Friday, February 2, 2018

အေပီ သတင်းပြောသလို အစုအပြုံလိုက် မြှုပ်နှံထားတာ မတွေ့ရဟု ဆို

,
ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက ဂူတာပြင်ရွာအနားမှာ နေရာ ငါးနေရာထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတယ်လို့ အေပီ သတင်းဌာနက ထုတ်ပြန်ခဲ့ပေမယ့် အဲဒီနေရာတွေကို  ဒီနေ့ နေ့လည်ပိုင်းက သွားရောက်စိစစ်တဲ့အခါ အလောင်းတွေ မြှုပ်နှံထားတာ မတွေ့ရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက RFA ကို ပြောပါတယ်။

AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ စစ်ဆေးနိုင်ဖို့အတွက် ဘူးသီးတောင် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ၊ ဘူးသီးတောင် ရပ်မိရပ်ဖတွေအပြင် ကျေးရွာတာဝန်ခံတွေနဲ့ အဲဒီနေရာတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂူတာပြင် အနီးတ၀ိုက်က ရွာတွေမှာ ဆက်လက်စစ်ဆေးနေဆဲပဲလို့လည်း ဦးဇော်ဌေးက ပြောပါတယ်၊

AP သတင်းဌာနက ဖော်ပြထားတဲ့ မိုဘိုင်းဖုန်းက ဓါတ်ပုံတွေကို မြန်မာအစိုးရဘက်က သေချာစိစစ်နိုင်ခွင့်ရှိဖို့လိုမယ်လို့ ပြောပါတယ်။ AP သတင်းဌာနကတော့ ဂူဒါပြင်ရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာ ၅ ခုထက်မနည်း တွေ့ရကြောင်း အသတ်ခံရသူ  ၄၀၀ နီးပါးရှိတယ်ဆိုတာ အတည်ပြုလို့ရကြောင်း ဖေါ်ပြထားတာဖြစ်ပါတယ်။

Photo: Information Committee

(ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးစဉ်)

https://m.facebook.com/story.php?story_fbid=10157272737908128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အေပီ သတင်းပြောသလို အစုအပြုံလိုက် မြှုပ်နှံထားတာ မတွေ့ရဟု ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...