Monday, August 27, 2018
ဘာလင်တံတိုင်း
,
ဘာလင်မြို့ကို ၁၃ရာစုလောက်ကတည်းကစတင်ထူထောင်ခဲ့ပါတယ်။၁၄၁၇ခုနှစ်မှာတော့ သမိုင်းအထောက်ထားနဲ့ ဘာလင်မြို့တော်ဖြစ်လာခဲ့တယ်လို့ မှတ်တမ်းတွေကဆိုတယ်။ဘာလင်မြို့ဟာ ပရပ်ရှား နိုင်ငံရဲ့ပထမဆုံးမြို့တော်လည်းဖြစ်ပါတယ်။၁၇၀၁ခုနှစ်ကနေ ၁၉၁၈ ပထမကမ္ဘာစစ်ပြီးချိန်အထိ နှစ်ပေါင်း၂၀၀ကျော် ဂျာမန်ပြည့်ရှင်များအဆက်အဆက်ရဲ့
မြို့တော်ဖြစ်ခဲ့သလို ဂျာမနီရဲ့ ဒုတိယနာမည်ဖြစ်တဲ့ ၀ိုင်မာသမ္မတနိုင်ငံရဲ့ မြို့တော်လည်းဖြစ်ခဲ့ပါတယ်။၁၉၁၉ပထမမ္ဘာစစ်
ပြီးစနောက်ပိုင်းမှာစတင်ပြီး ၁၉၃၃အရောက်မှာတော့ တတိယဂျာမနီနိုင်ငံရဲ့မြို့တော်ဖြစ်လာခဲ့ပြန်တယ်။ဘာလင်ဟာ ဥရောပတစ်တိုက်လုံးရဲ့ ဒုတိယလူဦးရေအများဆုံးမြို့လည်းဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးကို ဟစ်တလာဟာ နိုင်ခြေရောက်တဲ့အထိ တိုက်ခဲ့ပေမဲ့ မဟာ ဗျူ ဟာ အမှားတွေကျူးလွန်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့ရတယ်။စစ်ရေးအရကြည့်မယ်ဆိုရင် ဟစ်တလာရဲ့
ပန်ဇာတပ်မတွေဟာ သိပ်ကြောက်စရာကောင်းတဲ့တပ်မတွေဖြစ်ခဲ့ရတယ်။သဲကန္တရမြေခွေးလို့(Desert Fox) သတ်မှတ်ခံရတဲ့အထိ စစ်ရေးကျွမ်းကျင်ပြီး တိုက်တိုင်းအောင် ဗိုလ်ချုပ်
ကြီးအာဝင်ရွမ်းမဲလ်ကိုသာ လိုချင်တဲ့အထောက်ကူပစ္စည်းတွေပို့ပေးနိုင်ခဲ့ရင် မောင်ဂိုမာရီကို မရှုံးဘူးလို့ ကမ္ဘာ့စစ်ရေးပါရ
ဂူတွေကိုသတ်မှတ်ထားကြတယ်။အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်မှာ ပထမတော့ စစ်လက်နက်ပစ္စည်းကိုပဲ ထုတ်ရောင်း
ပြီးစီးပွားရေးလုပ်နေသလို ငွေချေးတဲ့အလုပ်ကိုပါ တွဲလုပ်နေခဲ့တယ်။စစ်ထဲမ၀င်ဘဲ စီးပွားရေးနဲ့စစ်လက်နက်ပစ္စည်းတွေကိုပဲ ထုတ်လုပ်ရောင်းချနေခဲ့တယ်။
သို့သော် ဂျာမနီပါဝါ တဖြည်းဖြည်းကြီးလာသလို ပစီဖိတ်သမုဒ္ဒရာထဲက အမေရိကန်ကုန်သဘောင်္ကို တိုပီဒိုနဲ့ပစ်ပြီးနှစ်မြုပ်လိုက်တာအပါအ၀င် စသော အကြောင်းရင်းများကို အခြေ
ပြု ပြီး ၁၉၄၂ မှာ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ထဲကို
.....  ကျနော်တို့ ဒုတိယကမ္ဘာစစ်နိုင်ပြီ.......
၁၉၄၅ ဇန်န၀ါရီ ၁၂ရက်မှာတော့ ဘာလင်မြို့သိမ်းတိုက်ပွဲစတင်ပါတော့တယ်။ဆိုဗီယက်တပ်နီတော်ကြီးဟာ ကြီးမားတဲ့ထိုးစစ်ကြီးကို ဂျာမနီနိုင်ငံအရှေ့ပိုင်းက စတင်ပြီး တနေ့ကို ၂၅မိုင်(၄၀ကီလိုမီတာ)နှုန်းနဲ့ ဘာလင်မြို့တော်ဆီကို ချီတက်လာပါတယ်။ရုရှားတပ်တွေဟာ ဘာလင်မြို့တော်ကို တောင်မြောက်စစ်ကြောင်း၂ကြောင်းခွဲပြီး ဂဏန်းလက်မပုံသဏ္ဍန်နဲ့ဝိုင်းရံတိုက်ခိုက်တာဖြစ်ပါတယ်။ဧပြီ၂၀ရက်နေ့ဟာ ဂျာမနီအကြီးအကဲ ဟစ်တလာ့ မွေးနေ့ဖြစ်ပါတယ်။မွေးနေ့ပွဲလည်းပျက်ခဲ့ရပြီး ရုရှားအမြောက်ဆံတွေကြောင့် မြေအောင်ဥမင် ဗုံးခိုကျင်းထဲကို ပြေးဝင်ခဲ့ရတယ်။ရုရှာတပ်နီတော် ဗိုလ်ချုပ်ကြီး ဖီလ်း မာရှယ် ဇူးကောဗ့် ဟာဟစ်တလာကိုမွေးနေ့လက်ဆောင်အဖြစ် ဘာလင်မြို့တော်ထဲကို အမြောက်ဆံတွေမနားတမ်းပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ရုရှားတပ်တွေရဲ့အမြောက်ကြီးထောင်ပေါင်းများစွာနဲ့ပစ်ခတ်မှု​ကြောင့် ဂျာမန်တွေရဲ့အရှေ့ဘက်စစ်မျက်နှာ ခံစစ်ကြောင်း လုံးဝပြိုကွဲရပါတော့တယ်။ဘယ်လောက်ထိလည်းဆိုရင် အမြောက်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ အမြောက်တပ်သားတွေဟာ နားကွဲ
ပြီးသွေးချင်းချင်းဖြစ်ခဲ့ရတယ်။စစ်ပြီးတဲ့အခါ နားကန်းသွားသူတွေ၊နားလေးသွားသူ၊နားစည်ကွဲသွားသူ၊အမြောက်အများရှိခဲ့တယ်။ရုရှားတပ်နီရဲ့ အမြောက်တပ်ဟာ ဘာလင်မြို့သိမ်းတိုက်ပွဲရဲ့ အဆုံးဖြတ်ဖြစ်ခဲ့ပြီး မြို့ထဲကို ၀င်ရောက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ရုရှားတပ်နီက ဘာလင်မြို့အရှေ့က ၀င်ရောက်လာနေတာဖြစ်သလို အမေရိကန်အမှတ်၉တပ်မတော်ကလည်း ဘာလင်မြို့ရဲ့ အနောက်ဘက်ကနေ ၀င်ရောက်လာနေပါတယ်။ဘာလင်မြို့ဟာ ဂျာမနီ နိုင်ငံရဲ့အရှေ့မြောက်ထောင့်အစွန်းမှာရှိတဲ့အတွက် ရုရှားတပ်ကအရင်ရောက်ပြီး အရင်သိမ်းနိုင်ခဲ့တယ်။
ဧပြီ၂၂ရက်နေ့ မြေအောင်ဥမင်မှာကျင်းပတဲ့ စစ်ဆင်ရေးအစည်းဝေးပွဲမှာ ဟစ်တလာမျက်ရည်ကျခဲ့တယ်။သူ့ရဲ့ဗိုလ်ချုပ်တွေအားလုံးက မိမိတို့စစ်ရှုံးပြီဖြစ်ကြောင်းပြောကြားခဲ့တယ်။ရုရှားတပ်နီတော်တွေဟာ ဘာလင်မြို့ကို နီးသထက်နီးလာပြီး အမြောက်သံတွေနီးနီကပ်ကပ်ကြားလာရတဲ့အချိန်မှာတော့ ဟစ်တလာဟာ သူ့ဇနီး အီဗာနဲ့ သူ့ရဲ့ဗုံးခိုကျင်းထဲမှာ တရားဝင်လက်ထက်ပွဲလုပ်ခဲ့တယ်။ဟစ်တလာဟာ သူ့ရဲ့ဇနီး နဲ့ သူ့ရဲ့ခွေး ကို အဆိပ်ဆေးတစ်ထောင့်ဆီတိုက်ခဲ့ပါတယ်။နောက်ဆုံးမှာ ဟစ်တလာလည်းအဆိပ်တောင့်ကို မျိုချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။
အမေရိကန်အမှတ်၉တပ်မတော်ကလည်း ဘာလင်မြို့တော်ရဲ့အနောက်ဘက်ကို အမြန်ဆုံးချီတက်လာနေပါပြီး။မေလ၆ရက်နေ့ မှာ ဂျာမန်အမှတ်၁၂တပ်မတော်ဟာ ရုရှားတွေနဲ့ရင်ဆိုင်ပြီး ဆုတ်ခွာခဲ့ကြရာအမေရိကန်အမှတ်၉တပ်မတော်ဆီမှာလက်နက်ချလိုက် ပါတယ်။ဥရောပဘက်မှာ ဂျာမနီလက်နက်ချခြင်းဟာ ဥရောပ စစ်မျက်နှာအတွက် ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားခြင်းပဲဖြစ်ခဲ့ပါတော့တယ်။
စစ်ကြီးပြီးတဲ့နောက်မှာတော့ စစ်နိုင်တဲ့မဟာမိတ်တွေက ဂျာမနီနိုင်ငံကို ဇုံ၎ဇုံ ခွဲပါတယ်။ပြင်သစ်ဇုံ၊အင်္ဂလန်ဇုံ၊အမေရိကန်စတဲ့ မဟာမိတ်ဇုံ၃ခုနဲ့ ရုရှားဇုံတို့ပဲဖြစ်ပါတယ်။ပြင်သစ် အင်္ဂလန်နဲ့ အမေရိကန်တို့က ပေါင်းပြီး နောက်ပိုင်းမှာ အနောက်ဂျာမနီ FRG(Federal Republic of Germany)အမည်တွင်ခေါ်ဝေါခဲ့ပါတယ်။အနောက်ဂျာမနီဟာ ဥရောပရဲ့လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်အတွင်းမှာ အလျင်အမြန်ခေတ်မီတိုးတက်ခဲ့ပါတယ်။စစ်ရှုံးပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာ့ထိပ်သီးစက်မှုနိုင်ငံဘ၀ကို ပြန်လည်ရောက်ရှိခဲ့ပါတော့တယ်။
ရုရှားဇုံဖြစ်တဲ့  အရှေ့ဂျာမနီဟာ GDR(German Democratic Republic) ဆိုပြီး ထူထောင်ပါတယ်။အရှေ့ဂျာမနီဟာ ဆိုဗီယက်ယူနီယံရဲ့ ကွန်မြူနစ် စနစ်အောက်မှာလွတ်လပ်မှုနည်းပါးခဲ့ရကာမအောင်မြင်တဲ့တစ်ပါတီအာဏာရှင် စီးပွားရေးစနစ်အောက်မှာ  တဖြည်းဖြည်းလုံးပါးပါးလာခဲ့ရပါတော့တယ်။ဒါကြောင့်အရှေ့ဂျာမနီက ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အရှေ့ဘာလင်ကနေ အနောက်ဘာလင်ကို ဖြစ်တဲ့နည်းနဲ့ ထွက်ပြေးခဲ့ကြတယ်။
၁၉၆၁ခုနှစ် သြဂုတ်လ၁၂ရက်နေ့ညနဲ့ ၁၃ရက်အကူး ကြားထဲမှာ အရှေ့ဂျာမန်စစ်သားတွေဟာ မိုင်၃၀ရှည်တဲ့ အရှေ့ဘာလင်နဲ့အနောက်ဘာလင်နယ်နိမိတ် တစ်လျှောက်ကို သံဆူးကြိုးခွေတွေနဲ့ကာဆီးပိတ်ဆို့ထားပါတယ်။ဒီလုပ်ရပ်ကို အနောက်ဂျာမနီအစိုးရက အံ့သြသင့်သွားခဲ့တယ်။အရှေ့ နဲ့ အနောက် ဘာလင်ကို စစ်ဆေးရေးဂိတ်တချို့က ဖြတ်သန်းသွားလာတာကလွဲလို့ လုံးဝလွတ်လပ်စွာသွားလာခွင့် တားဆီးပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။သြဂုတ်လ ၁၅ရက်နေ့မှာတော့ သံဆူးကြိုးခွေတွေအစား ကွန်ကရစ်နဲ့ပြုလုပ်ထားတဲ့ ကွန်ကရစ်တံတိုင်းကြီးနဲ့လုံးဝပိတ်ဆို့လိုက်ပါတော့တယ်။အဲဒီလိုအရှေ့ဘာလင်နဲ့အနောက်ဘာလင်ကို အုတ်တံတိုင်းခတ်လိုက်ရတာဟာ သူတို့နိုင်ငံသားတွေကို အနောက်အရင်းရှင်ယဉ်ကျေးမှုဒီမိုကရေစီယဉ်ကျေးမှု သြဇာလွှမ်းမိုးမှုမှ ကာကွယ်လိုက်တာဖြစ်တယ်လို့ အရှေ့ဂျာမနီအာဏာပိုင်တွေကကြေငြာပါတယ်။ဘာလင်ကွန်ကရစ်တံတိုင်းဟာ ၃၅ပေ အမြင့်ရှိပါတယ်။တံတိုင်းကြီးတစ်လျှောက်ကင်းမျှော်စဉ်၊စက်သေနတ် မိုင်းတွေနဲ့ CCTVကင်မရာ တွေကိုပါတပ်ဆင်ထားခဲ့ကြတယ်။ကျော်တက်ရင်တော့ လူကိုသေစေနိုင်တဲ့ လျှပ်စစ်ဝါယာတွေ တပ်ဆင်ထားပါတယ်။
ဘာလင်မြို့တော်ရဲ့အရှေ့နဲ အနောက်ကို ၂၈မိုင်ရှည်တဲ့ တံတိုင်းကြီးနဲ့ခြားနားလိုက်တာတင်မကဘဲ အနောက်ဘာလင်မြို့တစ်လျှောက်လုံး ၇၅မိုင်ကိုပါ လျှပ်စစ်ဝါယာတွေ ကာပြီး အရှေ့ဂျာမနီထဲ ၀င်မရအောင် ပိတ်ဆို့လိုက်ပါတယ်။
မှတ်ချက်။အနောက်ဘာလင်မြို့ဟာလည်း အရှေ့ဂျာမနီနိုင်ငံအတွင်းမှာ တည်ရှိတာကြောင့်ဖြစ်ပါတယ်။)
မိုင်၈၅၀ရှည်လျားတဲ့ အရှေ့နဲ့အနောက်ဂျာမနီ နယ်နိမိတ်တစ်လျှောက်လုံးကိုပါ လျှပ်စစ်ဝါယာကြိုးတွေနဲ့ကာရံလိုက်ပါတယ်။ဘာလင်တံတိုင်းဟာ အရှေ့ဂျာမနီကွန်မြူ နစ်ဝါဒရဲ့ ထင်ရှားတဲ့အမှတ်အသား ပြယုဒ်လည်းဖြစ်ပါတယ်။၁၉၆၁ မှ ၁၉၈၉ ကာလ ၂၈နှစ်အတွင်းဘာလင်တံတိုင်းကြီးကိုကျော်ဖြတ်ပြီး အရှေ့ဂျာမနီနိုင်ငံသား ၅ထောင်ကျော် ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။ထောင်သောင်းနဲ့ချီတဲ့ အရှေ့ဂျာမနီသားတွေဟာ ဖမ်းမိခဲ့ပြီး ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတယ်။လွတ်မြောက်ဖို့ကြိုးပမ်းစဉ် တံတိုင်းပေါ်က ၀ါယာကြိုးတွေကြောင့်သေဆုံးခဲ့သူ၁၉၁ယောက်ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရသိရတယ်။
၁၉၈၉ နိုဝင်ဘာလ ၉ရက်နေ့ ညနေခင်းအချိန်ခါ အရှေ့ဂျာမနီအစိုးရက အနောက်ဂျာမနီကို ခရီးသွားလာခွင့် တားမြစ်လိုက်ကြောင်းကြေငြာပါတယ်။ထောင်သောင်းနဲ့ချီတဲ့အရှေ့ဂျာမနီသားတွေဟာ အဲဒီအမိန့်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။တဖြည်းဖြည်းဆန္ဒပြရင်း လူအင်အားဟာ အဆမတန်များပြားလာတဲ့အခါမတော့ အနောက်ဘာလင်ကိုသွားတဲ့ ဂိတ်ကို အရှေ့ဂျာမနီစစ်သားတွေက ဖွင့်ပေးလိုက်ရပါတယ်။ထောင်သောင်းချီအရှေ့ဂျာမနီသားတွေဟာ တံတိုင်းကြီးပေါ်ခုန်တက်ခဲ့ကြပါတယ်။တံတိုင်ကြီးပေါ်မှာ ဆေးဘူးတွေ စုပ်တံတွေနဲ့ ပန်းချီတွေ ရေးဆွဲ၊စာသားတွေရေးပြီးဆန္ဒပြခဲ့ကြတယ်။ကြွေးကျော်သံတွေ၊တောင်းဆိုချက်တွေကို ရေးသားခဲ့ကြတယ်။တဖြည်းဖြည်းနဲ့ တံတိုင်းကြီးကို ရရာလက်နက်နဲ့ ဖြိုဖျက်ပစ်ခဲ့ကြပါတော့တယ်။နောက်တစ်နေ့မှာတော့ အရှေ့ဂျာမနီနိုင်ငံတော်ကြီးရဲ့ စစ်တပ်ကိုယ်တိုင် ပါဝင်ပြီး တံတိုင်းကြီးကို တစ်စစီဖြိုချလိုက်ပါတော့တယ်။
၁၉၄၅ခုနှစ်ကတည်းက အရှေ့ နဲ့ အနောက် ခွဲခြားခံထားရတဲ့ ဂျာ မနီ နိုင်ငံရဲ့ ကွန်မြူနစ် နဲ့ ဒီမိုကရေစီ ၀ါဒတို့ရဲ့ အစဉ်လာအားပြိုင်မှုဟာ ၁၉၉၀အရောက်မှာတော့ ဂျာမနီ၂နိုင်ငံဟာ တစ်နိုင်ငံတည်းအဖြစ် ပြန်လည်ပေါင်းစည်းကာ ဒီမိုကရေစီဝါဒက အောင်ပွဲခံနိုင်ခဲ့ရပါတော့တယ်။စစ်အေးတိုက်ပွဲ၊ စစ်အေးကာလ လို့ ကမ္ဘာ့နိုင်ငံတကာသတင်းတွေ စစ်ရေးသတင်းတွေမှာ ဖော်ပြခဲ့တဲ့ ကာလကတော့ ၁၉၄၅ က​နေ ၁၉၈၉ အ
ထိဖြစ်​တယ်​။ အဲဒီကာလဟာ ကမ္ဘာမှာ အင်ပါယာ၂ခုအဖြစ်တည်ရှိနေတဲ့ ကွန်မြူ နစ်အင်ပါယာ သို့မဟုတ် ဆိုဗီယက်ယူနီယံအင်ပါယာနဲ့ ဒီမိုကရေစီပါဝါရှင် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများကြားမှာ စနစ်အချင်းချင်းအားပြိုင်မှု၊ကမ္ဘာ့ခေါင်းဆောင်နေရာရလိုမှုစတဲ့ ပါဝါတွေအတွက် အားပြိုင်ခဲ့ကြတယ်။စစ်အေးကာလတစ်လျှောက် သက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့စည်းတွေဟာလည်း မနားတမ်းအလုပ်တွေလုပ်ခဲ့ရတယ်။နောက်ဆုံး ဘာလင်တံတိုင်းပြိုကျခြင်းနဲ့အတူ ကွန်မြူ နစ်စနစ်ဟာ ကမ္ဘာ့ ဇတ်ခုံပေါ်ကနေ ဆင်းပေးခဲ့ရပါတော့တယ်။
https://m.facebook.com/story.php?story_fbid=138272783775576&id=100027785653688
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘာလင်တံတိုင်း”
Post a Comment
Related Posts Plugin for WordPress, Blogger...