Friday, March 9, 2018

တိုင်းရင်းသားတွေ လမ်းဆုံလမ်းခွ ရောက်နေပြီ။

,
မတင်ချင်ပါသော်လည်း အမြင်အမျိုးမျိုးကို မှတ်တမ်းတင်ထားလိုသည် မူဝါဒအရ ကူးယူဖော်ပြအပ်ပါသည်
****************************************************************************
တိုင်းရင်းသားတွေ လမ်းဆုံလမ်းခွ ရောက်နေပြီ။ တရုတ်နဲ့ ပြည်ထောင်စုမလား။ ဗမာနဲ့ ပြည်ထောင်စုမလား။

မာယာများတဲ့ ဒေါ်စုကြည်စကား နားယောင်ပြီး ဗမာနဲ့ပြည်ထောင်စုချင်တဲ့ တိုင်းရင်းသားတွေအနေနဲ့ ဘယ်တော့မှ ဖက်ဒရယ် မပေးဘူး (ကျွန်ပဲ လုပ်ရမယ်)လို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ၂၀၁၈ခု ဖေဖော်ဝါရီ(၁)မှာ ပြတ်ပြတ်သားသား ပြောလိုက်တာကို အောက်ကလင့်မှာ ကိုယ်တိုင်သာ နားထောင်ကြည့်ကြပါ။ တိုင်းရင်းသားတွေ ဒုန်းမဝေးကြနဲ့။ ဒါမှ မရိပ်မိသေးရင် ဗမာက ခင်ဗျားတို့ကို ပုဆိုးလှန်ပြဖို့ပဲ ကျန်တော့တယ်ဗျာ။

https://www.facebook.com/theKachinNews/videos/1288270651272675/

ဗမာနဲ့ပေါင်းရင် ဗမာက တရုတ်ကျွန်လုပ်ပြီး ခင်ဗျားတို့ တိုင်းရင်းသားတွေကို ဖိနှိပ်မယ်။ သတ်ဖြတ်မယ်။ လုယက်မယ်။ မုဒိန်းကျင့်မယ်။ ကျွန်လုပ်မယ်။ တရုတ်ကျွန် ဗမာရဲ့အောက်က တစ်ဆင့်နိမ့်တဲ့ ကျွန်ရဲ့ကျွန် သဘောက်ဖြစ်မယ်။

ဗမာနဲ့ပေါင်းခဲ့လို့ ဘိုးစဉ်ဘောင်ဆက် ဒူးနဲ့မျက်ရည် သုတ်နေခဲ့ရပြီ။ နောက်ထပ် ကိုယ့်သားစဉ်မြေးဆက်ကို လူစဉ်မမှီ မလုံမခြုံ သိမ်သိမ်ငယ်ငယ် အစော်ကားခံဘဝနဲ့ ဒူးနဲ့မျက်ရည် သုတ်နေရတဲ့ဘဝမှာ မထားချင်ကြပါနဲ့။ ဗမာကျွန်ဇာတ်လမ်းကို စောစောစီးစီးပဲ လက်စပြတ်အောင် ဖြတ်ကြပါ။

ဒါနဲ့မှ ဗမာနဲ့ပေါင်းချင်တဲ့ တိုင်းရင်းသားခေါင်းဆောင်ဆိုတာ ရှိသေးရင် ကိုယ့် အမေနှမသာ ပေးလိုက်။ သူများ အမေနှမ ပေးလို့တော့ မရဘူးလို့ ပြတ်ပြတ်သားသားသာ ပြောလိုက်ပေတော့။

ဗမာစစ်တပ်က အရင်တုန်းကလည်း KNUကို ဘာသာရေးနဲ့ သွေးခွဲပြီး DKBA (Democratic Karen Buddhist Army ကရင်ဗုဒ္ဓဘာသာတပ်မတော်ဆိုပြီး သူတို့ရဲ့ ဗုဒ္ဓဘာသာကိုလည်း သွေးစွန်းစေခဲ့တယ်)ဖွဲ့ လက်နက်တပ်၊ စစ်တပ်နဲ့လက်တွဲပြီး ကရင်အချင်းချင်း ပြန်တိုက်ခိုင်းခဲ့တယ်။

မြိုင်ကြီးငူဦးဆောင်တဲ့ DKBA တွေ ကရင်ပြည်နယ်က ခရစ်ယာန်၊ မွတ်စလင်တွေကို ရက်ရက်စက်စက် ဖိနှိပ် လုယက် သတ်ဖြတ်ခဲ့တယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် မောင်းထုတ်တယ်။ KNUက ခရစ်ယာန်ခေါင်းဆောင်တွေကိုလည်း စစ်တပ်နဲ့ပေါင်းပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ သမိုင်းကလည်း ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

ဗမာစစ်တပ်ရဲ့ သပ်လျှိုသွေးခွဲမှုကြောင့် အင်အားချိနဲ့သွားတဲ့ KNU ခေါင်းဆောင်တွေကို ထပ်သွေးခွဲပြီး အပစ်ရပ်လက်မှတ် ထိုးစေခဲ့တယ်။

သူမွေးထားလို့ အင်အားကြီးလာတဲ့ DKBAကို ပြန်ဖြိုခွဲဖို့ ကောက်ကျစ်တဲ့ ဗမာစစ်တပ်က DKBAကို BGF (Border Guard Force နယ်ခြားစောင့်တပ်)ဆိုပြီး လက်ကိုင်တုတ် စစ်တပ်အဖြစ် ခွဲထုတ်ခဲ့ပြန်တယ်။ နောက် ဗမာစစ်တပ်နဲ့ KNU၊ BGF ပေါင်းပြီး DKBA ကို ဒီနှစ် ဇန္နဝါရီလ ၇ရက်မှာ ပြန်တိုက်ပြန်တယ်။ (အောက်ကလင့်မှာ ကြည့်။)

https://burmese.voanews.com/a/karen-dkba-and-government-bgf-and-knu-conflict-/4196869.html

လက်နက်ကိုင် တိုင်းရင်းသားချင်း သွေးခွဲအုပ်ချုပ် (Divide and Rule)ဖို့ စစ်မောင်နှမ စုကြည်က KNUကို စံပြတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (Model)အဖြစ် မြှောက်ပေးခဲ့တယ်။ (အောက်ကလင့်မှာ ကြည့်။)

https://www.facebook.com/AungTinBMA/posts/1595359300541935

ဟော အခု၊ ကောက်ကျစ်ယုတ်မာတဲ့ မဟာဗမာစစ်တပ်က စစ်မောင်နှမစုကြည် ဂျင်းထည့်ထားတဲ့ စံပြမော်ဒယ် KNU ကို ဗြောင်တိုက်လာပြန်ပါပြီ။ တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်လာပါပြီ။ (၂၀၁၈ မတ်လ၇ရက်နေ့က သတင်းကို အောက်ကလင့်မှာ ကြည့်။)

https://burmese.voanews.com/a/knu-and-myanmar-army-fighting-in-karen-state-/4283971.html

အပစ်ရပ်ထားတဲ့ RCSS ကိုလည်း ဗမာစစ်တပ်က တိုက်နေတာ အကြိမ်ပေါင်းရာချီတော့မယ်။ KIO ကို တိုက်နေတာကတော့ ရစရာ မရှိတော့ဘူး။ ကချင်တွေလည်း ရွာရာချီပျက် လူသိန်းချီ ဘဝပျက် ထွက်ပြေးနေရတာ စုကြည်က သောက်ဂရုမစိုက်တဲ့အပြင် ဗမာစစစ်တပ်ကို ပိုတိုက်ဖို့တောင် မြှောက်ပေးခဲ့တယ်။ (အောက်ကလင့်မှာ ကြည့်။)

https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/1274795595946214/?type=3&theater

ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကလည်း သားသတ်သမား မောင်လေးမင်းအောင်လှိုင်နဲ့ အလောင်းဖျောက်၊ မုဒိန်းမှုတွေကို Fake Rape တွေပါဆိုပြီး နိုင်ငံတကာကိုလိမ်ပြီး ဖုံးကွယ်ပေးနေတဲ့ ကြံရာပါ မမစုကြည်တို့ရဲ့ တိုင်းရင်းသားတွေကို ရာသက်ပန် ကျွန်လုပ်ရေး မဟာစီမံကိန်းကြီးသာ ဖြစ်တယ်။

အခုဆိုရင် ဗမာစစ်အာဏာရှင်နဲ့ ဗမာစစ်မောင်နှမ စုကြည်ဦးဆောင်တဲ့ ဗမာအများစုကြီးကလည်း တသွေးတည်း တသားတည်းအဖြစ် ပေါင်းစည်းသွားကြပြီ။

အမျိုး ဘာသာ သာသနာဆိုပြီး ဗမာလူမျိုး (ဘာသာတူတဲ့ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်ကိုလည်း သတ်ဖို့ဝန်မလေး။)၊ ဗမာစကား (တရုတ်စကားကလွဲ၍ တိုင်းရင်းသား ဘာသာစကား မှန်သမျှ တန်ဖိုးမထား၊ အသိအမှတ် မပြု။)  ဗုဒ္ဓဘာသာ (ဖွဲ့စည်းပုံပါ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုတွေကို ဖိနှိပ် စော်ကား။)ကို အခြေပြုတဲ့ မဟာဗမာ လူမျိုးရေး အစွန်းရောက် (Facist Racist) ဖက်ဆစ်နိုင်ငံတော်ကြီး တည်ထောင်ဖို့ သမိုင်းမှာ မကြုံခဲ့ဘူးတဲ့ အတိုင်းအတာ အရှိန်အဟုန်နဲ့ စစ်မောင်နှမတွေ အောင်မြင်စွာ ရင်ကြားစေ့ စုစည်းမိကြသွားပြီ။

ဗမာစစ်တပ်က ဗမာလူမျိုး၊ ဗမာစကား၊ ဗမာတွေကိုးကွယ်တဲ့ သာသနာကိုပဲ စောင့်ရှောက်ကာကွယ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ကလည်း အတိအလင်း ပြောထားပါတယ်။ ဒါကြောင့်လည်း အခြားလူမျိုး၊ အခြားဘာသာစကား၊ အခြားလူမျိုးတွေကိုးကွယ်တဲ့ သာသနာတွေကို ဗမာစစ်တပ်က ဖျက်ဆီး စော်ကားနေတာ ဗမာဘုရင်တွေ လက်ထက်ကတည်းက တွက်မယ်ဆိုရင် နှစ်ထောင်ချီ ကြာနေခဲ့ပါပြီ။

တိုင်းရင်းသားတွေ အသေအချာ စဉ်းစားကြပါ။ ခင်ဗျားတို့ကို စာနာပါတယ်။ ထောက်ခံပါတယ်။ ခင်ဗျားတို့အတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ဘယ်ဗမာကိုမှ မယုံပါနဲ့။ အားမကိုးပါနဲ့။ လာလိမ်နေတာပါ။

ဘယ်ဗမာမှ ဗမာဗမာချင်း ထိပ်တိုက်တွေ့ပြီး ခင်ဗျားတို့ဘက်က မရပ်ဘူး။ ရှိပါတယ်ဆိုရင် တစ်ယောက်ပဲ ထုတ်ပြ။

ကြုံပြော ပြောမယ်။ လူကြားကောင်းအောင် ပြောမယ်။ အခမ်းအနားတွေမှာ စားကောင်းသောက်ကောင်းအောင် အာပြမယ်။ ပြီးရင် ခင်ဗျားတို့တွေ နေ့တိုင်းသေနေ၊ မုဒိန်းကျင့်ခံနေ၊ လုယက်မောင်းထုတ်ခံနေ၊ ဆင်းရဲဒုက္ခရောက်နေကြတာတွေကို မသိချင်ယောင်ဆောင်ပြီး ပစ်ထားကြမယ်။ သူတို့ ထမင်းစား မပျက်၊ အိပ်ရေးလည်း မပျက်ကြပါဘူး။

တိုင်းရင်းသားတွေကို သွေးခွဲပြီး ကျွန်မလုပ်တဲ့ ဗမာစစ်တပ်၊ ဗမာဘုရင်ဆိုတာ သမိုင်းမှာလည်း မရှိခဲ့သလို တိုင်းရင်းသားတွေကို ကောင်းကျိုးပေးတဲ့ ဗမာစစ်တပ်၊ ဗမာဘုရင်ဆိုတာလည်း သမိုင်းမှာ မရှိခဲ့ပါဘူး။

ဗမာစစ်တပ်က သမိုင်းတလျောက်လုံးမှာ တိုင်းရင်းသားတွေကို တိုင်းရင်းသား အချင်းချင်း သတ်ရေးမှာ အသုံးချဖို့အတွက်ပဲ ခဏသုံးပြီး အင်အားချိနဲ့လာတဲ့အခါမှာ အားလုံးကို အပြတ်ရှင်းဖို့ ကြံစည်လုပ်ကိုင်နေတာကို တိုင်းရင်းသားတွေ ရှင်းရှင်း မြင်သင့်ပြီ။

တရုတ်နဲ့ပေါင်းရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြရအောင်။

တရုတ်နဲ့ပေါင်းရင် တရုတ်ရဲ့ One country two systemအရ အနည်းဆုံး ဟောင်ကောင်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမယ်။ သို့သော် အခုမှ ပူးပေါင်းတာဖြစ်တဲ့အတွက် ဟောင်ကောင်ထက် အများကြီး အဆင့်မြင့် သေချာခိုင်မာတဲ့ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ စိတ်ကြိုက်ရေးဆွဲလို့ ရသေးတယ်။ ဗမာတွေကို ဆက်ဆံသလို အောက်ကျနောက်ကျ ဖြစ်စရာ အကြောင်းလုံးဝ မရှိဘူး။

တရားဥပဒေ စိုးမိုးမယ်။ မိမိယဉ်ကျေးမှု။ မိမိသာသနာ၊ မိမိလူမျိုးတို့ရဲ့ တိုးတွက်ဖွံ့ဖြိုးမှုကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့် ရမယ်။ ခင်ဗျားတို့ သားသမီး ဇနီးတွေ အသတ်ခံ၊ အလုခံ၊ အနှိပ်ခံ၊ အရိုက်ခံ၊ မုဒိန်းကျင့်ခံ၊ ပေါ်တာဆွဲခံ၊ အစော်ကားခံဘဝတွေက ချက်ချင်း လွတ်မြောက်သွားမယ်။

တရုတ်ပြည်ထဲမှာလည်း ကချင်(ဂျင်းဖော)၊ ဝ၊ ကိုးကန့်(ဟန်)၊ လီဆူး၊ ရှမ်း စသဖြင့် အကုန်ရှိနေတာပဲ။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဗမာနဲ့ ပေါင်းတာထက်တော့ ဆိုးဖို့လည်း မဖြစ်နိုင်ဘူး။

သမိုင်းကြောင်းအရလည်း ဗန်းမော်၊ ပုဂံ၊ ရွှေဘို၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ မန္တလေး စတဲ့ ဒေသတွေဟာလည်း တရုတ်ပိုင်ဖြစ်ခဲ့တာပဲ။  ဗမာစပေါ်တဲ့ အစောဆုံး ပုဂံမင်းဆက်က နောက်ဆုံး ကုန်းဘောင်မင်းဆက်အထိ တရုတ်ကြောက်၊ တရုတ်လက်အောက်ခံ၊ တရုတ်ပဏ္ဍာဆက်၊ တရုတ်ပိုင်နက်တွေ ဖြစ်ခဲ့ရတာပဲ။ မြန်မာပြည်မှာ တရုတ်ကြောက်လို့ ထွက်ပြေးရတဲ့ တရုတ်ပြေးမင်းပဲ ရှိတယ်။ တရုတ်နိုင်မင်းဆိုတာ မရှိပါဘူး။ ဒါ အရှိတရား။ ဒါ သမိုင်း။ လိမ်လို့ ဖုံးလို့ မရဘူး။

(မြန်မာ့သမိုင်းမှာ ဆင်ဖြူရှင်ဘုရင်က တရုတ်ကို နိုင်လိုက်တယ်။ တိုက်ထုတ်လိုက်တယ်ဆိုတာ ဗမာတွေရဲ့ သမိုင်းအစဉ်အလာ ထုံးစံအတိုင်း လိမ်ဆင်ကြီးပါ။ တရုတ်ကို ရှိခိုးဦးတင် လာဘ်ထိုးပြီး နောင်လည်း မြန်မာဘုရင်တွေရဲ့ သားစဉ်မြေးဆက် ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သစ္စာတော်ခံ ပဏ္ဍာဆက်ပါမယ်လို့ ကတိပေး ဦးချ တောင်းပန်လို့ တရုတ်တပ်တွေ ပြန်ဆုတ်သွားခဲ့တာပါ။)

တရုတ်က မြစ်ကြီးနားမှာ ဆက်ဆံရေးရုံး ဖွင့်တာကိုလည်း ကန့်ကွက်မနေနဲ့။ ဖြစ်နိုင်ရင် တိုင်းရင်းသား နယ်မြေတိုင်း၊ မြို့တိုင်းလောက်မှာ တရုတ်ရုံးတွေ များများဖွင့်လေ၊ တရုတ်လက်အောက် မြန်မြန်ရောက်လေ၊ ဗမာကျွန်ဘဝက မြန်မြန်လွတ်လေ၊ ကောင်းလေပဲ မှတ်။

https://burmese.voanews.com/a/china-myanmar-communication-office-/4282333.html

ဗီတိုပါဝါပိုင်ရှင် ရုရှားက ဇာဘုရင်တွေ လက်ထက်က ပိုင်နက်ဖြစ်ခဲ့တဲ့ ဂျော်ဂျီယာ၊ ယူကရိန်းတို့ကို ကျူးကျော်တာ ကုလသမဂ္ဂ ဘာမှလုပ်လို့ မရသလို ဗီတိုပိုင်ရှင် တရုတ်ကလည်း သမိုင်းကြောင်းအရ သူတို့ပိုင်ဆိုင်မှု ရှိခဲ့တဲ့ မြန်မာပြည် အထက်ပိုင်း တစ်ခုလုံး မန္တလေး၊ ရွှေဘို၊ အင်းဝ၊ တောင်ငူအထိ ဝင်သိမ်းရင်လည်း ကုလသမဂ္ဂကော၊ အမေရိကန်ကော ကန့်ကွက်ရှုတ်ချတာကလွဲရင် ဘာမှလုပ်လို့ မရဘူး။ လုပ်လည်း မလုပ်ပေးဘူး။

အဲဒီတော့ ခင်ဗျားတို့တိုင်းရင်းသားတွေကို လူလို မဆက်ဆံ၊ ကျွန်လိုဆက်ဆံပြီး သတ်ဖြတ်၊ လုယက်၊ မုဒိန်းကျင့်၊ ကျူးကျော်စော်ကားနေတဲ့၊ ခင်ဗျားတို့သာသနာကို စော်ကားနေတဲ့၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် မဟာဗမာ လူယုတ်မာတွေကို တိုင်းရင်းသား ၁၃၄မျိုးလုံး လက်တွဲပြီး တရုတ်အကူအညီနဲ့ အချိန်မနှောင်းခင် တရုတ်နဲ့ ပေါင်းပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ထုတ်ပစ်ကြဖို့ လိုပြီ။

ပင်လုံကို အခြေခံတဲ့ ၁၉၄၇ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ ၁၉၆၂အာဏာသိမ်းခဲ့ရတာလို့ ကာချုပ်မင်းအောင်လှိုင်က ၂၀၁၆ မတ်လ(၁၀)ရက်နေ့ကတည်းက ပြောခဲ့တာကို မေ့မသွားကြနဲ့။

ဒါကြောင့် စစ်မောင်နှမတွေ လက်တွဲပြီး လိမ်နေတဲ့ ပင်လုံမှာ အချိန်ကုန်နေကြရင် နောက်ဆုံးကျ တေ့ဖြုတ်တဲ့အခါမှ တိုင်းရင်းသားတွေမှာ နယ်မြေလည်း ကုန်၊ အင်အားလည်း ချိ၊ လက်နက်လည်း ပြုတ်နဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဗိုလ်ချုပ်ကြီး အင်ဗန်လကို ပြောသလို အရင်အတိုင်း ကျွန်ဘဝ ပြန်ရောက်ကြရတော့မယ်ဗျာ။

ကျနော်တို့ မြန်မာမွတ်စလင်(ပသီ)တွေအတွက် နယ်မြေမလိုဘူး။ ပသီလူမျိုးရှိသလို အစ္စလာမ်သာသနာဝင် ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင်၊ မွန်၊ ကရင်နီ၊ ချင်းတွေကလည်း သက်ဆိုင်ရာ လူမျိုးစုဝင်တွေသာ ဖြစ်တယ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိမယ်။ နိုင်ငံသား အခွင့်အရး တန်းတူရမယ်။ လုပ်စားကိုင်စား နိုင်တယ်။ တိုင်းကျိုးပြည်ကျိုး ဆောင်နိုင်တယ်ဆိုရင် ကျနော်တို့မြန်မာမွတ်စလင်တွေအတွက် ရပြီ။ လုံလောက်ပြီ။

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေနဲ့ လူလူချင်း ကျွန်ပြုဖိနှိပ်မှု မှန်သမျှကို ဆန့်ကျင်ရင်း ကျရာနေရာကနေပြီး ဗမာဖက်ဆစ် လူယုတ်မာတွေကို တိုက်ထုတ်ပစ်ဖို့ ကျနော်တို့ အဆင်သင့်ရှိနေတယ်။


https://m.facebook.com/story.php?story_fbid=1655748347836363&id=100002036403855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တိုင်းရင်းသားတွေ လမ်းဆုံလမ်းခွ ရောက်နေပြီ။”

Post a Comment

Related Posts Plugin for WordPress, Blogger...