Monday, March 12, 2018

ဂျီနိုဆိုဒ် အထောက်ထားများကို စုဆောင်းရှာဖွေတော့မည်ဟု ကုလပြော

,
ကုလသမဂ္ဂအနေဖြင့် တရားရေးပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှတစ်ဆင့် ရိုဟင်ဂျာတို့အပေါ် ဂျီနိုဆိုဒ် ကျူးလွန်ခဲ့သည့် သက်သေအထောက်ထား များကို စုဆောင်းရန် စီစဉ်လျက်ရှိကြောင်း ဂျီနိုဆိုဒ် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ အဒမ်ဒိန်း Adama Dieng က အမျိုးသားလူ့အခွင့်ရေး ကော်မရှင်(NHRC)  ဥက္ကဌ Kazi Reazul Hoque နှင့် တွေ့ဆုံစဉ် အတွင်း အခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့်တွေ့ဆုံ ပြောကြားရာတွင် (NHRC) ဥက္ကဌက မြန်မာပြည်က လူနည်းစုတစ်စုအပေါ် ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုပ်မှုများကို လုပ်ဆောင်ခဲ့စဉ်အတွင်း “ဂျီနိုဆိုဒ် မြောက်စေသည့် လုပ်ရပ်” ငါးချက်ကို ကျူးလွန်ခဲ့သလားဆိုသည်ကို သက်သေအထောက်အထားများကို စုဆောင်းရန် ကုလသမဂ္ဂက ယခုကျိုးစားနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

"လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးတစ်ဖွဲ့ မြန်မာပြည်ထဲကို စေလွှတ်ဖို့ လိုတယ်ဆိုတာ အာဒမ်က ကျွန်တော့်ကို ပြောပြခဲ့တယ်" .. "တကယ်လို့ သူတို့က ဂျီနိုဆိုဒ် မြောက်စေတယ်လို့ ယူဆရတဲ့ အချက်ငါးချက်ကို ရှာတွေ့တယ်ဆိုရင်ပေါ့ … ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း ခုံရုံးတင်ဖို့ ဖော်ထုတ်ခံရနိုင်ပါတယ်။" လို့ သူက ပြောခဲ့သည်။

သို့ရာတွင် သူက ထပ်မံပြောကြားရာတွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေဖြင့် ရက်စက်ကြမ်းကြုပ်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အနောက်ပိုင်းသို့ သွားရောက်ကြည့်ရှုရန် မြန်မာအစိုးရက ခွင့်မပြုမှာ ကိုလည်း အဒမ်က စိုးရိမ်ပူပန်ခဲ့ကြောင်း သူက ပြန်လည်ပြောပြခဲ့သည်။

UN to gather evidence on genocide in Myanmar




https://m.facebook.com/story.php?story_fbid=1299907120143271&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဂျီနိုဆိုဒ် အထောက်ထားများကို စုဆောင်းရှာဖွေတော့မည်ဟု ကုလပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...