Tuesday, September 18, 2018

ထောင်​စုနှစ်​တစ်​ခု၏အ​ကောင်းဆုံးအုပ်​ချုပ်​​ရေး...၇

,
ဘုရင်​လုပ်​သူရဲ့ အာဏာကိုကန့်​သတ်​ထားသင့်/မသင့်
ဆိုတဲ့အ​နောက်​တိုင်းအိုင်​ဒီယာမျိုး ​ဝေဖန်​ဆန်းစစ်​ထားတာမျိုးမြန်​မာနိုင်​ငံ​ရေးသမိုင်းမှာမရှိခဲ့ဘူး။မြန်​မာပြည်​မှာနိုင်​ငံ​ရေးဆိုတာ ၁၉၂၀မှဖြစ်​တယ်​လို့ဆိုရမှာပါ။၁၀၃၃က​နေ ၁၉၂၀အထိ နိုင်​ငံ​ရေးဆိုတာ မြန်​မာ​တွေကြား​တောင်​မကြားဖူးဘူး။ပ​ဒေသရာဇ်​ရဲ့ အာဏာဟာ ဘုရား​ပေး​သော အာဏာလို့ပဲယူခဲ့ကြတာပါ။၁၀၃၃ခုနှစ်​ကတည်းက​နေ ယ​နေ့အထိ​ပေါ်ထွက်​​နေသမျှ အမျိုးသား​တွေး​ခေါ်ရှင်​အားလုံး
ရဲ့ အ​တွေးအ​ခေါ်ကိုကြည့်​ရင်​လည်း ဘာမှကွဲပြားတာမရှိဘူး။ဘိန်​​ဒေါဆရာအ​တွေးအ​ခေါ် သို့မဟုတ်​ ပြဒါး​သေတစ်​​ဆွေဝ သံ​သေတစ်​ပြည်​၀ ဆိုတဲ့ခပ်​တုံးတုံးခပ်​ပိန်းပိန်းအယူအဆ​ပိုင်​ရှင်​​တွေချည်းပဲ။

ဥပမာ မြန်​မာ​ခေါင်း​ဆောင်​တစ်​​ယောက်​ဖြစ်​တဲ့ ဒီးဒုတ်​ဦးဘချို ကို ကြည့်​ပါ။မင်းကျင့်တရား၁၀ပါးတို့၊နယကဂုဏ်​၆ပါးတို့ စတာ​တွေဟာ ဘာတစ်​ခုအလုပ်​မဖြစ်​တဲ့ သြဇာသက်​​ရောက်​မှု တစ်​စိုးတစ်​စိမှမရှိတဲ့စာသားသက်​သက်​ပဲ။မှူးမတ်​​တွေရဲ့ ပြုစုမှုကိုခံယူပြီး နန်းတွင်းမှာကြီးပြင်းလာတဲ့မင်းသားဟာ ဘုရင်​ဖြစ်​လာတဲ့အခါ ဘုရင့်အာဏာကိုဥပ​ဒေစည်းကမ်းနဲ့​ဘောင်​ခတ်​ဖို့ မှူးမတ်​​တွေစိတ်​မကူးကြဘူး။ရှေးကမင်း​ကောင်းမင်းမြတ်​​တွေရဲ့ လုပ်​​ဆောင်​ချက်​​တွေကို​ထောက်​ပြပြီးအကြံ​ပေးတာ​လောက်​ပဲလုပ်​တာပါ။ကုန်း​ဘောင်​​ခေတ်​​နှောင်းက ကင်းဝန်​မင်းကြီးကလွဲပြီးဘုရင့်အာဏာကိုကန့်​သတ်​ဖို့ ကြိုးစားတဲ့သူတစ်​​ယောက်​မှမရှိခဲ့ဘူး။

ရှင်​ဘုရင်​အနိုင်​ကျင့်တာမခံနိုင်​ရင်​ပုန်​ကန်​တယ်​။ပုန်​ကန်​လို့​အောင်​မြင်​ရင်​ သူပုန်​ကန်​ခဲ့တဲ့ရှင်​ဘုရင်​ရဲ့ စနစ်​အတိုင်းပဲဆက်
ပြီးကျင့်သုံး​နေထိုင်​အုပ်​ချုပ်​တာပါ။စနစ်​ပြု ပြင်​လိုက်​တယ်​ဆိုတာမရှိဘူး။မြန်​မာ​တွေဟာ အကြွင်းမဲ့အာဏာရှင်​ဘုရင်​စနစ်​ကလွဲပြီး အခြားနိုင်​ငံ​ရေးစနစ်​ကိုနားမလည်​ကြဘူး။ဒါ​ကြောင့် အုပ်​ချုပ်​​ရေး ဥပ​ဒေပြု ​ရေးနဲ့ တရားစီရင်​​ရေးမှာ ဘုရင်​ကအာဏာအရှိဆုံးဖြစ်​​နေရတာပါ။ဥပ​ဒေပြု ​ရေးဆိုလို့ အ​နောက်​တိုင်းမှာလိုဥပ​ဒေပြု ​ပြဋ္ဌာန်းတာမျိုးမဟုတ်​ဘူး။မြန်​မာဘုရင်​အဆက်​ဆက်​ဟာ ဥပ​ဒေပြု သူစရင်းလုံးဝမ၀င်​ဘူး။ဘုရင့်အမိန့်​ဆိုတာဥပ​ဒေမဟုတ်​ဘဲ အုပ်​ချုပ်​​ရေးဆိုင်​ရာညွှန်​ကြားချက်​ပါ။ဒါကိုကွဲပြားနားလည်​ဖို့လိုတယ်​။ပြည်​သူ့ကိုယ်​စားလှယ်​​တွေပါဝင်​ပြီးဥပ​ဒေပြုတဲ့အဖွဲ့စည်းဆိုတာ မြန်​မာ့သမိုင်းမှာမရှိခဲ့ဘူး။လွှတ်​​တော်​ဆိုတဲ့​ဝေါဟာရဟာမြန်​မာဘာသာစကားဖြစ်​တယ်။

...ရှင်​ဘုရင့်အမိန့်​​တော်​အတိုင်း
လိုက်​နာ​ဆောင်​ရွက်​ရ​သောဋ္ဌာနကို​ခေါ်ဆိုသည်​......လို့ ကိုလိုနီ​ခေတ်​ပုဂံဝန်​​ထောက်​မင်းဦးတင်​ပြု စုတဲ့ မြန်​မာမင်းအုပ်​ချုပ်​ပုံစာတမ်း တတိယတွဲမှာ​ဖော်​ပြထားတယ်​။

သံဃာ​တွေဟာ ဘုရင်​ကိုကျားကန်​​ပေးတဲ့အစုအ​ဝေးဖြစ်​ခဲ့တယ်​။ဘုရင်​ကသံဃာကိုလို​လေ​သေးမရှိပြု စုတယ်​။အဲလိုနဲ့ သက်​ဦးဆံပိုင်​ဘုရင်​နဲ့ အခွင့်ထူးခံဘာသာ​ရေးသမား နှစ်​ဦးနှစ်​ဖက်​အဆင်​​ပြေသွားကြတယ်​။ဒီအတွက်​သက်​​သေက မကြာ​သေးခင်​ကသီတဂူဆရာ​တော်​​ဟောသွားတဲ့ တရားပဲ။တပ်​နဲ့သံဃာညီညွတ်​ရမယ်​ဆိုတာ မ​မေ့​လောက်​ကြ​သေးဘူးလို့ထင်​ပါတယ်​။ဗုဒ္ဓတရား​တော်​အရမင်းဆိုးမင်းညစ်​ကိုမ​ထောက်​ခံ​ပေမဲ့ လူသားဖြစ်​တဲ့သံဃာအများစုက​တော့ လူသားပီပီယိမ်းယိုင်​တာ​တွေ့ရတယ်​။မြန်​မာပြည်​အလယ်​ပိုင်းကို ဗုဒ္ဓ၀ါဒ​ရောက်​လာတာ နှစ်​၁၀၀၀​ကျော်​သွားပြီဆို​ပေမဲ့ရုပ်​၀တ္ထုကိုးကွယ်​တဲ့ ဗမာ့ဓ​လေ့ဟာ ကွယ်​​ပျောက်​မသွားဘူးလို့ ​ဒေါက်​တာ​မောင်​​မောင်​ကြီးက ဆိုပြီး Animism လို့​ခေါ်တဲ့ရုပ်​၀တ္ထုကိုးကွယ်​တဲ့ ဓ​လေ့ဟာဗုဒ္ဓ၀ါဒနဲ့​ရောစပ်​တဲ့အခါ နတ်​ကိုးကွယ်​မှုကို အားသစ်​​လောင်းသလိုဖြစ်​​စေတယ်​လို့ သုံးသပ်​ပြပါ​သေးတယ်​။

သူရဲ​ကောင်းကိုးကွယ်​မှုဝါဒဟာလည်း မြန်​မာ​တွေကြားထဲယ​နေ့အထိရှင်​သန်​တယ်​။နှောင်း​ခေတ်​ဗမာ​တွေ​ပြောတဲ့သာသနာ
ပြုမင်းအဆက်​ဆက်​ ​ထေရ၀ါဒဗုဒ္ဓ၀ါဒစစ်​စစ်​ကိုလက်​ခံကျင့်သုံးခဲ့ပါတယ်​လို့​ပြောဖို့အ​ထောက်​ထားက​တော့ေ၀၀ါး​နေဆဲပဲ။အားလုံး ဗုဒ္ဓ၀ါဒနဲ့​ရောစပ်​ပြီးနတ်​ကိုးကွယ်​တာ သမိုင်းမှတ်​တမ်းအထင်​အရှားရှိတယ်​။(ကြည့်​...ရာဇပလ္လင်​-Dr.Yi Yi စာတမ်း.....Dr Than Tun ဘာသာပြန်​)

ဒါအပြင်​ ဗုဒ္ဓဘာသာဝင်​ပါလို့ဆိုတဲ့ ဗမာ​တွေဟာ နက္ခတ်​​ဗေဒင်​၊ပ​ယောဂ၊​မှော်​ပညာ၊ထိုးကွင်းမင်​​ကြောင်​၊နဲ့အတိတ်​နိမိတ်​ကိုလည်းအားကိုးကြတယ်​။ဂျပန်​​ခေတ်​တုန်းက နိုင်​ငံ​တော်​အကြီးအကဲ​ဒေါက်​တာဘ​မော်​ရဲ့ ခြံထဲကို လိပ်​တစ်​​ကောင်​၀င်​လာပြီး မကြာခင်​​ဒေါက်​တာဘ​မော်​ ဟာ ဂျပန်​နဲ့အတူ ထွက်​​ပြေးရတာကို ဂျပန်​​ခေတ်​သာသနာ​ရေးဝန်​ကြီးက မှတ်​တမ်းတင်​ထားတယ်​။ဒေါက်​တာ​ဘ​မော်​ဆိုတာ မြန်​မာ့သမိုင်းမှာ ​ခေတ်​ပညာကျွမ်းကျင်​စွာတတ်​​မြှောက်​တဲ့လူရည်​သန့်​ကြီးတစ်​​ယောက်​ပါ။လိပ်​က အင်္ဂလိပ်​ကို ကိုယ်​စားပြု တယ်​လို့နိမိတ်​​ကောက်​ပြီး အင်္ဂလိပ်​၀င်​လာလို့ ​ဒေါက်​တာ​ဘ​မော်​​ပြေးရတာကိုယူဆတာပါ။ဒုတိယကမ္ဘာစစ်​စတင်​ချိန်​မှာ အင်​အားကြီးဂျာမနီရဲ့ တိုက်​စစ်​​ကြောင့်ဥ​ရောပတိုက်​ကြီး ခါထွက်​လာတယ်​။နောက်​ဆုံးပြင်​သစ်​နိုင်​ငံ အီဖယ်​လ်​ ​မျှော်​စဉ်​ကြီး​ပေါ်မှာ ဟစ်​တလာရဲ့ နာဇီအလံဟာ​​အောင်​မြင်​စွာ​နေရာယူလိုက်​နိုင်​တယ်​။ဝင်​ရိုးတန်းနိုင်​ငံ​တွေဖြစ်​တဲ့ ဂျပန်​နဲ့အီတလီကပါ ပါဝင်​လာတာ​ကြောင့် အင်္ဂလိပ်​ဟာ အ​ခြေအ​နေအရစစ်​ဆုတ်​​ပေးရတယ်​။

အ​မေရိကန်​ပြည်​​ထောင်​စုစစ်​ထဲဝင်​လာချိန်​မှာ​တော့ ဆုတ်​ထားတဲ့ ​နောက်​​ခြေကို ​ရှေ့ တစ်​လှမ်းတိုးပြီးပြန်​၀င်​လာခဲ့တယ်​။ဒါကိုသ​ဘောမ​ပေါက်​​တော့ ​​နိမိတ်​ကနာမည်​​ကောင်းရသွားတာပါပဲ။ဒေါက်​တာ​ဘ​မော်​ဟာ အင်္ဂလန်​နဲ့ပြင်​သစ်​နိုင်​ငံ​တွေမှာ ဘွဲ့​တွေတစ်​သီကြီးယူထားတဲ့​ခေတ်​ပညာတတ်​ကြီးတစ်​​ယောက်​ဖြစ်​​ပေမဲ့ အင်္ဂလိပ်​စစ်​ရှုံး​အောင်​၀ိုင်းတိုက်​​ပေးကြဖို့ နတ်​​ပေါင်းစုံကို ပူ​ဇော်​ပသပန်​ကြားခဲ့တယ်​လို့သိရတယ်​။အယူသီးတဲ့ဗမာ​တွေဟာ ပုဏ္ဏားနဲ့​ဗေဒင်​ဆရာမပါရင်​ ဘာမှမလုပ်​နိုင်​ဘူးလို့၁၉ရာစု​နှောင်းပိုင်းမှာထုတ်​ပြန်​တဲ့အင်္ဂလိပ်​အစိုးရပြန်​တမ်းမှာ​ဖော်​ပြထားတယ်​။အ​ရေးကြီးတဲ့ကိစ္စဆိုရင်​ရက်​​ကောင်းရက်​မြတ်​​ရွှေးရတာ တိုက်​ပုံနဲ့ပုဆိုးဝတ်​ပြီး ​မောင့်ကြက်​သ​ရေ​ခေါင်း​ပေါင်းကြီးဆင်​မြန်း​ထွက်​လာရင်​သ​ဘော​ပေါက်​ကြ​ပေ​တော့။ဇန်​န၀ါရီ၎ရက်​​နေ့ မနက်​၄နာရီ မိနစ်​၂၀ ဆိုပြီး ​ဗေဒင်​ဆရာလုပ်​ချလိုက်​တာ ​အေးချမ်းတယ်​ မ​အေးချမ်းဘူးဆိုတာ ခင်​ဗျားတို့ကျ​နော်​တို့ အဲဒီ​ခေတ်​ကလူ​တွေထက်​ပိုသိကြတာ
ကြောင့်အထူး​ပြောပြ​နေဖို့မလို​တော့ဘူးလို့ထင်​ပါတယ်​။

အင်္ဂလိပ်​အရာရှိကြီးတစ်​ဦးက စိတ်ေ​လ​လေနဲ့
......ကြိုက်​သလိုလုပ်​ကြကွာ
ငါတို့ကတစ်​ခါပဲ အိပ်​​ရေးပျက်​ရတာ....မင်းတို့က​တော့
အမြဲတမ်းအိပ်​​ရေးပျက်​ရမှာပါ.........
လို့ ကိုယ်​​ရေးမှတ်​တမ်းမှာ​ရေးသားထားတယ်​။
ခေါင်း​ဆောင်​ပိုင်းကစပြီး ​ဗေဒင်​ဆရာ​ပြောတဲ့အတိုင်းယုံကြည်​​နေရင်​ဆင်​ခြင်​တုံတရားနဲ့အညီဆုံးဖြတ်​ဖို့ ခက်​ခဲသွားပြီ​ပေါ့။အာဏာရအစိုးရတက်​လာတိုင်း ဘုန်းကြီး​ကျောင်း​ပြေးပြီး ဆရာ​တော်​​တွေရဲ့ သြ၀ါဒ​တွေကိုခံယူရတာအ​မောပဲ။ဘုန်း
ကြီး​ကျောင်းကဆရာ​တော်​ကနိုင်​ငံ​ရေးကို ကိုယ့်​လောက်​နားလည်​ပါ့မလား။ဘာလို့ဘာသာ​ရေးပုဂ္ဂိုလ်​ကို နိုင်​ငံ​ရေးမှာဆွဲသုံးတာလဲ။Secular State ဆိုတာ ဒါမျိုးကို​ခေါ်တာမှမဟုတ်​တာ။ဘာသာသာသနာကိုချစ်​မြတ်​နိုးတာ ​ကောင်းတဲ့အလုပ်​ဖြစ်​ပါတယ်​။ချစ်​မြတ်​နိုးလွန်ပြီး​​​​အစွန်း​ရောက်​သွား​တော့ လက်​ရှိမြန်​မာနိုင်​ငံအတွင်းမှာ ရှင်​သန်​ရပ်​တည်​​နေတဲ့ ကျန်​တဲ့ ဘာသာသာသနာတစ်​ခုကိုမှ မျှမျှတတ တန်းတူအခွင့်အ​ရေးမ​ပေးနိုင်​တဲ့အထိတစ်​ဖက်​​စောင်းနင်းဖြစ်​သွား​တော့တာပဲ။

အဲဒီကတစ်​ဆင့် လူဝင်​မှုကြီးကြပ်​​ရေးနှင့်အမျိုးသားမှတ်​ပုံတင်​​ရေးဦးစီးဋ္ဌာနကိုဆက်​သွားပါတယ်​။ပုဒ်​မ(၅) နဲ့ ပုဒ်​မ(၆) ဆို
ပြီးခွဲခြားလိုက်​တယ်​။ပုဒ်​မ(၅)မှာ ဗုဒ္ဓဘာသာဝင်​ဖြစ်​တဲ့ တိုင်းရင်းသား​တွေ(ပဲ)ပါဝင်​ပါတယ်​။ပုဒ်​မ(၆)မှာ ဗုဒ္ဓဘာသာဝင်​မဟုတ်​တဲ့ ​သွေး​နှောနိုင်​ငံသားစစ်​စစ်​ကြီး​တွေ၊နိုင်​ငံသားစစ်​စစ်​ဖြစ်​တဲ့တရုတ်​​တွေအပြင်​ တိုင်းရင်းသားစစ်​စစ်​ ခရစ်​ယာန်​ဘာသာဝင်​​တွေပါ ပါဝင်​ပါတယ်​။ဒါဆိုရင်​နှိုင်းယှဉ်​စဉ်းစားလို့ရ​လောက်​မယ်​ထင်​ပါတယ်​။

အဲ​တော့ပြန်​ဆက်​ရရင်​ ၀န်​ကြီးချုပ်​ဦးနုစီးလာတဲ့ကား​ခွေးတိုက်​မိလို့ နိမိတ်​မ​ကောင်းဘူးဆိုပြီးခရီးဆက်​မသွား​တော့ဘူး။အင်္ဂလန်​မှာငယ်​စဉ်​ကတည်းကပညာသင်​လာသူက ထိုးကွင်းမင်
ကြောင်​ကိုယုံကြည်​​နေဆဲပဲ။စစ်​ဗိုလ်​​တွေက အကြားအမြင်​ရသူနဲ့​ဗေဒင်​ဆရာကိုအားကိုးတယ်​။ဥပမာ တိုင်းရင်းသားလူမျိုးစုစရင်း၁၉၇၄ကမ္ဘာသိစရင်းမှာ၁၄၄လို့တရားဝင်​​ကြေငြာပြီး ၁၉၈၂​ရောက်​​တော့ ၁၃၅လို့ လူမသိသူမသိသတ်​မှတ်​လိုက်​တယ်​။၁+၃+၅=၉ ဖြုတ်​ချခံလိုက်​ရတဲ့ လူမျိုးကလည်း၉မျိုး ​နေ၀င်းကံ​ကောင်း​စေတဲ့ကိန်းဂဏန်းကလည်း၉ပါပဲ။၄၅ကျပ်​တန်​၊၉၀တန်​စတဲ့​ကိုးန၀င်း​ငွေစက္ကူ  ​တွေကလည်း ဒုတိယဥပမာပါပဲ။တကယ်​​တော့ ၁+၄+၄=၉ပါပဲ။ဒါ​ပေမဲ့မြန်​မာတို့ထုံးစံက မဂဏန်းဖြစ်​ရမယ်​။၁၃၅က မဂဏန်းသက်​သက်​ပဲ။နေ၀င်းဆိုတာ ဂဏန်း​ဗေဒင်​မှာ န=၇ ၀=၄ဖြစ်​လို့​ပေါင်းခြင်း၁၁ဖြစ်​တာ​ကြောင့် ဘုန်းကြီးတယ်​လို့ ​ဗေဒင်​ကအနက်​​ပေးတယ်​။၁၁ဂဏန်းသမား ၉ဂဏန်းသမား စတဲ့ ဘာညာသာရကာ​တွေသိချင်​ရင်​ စံဇာဏီဘိုတို့ မင်းသိင်္ခတို့စာအုပ်​​တွေ​လေ့လာကြည့်​ပေါ့။ကျ​နော်​လည်းသ​ဘော​ပေါက်​​အောင်​အနည်းငယ်​​လေ့လာထားရတာပါပဲ။

ဘုရားကိုးဆူဆိုတဲ့ဂြိုဟ်​ပူ​ဇော်​ပွဲကလည်းဖြစ်​​မြောက်​​နေဆဲပဲ။အဲဒီလိုအယူသီးပြီး အစွဲအလမ်းကြီးတဲ့ဗမာ​တွေဟာ အာဏာရှင်​ဓ​လေ့ကိုလိုလားတဲ့အ​တွေးအ​ခေါ်ရှိတယ်​လို့ ​ဒေါ်တာ​မောင်​​မောင်​ကြီးကဆိုတယ်​။ဒီလူ​တွေကို လက်​ခံပြီး အင်္ဂလိပ်​အစိုးရကအုပ်​ချုပ်​ခဲ့တာဖြစ်​ပါတယ်​။ဒီလူ​တွေကိုပဲလက်​ခံပြီး အမျိုးသားအစိုးရ​တွေကဆက်​လက်​အုပ်​ချုပ်​တာပါပဲ။ဒါစိုဘာကွာသွားလဲ။ဒုတိယကမ္ဘာစစ်​မတိုင်​ခင်​ အင်္ဂလိပ်​ကိုပြိုင်​​နေတဲ့နာဇီဂျာမနီနဲ့ဖက်​ဆစ်​အီတလီအာဏာရှင်​​တွေကို ဗမာ​ခေါင်း​ဆောင်​​တွေသ​ဘောကျကြပြီး ​ဒေါက်​တာဘ​မော်​ကသူ့ကိုယ်​သူ အာဏာရှင်​လို့​ကြေငြာတယ်​။ဂျပန်​​ခေတ်​ကကျင်းပတဲ့လွတ်​လပ်​​ရေးအခမ်းအနားမှာ ​ဒေါက်​တာဘ​မော်​ကို ရှင်​ဘုရင်​အဖြစ်​ရည်​ညွှန်းပြီးသခင်​ကိုယ်​​တော်​မှိုင်းက ကျမ်းကျိမ်​ပွဲမှာ​ပြောဆိုသွားပါတယ်​။သခင်​ကိုယ်​​တော်​မှိုင်းဆိုတာ မြန်​မာပြည်​ရဲ့ ဂန္ထ၀င်​ပုဂ္ဂိုလ်​ကြီးတစ်​ဦးပါ။သို့​သော်​ မြန်​မာ့ဂန္ထ၀င်​​တွေ၊စာ​ပေ​လောကရဲ့ မီးရူးတန်​​ဆောင်​​တွေ၊ဆီးမီးခွက်​​တွေ၊ဖ​ယောင်းတိုင်​​တွေဖြစ်​​နေတဲ့သူအားလုံးနီးပါးဟာ အ​နောက်​တိုင်းက ဆင်​ခြင်​တုံတရားအ​ခြေပြု ​တွေး​ခေါ်ရှင်​​တွေမဟုတ်​​နေကြဘဲ Racists ​တွေဖြစ်​​နေကြတာပါပဲ။ဒါလည်းအ​ထောက်​ထားရှိလို့​ပြောတာပါ။ဦး​အောင်​သင်း၊​မောင်​သာနိုး၊မင်းသိင်္ခ၊​စသည့်အားလုံးအတူတူပါပဲ။

ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့ပက်​သက်​ပြီး ​ဒေးဗစ်​စတိုင်းဘတ်​ ဆိုတဲ့ အ​မေရိကန်​ပညာရှင်​ကလည်း​ကျောင်းသား​ခေါင်း​ဆောင်​ကို​အောင်​ဆန်းဂျပန်​မှာ​ရေးခဲ့တဲ့ စာတမ်း​လေးကို ​ထောက်​ပြ
ပြီးသခင်​​အောင်​ဆန်းကို အာဏာရှင်​စနစ်​လိုလားသူလို့ စွပ်​စွဲခဲ့ဖူးပါတယ်​။တကယ်​​တော့သခင်​​အောင်​ဆန်းဂျပန်​ပြည်​မှာ​ရေးခဲ့တဲ့စာတမ်း​လေးဟာ သူကိုယ်​တိုင်​ အာဏာရှင်​လက်​​အောက်​​ရောက်​​နေလို့ သံ​ယောင်​လိုက်​တာလား ယုံကြည်​လို့​ပြောတာလားဆိုတာ​တော့သခင်​​အောင်​ဆန်းသာအသိဆုံးဖြစ်​မှာပါ။ဒီမိုက​ရေစီဆိုတာရပိုင်​ခွင့်မဟုတ်​ဘဲ​လေ့ကျင့်ယူရတာမျိုးပါ။သြဇာအာဏာရှိသူကို ​ကြောက်​ရတာဗမာ့ဓ​လေ့ဖြစ်​ပါတယ်​။အာဏာရှိသူဟာ သူ့မှာရှိတဲ့အာဏာကိုအသုံးပြု ပြီး​အောက်​လူကိုဒုက္ခ​ပေးတယ်​။အထက်​အရာရှိအကြိုက်​လိုက်​​ပြောတာဟာ ဗမာမင်းလက်ထက်​က မင်းမှူထမ်း​တွေရဲ့ အကျင့်စရိုက်​ဖြစ်​ပါတယ်​။ဥပမာ ပထမ အင်္ဂလိပ်​မြန်​မာစစ်​ပွဲမှာ ဗမာဘက်​ကအကျအဆုံးများတာကိုဖုံးကွယ်​ခဲ့တယ်​။အမှန်​အတိုင်းမ​ပြောတဲ့ ဗမာ့အကျင့်ကို ၁၉ရာစုအ​စောပိုင်းမှာမြန်​မာပြည်​​ရောက်​လာတဲ့ အီတလီဘုန်းကြီးက​ကောင်း​ကောင်းသတိထားမိပြီးမှတ်​တမ်းတင်​ထားတာက-

.....ဗမာ​တွေလိုက်​နာရမဲ့အဓိကကျင့်ဝတ်​ထဲမှာ မုသာဝါဒ ဆိုတဲ့ပညတ်​ချက်​လည်းပါဝင်​ပါတယ်​။ဒါ​ပေမဲ့ ဒီပညတ်​ချက်​ကိုမလိုက်​နာဆုံးပါပဲ။ဒီလူမျိုးအဖို့ အမှန်​ကို​ပြောဖို့ ဆိုတာ မဖြစ်​နိုင်​သ​လောက်​ပါပဲ။ဒါတင်​မက​သေးဘူး။အမှန်​အတိုင်း​ပြောဖို့ကြိုးစားသူကိုအရူးလို့​ခေါ်တတ်​တယ်​။အမှန်​အတိုင်း​ပြောသူဟာ လူ​ကောင်းဖြစ်​​ပေမဲ့ မ​အောင်​မြင်​နိုင်​တဲ့သူလို့ သတ်​မှတ်​ကြတယ်​။ဒါ​ကြောင့်ပရိယာယ်​ဆင်​ပြီး ဟန်​​ဆောင်​လှည့်​ဖျားတဲ့​နေရာမှာ ဗမာ​တွေကျွမ်းကျင်​ကြတယ်​။ကိုယ်​တကယ်​လိုချင်​တာကိုမလိုချင်​သလိုဟန်​​ဆောင်​တာမျိုးလုပ်​တတ်​တယ်​။မချစ်​​သော်​လည်းချစ်​ဟန်​​ဆောင်​တာ​တွေသိပ်​များတယ်​....လို့ မှတ်​တမ်းတင်​ထားခဲ့တယ်​။ဒီအတွက်​ယ​နေ့သက်​​သေ​တွေက​တော့ ၀လုံးတို့​ကေစ့်နဲ့ ရိုဟင်​ဂျာ​ကေစ့်ပါပဲ။

မုသာဝါဒကိုဗမာ​တွေအချိုး​ဖောက်​ဆုံးပဲလို့ ၁၈၂၇ခုနှစ်​မှာအင်းဝကိုသံတမန်​အဖြစ်​​ရောက်​လာတဲ့ John Crawford က မှတ်​ချက်​ချတယ်​။အင်္ဂလိပ်​-မြန်​မာ ပထမစစ်​ပွဲအတွင်းအင်းဝမှာ​ထောင်​ကျ​နေတဲ့ အ​မေရိကန်​သာသနာပြုကြီး Ms.Judson ကသူနဲ့အတူ​ထောင်​ကျ​နေတဲ့မင်းမှူထမ်းနှစ်​ဦး​ပြောတာကို ကြားခဲ့ရတာကိုပြန်​​ပြောပြတာပါ။ငယ်​ရွယ်​တဲ့မင်းမှုထမ်းက ​ဖြောင့်မတ်​တယ်​ဆိုတာ ဘာလဲလို့​မေးတဲ့အခါ အသက်​ကြီးတဲ့မင်းမှူထမ်းက ​ဖြောင့်မတ်​တယ်​ဆိုတာဟာအသိဥာဏ်​ကင်းမဲ့တဲ့လူအ၊လူန နဲ့အတူတူပဲ လို့​ဖြေလိုက်​တာကိုမစ္စတာဂျပ်​ဆင်​ကကြားခဲ့ရတယ်​။ရိုးသား​ဖြောင့်မတ်​မှုကိုထုံထိုင်းမှုလို့ယူဆကြတာ​ကြောင့်လူရိုးလူအဆိုတဲ့အသုံးအနှုံး​ပေါ်လာပုံရတယ်​။

အင်္ဂလိပ်​-မြန်​မာ ပထမစစ်​ပွဲပြီးသွား​တော့ အင်္ဂလိပ်​ကိုဗမာကသံသယရှိတဲ့အတွက်​ ​ပေးရမဲ့စစ်​​လျော်​​ကြေးကို ပထမအရစ်​​မ​ပေး​သေးဘဲဆိုင်းငံ့ထားတယ်​။စစ်​​လျော်​​ကြေးပထမအရစ်​​ပေးလိုက်​တာနဲ့အင်္ဂလိပ်​စစ်​တပ်​ချက်​ခြင်းဆုတ်​ခွာသွားတာကို ဗမာ​တွေအံ့သြ​နေကြတယ်​။ဒါ​ကြောင့် ဒီကုလား​တွေ
အရက်​​သောက်​၊နွားသတ်​၊အလွန်​​လောဘကြီး​ပေမဲ့ကတိတည်
ပြီးအမှန်​အတိုင်းလုပ်​တာကိုတန်​ဖိုးထားကြတယ်​။ငါတို့ ဗမာ​တွေက​တော့ အမှန်​အတိုင်းဆိုရင်​တစ်​ခုမှမ​ပြောရဲဘူးလို့ မှတ်​ချက်​ချပုံကို အင်္ဂလိပ်​သံတမန်​တစ်​ဦးကသက်​​သေထွက်​ဆိုတယ်​။ဖော်​ပြပါစကားစုထဲမှာ အချက်​၂ချက်​ကို​တွေ့ရမယ်​။၁။လူမျိုး​ရေးဆိုင်​ရာအမြင်​(ဒီကုလား)
၂။မိမိကိုယ်​မိမိပြန်​ကြည့်​လေ့မရှိ​သောဓ​လေ့(နွားသတ်​၊အရက်​​သောက်​၊​လောဘကြီး)

အင်္ဂလိပ်​ကိုလိုနီအုပ်​ချုပ်​​ရေးကျင့်သုံး​တော့လည်း ဒီသံသယဖြစ်​တတ်​တဲ့စရိုက်​မ​ပျောက်​သွားဘူး။၁၉၂၇မှာ​ကျင်းပတဲ့ မိတ္ထီလာအရာရှိငယ်​သင်​တန်းမှာ သံသယစိတ်​ တိုက်​ဖျက်​​ရေး ကိုဘုရင်​ခံ Sir Harcourt Butlerက မိန့်​ခွန်း​ပြောပါတယ်​။ဖြစ်​ရပ်​မှန်​နဲ့ပကတိအချက်​အလက်​​တွေကိုသာ အဓိကထားစဉ်းစားဖို့ ကိုယ်​ဖြစ်​ချင်​တာ ​တွေကိုဦးစားမ​ပေးဘဲသိပ္ပံနည်းကျ​လေ့လာသုံးသပ်​ဖို့ တက္ကသိုလ်​​ကျောင်းသား​တွေကိုတိုက်​တွန်းပါတယ်​။

ဒါအပြင်​ မြန်​မာ့အုပ်​ချုပ်​​ရေးပြု ပြင်​ဖို့အတွက်​ ၁၉၃၁ လန်​ဒန်​မှာစားပွဲဝိုင်း​ဆွေး​နွေးပွဲလုပ်​တဲ့အခါ ဗမာကိုယ်​စားလှယ်​တစ်​ဦးကရှမ်း​စော်​ဘွား​တွေရဲ့ အကျိုးစီးပွားကိုဆန့်​ကျင်​တဲ့ လုပ်​ရပ်​​တွေရှိ​နေ​ကြောင်းရမ်းသမ်း​ပြောလိုက်​တယ်​။အချက်​အလက်​အ​ထောက်​အထားမပြနိုင်​ဘဲထင်​ရာမြင်​ရာ ရမ်းသမ်းစွပ်​စွဲတာမျိုးလုံးဝလက်​မခံနိုင်​​ကြောင်းအင်္ဂလိပ်​ဘက်​ကသတိ​ပေးရတဲ့အထိဖြစ်​ခဲ့တယ်​။ဓမ္မဓိဋ္ဌာန်​ကျကျ အရှိကိုအရှိအတိုင်းတန်​ဖိုးဖြတ်​နိုင်​တဲ့စွမ်းရည်​ဗမာ​တွေမှာကင်းမဲ့​နေခဲ့တာယ​နေ့အထိပါပဲ။ဒါ​ကြောင့်လည်း ဖက်​ဒရယ်​ ဆိုတာခွဲထွက်​တာပါလို့ လိမ်​တယ်​။ကရင်​ကဘယ်​လို ချင်းကဘယ်​ကဲ့သို့ KIA က ဘယ်​ချမ်းသာစသဖြင့် မီဒီယာထက်​​ပြောကြား​နေကြတာအားလုံးမျက်
မြင်​ပဲ​လေ။အားမရလို့ ခရစ်​ယာန်​ကဘယ်​လို အစ္စလာမ်​ကနွားသတ်​ပြီး ဟိန္ဒူ ကဘယ်​ချမ်းသာစသဖြင့်စွပ်​စွဲပုပ်​ခတ်​​နေကြတုန်းဖြစ်​​နေတာပါ။နွားသတ်​တာဗုဒ္ဓအမြင်​အရမ​ကောင်းဘူးဆိုရင်​ မြန်​မာတစ်​မျိုးသားလုံးနွားသားမစားနဲ့​လေ။သူများသတ်​တာကျစားပြီးသတ်​သူကိုကျမ​ကောင်းဘူးတဲ့။အရူး​တွေကို​ပြောပြမယ်​။လျှာကအရသာခံဖို့။ချီးပါးဖို့မဟုတ်​ဘူး။နှ​ခေါင်းကအနံ့ခံဖို့။ထမင်းစားဖို့မဟုတ်​ဘူး။လူသားရဲ့ သွားတည်​​ဆောက်​ပုံမှာ အသီးအရွက်​စားတဲ့သတ္တ၀ါရဲ့ သွားပုံစံ​ရော အသားစားသတ္တ၀ါရဲ့ သွားပုံစံပါ နှစ်​မျိုးစလုံးပါတယ်​။သက်​သက်​လွတ်​စားတဲ့ ဟိန္ဒူဓ​လေ့​တွေကို တင်​သွင်းလာပြီးတိုင်းပြည်​ထဲ​သောက်​ရူးထ​နေကြ​တာမြင်​လို့မ​ကောင်းလို့​ပြောပြတာပါ။ဂိုအင်​ကာကြီးထည့်ခဲ့တဲ့ဂျင်း​တွေလည်း စိစစ်​ကြဦး။
လူဖြစ်​ရင်​အသားလည်းစားမယ်​။အသီးအရွက်​လဲစားမယ်​။ပ​ထွေး​တွေကို​ရောင်းစားတာမြတ်​တယ်​ဆိုရင်​ လှီးစားတာလည်းအားရှိတယ်​။နွားစားတာနဲ့ဝက်​စားတာ ကျမ်းမာ​ရေးဘယ်​ဟာ​ကောင်းတယ်​ဆိုတာဆရာဝန်​​တွေ​မေးကြည့်​ပေါ့။ဘယ်​ဆရာဝန်​မှအားနည်း​နေလို့ဝက်​သားစွပ်​ပြုတ်​ ​သောက်​ပါလို့မညွှန်​ကြားဘူး။ကြားဖူးလား။ဝက်​တိရိစ္ဆာန်​ရဲ့ ​နေထိုင်​ရှင်​သန်​ပုံနဲ့ နွားတိရိစ္ဆာန်​ရဲ့ ​နေထိုင်​ရှင်​သန်​ပုံလည်းတစ်​ခြားစီပါ။နွား​ကျေးဇူးရှင်​အ​တွေးအ​ခေါ်သမား​တွေကိုသိ​အောင်​​ပြောပြတာပါ။အ​ကြောင်းအရာတိမ်း​စောင်းသွားတာ မဟုတ်​ဘူး။

တောင်​တန်း​ဒေသကို အင်္ဂလိပ်​​တွေကခက်​ခက်​ခဲခဲ ဒုက္ခခံပြီးသွား​ရောက်​ခဲ့ကြရတာပါ။အထူးသဖြင့်ခရစ်​ယာန်​မစ်​ရှင်​က ဖာသာ​တွေဟာ ​လမ်းမရှိ​သေးတဲ့​တောင်​​ပေါ်​ဒေသကို ဒုက္ခသုက္ခအမျိုးမျိုးခံပြီး ခရစ်​ယာန်​သာသနာသင်​ကြားပြသဖို့သွား​ရောက်​ခဲ့ကြတာဖြစ်​တယ်​။ဒါ​ကြောင့်လည်း ​တောင်​​ပေါ်​ဒေသမှာခရစ်​ယာန်​ဘာသာဝင်​လူဦး​ရေတိုးပွားလာခဲ့တာပါ။ခရစ်​ယာန်​သာသနာပြု ​တွေရဲ့ ​ကျေးဇူး​ကြောင့်လူရိုင်းသာသာဖြစ်​​နေတဲ့ ​တောင်​တန်းသားညီအစ်​ကို​တွေဟာ သာသနာအသိ လူမှု​ရေးအသိနဲ့ ယဉ်​​ကျေးမှုတိုးတက်​လာတာဘယ်​သူမှငြင်းကြမယ်​မထင်​ဘူး။ဒါကို ဗုဒ္ဓဘာသာမ၀င်​​ရောက်​သွားလို့ စိတ်​ယုတ်​ထား
ပြီး အပြစ်​​ပြောတာက​တော့ စိတ်​ဓာတ်​ကသိပ်​နိမ့်ပါးလွန်းပါတယ်​။နောက်​ဆုံးဗုဒ္ဓဘာသာကရင်​နဲ့ခရစ်​ယာန်​ကရင်​ဆိုပြီး စုစည်းတည်​ရှိ​နေတဲ့ ကရင်​လူမျိုးစုကြီးကို ဘယ်​လက်​ကသပ်​လျှို ခွဲထုတ်​လိုက်​ကြတာလဲဆိုတာ​ရော စဉ်းစားမိကြပါရဲ့ လား။

ပ​ဒေသရာဇ်​​ခေတ်​နှစ်​​ပေါင်း၈၅၀​ကျော်​အချိန်​ရခဲ့ပါတယ်​။ဗမာ​တွေ​တောင်​​ပေါ်​ဒေသကိုသာသနာပြု ဖို့ ဘာ​ကြောင့်မသွားခဲ့ကြတာလဲလို့​မေးစရာ​ပေါ်လာတယ်​။ခေတ်​အဆက်​ဆက်​စစ်
ပြီးရင်​စစ်​ဖြစ်​​နေလို့ ​ရေ​တောင်​စစ်​မ​သောက်​ချင်​​တော့ဘူးလို့ ရှမ်းပြည်​သူ​တွေ​ပြောမှာ​သေချာတယ်​။ခေတ်​သစ်​​ရောက်​​တော့မှ​တောင်​တန်းသာသနာပြု ဆိုတာ​တွေ​ပေါ်လာတယ်​။ခရစ်​ယာန်​တို့​ဒေသမှာအတင်းအကြပ်​ဘုန်းကြီး​ကျောင်း​တွေ​ဆောက်
ပြီး​ကျောင်းထိုင်​လိုက်​ရုံနဲ့သာသနာတိုးတက်​သွားပြီလို့မထင်​နဲ့။ဘာသာသာသနာဆိုတာ ကိုယ်ကျင့်တရားနဲ့ပဲပြန့်​ပွားတာပါ။သား​ဖောက်​ပြီး​ငွေ​ပေးပြီး စစ်​ပြု ပြီး အနိုင်​ကျင့်ပြီး သာသနာ
ပြု လို့ သာသနာတည်​မြဲတဲ့သမိုင်း သမိုင်းတင်​ပြီးကမ္ဘာ့နှစ်​၃​ထောင်​သမိုင်းမှာ ဘယ်​တုန်းကဘယ်​​ခေတ်​ကမှမကြားခဲ့ဖူးဘူး။
များများမကြည့်နဲ့။အာ​သောကရဲ့ ​မောရိယအင်​ပါယာကိုပဲကြည့်ပါ။သူကြိုးစားပြီးအာဏာနဲ့တည်​​ဆောက်​ခဲ့တဲ့ ဗုဒ္ဓဘာသာဟာ သူ​သေပြီးနှစ်​၅၀အကြာသူ့အင်​ပါယာအစိပ်​စိပ်​ကွဲ​တော့ ဗုဒ္ဓဘာသာကိုပဲသက်​၀င်​ယုံကြည်​တဲ့နိုင်​ငံတစ်​ခုတစ်​​လေ​တောင်
မပါဝင်​ခဲ့တာကသက်​​သေပဲ။

အ​​နောက်​တိုင်းမှာကျ​တော့ ​အေဒီ၁၅ရာစုကတည်းက ပ​ဒေသရာဇ်​​တွေရဲ့ သရဖူ ​တွေတဖြုတ်​ဖြုတ်​​မြေ​ပေါ်​ကြွေကျ​နေပြီ။အမျိုးသားနိုင်​ငံအိုင်​ဒီယာ​ပေါ်ထွန်း​နေပြီ။မြန်​မာကိုသိမ်းပိုက်​သွားတဲ့အင်္ဂလိပ်​ရဲ့ ဘုရင်​မကြီးအဲလီဇဘက်​နန်းတက်​လာကတည်းက ခရစ်​ယာန်​ဂိုဏ်းကွဲအားလုံးကို လွတ်​လပ်​စွာကိုးကွယ်​ခွင့်​ပေးလိုက်​တာပါ။အဲဒီအချိန်​မြန်​မာမှာ ပ​ဒေသရာဇ်​စစ်​ဘုရင်​ဘုရင့်​နောင်​စကြာဝ​တေးမင်းအိမ်​မက်​မက်​​နေချိန်​ဖြစ်​ပါတယ်​။အ​နောက်​တိုင်းရဲ့ အမျိုးသားနိုင်​ငံအိုင်​ဒီယာဟာမြန်​မာပြည်​က၁၉၂၀မှာဖြစ်​​ပေါ်တဲ့ အမျိုးသားနိုင်​ငံအိုင်​ဒီယာနဲ့လည်းမတူဘူး။အ​နောက်​တိုင်းရဲ့ အမျိုးသားနိုင်​ငံစနစ်​ဟာ လူထုအ​ခြေ
ပြု ဒီမိုက​ရေစီမူကိုအ​ခြေခံတာဖြစ်​တယ်​။မြန်​မာပြည်​ရဲ့ အမျိုးသားနိုင်​ငံစနစ်​ဟာဗုဒ္ဓဘာသာအိုင်​ဒီယာ​ပေါ်အ​ခြေခံပြီးအာဏာရှင်​အ​တွေးအ​ခေါ်နဲ့ဖြစ်​​ပေါ်ခဲ့တာဖြစ်​တယ်​။ဒါ​ကြောင့် အမျိုးသားနိုင်​ငံခြင်းတူသလိုလိုထင်​ရ​ပေမဲ့ ထွက်​လာတဲ့ရလဒ်​မတူတာပါ။

ဆက်​ပါဦးမည်​။




https://m.facebook.com/story.php?story_fbid=326673201419356&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “​ထောင်​စုနှစ်​တစ်​ခု၏အ​ကောင်းဆုံးအုပ်​ချုပ်​​ရေး...၇”

Post a Comment

Related Posts Plugin for WordPress, Blogger...