Friday, December 21, 2018

နေမင်းကြီး၏ရာဇသံအပေါ်မေးခွန်းထုပ်ပြီ

,
"အမှု့ဆိုတာ တိုင်တဲ့လူရှိမှ အမှု့ဖွင့်လို့ရမှာ…အမှု့ဖွင့်တယ်ဆိုရုံနဲ့ ချက်ခြင်း အရေးယူလို့ရတာမဟုတ်ဘူး "
"အမှု့နဲ့သက်ဆိုင်တဲ့ တရားခံ တရားလိုတို့ နှစ်ဦးနှစ်ဘက် အခြေအနေနဲ့ အမှု့ဖွင့်ရတဲ့အကြောင်းနဲ့ ပက်သက်ပြီ ဃဃနန အထက်ကို တင်ပြရတယ်
အထက်က အမှု့နဲ့ပက်သက်ပြီး ညွှန်ကြားတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ အရေးယူဆောင်ရွက်ရတာ ဖြစ်တယ် "

အံ့သြစရာပေါ့နော်
မိတ္ထီလာအကြမ်းဖက်မှု့တွေဖြစ်ပွါးအောင် သွေးထိုးလှုံ့ဆော်နေတဲ့ ဦးပညာနန်ဒ ရဲ့ Facebook Live လွှင့်ခြင်းနဲ့ ပက်သက်ပြီး မိတ္ထီလာမြို့နေ တာဝန်သိ ဗုဒ္ဓဘာသာဝင်တချို့က ရဲစခန်းကို ဦးပညာနန်ဒနဲ့ ပက်သက်ပြီး အရေးယူဖို့ ဖုန်းဆက်တိုင်ကြားခဲ့တယ်။

ပြည်သူတွေအနေနဲ့ ရဲစခန်းကို ပက်သက်ဖို့ ဝန်လေးရတဲ့ အကြောင်းကလည်း အခန့်မသင့်ရင် တရားလိုက တရားခံဖြစ် ဒါမှမဟုတ်ရင်တောင် တာဝန်သိပြည်သူတွေက တာဝန်သိသိ တိုင်ကြား အသိပေးတဲ့ ကိစ္စ အမှု့မပြီးမခြင်း  ဘာမှမဆိုင်ပဲ ရုံးတက်ကြရလို့   ဘယ်သူမှ တာဝန်ယူပြီး အသိပေးခြင်စိတ် တိုင်ကြားခြင်စိတ်ကုန်ခဲ့တယ်။

အခုလည်းကြည့်လေ Facebookမှာ Live လွှင့်ပြီး Video ရုပ်သံနှင့်တကွက်  အကြမ်းဖက်မှု့ဖြစ်ပွါးအောင် ထပ်မံ လုပ်ဆောင်မဲ့အကြောင်းကို တိုင်းသိ ပြည်သိဖြစ်နေတာတောင်  တာဝန်သိ ပြည်သူတွေက ထပ်မံ ဖုန်းဆက် တိုင်ကြားတာတောင်
စခန်းမှာ တရားဝင် အမှု့ဖွင့်ပြီး တိုင်တဲ့ လူရှိမှ  တိုင်တဲ့လူရှိအုန်းတော့  အမှု့ဖွင့်လိုက်တာနဲ့ ပက်သက်ပြီး အရေးယူသင့် မယူသင့် အထက်က ညွှန်ကြားမှ ဆိုတော့
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် အထက်ညွှန်ကြားချက်က ပိုအရေးကြီးနေသလို ဖြစ်နေတယ်။

ရဲစခန်းဆိုတာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်အတွက် တာဝန်ယူ ကာကွယ်စောင့်ရှောက်မဲ့ ပြည်သူ့ဘဏ်ဌာ လခစား ဝန်ထမ်းမဟုတ်သလိုပဲ။

ဒီလို အထက်ကအမိန့်ကို စောင့်ရင်းနဲ့ Uniform ဝတ်ရဲတွေရှေ့မှာ မိတ္ထီလာသမိုင်း တခါရိုင်းခဲ့ပြီးပြီ
ဒီထက် ထပ်မရိုင်းပါစေနဲ့………


https://m.facebook.com/story.php?story_fbid=468275097313108&id=100023918647720

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နေမင်းကြီး၏ရာဇသံအပေါ်မေးခွန်းထုပ်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...