Wednesday, January 24, 2018

တွေးစရာတွေပေးနေတဲ့ လူသတ်ကောင်များနဲ့မျိုးချစ်များရဲ့ အင်းစိန်ထောင်တွင်းဓာတ်ပုံ

,
မင်္ဂလာတောင်ညွန့်တွင်ဆူပူရန်လှုံ့ဆော်မှုဖြင့်ပစ်ဒဏ်ကျခံခဲ့ရသူများနှင့်ဦးကိုနီအားလုပ်ကြံသတ်ဖြတ်ခဲ့သူများ အင်းစိန်ထောင်အတွင်း စုပေါင်းဓာတ်ပုံရိုက်ကူးထားမှုကို Myanmar Muslim Media က ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင်ရှာဖွေတွေ့ရှိခဲ့သည်။

သန်းကျော်ဝင်း အမည်ဖြင့်ဖေ့စ်ဘုတ်လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက အဆိုပါဓာတ်ပုံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မိနစ် ၃၀ ၀န်းကျင်ခန့် ဖေါ်ပြပြီးနောက်ပြန်လည်ဖျက်သိမ်းသွားခြင်းဖြစ်သည်။

သာမန်ပြည်သူများ၊ သတင်းထောက်များ၊နှင့်အကျဉ်းထောင်ဝန်ထမ်းများပင်လျှင် ဓာတ်ပုံရိုက်ကူးခွင့်မရှိသည့် အင်းစိန်ထောင်အတွင်း စုပေါင်းဘုံကထိန်ကျင်းပစဉ်တွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် အထက်ပါဓာတ်ပုံတွင် ဦးကိုနီအားလုပ်ကြံသည့် အမှုတွဲများနှင့် မဘသ(ယခု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း)ထောက်ခံသူများသည် အေးဆေးရွင်လန်းစွာဖြင့် ဓာတ်ပုံအရိုက်ခံနေသည့် ဓာတ်ပုံက လုံခြုံရေးစည်းကျိုးပေါက်မှုတစ်ခုထက်ပိုသည့် သဘောတရားများပါဝင်နေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်သည်။

“ဒါဟာလုံခြုံရေးစည်းကျိုးပေါက်တယ်လို့သုံးသပ်တယ်။ဒီလူတွေဟာ ထောင်ထဲမှာလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့်ရနေသလိုဖြစ်နေတယ်။
နိုင်ငံတော်လုပ်ကြံမှုကြီးကိုကျူးလွန်ခဲ့တဲ့ သူတွေဟာ
အကျဉ်းဦးစီးဌာနထက်ပြည်ထဲရေးအပါအ၀င်တိုင်းပြည်မှာအရေးပါအရာရောက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့ တော်တော်လေးကို ပတ်သက်နေတယ်လို့ ဒီဓာတ်ပုံက အဓိပ္ဗါယ်ဖွင့်ဆိုနေတယ်လို့ ရှု့မြင်သုံးသပ်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်(နိုင်ကျဉ်း)က MMM သို့ပြောသည်။

တရားလွတ်တော်ရှေ့နေ ဦးကိုနီအားလုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်းနှင့်ယင်းဖြစ်စဉ်အရဆက်စပ်တရားခံများအဖြစ်ဖမ်းဆီးစစ်ဆေးခံနေရသည့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ နဂါးလေး နှင့် မင်္ဂလာတောင်ညွန့်ဆူပူမှုတရားခံများဖြစ်သည့် ကိုလတ်၊တင်လင်းထိုက် (မျိုးချစ်သွေး ဓမ္မကွန် ယက် ဥက္ကဋ္ဌ) နှင့် တင် ဋ္ဌေးအောင်(ခ)အကြီးကောင်၊မြတ်ဘုန်းမိုရ်တို့သည် ပစ်မှုမကျူးလွန်မှီကတည်းက သိကျွမ်းသူများဖြစ်ဖွယ်ရှိကြောင်း ယခုဓာတ်ပုံက ဖေါ်ပြနေသည်ဟုလည်း ဦးထွန်းကြည်က ဆက်လက်သုံးသပ်သည်။

ရဲတပ်ဖွဲ့ထံသတင်းမှားပေးကာ မြယာကုန်းတွင် ဆူပူစေရန်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၅ သောင်း ချမှတ်ခံရသူလူပုဂ္ဂိုလ် ၅ ဦးအင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဥက္ကဌဆရာတော်ကြီး ကဌင်းတို့ကို ဗုဒ္ဓသာသနာနှင့်ဘာသာ သာသနာနှင့် တိုင်းပြည်ဂုဏ်ဆောင်သူများအဖြစ် ချီးကျူးဂုဏ်ပြုအခမ်းအနားပြုလုပ်ပေးခဲ့သည်။

ဓာတ်ပုံ၊၀ဲမှယာ(အမည်မသိ၊ကိုလတ်၊အောင်ဝင်းထွန်း၊တင်လင်းထိုက်၊ကြည်လင်း၊တင်ဌေးအောင်၊နဂါးလေး၊မြတ်ဘုန်းမိုရ်၊အောင်ဝင်းဇော်)

 မြယာကုန်းတရားခံများကို ဗုဒ္ဓဓမ္မပရိတဖောင်ဒေးရှင်း ဥက္ကဌဆရာတော်ကြီးက နိုင်ငံသားကောင်းများအဖြစ်ဂုဏ်ပြုစဉ်
ဆက်စပ်သတင်းဖတ်ရန်၊ https://www.facebook.com/MyanmarMuslimMedia2/videos/1909128762460912/

               ထိပ်တင်လတ်

ZN.H

https://m.facebook.com/story.php?story_fbid=384050038707170&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တွေးစရာတွေပေးနေတဲ့ လူသတ်ကောင်များနဲ့မျိုးချစ်များရဲ့ အင်းစိန်ထောင်တွင်းဓာတ်ပုံ”

Post a Comment

Related Posts Plugin for WordPress, Blogger...