Wednesday, January 23, 2019

လွတ်​လပ်​​ရေးကျိန်​စာ...၂

,
အပိုင်း၁မှာတင်​ပြခဲ့တဲ့အတိုင်း အကယ်​၍ ၁၉၄၅ မတ်​လ
၂၇ရက်​​နေ့မှာ သခင်​​အောင်​ဆန်းတို့မြန်​မာ့တပ်​မ​တော်
က ​တော်​လှန်​​ရေးမလုပ်​ရင်​လည်းမဟာမိတ်​နိုင်​လို့
ဂျပန်​စစ်​ရှုံးပြီး မြန်​မာပြည်​လွတ်​လပ်​​ရေးရမှာက​တော့
အ​သေအချာပဲ။ဒီလိုဖြစ်​လာမှာ​သေချာ​နေတဲ့သမိုင်းမှာ
တစ်​ဆိတ်​တစ်​အိတ်​လုပ်​ပြီး ​တော်​လှန်​​ရေးပုံကြီးချဲ့တာ
စစ်​တပ်​ဟာ ကယ်​တင်​ရှင်​ဆိုတဲ့အမြင်​​တွေကိုပြည်​သူ
လူထုကြားထဲသွတ်​သွင်းချင်​လို့ပဲဆိုတာရှင်းလင်း​နေ
ပါတယ်​။ကိုမြ​အေး​ပြောသလို သမိုင်းမှာထပ်​ပြီး
နောက်​တစ်​ကြိမ်​ကယ်​တင်​ရှင်​အဖြစ်​​မော်​ကွန်းထိုးမခံ
နိုင်​​တော့ဘူး။ဒါ​ကြောင့်လည်း ဒီသမိုင်းကိုသိထားဖို့
လိုတယ်​။

(မှတ်ချက်။ကျ​နော်​​ရေး​နေတဲ့မြန်​မာ့သမိုင်း
နဲ့ပက်​သက်​ပြီးမည်​သူနဲ့မဆို (ပညာရှင်​ဖြစ်​​စေ၊သမိုင်း
သု​တေသီဖြစ်​​စေ) ​ဆွေး​နွေးဖို့ အသင့်ပဲ။ဒီအတွက်
အချိန်​မ​ရွေးဘူး။နေရာမ​ရွှေးဘူး။)

ကျ​နော်​မြန်​မာ့သမိုင်းကိုစ​ဝေဖန်​တဲ့ ခုနှစ်​က၂၀၁၃။
အဲဒီကတည်းက ​အေဒီ၁၁ရာစုက​နေ ယ​နေ့အထိ
သော အစိုးရ သို့မဟုတ်​ အမျိုးသား​ခေါင်း​ဆောင်
ဖြစ်​ဖူးခဲ့သူအားလုံးကို​ဝေဖန်​ခဲ့တယ်​။ဒါ​ပေမဲ့အဲထဲ
မှာသခင်​​အောင်​ဆန်းကို အနည်းနဲ့အများ ကျ​နော်
ချီးကျူး​ရေးသားခဲ့ပါတယ်​။မြန်​မာလူမျိုး​တွေ
လက်​မ​ထောင်​လို့ရတဲ့ဂုဏ်​ယူခြင်းမျိုးနဲ့ဂုဏ်​ယူလို့
ရ​ကြောင်း ၂၀၁၄ခုနှစ်​ကတည်းက ကျ​နော်​​ရေးခဲ့
ပါတယ်​။ကျ​နော်​​ပေခ်ျ့က​ဘော်​ဒါ​တွေသိကြမယ်​ထင်
ပါတယ်​။

အဲဒီသခင်​​အောင်​ဆန်းလုပ်​ကြံသတ်​ဖြတ်​ခံလိုက်​ရ
တာ အခု ချိန်​ထိ ဘယ်​သူ့လက်​ချက်​မှန်းမသိရ​သေး
ဘူး။အားလုံး ဦး​စောလို့တစ်​သံတည်းထွက်​ကြတယ်​။
ဦး​စောကသူမဟုတ်​ပါဘူးလို့ကြိုးစင်​တက်​တဲ့အချိန်
ထိ ငြင်းဆန်​ခဲ့တယ်​။တကယ်​​တော့ Modern History
မှာ ကျ​နော်​ဒစ်​လည်​​နေဆဲသမိုင်းဟာလည်း ဒါပဲ။

ဂျပန်​ကိုဆန့်​ကျင်​တဲ့မြန်​မာတပ်​သား​တွေကို လက်​နက်
ခဲယမ်း​ထောက်​ပံ့ဖို့ကိစ္စနဲ့ပက်​သက်​ပြီးအင်္ဂလိပ်​စစ်​မစ်
ရှင်​က​ခေါင်း​ဆောင်​​တွေကြားသ​ဘောထားကွဲလွဲခဲ့တယ်​။
မြန်​မာလက်​ထဲ​သေနတ်​​ရောက်​သွားရင်​စစ်​အပြီး
အင်္ဂလိပ်​ကိုလိုနီအစိုးရပြန်​ဖွဲ့တဲ့အခါမှာ ပြဿနာ
ရှိလာလိမ့်မယ်​လို့ကြည်းတပ်​ဦးစီးချုပ်​ Gen.Leese
ကတွက်​တယ်​။ရေတပ်​ဗိုလ်​ချုပ်​ အင်္ဂလိပ်​စစ်​​သေနာ
ပတိ ​မောင့်ဘက်​တန်​(Moumtbatten)က မြန်​မာ
တော်​လှန်​​ရေးသမား​တွေကို မဟာမိတ်​လိုသ​ဘော
ထားသင့်​ကြောင်း၊ဂျပန်​စစ်​ရှုံးရင်​သူကိုယ်​တိုင်
မြန်​မာပြည်​ကိုအုပ်​ချုပ်​မှာဖြစ်​လို့ မြန်​မာလက်​နက်
ကိုင်​​တွေကိုထိန်းချု ပ်​နိုင်​လိမ့်မယ်​လို့ယူဆပြီး တွက်
တယ်​။ဒါ​ပေမဲ့ တကယ်​တမ်းစစ်​ပြီးလို့မြန်​မာ့တပ်
မ​တော်​ကိုပြန်​ဖွဲ့တဲ့အခါ ၂၈၈၆​ယောက်​ပဲပါလာတယ်​။
လက်​နက်​​တွေနဲ့လူ၂​သောင်းခွဲ​ကျော်​က ပြည်​သူ့ရဲ​ဘော်
အဖြစ်​​ဘေးထွက်​​နေလိုက်​တာပါပဲ။

မြန်​မာ့တပ်​မ​တော်​ကိုနိုင်​ငံ​ရေးကင်းတဲ့စစ်​မှုထမ်းတပ်
အဖြစ်​ပြန်​လည်​ဖွဲ့စည်းရာမှာ​သော်​လည်း​ကောင်း၊
လွတ်​လပ်​​ရေးအတွက်​ အင်္ဂလိပ်​အစိုးရနဲ့​ဆွေး​နွေးရာ
မှာ​သော်​လည်း​ကောင်း။တိုင်းရင်းသား​တွေနဲ့​ဆွေး
နွေးရာမှာ​သော်​လည်း​ကောင်း၊အသက်​၃၂နှစ်​အရွယ်
သခင်​​အောင်​ဆန်းကိုယှဉ်​နိုင်​သူမရှိ​ကြောင်း၊အင်္ဂလိပ်
အရာရှိ​တွေမြန်​မာ့လွတ်​လပ်​​ရေးမှာပါဝင်​ကူညီကြ
ပေမယ့်​နောက်​ဆုံး​တော့ ဗိုလ်​ချုပ်​​အောင်​ဆန်းက
သာ ကြီးစိုးသွားတာဖြစ်​​ကြောင်း အင်္ဂလိပ်​သမိုင်း
ဆရာကြီးHugh Tinker​ရေးတာကို Shelby
Tucker က ကိုးကားတင်​ပြထားတယ်​။

၁၉၄၇ ဇူလိုင်​၁၉ရက်​​နေ့ အတွင်းဝန်​ရုံးမှာအစည်းအ​ဝေး
လုပ်​​နေတဲ့ ဦး​အောင်​ဆန်းနဲ့ဝန်​ကြီးအဖွဲ့ကို ယူနီ​ဖောင်း
ဝတ်​၄ဦးက စက်​​သေနတ်​နဲ့ပစ်​ခတ်​လို့ ဦး​အောင်​ဆန်း
နဲ့ဝန်​ကြီး၆ဦးကျဆုံးခဲ့ရတယ်​။ဒါ​ပေမဲ့ဦး​အောင်​ဆန်း
တို့အဖွဲ့ကို သတ်​တာ ဦး​စောလို့ ဆိုတာကို ယုံနိုင်​စရာ
မရှိဘူးလို့စာ​ရေးသူကဆိုတယ်​။အစိုးရတစ်​ဖွဲ့လုံးကို
ပစ်​သတ်​ခဲ့တဲ့​သေနတ်​ကိုင်​​လေးဦးနဲ့ကားဒရိုက်​ဘာ
ဟာ သူတို့ဆရာဦး​စောအိမ်​ကို တန်းတန်းမတ်​မတ်
ပြန်​သွားတာ ယုတ္တိမဲ့တယ်​လို့​ထောက်​တယ်​။အဲဒီ
ရက်​မတိုင်​ခင်​ လက်​နက်​​ရောင်းဝယ်​မှုနဲ့ပက်​သက်​ပြီး
ဦး​စောအိမ်​ကိုရဲက​စောင့်ကြည့်​နေတာကို ၀ါရင့်နိုင်​ငံ
ရေးသမားတစ်​ဦးဖြစ်​သူဦး​စောကသိမှာပဲ။ဒါ​ကြောင့်
တပည့်​တွေကို အစိုးရတစ်​ဖွဲ့လုံးကိုသတ်​ပြီးသူ့အိမ်
ပြန်​လာကြဖို့ဦး​စောကစီစဉ်​ပါ့မလား။

တစ်​ခါစာ​ရေးသူက ဦး​အောင်​ဆန်းတို့အဖွဲ့အသတ်​မခံ
ရခင်​ တစ်​နာရီ​ကျော်​​ကျော်​​လောက်​မှာ ဦး​စောကိုလက်
နက်​မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တယ်​ဆိုတာကို စာ​ရေးသူက
ကရင်​အမျိုးသားအင်းစိန်​ခရိုင်​ရဲမှူးကြီးဗိုလ်​စိန်​မွန်
စကားကို ကိုးကားတင်​ပြထားတယ်​။

ဦး​စောဟာ ကြိုးစင်​တက်​​နေတဲ့ အချိန်​ထိဦး​အောင်​ဆန်း
တို့အဖွဲ့ကို သူမသတ်​ရ​ကြောင်း​ပြော​နေဆဲပဲ။သူများ
ခင်းတဲ့လုပ်​ဇတ်​မှာ ခံရ​တော့မယ်​လို့​တွေးမိတဲ့သူ့အမှု
ကို ဓမ္မဓိဋ္ဌာန်​ကျကျ စုံစမ်းစစ်​​ဆေး​ပေးဖို့ အတွက်
အထူးရဲအရာရှိကိုလွှတ်​​ပေးဖို့ အင်္ဂလိပ်​အစိုးရဆီ
စာ​ရေးအ​ကြောင်းကြားပါ​သေးတယ်​။ဒီစာကို ဘုရင်​ခံ
ဆာဟူးဘတ်​ရန်​စ့်က ပြည်​ထဲ​ရေးဝန်​ကြီးဦး​ကျော်​ငြိမ်း
ကိုပြ​တော့ ဦး​ကျော်​ငြိမ်းကအ​ကြောင်းပြန်​စရာမလိုဘူး
လို့​ပြောပါတယ်​။ဦး​စောအမှုမှာ သံသယဖြစ်​စရာ
အ​ကောင်းဆုံးအချက်​က တရားရုံးမှတ်​တမ်း​တွေအားလုံး
ပျောက်​ဆုံး​နေတာပါပဲလို့ Shelby Tucker က
ဆာဟူးဘတ်​ရန်​စ့်ရဲ့ ​ကြေးနန်းစာ​တွေကိုကိုးကားပြီး
တင်​ပြသုံးသပ်​ထားတယ်​။

ဒီတင်​ပြချက်​ဟာ အင်​မတန်​မှန်​ကန်​တဲ့တင်​ပြချက်​ဖြစ်
ပါတယ်​။ဘာလို့ဆို​တော့ လွတ်​လပ်​​ရေး​ခေါင်း​ဆောင်
အဲဒီမြန်​မာနိုင်​ငံရဲ့ အမျိုးသား​ခေါင်း​ဆောင်​ကြီးဖြစ်​​နေတဲ့
သခင်​​အောင်​ဆန်းနဲ့ဝန်​ကြီး၇ဦး​နေရာတင်​ပွဲချင်းပြီး
အောင်​သတ်​ဖြတ်​ပစ်​ခဲ့တဲ့အမှုကိုရုံးတင်​စစ်​​ဆေးရာမှာ
မှတ်​တမ်းမထားဘူးဆိုတာ လုံးဝမြ​ဖစ်​နိုင်​ဘူး။ဘယ်​လို
နည်းနဲ့မှကိုမဖြစ်​နိုင်​ဘူး။နိုင်​ငံ​တော်မှာ လ၀က မှတ်​တမ်း
သာ​ပျောက်​ချင်​​ပျောက်​မယ်​။ရဲစခန်းမှတ်​တမ်းနဲ့တရား
ရုံးမှတ်​တမ်း​ပျောက်​တယ်​ဆိုတဲ့အစဉ်​အလာမရှိဘူး။
ကိုလိုနီ​ခေတ်​က ရန်​ကုန်​မြို့ရဲ့ ဂျပိုးစရင်းကိုသိချင်
ရင်​ ယ​နေ့ ရဲမှတ်​တမ်းစာမျက်​နှာ​တွေကိုသိမ်းဆည်း
ထားတဲ့ ရန်​ကုန်​မြို့လယ်​​ခေါင်​က ဋ္ဌာနချုပ်​မှာ
သွားရှာလို့ရနိုင်​​​တယ်​ဆိုရင်​ အမျိုးသား​ခေါင်း​ဆောင်
ရဲ့ တရားရုံးမှတ်​တမ်း​ပျောက်​တယ်​ဆိုတာဖြစ်​နိုင်​ပါ့မလား။
ဥပမာ ခင်​ဗျား လ၀က ဆိုင်​ရာလိုအပ်​​နေလို့ ခက်​ခဲ​နေ
တယ်​ဆိုပါစို့။ခင်​ဗျား registers မလုပ်​ထားလို့
မှတ်​တမ်းမရှိရင်​ ရုတ်​တရက်​ရာဇ၀တ်​မှုတစ်​ခုကျူး
လွန်​လိုက်​ပါ။ချက်​ခြင်းပဲခင်​ဗျားမျိုးရိုးစဉ်​ဆက်​နဲ့
သန်း​ခေါင်းစရင်းပါ ထွက်​ကျလာလိမ့်မယ်​။
အနည်းဆုံး​တော့ ဦး​စောဘက်​က လက်​​ရေးတို
စာ​ရေးခန့်​ပြီးစစ်​​ဆေး​မေးမြန်းတာကိုလိုက်​​ရေးခိုင်း
မှာက​တော့​သေချာတယ်​။စာ​ရေးသူက ဦး​စောအမှု
မှတ်​တမ်းအားလုံးကို ​ဒေါက်​တာ​မောင်​​မောင်​ ယူသွား
တယ်​လို့ ယုံကြည်​စိတ်​ချရသူတစ်​ဦးက​ပြောပါတယ်
ဆိုပြီး အမည်​မ​ဖော်​ထားဘူး။တရားသူကြီးဦးမြသိန်း
ဆီမှာ ဦး​စောအမှုမှတ်​တမ်းမိတ္တူ​  ​တွေရှိ​တယ်​ကြား
ရ​ကြောင်း၊ဦး​စောအမှုနဲ့ပက်​သက်​တဲ့ရဲအစီရင်​ခံစာ
ဘယ်​​ရောက်​ကုန်​ပြီးလဲ?၊​ခေတ်​သစ်​မြန်​မာနိုင်​ငံရဲ့ 
အကြီးဆုံးရာဇ၀တ်​မှုကြီးဟာ မှတ်​တမ်းမဲ့၊အ​ထောက်​ထား
မဲ့ဖြစ်​​နေပြီးလားလို့ စာ​ရေးသူက​မေးခွန်းထုတ်​ထားတယ်​။

ဒီ​တော့ ကျ​နော်​တို့အစဉ်​အဆက်​သိလာတဲ့ဦး​စောတရားခံ
ဆိုတဲ့အသိဟာ ၀ိ​ရောဓိဖြစ်​လာရတယ်​။နိုင်​ငံ​ရေးဆို
တာ ဧကန်​သ​ဘောထက်​ အ​နေကန်​သ​ဘော ပိုကဲတယ်​။
မဖြစ်​နိုင်​ဘူးဆိုတာနိုင်​ငံ​ရေးမှာမရှိဘူး။ဦး​စောဟာ
ခေတ်​ပညာကို​ကျောင်းမှာ စနစ်​တကျသင်​ယူဖူးသူ
မဟုတ်​​ပေမယ့် ပြင်​ပ​လေ့လာမှုနဲ့အံ့သြစရာ​ကောင်း
လောက်​​အောင်​ ထူးချွန်​ခဲ့တဲ့ဝန်ကြီးပါ။အင်္ဂလိပ်​​တွေစိုး
မိုး​နေတဲ့ ကပ်​ဘိနပ်​ထဲကို သူတင်​ကိုယ်​တင်​၀င်​​ရောက်
ဝန်​ကြီးလုပ်​နိုင်​ဖို့ဆိုတာ သက်​ဆိုင်​ရာအရည်​အချင်းရှိ
ဖို့လိုတယ်​။မြန်​မာအမျိုးသားအစိုးရ​ခေတ်​လိုလက်​သင့်
ရာစား​တော်​​ခေါ်တဲ့စနစ်​ကိုလိုနီ​ခေတ်​မှာနည်းလွန်း
တယ်​။

ဒီ​တော့ လူသတ်​သမားကိုဦး​စောမငှါးရင်​ဘယ်​သူငှါးမလဲ။
ဦး​အောင်​ဆန်းတို့အဖွဲ့​သေ သွားရင်​ဘယ်​သူအကျိုးရှိ
မလဲ။၁၉၄၇ မြန်​မာနိုင်​ငံ​ရေးမှာ တိုင်းရင်းသား​တွေ
မြန်​မာစစ်​အစိုးရကိုမုန်းလို့သာ သခင်​​အောင်​ဆန်းကို
ဆဲ​နေကြတာပါ။တကယ်​​တော့ သူတို့ရဲ့ ဖက်​ဒရယ်
အာမခံချက်​နဲ့ confederal အခွင့်အ​ရေးကို မြန်​မာ့
သမိုင်းမှာ သခင်​​အောင်​ဆန်းတစ်​ဦးတည်းသာ
စာချုပ်​စာတန်း၊အ​ခြေခံဥပ​ဒေနဲ့တကွ အာမခံ​ပေးခဲ့သူ
ဖြစ်​​ကြောင်း သမိုင်းဟာ လယ်​ပြင်​မှာ​ဂေါ်ဇီလာသွားသလို
ရှင်း​နေပြီးသားဖြစ်​တယ်​။၄၇​ခြေဥ အခန်း၁၀
ခွဲထွက်​နိုင်​​သောအခွင့်အ​ရေး​ခေါင်းစီး​အောက်​မှာ
ပုဒ်​မ ၂၀၁၊၂၀၂၊၂၀၃(၁)၊၂၀၃(၂)နဲ့ ၂၀၄တို့ဟာ
သခင်​​အောင်​ဆန်းရဲ့ တိုင်းရင်းသား​တွေအ​ပေါ်
တည်​ကြည်​​ဖြောင့်မတ်​တဲ့ဆက်​ဆံ​ရေးကိုအတိုင်းသား
လှစ်​ဟပြ​နေတဲ့သက်​​သေပဲ။(ကြည့်-တို့ပြည်​​ထောင်စု
မြန်​မာနိုင်​ငံဖွဲ့စည်းအုပ်​ချုပ်​ပုံ-​ဒေါက်​တာ​မောင်​​မောင်​-
ဒေါက်​တာ​မောင်​​မောင်​ဟာ အဲဒီအချိန်​ကတစ်​မျိုး​ရေး
ပြီး သူ့ဆရာ​နေ၀င်း​လက်​​အောက်​​ရောက်​တဲ့အချိန်
စကားအချို့ပြင်​ဆင်​​ရေးသားခဲ့တာ​တွေရှိခဲ့​ကြောင်း၊
ဆရာဦးကိုနီက ဒီလှိုင်းဂျာနယ်​ အပတ်​စဉ်​ ဥ​ပ​ဒေ
ရေးရာ ကဏ္ဍမှာ ​ထောက်​ပြထားတာ​တွေရှိပါ​သေးတယ်​။)

အဲဒီလို တိုင်းရင်းသား​တွေရဲ့ အခွင့်အ​ရေးကိုအာမခံ​ပေး
လို့ အနားကပ်​ပြီး ကိုကြံစုပ်​​တွေက ....ဗိုလ်​ချုပ်​မများ
လွန်းဘူးလား...လို့ကပ်​​လှော်​​သေးတာပါ။
သခင်​​အောင်​ဆန်းက လည်းသိတဲ့အတိုင်းပဲ
၁၀နှစ်​ပြည့်​လိုမှ သူတို့ခွဲထွက်​ကြရင်​ကျုပ်​တို့ညံ့လို့
ပေါ့ဗျာ..တဲ့။၄၇​ခြေဥအရ တိုင်းရင်းသား​တွေ
၁၀နှစ်​ပြည့်တဲ့အထိ confederal power ကို
မသုံးဘဲ မြန်​မာလူများစုနဲ့​ပေါင်း​နေကြည့်ပါ။
အကယ်​၍ တန်းတူအခွင့်အ​ရေးမရခဲ့ရင်​၊ညှိနှိုင်းတာ
၁၀နှစ်​ပြည့်တဲ့အထိအဆင်​မ​ပြေခဲ့ရင်​ ခွဲထွက်​နိုင်​တယ်
ဆိုတဲ့ဥ​ပ​ဒေကိုပြဋ္ဌာန်းထားတာပါ။အဲလိုဥပ​ဒေကို​တောင်
ကိုလိုနီ​ခေတ်​မြန်​မာ​ခေါင်း​ဆောင်​အားလုံး သခင်​​အောင်
ဆန်းကလွဲပြီး ဘယ်​သူမှသ​ဘောမကျဘူး။အဲဒီချိန်​က
သခင်​​အောင်​ဆန်းပါဝါက လည်း ​ကြောက်​စရာ
ကောင်း​လောက်​​အောင်​စိုးမိုး​နေချိန်​၊အသက်​သာ
ငယ်​တယ်​ လူထုကြားမှာ ​အောင်​ဆန်းမှ​အောင်​ဆန်း
ဖြစ်​​နေတာ၊လူငယ်​​ပေမယ့်သြဇာရှိတဲ့ လူတစ်​​ယောက်
ဖြစ်​​နေတာ​တွေ၊အင်္ဂလိပ်​​တွေကိုယ်​တိုင်​​လေးစားသူ
ဖြစ်​​နေတာ​တွေ​​ကြောင့် မလွန်​ဆန်​ရဲလို့သာ ​အတိုက်
အခံမလုပ်​ခဲ့တာပါ။တကယ်​က ​ဒေါက်​တာ​မောင်​​မောင်
ကြီးရဲ့ မြန်​မာနိုင်​ငံ​ရေး ဓ​လေ့မှာသုံးသပ်​ထားသလို
လွတ်​လပ်​​ရေး​ခေါင်း​ဆောင်​အားလုံးဟာ လွတ်​လပ်
ရေးထက်​ မြန်​မာလူမျိုးလက်​ထဲအားဏာ​ရ​ရေးကြိုး
ပမ်း​နေးခြင်းဟာ အ​ထောက်​ထားခိုင်​လုံတာ​ကြောင့်
ဦး​အောင်​ဆန်းရဲ့ ကွန်​ဖက်​ဒရယ်​(ခွဲထွက်​ခွင့်)အယူ
အဆကို သ​ဘော​တွေ့မှာမဟုတ်​ဘူးဆိုတာလည်း
လုံးဝ​သေချာတယ်​။

ဗကပနဲ့ ဖဆပလ ဆိုရှယ်​လစ်​​တွေက ဦး​အောင်​ဆန်း
ကိုလုပ်​ကြံတဲ့ကြိုးကိုင်​တရားခံဟာ အင်္ဂလိပ်​အရာ
ရှိတစ်​စုဖြစ်​တယ်​လို့စွပ်​စွဲထားတယ်​။ဒါကို Shelby
Tucker က အင်္ဂလိပ်​က ဦး​အောင်​ဆန်းကိုမလိုချင်
ရင်​ ၁၉၄၂ မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ သဲဖြူကုန်း
ကျေးရွားသူကြီးသတ်​မှုနဲ့ အ​ရေးယူတာကြာပြီလို့
ဆိုတယ်​။ဒါ​ပေမဲ့သံသယစရင်းမှာအ​ထောက်​ထားမပြ
နိုင်​ရင်​အင်္ဂလိပ်​အစိုးရကိုလည်း ထည့်သွင်းထားရမှာ
ဖြစ်​ပါတယ်​။အင်္ဂလိပ်​စစ်​ဗိုလ်​​ဟောင်းဆီက ဦး​စော
သေနတ်​၀ယ်​တာဘရင်းဘန်း​သေနတ်​ဖြစ်​ပြီး
လူသတ်​ရာမှာသုံးတာကစတင်းဂန်း၊​တော်​မီဂန်း ဖြစ်
တယ်​လို့ shelby က​ထောက်​တယ်​။

ကိုလိုနီ​ခေတ်​မြန်​မာနိုင်​ငံ​ခေါင်း​ဆောင်​​တွေထဲမှာ
သြဇာအရှိဆုံးသခင်​​အောင်​ဆန်းဟာ အသက်​ငယ်​ဆုံး
ဖြစ်​​နေပြီး သူ့ကိုမလိုလားတဲ့နိုင်​ငံ​ရေး​ခေါင်း​ဆောင်​​တွေ
ရှိ​နေ​ကြောင်းသခင်​​အောင်​ဆန်းကိုယ်​တိုင်​ မကွယ်​လွန်
ခင်​ ၂ရက်​အလို ဘုရင်​ခံ ဆာဟူးဘတ်​ရန်​စ့်နဲ့ဆုံပြီး
ဒီအ​ကြောင်း​ပြောပြရင်းမျက်​ရည်​ကျခဲ့တာ ​က သက်
သေ​ပေး​နေပါတယ်​။

လူသတ်​သမားဟာ ဗိုလ်​​နေ၀င်းဦးစီးတဲ့တပ်​ရင်း၎မှာ
အမှုထမ်းခဲ့ဖူးတဲ့အချက်​ကို စာ​ရေးသူက​ထောက်​တယ်​။
တကယ်​​တော့ ဗိုလ်​​နေ၀င်းဟာ စီ​နေယာမဟုတ်​ဘူး။
ဗိုလ်​လကျာ်​စစ်​ဦးစီးချုပ်​ဖြစ်​​တော့ ဗိုလ်​​နေ၀င်းဟာ
ဒုဗိုလ်​မှူးအဆင့်ပဲရှိ​သေးတယ်​။သူ့အထက်​မှာ ​စောကြာ
ဒိုး၊ထွန်းလှ​အောင်​၊စမစ်​ဒွန်းတို့ရှိ​နေပါ​သေးတယ်​။
လွတ်​လပ်​​ရေးရတာနဲ့ ကရင်​အမျိုးသားစမစ်​ဒွန်း
ကို စစ်​ဦးစီးချုပ်​ခန့်​ဖို့ ဦး​အောင်​ဆန်းစီစဉ်​တာကို
ဗိုလ်​​နေ၀င်းသိမှာပါပဲ။ဗိုလ်​​နေ၀င်းလို ကိုယ်​ကျင့်တရား
နိမ့်ပါးပြီး စဉ်းလဲ​ကောက်​ကျစ်​သူဟာ သခင်​​အောင်​ဆန်း
ရှိ​နေသ၍ ရာထူးတက်​ဖို့ဆိုတာစိတ်​ကူးယဉ်​လို့​တောင်
မရဘူး။ဗိုလ်​​နေ၀င်း အရက်​​သောက်​၊​လောင်းကစား
လုပ်​တာ၊မိန်းမလိုက်​စားတာအားလုံးဟာ လွတ်​လပ်​ရေး
မရခင်​ကတည်းကအားလုံးသိပြီးသားပါ။
(မှတ်​ချက်​။ဘုရား ဒကာ ဦးနု ပြည့်တန်​ဆာ အိမ်​ရဲ့ 
ပြည့်တန်​ဆာ ခန်းထဲ ပြည့်တန်​ဆာမနဲ့အိပ်​ခါနီးဆဲဆဲ
သခင်​​အောင်​ဆန်း ဒိုးဒိုး​ဒေါက်​​ဒေါက်​နဲ့ဝင်​လာပြီး
ဆွဲ​ခေါ်ကာ နိုင်​ငံ​ရေးလမ်း​ပေါ်တင်​​ပေးခဲ့တာဖြစ်​ပါတယ်​။
ကြည့်-တာ​တေစ​နေသား-ဦးနု)
သခင်​​အောင်​ဆန်းကွယ်​လွန်​ပြီး၃လအကြာမှာပဲ
နေ၀င်းဟာ ရာထူးတက်​ပြီး ဗိုလ်​မှူးကြီးရသွားပါ
တယ်​။

သခင်​​အောင်​ဆန်းဆိုတာ မတရားမှုကိုပြတ်​ပြတ်​သားသား
ဖြေရှင်းတဲ့နိုင်​ငံ့​ခေါင်း​ဆောင်​ပါ။ဥပမာ အဂတိလိုက်​စား
မှုနဲ့ဝန်​ကြီးအဖွဲ့က ထုတ်​ပစ်​ခဲ့တဲ့ ဦးဘ​ဘေကိစ္စ။
ဦးဘ​ဘေလို့ ၀ါရင့်သမ္ဘာရင့် ပုဂ္ဂိုလ်​မျိုးကို​တောင်
ထောက်​ထားငဲ့ညှာမ​နေဘဲ ထုတ်​ပစ်​ခဲ့တဲ့ ဦး​အောင်​ဆန်း
ရဲ့ power ကိုထည့်မတွက်​လို့မရဘူး။ဒါကို​ကျော်​ငြိမ်း
မြင်​မှာပဲ။ဦး​ဘ​ဘေပြီးရင်​ဒုတိယ​မြောက်​အထုတ်​ခံ
ရမယ့်သူဟာ ​ကျော်​ငြိမ်းပဲ။ဒီလူ​တွေဦး​စောကို
ဓားစာခံလုပ်​လုပ်​လိုက်​တာလား?စဉ်းစားဖို့ပါ။

ဗိုလ်​​နေ၀င်းနဲ့ဗိုလ်​​အောင်​ကြီးက မြလှိုင်​နဲ့ ရန်​ကုန်​ဘ​ဆွေ
ကို​လေ့ကျင့်​ပေးပြီးပြည်​သူ့ရဲ​ဘော်​ယူနီ​ဖောင်းဝတ်​ခိုင်း
ကာ ဦး​စောကို လုပ်​ကြံသတ်​ဖြတ်​ခိုင်းတာကို ဦး​စော
က လက်​တုံ့ပြန်​ပြီးဦး​အောင်​ဆန်းကို ရန်​ရှာလာ​အောင်
တမင်​ ကြားဝင်​မီးရှို့ ​ပေးတာဖြစ်​တယ်​လို့ ဦးမြလှိုင်
ကိုယ်​တိုင်​မကွယ်​လွန်​မီ Shelby Tucker ကို​ပြော
သွား​ကြောင်းဆိုထားပါ​သေးတယ်​။မြန်​မာ့သမိုင်း
မှာ ယ​နေ့အထိ Who Killed Aung San?ဆိုတဲ့
မေးခွန်းကို အ​ဖြေမ​ပေးနိုင်​ကြ​သေးဘူး။ဦး​စောလို့
တစ်​ပြည်​လုံးသိထားခဲ့​ပေမယ့် ရရှိထားတဲ့အ​ထောက်
ထား​တွေအရ ဦး​စောဖြစ်​နိုင်​​ချေ အလွန်​နည်း​နေတယ်​။

တကယ်​​တော့ မြန်​မာ့သမိုင်းမှာ နိုင်​ငံ့​ခေါင်း​ဆောင်
အားလုံးနီးပါးသတ်​ဖြတ်​ခံကြရတာမို့ သခင်​​အောင်​ဆန်း
ကိစ္စဟာ အထူးအဆန်း​တော့မဟုတ်​ပါဘူး။သို့​သော်
မြန်​မာသမိုင်းမှာ ရှားရှားပါးပါးတစ်​​ယောက်​တည်း​သော
ခေါင်း​ဆောင်​အစစ်​(လူထုကိုမျက်​နှာမူတဲ့စစ်​မှန်​​သော
ခေါင်း​ဆောင်​)ဆိုတာ အ​ထောက်​ထား​တွေအရ
သခင်​​အောင်​ဆန်းတစ်​​ယောက်​တည်းပဲရှိတယ်​။
အ​နော်​ရထာရဲ့ နိုင်​ငံ​တော်​မှာ ၂၂ဆက်​ရှိရာ ၁၇ဆက်
အာဏာသိမ်းပြီး၁၆ဆက်​က အတုံးတုံးအတစ်​တစ်
လုပ်​ခံရပြီးရက်​ရက်​စက်​စက်​အသတ်​ခံသွားကြရတာ
ပါ။မြင်​စိုင်း၊ပင်းယ၊စစ်​ကိုင်းမြို့ပြနိုင်​ငံ​တွေမှာ စုစု​ပေါင်း
၁၃ဆက်​မှာ ၈ဆက်​ အာဏာသိမ်းခံရပြီး ၆​ယောက်
အ​သေသတ်​ခံရကာ ၂​ယောက်​က စစ်​တပ်​နဲ့ခြိမ်း​ခြောက်
လို့အာဏာလွှဲ​ပေးလိုက်​ရတယ်​။ဒုတိယမြန်​မာနိုင်​ငံ​တော်
ပြာမကျခင်​အထိ မင်း၃ဆက်​ရှိရာမှာ၂ဆက်​ အာဏာ
သိမ်းခံရပြီးအ​သေသတ်​ခံရတယ်​။ညောင်​ရမ်းဆက်
၁၃ဆက်​ရှိရာမှာ ၅ဆက်​ အာဏာသိမ်းခံရပြီး အ​သေ
သတ်​ခံခဲ့ရတယ်​။ကုန်း​ဘောင်​၁၁ဆက်​ရှိရာမှာ၅ဆက်
အာဏသိမ်းခံရပြီး ၄ဆက်​ အ​သေသတ်​ခံရတယ်​။
ဒါမြန်​မာ့သမိုင်းအစဉ်​အလာဖြစ်​တာ​ကြောင့်မထူးဆန်း
ပေမယ့် သမိုင်းတာဝန်​​ကျေခဲ့ပါတယ်​။ဘာလို့ဆို​တော့
မြန်​မာ့သမိုင်းမှာ အကြီးဆုံးဆိုတဲ့ပ​ဒေသရာဇ်​ကြီးဆိုသူ
တွေထဲက ဘယ်​သူမှပြစရာသချင်္ိုင်း​တောင်​မကျန်​ရစ်
ခဲ့​ပေမယ့်သခင်​​အောင်​ဆန်းကို​တော့သမိုင်းက
မြန်​မာပြည်​တည်​​နေသ၍ အာဇာနည်​၊နိုင်​ငံ့​ခေါင်း​ဆောင်
အဖြစ်​​ရွှေတိဂုံ​ခြေရင်းမှာထိုက်​တန်​စွာ​နေရာ​ပေးခဲ့ပါ
တယ်​။လောကကြီးက ဦးထုတ်​ကိုဦးထုတ်​​နေရာ၊
ဖိနပ်​ကိုဖိနပ်​​နေရာ ​ပေးကိုး​ပေးပါတယ်​။

လက်​နက်​အားကိုးပြီးပြည်​သူကိုမဖိနှိပ်​သင့်​ကြောင်း၊
တိုင်းပြည်​ကိုစစ်​တပ်​ကအလုပ်​အ​ကျွေးပြု ရမှာဖြစ်​ပြီး
တိုင်းပြည်​က စစ်​တပ်​ကိုအလုပ်​အ​ကျွေးပြု ရမှာဖြစ်
ကြောင်း သခင်​​အောင်​ဆန်း​ပြောခဲ့ဖူးတဲ့စကားဟာ
မြန်​မာ​တွေစစ်​ကျွန်​ဘ၀မ​ရောက်​ခင်​ ၁၂နှစ်​အရင်​က
ဖြစ်​ပါတယ်​။

၁၉၄၅ မှာ ဂျပန်​လက်​​အောက်​ခံမြန်​မာစစ်​တပ်​ကို
ပြန်​လည်​ဖွဲ့စည်းတဲ့အခါ နိုင်​ငံ​ရေးလုပ်​ပြီးလွတ်​လပ်
ရေးရ​အောင်​ ကြိုးပမ်းချင်​တဲ့ဗိုလ်​ချုပ်​​အောင်​ဆန်း
ဟာ စစ်ေ​သနာပတိရာထူးက​နေ ထွက်​လိုက်​ပါတယ်​။
နိုင်​ငံ​ရေးနဲ့စစ်​​ရေးကို အဲဒီမှာသခင်​​အောင်​ဆန်းကိုယ်
တိုင်​ ခွဲခြားပြလိုက်​တာပဲ။အကယ်​၍ အဲဒီအချိန်​က
မက်​​မောတွယ်​တာစရာ​ကောင်းတဲ့ စစ်​​သေနာပတိ
ရာထူးကြီးနဲ့နိုင်​ငံ​ရေးနယ်​ထဲသခင်​​အောင်​ဆန်းဝင်
ခဲ့ရင်​လည်း ဘယ်​သူ့မှကန့်​ကွက်​လို့မရ​လောက်​​အောင်
သူ့လွှမ်းမိုးနိုင်​စွမ်းဟာ ၄၅မြန်​မာမှာ ကြီးထွား​နေခဲ့တာ
ပါ။စစ်​​ရေးနဲ့နိုင်​ငံ​ရေး ခွဲတဲ့စနစ်​ကိုမြန်​မာ​မှာ
သခင်​​အောင်​ဆန်းကိုယ်​တိုင်​လုပ်​ပြခဲ့တာဖြစ်​​ကြောင်း
အ​ထောက်​ထားခိုင်​လုံသွားပါတယ်​။ဒါဟာ တစ်​နည်း
အားဖြင့်နိုင်​ငံ​ရေးကင်းရှင်းတဲ့စစ်​တပ်​ကိုတည်​​ထောင်
ခဲ့တာပဲ။

ဆက်​ပါဦးမည်​။

သခင်​​အောင်​ဆန်းနှင့်ဆာ ဟူးဘတ်​ ရန်​စ်​ ပုံ

https://www.facebook.com/100027785653688/posts/244984336437753/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွတ်​လပ်​​ရေးကျိန်​စာ...၂”

Post a Comment

Related Posts Plugin for WordPress, Blogger...