Sunday, March 4, 2018

ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲရေးကိုတပ်မတော်က လက်ခံမည်မဟုတ်ဟုဆို

,
By The Standard Time Daily - March 4, 2018

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲ
မှရမည်ဆိုသည့် လမ်းကြောင်းကို ဦးတည်လာမှုများရှိနေပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်
ရေးဆွဲရေးကို လက်ခံမည်မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)က ပြောကြားလိုက်သည်။

မတ် ၃ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ကစ်ဟိုတယ် ၌ ပြုလုပ်သည့် ”အရပ်ဘက်၊ စစ်ဘက်
ဆက်ဆံရေး အကောင်းဆုံး ဘယ်လိုတည် ဆောက်ကြမလဲ” DVB Debate
အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း
ပြောကြားခြင်းဖြစ်သည်။

-Ads-

”ကျွန်တော်တို့ ယုံကြည်ထားတာက ပြင်ဆင်ရေးပဲလက်ခံတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့
အစည်းတွေကလည်း လက်ခံတယ်။ တပ်မတော်ကလည်း လက်ခံတယ်။ အစိုးရကလည်းလက်ခံတယ်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကိုတော့ ကျွန်တော်တို့လက်မခံဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) က
ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး ”အဲဒီဟာ အတိုင်း ဆက်သွားမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးပဲပြောပြော၊ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပဲပြောပြော၊ ငြိမ်းချမ်းရေးပဲပြောပြော ဒါတွေကတော့ ရှေ့ဆက်သွားလို့ရမှာမဟုတ်ဘူး”ဟု ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)တွင် မူအရ လက်ခံထားသလို
ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကျင့်သုံးမည်ဟုပါရှိထားခြင်းကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်ဘက်ကလိုက်လျောပေးထားသည့် အချက်ပင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲခြင်းကို ဦးတည်ခြင်းကနှစ်နှစ်ခန့်အချိန်ယူရေးဆွဲ
ခဲ့ကြသည့် NCAစာချုပ်က အလကားဖြစ် သွားစေမည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ရာတွင် တပ်မတော်ကို ဒီမိုကရေစီအင်အားစုနှင့် ပြည်သူလူထု ဘက်မှနေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ပေးရန် မေတ္တာရပ်ခံလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုသည်။

”အဲဒါပြင်ပေးလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ ပြဿနာ ၇၀ ရာခိုင်နှုန်း ပြေလည်သွား လိမ့်မယ်”ဟု ၎င်းက ပြောဆိုသည်။
တပ်မတော်အနေဖြင့် ဒီမိုကရေစီ စနစ်ကိုသွားရန် လက်ခံပါက ဒီမိုကရေစီ မဆန် သည့် အချက်အလက်နှင့် ဖွဲ့စည်းပုံများ ပြောင်းလဲရေးကိစ္စတွင် လိုက်လျောသည့် သဘောထားများရှိရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားပြီး တပ်မတော်အနေ ဖြင့် လုပ်ဆောင်ချင်တိုင်း လုပ်ဆောင်၍မရဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကပေးထားသည့်
လုပ်ပိုင်ခွင့်များအတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)က ပြန်လည် ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက လက်ရှိအချိန်တွင် အခြေခံဥပဒေအရ တပ်မတော်က အရေး ကြီးသည့်
အခန်းကဏ္ဍတွင်ရှိနေသည့်အတွက် တပ်မတော်သဘောမတူဘဲ ပုဒ်မ-၄၃၆ ပြင်ရေးမဖြစ်နိုင်သည့်အတွက်အမျိုးသား
ပြန်လည်သင့်မြတ်ရေး အခြေခံဖြင့် ညှိနှိုင်း ဆွေးနွေးပြင်ဆင်ရမည်ဟု ပြောဆိုသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စ
ုတည်ဆောက်ရေးလက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် မရရှိနိုင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး လူထုလှုပ်ရှားမှုများကို တက်ကြွလှုပ်ရှားသူအချို့ကလက်ရှိအချိန်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလင်းဒီ
via-Aung Khant Thaw./ ShweYeeWinLe

https://m.facebook.com/story.php?story_fbid=137813833707497&id=100024366429357

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲရေးကိုတပ်မတော်က လက်ခံမည်မဟုတ်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...