Wednesday, July 11, 2018

သ​ဘောင်္​ကွေ့ရွာဖြစ်​စဉ်​နဲ့​နောက်​ကွယ်​ကသတင်း

,
သ​ဘောင်္​ကွေ့ရွာ ကိစ္စဟာ​မေ​မေ့အကွက်​မဟုတ်​ပဲ မီဒီယာနှင့်​ရွာထဲက အဘလူ​တွေရဲ့​လှော်​ကွက်​​တွေဖြစ်​​နေတယ်​။
အောက်​မှာ အဲရွာကအ​ခြေအ​နေတချို့ကို စုစည်းဖော်​ပြလိုက်​ပါတယ်​။

ရွာထဲက အဓိက​ခေါင်း​ဆောင်​​တွေဖြစ်​တဲ့ ကိုထွန်းမြင့်ဦး ဖခင် ဦးစိန်အောင် သည် ယခင် ဖျက်သိမ်း ထောင်လှမ်းရေး ၏ တပ်ကြပ်ကြီးအဆင့်ဖြင့် အနားပေးခံထားရသူဖြစ်ပါသည်။  ကိုထွန်းမြင့်ဦး သည်  တပ်ထဲ မဝင်လိုသော်လည်း အမေ ရခိုင် အဖေ ဗမာ ဖြစ်သည်နှင့်အညီ ရခိုင်စကားသာ အတတ်နိုင်ဆုံးပြောကြားနေသူဖြစ်ကာ ရခိုင်သူ (တချို့က ဗမာဟု​ပြော) ဒေါ်ဥမ္မာကျော် အား ရယူခဲ့ပြီး သားသမီးများထွန်းကားခဲ့သူဖြစ်ပါသည်။ ကိုထွန်းမြင့်ဦး ဖခင်သည် ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း မောင်တောမြို့သို့ ကြွချီသော ဆရာတော် တစ်ပါးနှင့် လိုက်ပါလာခဲ့သူဖြစ်ပါသည်။ ကိုထွန်းမြင့်ဦး၏ ပြည်သူ့စစ် ဖွဲ့စည်းမည်ကို ဦးစိန်အောင်(တပ်ထွက်)မှ ထည့်သွင်းမပြောသော်လည်း ပြည်သူ့စစ်တကယ်ဖွဲ့စည်းရန် လိုကြောင်းအား စာရေးသူအား ပြောထားပါသည်။ စာရေးသူမှလည်း လိုအပ်ပါက ခွင့်​ပြုချက်ရရှိရန် ပြောထားပါသည်။ ကိုထွန်းမြင့်ဦး သည် ခွင့်ပြုချက်မရရှိသေးဘဲ ပြည်သူ့စစ်(သစ်တုံးနားခွဆုံမောင်တောမြို့နယ် ရခိုင်ပြည်နယ်)စသည့် စကားရပ်များဖြင့် တရားမဝင် ပြည်သူ့စစ်ဆို၍ တံဆိပ်တုံးများ အသုံးပြုကာမလိုလားအပ်သောအပြစ်မဲ့တိုင်းရင်းသား များအား စည်းရုံးသိမ်းသွင်းခြင်း သစ်တောပိုင် မြေများအား ယာမြေ အိမ်ခြံမြေ အဖြစ် ဖော်ထုတ်ရန် တိုင်းရင်းသား မျိုးနွယ်စုများအား နောက်ကွယ်မှ ခိုင်းစေ၍ ရွှေဗဟိုရ် ကင်းချောင်း စသည်တို့အား တည်ဆောက်လာနိုင်ခဲ့သော်လည်း (လက်ရှိအနေအထားထိ ထောက်ခံပါသည်) ၂၀၁၇ နောက်ပိုင်း လှုပ်ရှားမှုများသည် မည်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများကိုမှ ဂရုမစိုက်တော့ဘဲ အစိုးရ ကိုသော်လည်းကောင်း ဒေသန္တရအစိုးရအဖွဲ့အစည်းများအား ဂရုမစိုက်တော့ဘဲ ရပ်ရွာများအား ၄င်းကိုယ်တိုင်ဦးဆောင်မှုဖြင့် တည်ထောင်ရန်ကြံစည်လာခဲ့ရာမှ ကိုးတန်ကောက် စုစည်းရွာ(၁/၂) အပြင်သင်္ဘောကွေ့ရွာတို့အားတည်ဆောက်လာသည်ကိုတွေ့ရပါသည်​။
(Ref - အနောက်တံခါးကင်းသမား(ခ)ရခိုင်မယောင်္ကျား)

ကိုးတန်​​ကောက်​ စုစည်းရွာ(၁/၂)ကို ဦး​ဆောင်​တည်​​ထောင်​တဲ့ ဆရာဦးသန်းထွန်းက​တော့ အဲပို့စ်​​အောက်​မှာသူတို့အ​နေနဲ့
ကိုထွန်းမြင့်​ဦးနဲ့ဘာမှပတ်​သက်​မှုမရှိဘူးလို့ငြင်းသွားတာ​တွေ့ရပါတယ်​။

နောက်​ထပ်သ​င်္ဘော​ကွေ့ရွာကလူ​တွေထဲကတချို့ဟာ အင်းဒင်​​ကျေးရွာမှာအ​ခြေချ​နေထိုင်​ဖို့
အိမ်​တစ်​လုံးနဲ့လယ်​ငါးဧကရပြီးသားလို့သတင်း​တွေထွက်​​ပေါ်လာ​ပေမဲ့
အတည်​ပြုလို့မရ​သေးပါဘူး။သ​င်္ဘောကွေ့​မှာ​နေထိုင်​ကြတဲ့ရွာသူ၊ရွာသား​တွေက သူတို့ဟာလူမှုအဖွဲ့အစည်းရဲ့ခွင့်​ပြုချက်​နဲ့​နေတယ်​။

အစိုးရရဲ့ခွင့်​ပြုချက်​မရပဲ ရွာတည်​လို့ရွာဖျက်​သိမ်းခံရတယ်​လို့ဆိုပါတယ်​။ဒီ​နေရာမှာ ​ရွှေ့​ပြောင်းအ​ခြေချ​နေထိုင်​သူ​တွေက​ပြောတဲ့
လူမှုအဖွဲ့အစည်းဆိုတာ ကိုထွန်းမြင့်​ဦးနှင့်​သူ့ဇနီး မဥမ္မာ​ကျော်
(DMG ရဲ့ဗီဒီယိုအင်​တာဗျူးမှာ သတ်​မယ်​ဆိုလည်း ဒီ​မြေမှာမြှပ်​သွားပါဆိုတဲ့သူ)​နောက်​ထပ်​ ​ဒေသခံတစ်​ဦးတို့ကိုညွှန်းတာ
ဖြစ်​တယ်​လို့ သိရပါတယ်​။

လက်​ရှိမှာ သ​ဘောင်္​ကွေ့ရွာကအ​ခြေချနေထိုင်​သူရွာသား​တွေဟာ
ကျောက်​ပန္ဒူဘုန်း​တော်​ကြီး​ကျောင်းမှာ ​ခေတ္တယာယီခိုနား​နေကြတယ်​လို့သိရပါတယ်​။မ​နေ့က (၁၀-၇-၁၈)မှာအာဏာပိုင်​​တွေက 
ကျောက်​ပန္ဒူမှာ​နေမလား၊ကိုးတန်​​ကောက်​မှာ​နေမလား ဘယ်​မှာ​နေ​နေ တစ်​အိမ်​​ထောင်​ကို အိမ်​တစ်​လုံး၊လယ်​သုံးဧက၊နွားလည်း​ပေးမယ်​လို့​ပြောတယ်​လို့သိရပါတယ်​။ဒါ​ပေမဲ့သ​ဘောင်္​ကွေ့မှာ​ရွှေ့​ပြောင်းအ​ခြေချ
တဲ့သူ​တွေက လက်​မခံပဲ။မ​နေ့ကအထိ သ​ဘောင်္​ကွေ့ရွာသားများ အတွက်​ဆိုကာ အလှူခံစခန်းများဖွင့်​လှစ်​ပြီး၊စတင်​အလှုခံ​နေကြတာ ကိုလည်း​တွေ့ရပါတယ်​။

မီဒီယာ​တွေအ​နေနဲ့ NLD အစိုးရအဖွဲ့အ​နေနဲ့သ​ဘောင်္​ကွေ့ဘင်္ဂလီ​ကျေးရွာမှာဝင်​​ရောက်​အ​ခြေချ​နေထိုင်​တဲ့ ရခိုင်​တိုင်းရင်းသား​တွေကြားက ပွတ်​တိုက်​မှုလို့ပုံ​ဖော်​​ပေမဲ့။ဒီဖြစ်​စဉ်​ရဲ့အဖြစ်​အပျက်​အစအဆုံးကို​ဖော်​ထုတ်​ဖို့လိုအပ်​​နေပါ​သေးတယ်​။ ဒီဖြစ်​ရပ်​ရဲ့
နောက်​ကွယ်​က ​ခေါင်း​ဆောင်​တဲ့လူပုဂ္ဂိုလ်​​တွေ၊လှုံ့​ဆော်​တဲ့သူ​တွေ
ထဲကတချို့ဟာ၂၀၁၂ လွန်​ကာလ​တွေကတည်းက အဲဒီ​ဒေသမှာအမျိုးဘာသာ​စောင့်​​ရှောက်​​ရေးအမည်​ခံ​ မဘသ အဖွဲ့နဲ့ နီးစပ်​တဲ့ဆက်​နွယ်​မှု​တွေရှိတဲ့လူပုဂ္ဂိုလ်​​တွေရဲ့ ပါဝင်​ပတ်​သက်​​နေမှုကိုဖုံးကွယ်​ပုံဝှက်​ပြီး ရခိုင်​တိုင်းရင်းသားအ​ခြေချ​နေထိုင်​သူနှင့်​NLD အစိုးရကြားကထိပ်​တိုက်​​တွေ့မှုသဖွယ်​ပုံ​ဖော်​​ရေးသားတာမျိုးဟာနဂိုကတည်းကရခိုင်​အင်​အားစု​တွေနဲ့NLD ကြားဆက်​ဆံ​ရေးမ​ပြေလည်​မှု​တွေကိုအား​ကောင်း​အောင်​မီးထိုး​ပေးတဲ့လုပ်​ရပ်​ပါပဲ။

သ​င်္ဘော​ကွေ့ပြသာနာဟာ ​မေ​မေ့အကွက်​မဟုတ်​သလို စပွန်​ဆာရှာ ကုလား၊ရခိုင်​အ​ရေးအခင်းပြီးကတည်းက အဲဒီ​ဒေသမှာ
ခြေရှုပ်​​နေကြတဲ့ ပရဟိတကန်​ထရိုက်​သမား​တွေရဲ့​​​လောဘတကြီး အကွက်​​ရွှေ့မှု​ကြောင့်​​ပေါ်​ပေါက်​လာရတဲ့ပွန်းတိုက်​မှုလို့ဆိုရပါလိမ့်​မယ်

ထင်​လင်းခိုင်
ကိုးကား-open sources

ခရီးသည်

https://m.facebook.com/story.php?story_fbid=1741658802614730&id=100003118823595

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သ​ဘောင်္​ကွေ့ရွာဖြစ်​စဉ်​နဲ့​နောက်​ကွယ်​ကသတင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...