးအ​ကြောင်း​ပြောဖို့ ကျ​နော်​စိတ်​ကူးမရှိပါ။ဒါ​ကြောင့်ဒီ​နေရာမှာ ဘာသာ​ရေးရပိုင်​ခွင့်ရှု​ထောင့်က​နေ​ပြော​နေခြင်းအလျဉ်းမဟုတ်​ပါ။

အစိုးရကိုယ်​တိုင်​ ဘာသာလူမျိုးခွဲခြား​နေတာ​တွေ၊အစိုးရကိုယ်​တိုင်​ ဘာသာခြားလူမျိုးခြားတို့ရသင့်ရထိုက်​တဲ့အခွင့်အ​ရေး​တွေကိုမ​ပေး​နေတာ​တွေ၊အစိုးရကိုယ်​တိုင်​ State Sponsor လုပ်​ပြီး ဘာသာလူမျိုးခွဲခြား​နေမှု​တွေကို အတိုင်းသားမြင်​​နေရတာမဟုတ်​လား။အဲဒီထဲက အဲဒီစိတ်​ဓာတ်​အနည်းဆုံးလို့ လုံးဝမရှိဘူးလို့ ဒီမိုက​ရေစီသမား​တွေလို့ ခင်​ဗျား ကျ​နော်​ ထင်​တဲ့ ယူဆတဲ့ NLDဆိုတဲ့ပါတီနဲ့ ၂၂နှစ်​ဖြတ်​သန်းခဲ့ကြတာပါ။တစ်​ရက်​နှစ်​ရက်​တစ်​နှစ်​နှစ်​နှစ်​မဟုတ်​ဘူး။အခု​တော့ ​မြွေလား ဖားလားကွဲပြားခဲ့ပြီ။နွားလားကျားလား လယ်​ပြင်​ဆင်​သွားသလိုမဟုတ်​ဘူး ​ဂေါဇီလာ ဒိုင်​နို​ဆော်​ သွားသလိုကွဲပြားခဲ့ပြီဖြစ်​တယ်​။နင်းပြားချင်းအတူတူ မြန်​မာလည်းနင်း
ပြား ရှမ်းလည်းနင်းပြား ကရင်​လည်းနင်း ပြား ချင်းလည်းနင်းပြား မွစ်​စလင်​လည်းနင်းပြား အဲဒီလိုနင်းပြားချင်းအတူတူ မွစ်​စလင်​ကိုမှ ခိုးဝင်​လိုလို မ​နေ့တစ်​​နေ့ကမှ မြန်​မာပြည်​ထဲကျူး​ကျော်​၀င်​​ရောက်​လာခဲ့ကြသလိုလို ခွဲ ခြားသုံးသပ်​​ပြောဆိုခံ​နေရတာက​တော့ လုံးဝရက်​စက်​တာပဲလို့သတ်​မှတ်​ရမှာပါ။

ကျန်​လူမျိုးစု​တွေက စီးပွား​ရေးနဲ့အ​ခြေခံရပိုင်​ခွင့်​တွေအတွက်​တိုက်​ပွဲဝင်​​နေကြချိန်​မှာ မွစ်​စလင်​က အ​ခြေခံနိုင်​ငံသားသတ်​မှတ်​ချက်​​တောင်​ မပြည့်မှီ​သေးသလိုလိုဖြစ်​​နေတာ ​ပေါ့​သေး​သေးမထင်​နဲ့။အကြီးမားဆုံးခွဲခြားမှုကြီးပဲ။ဘာသာ​ရေးဆိုင်​ရာ မြန်​မာဗုဒ္ဓကသာတာ အပြစ်​လို့မဆို​သေးဘူး။မြန်​မာပြည်​သားဗုဒ္ဓဘာသာဝင်​​တွေဟာလူများစုလည်းဖြစ်​၊​ခေတ်​အဆက်​ဆက်​ဗုဒ္ဓဘာသာတစ်​ခုတည်းအ​ပေါ် စွဲမြဲယုံကြည်​ပြီး​နေလာခဲ့ကြတာ​ကြောင့် ဒီ​ကျောင်းကန်​ဘုရား​ပေါများတာ နားလည်​​ပေးလို့ရတယ်​။တကယ်​စာ​ရေးသူရဲ့ စိတ်​ထား အတိုင်း​ပြောရရင်​ ဘုရား ​ကျောင်းကန်​ မြန်​မာပြည်​မှာ​ပေါတာ အပြစ်​မဟုတ်​ဘူး။စေတီ၊ဘုရား၊​ကျောင်းကန်​ဆိုတာ ဘယ်​သူ့ကိုမှ ဒုက္ခ​ပေးတာမဟုတ်​ဘူး။အကယ်​၍ အဲဒီ​စေတီဘုရား​တွေအတိုင်းသာလူထုကျင့်ကြံမယ်​ဆိုရင်​ ဗုဒ္ဓရဲ့ ​အေးမြခြင်း​တွေ အခြား​သောဘာသာလူမျိုး​တွေအ​ပေါ်မှာပါ ရိုက်​ခတ်​လာပြီး တစ်​တိုင်းပြည်​လုံး​အေးချမ်းသွားနိုင်​စရာအ​ကြောင်းပါရှိနိုင်​​သေးတာပါ။
ဒါ​ကြောင့် ဗုဒ္ဓဘာသာဆိုင်​ရာဖြစ်​ဖြစ်​ မည်​သည့်ဘာသာ​ရေးဆိုင်​ရာဝန်​​ဆောင်​ပုဂ္ဂိုလ်​ဖြစ်​ဖြစ်​ အထူးအပြစ်​​ပြော​နေဖို့စိတ်​ကူးမရှိဘူး။

အခုက မွစ်​စလင်​ကခိုးဝင်​။နိုင်​ငံသားမဟုတ်​ သို့မဟုတ်​ စီစစ်​ရမှာမို့ ​စောင့်ဦး။တို့မြန်​မာဗုဒ္ဓ​တွေထဲက တို့​ခေါင်း​ဆောင်​ကြီး​တွေအရင်​ယူမယ်​။ပြီးရင်​တို့​မြန်​မာလူထု ပြီးရင်​တို့ဗုဒ္ဓဘသာတိုင်းရင်းသား၊ပြီးရင်​တိုင်းရင်းသားခရစ်​ယာန်​အင်​အားစု​တွေ၊ပြီး​တော့မင်းတို့နိုင်​ငံသားမွစ်​စလင်​​တွေ ဆိုတဲ့အ​ချိုးမျိုး မုန့်​​ဝေတဲ့တိုင်​ပင်​၊ဒုက္ခသည်ကယ်​ဆယ်​​ရေးထမင်းထုတ်​​ဝေတဲ့တိုင်​ပင်​နဲ့ ဒီအချိုးချိုး​နေကြတာပါ။နင်းပြားချင်းအတူတူ လူမျိုး ဘာသာမတူလို့ တစ်​ပြား​လျှော့ယူ​နေရမယ်​ဆိုတဲ့အယူအဆ။ရမလား။နိုင်​ငံ​ရေးမှာ အားလုံးတန်းတူပဲ။ဘယ်​သူမှမသာဘူး။ဘယ်​လူမျိုးမှအသာရစရာအ​ကြောင်းမရှိဘူး။အစိုးရတာဝန်​ယူပြီး တိုင်းသူပြည်​သား​တွေအ​ပေါ်မှာ တန်းတူဆက်​ဆံဖို့ဆိုတဲ့အ​ခြေခံကိုယ်​ကျင့်တရား​လေး​တော့ရှိသင့်ပါတယ်​။ဒီအ​ခြေခံကိုယ်​ကျင့်တရား​လေး​တောင်​ မရှိဘဲ ကိုယ့်ကိုယ်​ကိုယ်​ သီရီသုဓမ္မာ​ပြောလို​ပြော မဟာဓမ္မရာဇာ​ပြောလို​ပြောနဲ့ အားလုံး အဓမ္မရာဇာ ​တွေဖြစ်​ကုန်​ကြတဲ့သမိုင်းဟာ ​အေဒီ၁၀၄၄က​နေ ​အေဒီ၂၀၁၈အထိ ရှင်​သန်​​နေပြတိုက်​ကြီးပမာပဲ။

နိုင်​ငံ​တော်​ကိုအခွန်​​ဆောင်​​​တော့ မွစ်​စလင်​ဆိုပြီး ​လျှော့မယူဘူး။ကုလားဆိုပြီးပိုယူတာပဲရှိတယ်​။နိုင်​ငံသားကဒ်​​ပေးလို့ရ
လျက်​သားနဲ့ ဥပ​ဒေနဲ့ညီ​နေပါလျက်​ ဟိုအ​ကြောင်းပြဒီအ​ကြောင်းပြပြီး ​ငွေ၆​သောင်း၇​သောင်း​လောက်​ အခွန်​​ဆောင်​လိုက်​ရတာ လ၀ကရုံးမှာမွစ်​စလင်​တိုင်းကြုံ ​နေရတဲ့အဖြစ်​ပါ။အခွန်​​ဆောင်​စဉ်​ မွစ်​စလင်​ဆိုလို့ ​လျှော့​ဆောင်​လို့မရသလို အခွင့်အ​ရေးကျ​တော့ ​လျှော့ယူပါဆို​တော့စဉ်းစား​ပေါ့ လူ့စိတ်​ဓာတ်​လားဆိုတာ။တကယ်​တမ်း၈၂နိုင်​ငံသားဥပ​ဒေနဲ့တိတိကျကျစီစစ်​​ရင်​​တောင်​ လက်​ရှိမြန်​မာပြည်​ကမွစ်​စလင်​အားလုံး နိုင်​ငံသားကဒ်​ရကိုရတယ်​။၂၀၁၂ခုနှစ်​တုန်းက ကျ​နော်​ကိုယ်​တိုင်​ နိုင်​ငံသားကဒ်​ဆိုင်​ရာဥပ​ဒေ​ကြောင်းကိုနားမလည်​လိုက်​လို့ ခံလိုက်​ရ​သေးတယ်​။နောက်​ပိုင်းသ​ဘော​ပေါက်​ချိန်​ကျမှ​ ကိုပိန်းလို့ ခံလိုက်​ရတာဆိုပြီး ​​ဖြေလိုက်​ရ​သေးတာပါ။
ဒါ​ပေမဲ့ တစ်​ခု​တော့​ကောင်းသွားတယ်​။မျိုးရိုးဇယားကိုဆက်​တူးခွင့်ရပြီး နိုင်​ငံသားဆိုင်​ရာမှာတန်​ဖိုးမဖြတ်​နိုင်​တဲ့အ​ထောက်​ထားကြီးတစ်​ခု လက်​၀ယ်​ပိုင်​ဆိုင်​ခွင့်ရသွားတာပဲ။အရှုံးထဲကအမြတ်​ကြီးထွက်​ခဲ့တာပါပဲ။

လွတ်​လပ်​​ရေး​ခေတ်​တုန်းက ယ​နေ့NLDလိုပဲတစ်​တိုင်းပြည်​လုံးက၀ိုင်း​ကောင်းချီး​ပေးတဲ့ ဖဆပလ ဆိုတဲ့ ပါတီကြီးရှိခဲ့ဖူးတယ်​။သခင်​​အောင်​ဆန်းကျဆုံးသွားပြီးတဲ့​နောက်​ပါတီကို သခင်​နုက ဆက်​ထိန်းတယ်​။အဲဒီပါတီ​ခေါင်း​ဆောင်​သခင်​​အောင်​ဆန်း အင်္ဂလန်​ဘက်​ကင်​ဟမ်​မှာ​ဆွေး​နွေး​နေတဲ့အချိန်
 သခင်​​အောင်​ဆန်းကို အမျိုးသားကိုယ်​စားပြု ဖြစ်​​ကြောင်း ပထမဆုံး​ထောက်​ခံခဲ့တာ ဗမက ​ခေါ်တဲ့ ဗမာမွစ်​စလင်​ကွန်​ကရက်​ပါ။အဲဒီ​နောက်​ပင်​လုံမှာလည်း ဗမက​ ​ခေါင်း​ဆောင်​ ဦး​ဖေခင်​ရဲ့ ကြိုးပမ်းချက်​​တွေက အ​ခြေ​နေကို​ပြောင်းပြန်​လှန်​ပစ်​နိုင်​ခဲ့တဲ့အထိပဲ။ပင်​လုံဗိသုကာ လို့ မြန်​မာနိုင်​ငံမှာနာမည်​တွင်​တဲ့အထိ ဦး​ဖေခင်​စွမ်း​ဆောင်​နိုင်​ခဲ့တယ်​။စိတ်​​တော့မ​ကောင်းဘူး။တိုင်းရင်းသား​တွေအတွက်​ ဦး​ဖေခင်​ဘယ်​​လောက်​ပဲ​စေတနာထားပြီးလုပ်​ခဲ့ဦး​တော့ ယ​နေ့ဖြစ်​စဉ်​အရ ဒီစာ​ရေး​နေတာ တိုင်းရင်းသား​တွေကို မျက်​နှာနာမိတယ်​။သခင်​​အောင်​ဆန်းကို​တော့ ​နေ၀င်းလို မလိမ့်တပတ်​ လိမ်​လည်​လှည့်ဖျားတတ်​တဲ့စရိုက်​ရှင်​လို့​တော့ ဘယ်​လိုမှမြင်​ကြည့်လို့မရဘူး။သူ့ဘ၀ သူ့သမိုင်းမှာ ဒီလိုလုပ်​ရပ်​မျိုး တစ်​စ တစ်​စ တစ်​စ လုပ်​ခဲ့တဲ့အစဉ်​အလာ​တောင်​မရှိဘူး။သခင်​​အောင်​ဆန်းကို ကာဗာယူပြီး အယုတ်​တမာ​တွေ ဗလာနံ​တွေ ၀င်​ကစွပ်​​တွေက ထင်​ရာလုပ်​ခဲ့ကြတာပါ။ဒီအတွက်​​ပေးဆပ်​လိုက်ရတာ သခင်​​အောင်​ဆန်းရဲ့ 
ဖြူစင်​မှု​တွေပါပဲ။

အဲဒီသခင်​​အောင်​ဆန်းမရှိ​တော့တဲ့ပါတီကိုသခင်​နုကဦး​ဆောင်​တဲ့အခါမှာလည်းပဲ ဗမက အဖွဲ့ဟာ သခင်​နုနဲ့ဖဆပလ ဘက်​က​နေမားမားမတ်​မတ်​ရပ်​တည်​ခဲ့တာသမိုင်းအထင်​အရှားရှိခဲ့တယ်​။
.....ဖဆပလရဲ့ မျက်​ခွက်​ ဇီး​စေ့​လောက်​ပဲရှိ​နေချိန်​မှာ မဟာမိတ်​ဆိုလို့ ဗမက ရဲ့ ​ထောက်​ခံမှုသာခိုင်​ခိုင်​မာမာရှိခဲ့တာပါ
ဗမက ​ကျေးဇူးကိုအထူးမှတ်​သားထားပါတယ်​....ဆိုပြီး သခင်​နုကိုယ်​တိုင်​ တိုးတိုးတိတ်​တိတ်​မဟုတ်​ဘဲ ​ပေါ်တင်​မိန့်​ခွန်း​ပြောပြီး
အဲဒီစကား အဲဒီ​ခေတ်​က နိုင်​ငံပိုင်​သတင်းစ မှာပါခဲ့တဲ့အထိပဲ။သို့​သော်​ အဲဒီ​လောက်​အကျိုးပြုခဲ့တာ​တောင်​ အဲဒီ​လောက်​မားမားမတ်​မတ်​ မိတ်​​ဆွေ​ကောင်းပီသစွာသစ္စာရှိရှိနဲ့ မိခင်​ပါတီကြီးအ​ပေါ်မှာ ရပ်​တည်​ခဲ့တာ​တောင် ၁၉၅၈မှာ အဖွဲ့ကြီးကိုဖျက်​သိမ်းဖို့ဖိအား​ပေးခဲ့တာလည်းသခင်​နုပါပဲ။မွစ်​စလင်​​တွေဖျက်​​ပေးခဲ့ပါတယ်​။ထပ်​ပြီးလည်းဝန်းရံ​ပေးဆဲပဲ။၁၉၆၀​ရွှေး​ကောက်​ပွဲနိုင်​​တော့ကပ်​ဘိနပ်​မှာ ဦးရရှစ်​ကိုယ်​တိုင်​၀န်​ကြီးတစ်​​နေရာက​နေ နုတင်​အစိုးရကို အလုပ်​အ​ကျွေးပြု ခဲ့ပါ​သေးတယ်​။နိုင်​ငံ​ရေးမှာ မလုပ်​သင့်တဲ့ အမှားကြီး နိုင်​ငံ​တော်​ဘာသာပြဋ္ဌာန်းမှုကြီးကိုလုပ်​​တော့လည်းပဲ ၀န်​ကြီးဦးရရှစ်​ကိုယ်​တိုင်​မွစ်​စလင်​ထုကို ငြိမ်းငြိမ်းစွာကန့်​ကွက်​ဖို့​ဆော်​​သြော်​ခဲ့တယ်​။နောက်​ဆုံး နိုင်​ငံ​တော်​ဘာသာအခွင့်အ​ရေး​ကြောင့် ဘာသာခြားဟိန္ဒူ ခရစ်​ယာန်​နဲ့ မွစ်​စလင်​တို့ အသီးသီးရယူပိုင်​ဆိုင်​ခွင့်ရှိတဲ့ အခွင့်အ​ရေးအနည်းငယ်​(​ကျောင်း​တွေမှာ ဘာသာခြားစာ​ပေသင်​ကြား​ရေးအစီစဉ်​)​ပြန်​​ပေးတာ​တောင်​ သံဃာ​တွေကိုမ​ကျော်​လွှားနိုင်​လို့ ဦးနု​နောက်​ဆုတ်​​ပေးခဲ့ရတယ်​။နောက်​ဆုံး ဗုဒ္ဓဘာသာသည်​သာလျှင်​အစိုးရအား​ပေးတဲ့ဘာသာ သာသနာဖြစ်​သွားပြီး ဘာသာခြား​တွေအရိုးအရင်း​တောင်​မကိုက်​လိုက်​ရပါဘူး။အဲဒီရဲ့ အကျိုးဆက်​ KIA​ပေါ်ထွက်​လာ​တော့တာပါပဲ။

ဗမကနဲ့မွစ်​စလင်​​တွေအစိုးရဘက်​က​ ​နေခဲ့တာ အခွင့်အ​ရေးလိုချင်​လို့ဆိုပြီး ပရမ်းပတာ မစွပ်​စွဲလိုက်​ပါနဲ့။မြန်​မာပြည်​ဆိုင်​ရာ အစ္စလာမ်​မစ်​​တွေရဲ့ နှစ်​၁၀၀သက်​တမ်းမ​ပြောနဲ့ နှစ်​၁၀၀၀ သမိုင်းမှာလည်းပဲ အခွင့်အ​ရေးယူခဲ့တာမရှိခဲ့ဘူး။ဒါမွစ်​စလင်​ကို​သောက်​မွှန်းတင်​ချင်​​လို့​ပြော​နေတာမဟုတ်​ဘူး။သူတို့Life နဲ့ သူတို့ရှင်​သန်​ခဲ့ပုံ history ကိုကြည့်ပြီး​ပြော​နေတာ။
ဒီမှာ​ပြော​နေတာနိုင်​ငံ​ရေး။ဘယ်​ဘာသာမှန်​တယ်​ မှားတယ်​​ပြော​နေတာမဟုတ်​သလို ဘယ်​လူမျိုး သာတယ်​နာတယ်
ပြော​နေတာလည်းမဟုတ်​ဘူး။ကျ​နော်​ရဲ့ အ​ရေးအသားညံ့ဖျင်းမှု​ကြောင့်သ​ဘောထားလွဲသွားနိုင်​တယ်​။ကျ​နော်​စာ​ရေးဆရာမဟုတ်​ပါ။ကျ​နော်​ ​ဒေတာ အားပြု ပြီးကိုတတ်​သလို​ရေး​နေတာပဲ။ကျန်​တဲ့အရည်​အချင်းကျ​နော့်မှာမရှိဘူး။သူတို့မှာရှိတာအကြိမ်​ကြိမ်
မြန်​မာမင်းနဲ့မြန်​မာအစိုးရအ​ပေါ် ဖင်​ခံခဲ့တာပါပဲ။ဒီ​နေရာသုံးတဲ့ဖင်​ဆိုတာ ရိုင်းစိုင်းလိုတဲ့ရည်​ရွယ်​ချက်​မဟုတ်​ပါ။ဖရုသာဝါစာဘက်​ကို သွားချင်​တာမဟုတ်​ဘူး။ခံခဲ့ရပုံကို​ပေါ်လွင်​​စေချင်​လို့ ဂျင်းထည့်ခံ(ဖင်​ခံခြင်း)လို့ ​နည်းနည်းရင့်သီးတယ်​လို့ယူဆရတဲ့ ဥပမာမျိုး​ပေးလိုက်​တာပါ။တကယ်​​တော့ ၂၁ရာစုဦးမြန်​မာပြည်​မှာ ဒီ​ဝေါဟာရနဲ့စိမ်းတာ အိ​နြေ္ဒရှင်​ပါလို့​ပြော​ပြော​နေတဲ့ မိန်းမ​တွေမှာ​တောင်​မကျန်​​တော့
တာ​​ကြောင့် ​နေဇင်​လတ်​ မင်းရိုင်းတယ်​ကွာလို့​တော့လာမစွပ်​စွဲနဲ့​ပေါ့။မြန်​မာမင်းအဆက်​ဆက်​မှာလည်း သူတို့အသီးသီးပဒေသရာဇ်​ကို
ဘုရားထူပြီးသမိုင်းကိုဖြတ်​သန်းလာခဲ့တာပဲ။

ဗျတ်​၀ိ ဗျတ္တက​နေ ဦးကိုနီအထိ ဒီပုံစံအတိုင်းပဲ။မြန်​မာပ​ဒေသရာဇ်​၊မြန်​မာအစိုးရအဆက်​ဆက်​အ​ပေါ်မှာ​ရော မြန်​မာလူထုအ​ပေါ်မှာ​ပါ ​ပေးတာယူ​ကျွေးတာစားပြီး​ကျေနပ်​ခါ မှိန်း​နေခဲ့ကြတဲ့လူတန်းစား​တွေဆိုတာ သမိုင်းအ​ထောက်​ထားခိုင်​လုံတယ်​။နေဇင်​လတ်​ မင်းက ပုဂံသမိုင်းကို ဂျင်းလို့ ​ပြောပြီးဗျတ်​၀ိ ဗျတ္တကျ​တော့ ဘာ​ကြောင့်ရှိသ​ယောင်​​ယောင်​​ပြော​နေတာလဲမ​မေးနဲ့။ရခိုင်​မှာသ​ဘောင်္ပျက်​လို့
မွစ်​စလင်​​တွေ ရခိုင်​ကမ်းရိုးတန်း​ပေါ်​ရောက်​လာခဲ့တဲ့သမိုင်း​ကြောင်းဟာ မြန်​မာမှာ​ရော အာရဗ်​သမိုင်းမှာပါ​ခေတ်​ပြိုင်​အ​ထောက်​ထားရှိ​နေလို့ပါပဲ။အိန္ဒိယနိုင်​ငံ နယူး​ဒေလီမှာကျင်းပတဲ့ သမိုင်းကွန်​ဖရင့်​စ်​မှာ မြန်​မာမွစ်​စလင်​သမိုင်းပညာရှင်​ ဗိုလ်​မှူးဘရှင်​ကိုယ်​တိုင်​ The Coming of Islam to Burma Domn to 1700 AD ဆိုတဲ့အင်္ဂလိပ်​ဘာသာနဲ့​ရေးသားတဲ့ စာတမ်းကို ဖတ်​ကြားတင်​သွင်းခဲ့တာ အာရဗ်​​ခေတ်​ပြိုင်​မှတ်​တမ်းနဲ့ ​ကျောက်​စာအ​ထောက်​ထား​တွေ ပါခဲ့တာ​ကြောင့်ပဲ။အဲဒီဗိုလ်​မှူးဘရှင်​ရဲ့ စာတမ်းကို မြန်​မာသမိုင်း​ကော်​မရှင်​က စာစဉ်​အမှတ်​၅၃နဲ့တရားဝင်​မှတ်​တမ်းထားခဲ့တာပါ။ကမ္ဘာ့ သမိုင်းပညာရှင်​​တွေကြားမှာ ဖတ်​ကြားတင်​သွင်းခဲ့တဲ့စာတမ်းတစ်​​စောင်​ဟာ ဂျင်းဖြစ်​နိုင်​ပါ့မလား။ပုဂံ​ကျောက်​စာ​တွေမှာ ပန်​သိဃ်​၊ပသီဆိုတဲ့စာလုံး​တွေကို ​ဒေါက်​တာသန်းထွန်းကိုယ်​တိုင်​​ရေးသားထားတာရှိပါ​သေးတယ်​။အခွင့်သင့်ရင်​ဒီအ​ကြောင်း​ရေးပါဦးမယ်​။ယုတ္တိမရှိတဲ့ ကျန်​စီသာရ်​တို့ ဗန္ဓုလကို ဘင်​အဗ္ဗဒွလ္လာဟ်​တို့ ငရမန်​ကန်းကို ရဟ်​မာန်းခန်းလုပ်​တဲ့ ခပ်​စုတ်​စုတ်​​သောက်​လုပ်​​တွေကျ​နော်​မလုပ်​ဘူး။သူတစ်​ပါးသမိုင်းကိုအပုပ်​ချ ကိုယ့်သမိုင်းကိုအမွှန်းတင်​တဲ့လူမပီသတဲ့ အဆင့်အတန်းမရှိတဲ့လုပ်​ရပ်​မျိုးဘယ်​​တော့မှမလုပ်​ဘူး။မှား​နေရင်​ပြင်​မယ်​။ကိုယ်​မသိတာ​ပြောပြသူကို​ကျေးဇူးတင်​မယ်​။လူတစ်​​ယောက်​အ​နေနဲ့သမိုင်းအားလုံးကိုစစ်​စစ်​​ပေါက်​​ပေါက်​လိုက်​မသိနိုင်​ဘူး။ကျ​နော့်လို ချာတိပ်​အဆင့်လူသားဆို​ပြောမ​နေနဲ့​တော့။

ဆို​တော့​ပြော​နေတဲ့အ​ကြောင်းအရာကိုဆက်​ရရင်​ မြန်​မာမွစ်​စလင်​​တွေ ဒီ​နေ့အထိ သူတို့နဲ့ထိုက်​တန်​တဲ့နိုင်​ငံ​ရေးအာမခံချက်​ မရ​သေးဘူး။ခွဲခြားခံ​နေရတုန်းပဲ။နင်းပြားချင်းအတူတူ ဘာသာ​ရေး လူမျိုး​ရေးဆိုဒ်​က​နေ ပါ ထပ်​ပြီး အနာ​ပေါ်အနာဆင့်ခွဲခြားခံ​နေရတယ်​ဆိုတဲ့အချက်​ကို​တော့ အားလုံးသ​ဘောတူ​လောက်​ပြီထင်​ပါတယ်​။မြန်​မာမွစ်​စလင်​တွေဖဆပလပါတီ၊ကွန်​မြူ နစ်​ပါတီ၊အလံနီ၊အလံဖြူ၊ဆိုရှယ်​လစ်​ပါတီ၊ရဲ​ဘော်​ဖြူ  ၊၀ါ၊စတဲ့ပါတီစုံက​နေ ကြံ့ခိုင်​​ရေးအလယ်​ NLDအဆုံးအကုန်​လုံးမှာ မိမိတို့စိတ်​ဆန္ဒနဲ့ ယုံကြည့်တဲ့အတိုင်းပါဝင်​ခဲ့ကြတာပါ။ဒါဟာ Representative of Muslim Community မဟုတ်​ဘူးလား။ဒါမဟုတ်​ဘူးဆိုရင်​ မွစ်​စလင်​က​လေး လူကြီး ရှိသမျှတစ်​​ယောက်မကျန်​အားလုံးဖင်​ခံမှ ဖြစ်​မှာလား။မြန်​မာ​တွေအဲဒီလိုလုပ်​တဲ့​နေ့ မွစ်​စလင်​​တွေလည်းလုပ်​ကြပါလိမ့်မယ်​။ဆု​တောင်း​ကြ​ပေါ့။မြန်​မာမှာခရိုနီရှိတယ်​။ကချင်​၊ချင်း၊ရှမ်းနဲ့ကရင်​ ကယားတို့မှာလည်းခရိုနီရှိတယ်​။အလားတူ မြန်​မာမွစ်​စလင်​မှာလည်းခရိုနီရှိတယ်​။ကျန်​အမျိုးသား​တွေမှာ သူယုတ်​မာရှိသလို မြန်​မာမွစ်​စလင်​မှာလည်းသူယုတ်​မာရှိတယ်​။ဒါလူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာ​ရေးနဲ့ဘာမှမဆိုင်​ဘဲဖြစ်​​ပေါ်တတ်​တဲ့ဓ​လေ့ပါပဲ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=131776684425186&id=10002778565368







0 ယောက်မှတ်ချက်ပြုခဲ့သည် to “NLD အားစွန့်​ခွာခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...