Saturday, January 27, 2018

"ခေါင်းဆောင်ပီသသူ"

,
ဟိုတစ်နေ့ကဖြစ်သွားတဲ့ရခိုင်ပြဿနာအပြီးမှာဒေါ်စုကပြောလိုက်တယ် ....
"အခုပြသနာမှာ ရဲတပ်ဖွဲ့အပါအဝင် ဥပဒေချိုးဖောက်သူအားလုံးကို ဥပဒေနဲ့အညီအရေးယူမယ်" တဲ့ ...

တကယ်တော့ဒီစကားဟာ သာမန်အားဖြင့်တော့အထူးဆန်းတော့ မဟုတ်ပါ ....

ဒါပေမယ့် ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိပြီးလက်တွေ့မှာလိုသလိုအသုံးချနေလို့
တောရိုင်းဥပဒေစိုးမိုးနေသလိုဖြစ်နေတဲ့ ကျုပ်တို့နိုင်ငံအတွက်တော့
အတော်ထူးဆန်းနေပါလိမ့်မယ် ...

ဦးသိန်းစိန်လက်ထပ်မှာလက်ပံတန်းကျောင်းသားအရေးခင်းမှာလဲ
ရဲတပ်ဖွဲ့ဟာ ခုလိုပဲ လိုတာထက် ပိုဆိုးခဲ့ကြပါတယ် ...

ရပ်ထားတဲ့ကြက်ခြေနီကားကိုတောင်ရိုက်ခွဲတာတွေ ...
ကြောက်လို့ကုပ်နေတဲ့လူတယောက်ကိုတောင်အတင်းရိုက်နေတာတွေ ...
ဖမ်းဖိထားတဲ့လူတယောက်ကိုလည်း အတင်းဝိုင်းရိုက်နေတာတွေ ...

ဒါတွေဟာတကယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ဥပဒေမဲ့ အကြမ်းဖက်မှုတွေပါ ...

ဒါပေမယ့်တာဝန်ရှိသူတွေဟာသပိတ်ခေါင်းဆောင်တွေလောက်ကိုပဲ အရေးယူပြီး
ဥပဒေချိုးဖောက်ခဲ့တဲ့ ရဲတပ်ဖွဲ့တွေကိုတော့အရေးယူမှုတစုံတရာမရှိခဲ့ပါဘူး ....

ပိုပြီးရှက်စရာကောင်းတာကသမ္မတဦးသိန်းစိန်ဟာနိုင်ငံခြားခရီးစဉ်တခုမှ
အင်တာဗျူးတခုမှာ"သူတို့က ရိုက်လို့ ပြန်ရိုက်တာပါ" လို့တောင်လူကြီးမဆန် ပြောသွားခဲ့တဲ့စကားပါ ...

တကယ်တော့ ရဲတပ်ဖွဲ့ရဲ့ဥပဒေချိုးဖောက်မှုတွေကိုအကာကွယ်ပေးချင်ရင်တောင်
မသိသလိုနေတာမျိုး..အရေးယူပါ့မယ်ဆိုတာမျိုး ...ဒီလိုမျိုးလောက်ပဲ ပြောသင့်တာပါ ....

ခုက "ဟိုက ရိုက်လို့ ဒီကလဲပြန်ရိုက်တယ်' ဆိုတော့ ...နှစ်ဘက်လုံးက ဥပဒေချိုးဖောက်နေတယ်လို့
ဝန်ခံရာရောက်နေပါတယ် ...ဥပဒေချိုးဖောက်တာချင်းအတူတူသူ့လူကိုယ့်လူခွဲပြီး အရေးယူထားပါတယ်လို့
ဆိုလိုတဲ့သဘောဖြစ်နေပါတယ် ...

သဘောကတော့သမ္မတကိုယ်တိုင်ကကိုဥပဒေကိုမလေးစားဘူးလို့ပြောနေသလိုမျိုးပါပဲ ....

နိုင်ငံအတွက် အတော်လည်း ရှက်စရာကောင်းသလိုအတော်လည်း မိုက်မဲတဲ့ ဖြေကြားချက်ပါ ...

အခု ဒေါ်စုကတော့အရင်သမ္မတဟောင်းဦးသိန်းစိန်နဲ့ပြောင်းပြန်ပါပဲ ...

ဥပဒေချိုးဖောက်ရင် သူ့လူကိုယ့်လူမရှိဘူး ... မထားဘူး ... မခွဲခြားဘူး ...အားလုံးကို တန်းတူအရေးယူမယ် ....

ဒီသဘောနဲ့ပြောသွားတဲ့စကားမို့အတော်လေး အားရစရာကောင်းတဲ့စကားပါ ...

တကယ်တော့နိုင်ငံသားအားလုံးဟာ ဥပဒေအောက်မှာ ရှိရမယ့်သူချည်းပါပဲ ...

သမ္မတအနေနဲ့ဆိုရင် အားလုံးဟာ သူ့ပြည်သူတွေချည်းမို့သူ့လူကိုယ့်လူခွဲခြားနေမယ်ဆိုရင်
ငြိမ်းချမ်းရေးတွေ ညီညွတ်ရေးတွေဆိုတာ အလှမ်းဝေးပြီးပေါ့ဗျာ ....

အရင်အစိုးရအဆက်ဆက်ဟာ ဒီလိုမျိုး သူတို့နဲ့နီးရင်တမျိုး ဝေးရင်တမျိုးနဲ့ခွဲခြားခဲ့ကြလို့
ပြဿနာတွေအမြဲရှိနေခဲ့ကြရတာပါ ....

မြန်မာနိုင်ငံရေးမှာ ဒီလိုဘက်မလိုက်ပဲဆုံးဖြတ်ရဲတဲ့လူ ပြောရဲတဲ့သူဒီလိုမျိုးခေါင်းဆောင်လိုအပ်နေတာအမှန်ပါပဲ ...
အခုလည်း တကယ်အရေးယူဖို့ ကော်မရှင်လည်းဖွဲ့နေပြီလို့ကြားမိပါတယ် ...

တကယ်လည်း အရေးယူအပြစ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ် ...

StrayBird
.
Credit... Stray Bird via မင်းကိုခိုင်

.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
သံပါးစပ်
27-01-2018

https://m.facebook.com/story.php?story_fbid=385237045255136&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ခေါင်းဆောင်ပီသသူ"”

Post a Comment

Related Posts Plugin for WordPress, Blogger...