Saturday, January 6, 2018

ဝ ပိုက်ဆံ(သို့) သွေးတိုးစမ်းခြင်း

,
ပျံ့နှံ့နေသော ဝ ပိုက်ဆံပုံသည် သွေးတိုးစမ်းခြင်း ဖြစ်သည်။ အစစ်မဟုတ်သေးပါ။

သမိုင်းတရားခံမှာ ၂၀၀၈ ခြေဥနှင့် စစ်အစိုးရများ ဖြစ်သည်။

ပြည်တွင်း၌သာ ကြွားဝါနေသော မြန်မာစစ်တပ်သည်  ပြည်ပစစ် ဖြစ်သောအခါ ကြောက်ဒူးတုန်သဖြင့်  ထိုင်းစစ်တပ်ကို ရင်မဆိုင်ရဲ ။  နယ်စပ်စခန်းများ မချဝံ့။

မြောက်ပိုင်းမှ ဝ စစ်သား ၃၀၀၀ ကို  ရှမ်းတောင်ပိုင်း ထိုင်းမြန်မာနယ်စပ်သို့ ပို့ပေးရန် တောင်းပန်ခဲ့သည်။

အပေးအယူအနေဖြင့် တောင်ပိုင်းရှမ်းနယ်များကို ထိုးအပ်ခဲ့သည်။ ဝ နှင့် ရှမ်းကို ရန်တိုက်ခဲ့သည်။

(ထိုအကြောင်းကို ဗိုလ်ချုပ်ခင်ညွန့်စာအုပ်တွင် စကားလှအောင်ရေးထားသည်)

၂၀၀၈ အခြေခံဥပဒေတွင်လည်း ဝ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့သည်။

ပင်လုံစာချုပ်တွင် လက်မှတ်ထိုးသော ပြည်နယ်ကြီး မရသော ( တောင်းဆိုဆဲ ) အခွင့်အရေးဖြစ်သည်။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေတွင် မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊နားဖန်း၊မက်မန်း၊ပန်ဆိုင်း (၆) မြို့နယ်ကို ခရိုင် ၂ ခုဖွဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်း သတ်မှတ်ပေးသော်လည်း၊

  ရှမ်းနယ်များမှ ပြန်လည်ဆုတ်ခွာ မပေးသည့်အပြင် တောင်ပိုင်းနှင့် မြောက်ပိုင်းကို တဆက်ထည်း ပေးရန် တောင်းဆိုလျက်ရှိသည်။

ထိုအခါ ရှမ်းပြည်နယ်ကို ဂဏန်းလက်မသဖွယ် ညှပ်ထားရမှ ထက်ခြမ်း ခြမ်းသကဲ့သို့ ဖြစ်သွားမည်။

 မြန်မာစစ်တပ်သည်  တလက်မ  မှ အထိမခံဟု စားကောင်းသောက်ကောင်း ဟစ်အော်နေကြသော်လည်း

တလက်မ မကသော ရှမ်းတောင်ပိုင်းနယ်များသည် ပြည်ထောင်စုအစိုးရ အာဏာစက်အောက်မှ ဆုံးရှုံးသွားသည်ကို ပေလယျကံပြုထားကြသည်။

ထိုသို့ ၂၀၀၈ အခြေခံဥပဒေနှင့် မြန်မာစစ်တပ်ကို မလေးမမူ သော်လည်း မြန်မာစစ်တပ်သည် မတို့မထိဝံ့။  စစ်လော်ဘီတို့သည် တုံ့ပြန်ရန် ဝေးစွ။ နားရွက်မျှပင် မခပ်ရဲ။ မသိချင်ယောင်ဆောင်နေကြသည်။

 ထို့နောက် ဝ သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကြီး အဆင့်သို့ တောင်းဆိုလာသည်။  ဝ ပြည်နယ် ဝင်ထွက်ခွင့် လက်မှတ်များကို ပတ်စပို့စ် ( နိုင်ငံကူးလက်မှတ်ပမာ) ထုတ်ပေးလျက်ရှိသည်။

ယခုအခါ နောက်ထပ် ခြေလှမ်းတရပ်အတွက် သွေးတိုးစမ်းလိုက်ပြန်သည်။
Credit..The Red
Nurhad

https://m.facebook.com/story.php?story_fbid=376352332810274&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဝ ပိုက်ဆံ(သို့) သွေးတိုးစမ်းခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...