Monday, September 3, 2018

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပိုင်ဆိုင်သွားပြီ ဖြစ်သော ခြံအမှတ်(၁၄)

,
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပိုင်ဆိုင်သွားပြီ ဖြစ်သော ခြံအမှတ် (၁၄) အင်းလျားလမ်းရှိ နေအိမ်နှင့် ထွန်းလင်းရောင် ကုမ္ပဏီပိုင်ရှင် ကကလှမ်းမှ ဗိုလ်ချုပ်ကျော်ဝင်းအကြောင်း မှော်ဝန်းသားဦးခင်ညွန့်၏ ရေးသားချက်
————————————————————————————
မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)
BurmaDemocracy, 4 September 2016

ယခင် တပ်မတော် ဧည့်ဂေဟာဖြစ်သည့် အမှတ် (၁၄) အင်းလျားလမ်းရှိ အဆောက်အဦးအား ၂၀၁၀ (သို့) ၂၀၁၁ ခုနှစ် ဝန်းကျင် ကတည်းကပင်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှ နိုင်ငံတော်သတ်မှတ် ဈေးနှုံးဖြင့် ဝယ်ယူခွင့် ပြုခဲ့ကြောင်းသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ထိုကိစ္စကို ရည်ညွှန်းလိုသည့် ဦးခင်ညွန့်က ထိုတပ်မတော် ဧည့်ဂေဟာ၏ သမိုင်း အစဉ်လာ အကြောင်း ရေးသားထားပြီး ယခု အခြေအနေမှာ မည်သို့ ဖြစ်ပျက် နေသည် မသိပေမယ့် သမိုင်းနှင့် ချီပြီး ပေါ်ထွန်းခဲ့တာ ဖြစ်လို့ ထာဝရ ခိုင်မြဲ၊ တည်မြဲ နေရမည် ဟုရေးသား ထားပါသည်။

ထို့ပြင် ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ပတ်သက်၍လည်း မိမိတို့တပ်ဖွဲ့တွင် အလွန်အကျွံ ချမ်းသာကြွယ်ဝသူ မရှိကြောင်း ချွင်းချက်အနေနဲ့ ထောက်လှမ်းရေး အမည်ခံပြီး ထွန်းလင်းရောင် ကုမ္ပဏီဟုဖွဲ့ကာ အလွန်ချမ်းသာသူတစ်ယောက်ရှိကြောင်း၊ ထောက်လှမ်းရေးအဖွဲ့ဝင် လူကြီးတစ်ယောက် ဖြစ်ပြီး အရေးယူခံရခြင်း မရှိကြောင်း၊ ထိုသူ၏ ဇနီးတစ်ယောက်ကိုပင် အမေရိကန်မှာ ခြံကျယ်ကြီးနှင့် အိမ်တစ်ဆောင် ဝယ်ပေးထားကြောင်းနှင့် ထောင်ကထွက်လာတဲ့ သူ့တပည့်ကိုလည်း ဝေစုတောင်ခွဲပေးလိုက်သေး ကြောင်း စသဖြင့် ဒုတိယ တပ်မတော် ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ် ကျော်ဝင်းအား ရည်ညွှန်းကာ ယခင် ဝန်ကြီးချုပ်ဟောင်းနှင့် တပ်မတော် ထောက်လှမ်းရေးမှုးချုပ်ဟောင်း ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)  ရေးသားထားသည့် မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ ကြုံ တွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ (၂) စာအုပ်မှ အခန်း(၄) တွင် အောက်ပါအတိုင်း တွေ့ရပါသည်။

မှတ်ချက်။   ။

*(ဆောင်းပါးအား SS ပြုလုပ်၍ ဖော်ပြထားပါသည်။)

Admin
BurmaDemocracy


https://m.facebook.com/story.php?story_fbid=1045566758852566&id=813809552028289

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပိုင်ဆိုင်သွားပြီ ဖြစ်သော ခြံအမှတ်(၁၄) ”

Post a Comment

Related Posts Plugin for WordPress, Blogger...