Friday, May 10, 2019

မြန်​မာ့ဒုတိယအင်​ပါယာ. . . ၃

,
ရှေ့ မှာတင်​ပြခဲ့တဲ့အတိုင်း​အေဒီ၁၅၄၀ မုတ္တမခံစစ်​တိုက်​သူ
တွေဘက်​က လက်​နက်​ လူသူ ရိက္ခာပြည့်စုံ​အောင်​စုစည်း
ထားပြီဖြစ်​တယ်​။ခိုင်​ခံ့လုံခြုံပြီး​မြေပြင်​အ​နေထားတစ်
ဖက်​သတ်​အသာစီးရ​နေတဲ့ခံတပ်​မြို့ရိုးရှိတယ်​။သံလွင်
တစ်​ဖက်​ကမ်းမှာအင်​အားလုံ​လောက်​တဲ့အရန်​တပ်​လည်း
အသင့်ရှိ​နေတယ်​။သီးခြားစီရှိ​နေတဲ့စစ်​​နေရာနှစ်​ခုကို
အပြန်​အလှန်​ချိတ်​ဆက်​ပြီးထိ​ရောက်​စွာပစ်​ကူ​ပေးနိုင်​မယ့်
ခေတ်​မီစစ်​သ​ဘောင်္အုပ်​စုကိုမြစ်​လယ်​မှာ​နေရာချထား
တယ်​။ဘာကို​ဖော်​ပြ​နေသလဲဆို​တော့ကိုယ့်ထက်​အင်​အား
ကြီးတဲ့ရန်​သူ့ထိုးစစ်​၀င်​လာခဲ့ရင်​ ​ခြေကျွံပြီးတက်​မရ
ဆုတ်​မရ နုတ်​မရဖြစ်​မှ တန်​ပြန်​ထိုးစစ်​နဲ့​ချေမုန်းဖို့
သတ်​ကွင်းတစ်​ခု ဗျူဟာ​မြောက်​ခင်းကျင်းထားတာပါပဲ။

မဟာရာဇ၀င်​ကြီး​တွေက​ဖော်​ပြထားတဲ့အတိုင်းဆိုရင်
၁၅၄၀ ​ယောက်​ဖ​တော်​ဘုရင့်​နောင်​နဲ့မွန်​အမတ်​သမိန်
ဖရူးတို့ကို ဘယ်​ညာလက်​ရုံးပြု​တော်​မူပြီးတပင်​​ရွေထီး
ကိုယ်​တိုင်​ဦးစီးချီတက်​လာတဲ့သူ့တပ်​မ​တော်​ကြီး(တိုက်
ဆင်​၁၃၀၊မြင်း၂၁၀၀၊သစ်​သည်​၁၃၀၀၀၀)အဲဒီမုတ္တမ
သတ်​ကွင်းကြီးထဲကို​ခြေကျွံဝင်​မိလျက်​သားဖြစ်​​နေပြီ
လို့ယူဆရမယ်​။ဘာ​ကြောင့်လည်းဆို​တော့ မှန်​နန်းရာဇ၀င်
တော်​ကြီးမှာ(အ​နောက်​ဘက်​ကလည်း​တောင်​ထိပ်​တွင်
မြို့တည်​​လေ​သော​ကြောင့်အ​မြောက်​​သေနတ်​လွတ်​​အောင်
အ​ဝေးကသာ ရံ​တော်​မူရ​ချေသည်​။ရံ​တော်​မူ၍တစ်​လခန့်
ရှိလျှင်​ တိုက်​​လှေမပါ​သော​ကြောင့်ဟံသာဝတီ၌ရှိ​သော
တိုက်​​လှေကြီး၃၀၀​ကျော်​ကိုသွား၍ယူရသည်​)လို့​ဖော်
ပြပါရှိ​နေတာ​ကြောင့်ပဲ။ဒီအတိုင်းဆိုရင်​တပင်​​ရွှေထီးနဲ့
သူ့ဗိုလ်​ချုပ်​​တွေ ကြိုတင်​​မျှော်​လင့်မထားတဲ့အ​ခြေ​နေ
မျိုးနဲ့မုတ္တမမှာရင်​ဆိုင်​​နေရပြီလို့အသိ​ပေးလိုက်​တာပဲ။
တပင်​​ရွှေထီးရဲ့ စစ်​သမိုင်းမှာ ပထမဆုံးအကြိမ်​နှာ​ခေါင်း
ကျည်​​ပွေ့​ ​တွေ့တဲ့ပွဲပဲ။ဒါ​ပေမဲ့စစ်​ဖက်​ပြိုင်​ရတာကို
သာယာတဲ့တပင်​​ရွှေထီးလိုစစ်​ဘုရင်​အတွက်​ခဲရာခဲဆစ်
ကြံစည်​ကြိုးပမ်းတိုက်​ခိုက်​ရတာကိုပဲ Gameတစ်​ခုလို
မွေ့​လျော်​​နေမှာပါ။ရာဇ၀င်​ကြီးအားလုံးမှာ​ဖော်​ပြထားတာ
တပင်​​ရွှေထီးရဲ့ ​လှေတပ်​၀န်​ချုပ်​(Admiral) သမိန်​ဖရူး
ရဲ့ စီမံချက်​အရ မြစ်​ညာက လကွန်းဗျည်း ဘက်​မှာ
အ၀ အလံ၅၀(​ပေ၃၀၀​ကျော်​)စီကျယ်​ပြီး အလျားအလံ
၁၀၀(​ပေ၆၀၀​ကျော်​)ရှည်​တဲ့​ဖောင်​ကြီးကတစ်​စီး၊အလျား
အလံ၃၀၀(​ပေ၂၀၀၀နီးပါး)ရှည်​တဲ့​ဖောင်​ကြီးကတစ်​စီး၊
၂စီးကိုသစ်​၀ါး​တွေနဲ့ခိုင်​ခံ့​အောင်​တည်​​ဆောက်​ပါသတဲ့။
အလျားတိုတဲ့​ဖောင်​​ပေါ်မှာမီးရှူးဝါးနဲ့ထင်း​တွေ အ​တောင်
၂၀​ကျော်​(၃ထပ်​တိုက်​​ခေါင်​မိုးထိပ်​​လောက်​အမြင့်)​ရောက်
အောင်​စုပုံ တင်​တယ်​။ပိုရှည်​တဲ့​ဖောင်​ကြီး​ပေါ်မှာမုတ္တမ
မြို့ရိုးထက်​မြင့်​အောင်​ပြလက်​ရန်း နဲ့တကွ သစ်​တပ်
တည်​ပြီးအ​မြောက်​​သေနတ်​အပြည့်စီစဉ်​ထားတယ်​လို့
ဆိုတယ်​။

ကြံစည်​စိတ်​ကူးပုံက​ခေတ်​မီလှပါတယ်​။လက်​​တွေ့တည်
ဆောက်​ရမယ့်ရုပ်​၀တ္ထုပစ္စည်းအတွက်​ ကျရာတာဝန်
ယူ၊သစ်​၀ါး ကြိမ်​နွယ်​ လိုအပ်​သလို​တောမှာခုတ်​၊လူအင်
အားများစွာသယ်​ပြီးမီးရှူးထင်းပုံကြီး​တွေရယ်​၊ပစ်​စင်​၊
ရင်​တား၊သူရဲ​ပြေးနဲ့တကွကြံ့ခိုင်​လှတဲ့သစ်​တပ်​ကြီးရယ်
အဲဒီထင်းပုံ​တွေနဲ့အဲဒီခံတပ်​ကြီးကိုပါသယ်​​ဆောင်​​ရွှေ့ လျား
မယ့်​ဖောင်​ကြီးရယ်​ဖြစ်​လာ​အောင်​ဖန်​တီးတည်​​ဆောက်​ဖို့
လုပ်​အား​တော့အ​တော်​လိုမယ်​။ဘယ်​နှရက်​အတွင်းပြီး
မလဲ။ဒါ့အပြင်​ ဒီသတင်းအပြင်​ကိုမ​ပေါက်​ကြား​အောင်
ဘယ်​လိုစီမံထားလဲ။ဒီ​လောက်​ကြီးတဲ့လုပ်​ငန်းကို ဒီ​လောက်
များပြားတဲ့အင်​အားနဲ့တိတ်​တဆိတ်​လုပ်​ဖို့ဆိုတာမဖြစ်​နိုင်
ဘူး။ဒီ​တော့မြစ်​​ကြောင်းအတိုင်း မုတ္တ​မ​မြောက်​ဘက်
ဒုသမိ-သံလွင်​ မြစ်​ဆုံကို​ကျော်​သွားတဲ့အထိ မြို့ရိုးတစ်
လျှောက်​လုံးအင်​အားများပြားတဲ့တပ်​​တွေ အစီအရီတပ်​စွဲ
ထားပြီးကင်းစခန်း​တွေလည်းခပ်​စိပ်​စိပ်​ထုတ်​ထားရပါ
မယ်​။မြစ်​​ရေပြင်​ကိုမျက်​​ခြေမပျက်​​စေဖို့လှည့်ကင်း​တွေ
အမြဲရှိ​နေရပါမယ်​။အဲဒီနည်းနဲ့ ဒုသမိမြစ်​၀ကို လုံခြုံစွာ
ပိတ်​ထားပြီးဖြစ်​​နေဖို့လိုတယ်​။ယ​နေ့​ခေတ်​ မွန်​ပြည်​နယ်​နဲ့
ကရင်​ပြည်​နယ်​အစပ်​မှာ ၁၆ရာစုတုန်းက သဘာဝသစ်
တော်​ကြီး​တွေနဲ့​ဒေသခံတိုင်းရင်းသားတို့ရဲ့ လူ​နေ၀န်းကျင်
များများစားစားမရှိနိုင်​ဘူးဆိုတာ​တော့​တွေးမိတန်​​ကောင်း
ပါရဲ့ ။ဒါမှသာ ဒုံသမိမြစ်​၀နဲ့မလှမ်းမကမ်းအတွင်းပိုင်းက
ပြေပြစ်​ကျယ်​၀န်းတဲ့ကမ်း​စပ်​တစ်​​နေရာသို့မဟုတ်​နှစ်​​နေ
ရာမှာ ခွဲပြီးဒီ​လောက်​ကြီးတဲ့စစ်​​ဖောင်​ကြီး​တွေကိုစိတ်​ချ
လက်​ချတည်​​ဆောက်​လို့ရနိုင်​မှာ​ပေါ့။မဟုတ်​ရင်​ဘယ်
လွယ်​မလဲ။

အေဒီ၁၄၅၃ခုနှစ်​မတ်​လ မှာ ​အော်​တိုမန်​အင်​ပါယာ
ဟာ အင်​ပါယာဧကရာဇ်​ကြီး စွလ်​တန်​မိုဟာမက်​ဖွာ​သေးဟ်
ကိုယ်​တိုင်​ဦး​ဆောင်​ပြီး နှစ်​​ပေါင်း၁၁၀၀​ကျော်​အရှည်​ကြာ
တည်​တံ့ခဲ့တဲ့ ဘိုင်​ဇန်​တိုင်း​ခေါ် အ​ရှေ့ ​ရောမအင်​ပါယာကို
ဝိုင်းဝန်းပိတ်​ဆို့(Siege)လုပ်​ပြီး မြို့ရိုးကိုတက်​ဖို့ကြိုးစား
တာ ​ဘော်​စဖိုးရပ်​စ်​​ရေလက်​ကြားက ခွဲထွက်​လာတဲ့
မြစ်​လက်​တက်​ငယ်​ ဂိုးဒင်းဟွန်းမှာ ​ရှေ့ တိုးနိုင်​မှုကစတင်
ကန့်​သတ်​ခံလိုက်​ရတယ်​။မြို့ရိုး​ပေါ်မှာ ဘိုင်​ဇန်​တိုင်းသား
တွေကလည်း အသင့်​နေရာယူထားပြီဖြစ်​သလို ဥ​ရောပ
ကလာတဲ့စစ်​ကူ​တွေကလည်း အ​နောက်​ဘက်​မှာဝင်​​ရောက်
နေတယ်​။ဂိုဒင်းဟွန်း က​နေ မြို့ရိုးအထိ ၁၀မိုင်​​ဝေးတယ်​။
အဲ​တော့ဘယ်​လိုမှလုပ်​လို့မရတဲ့အခါ အင်​ပါယာဧကရာဇ်
ကြီး မိုဟာမက်​ဖွာ​သေးဟ်​ ထူးထူးဆန်းဆန်းအလုပ်​ကြီး
တစ်​ခုကိုလုပ်​ဖို့ဆုံးဖြတ်​လိုက်​​တော့တာပါပဲ။ဘာအလုပ်
လဲ​မေးရင်​ ​ရေပြင်​ကဖြတ်​လို့မရ​တော့တဲ့သူ့​ရေတပ်​ကို
၁၀မိုင်​ကုန်း​မြေ​ပေါ်က​နေ ရွက်​လွှင့်မယ်​ဆိုတာပါပဲ။
ဘယ်​လိုမှမဖြစ်​နိုင်​တဲ့အလုပ်​နဲ့အကြံအစည်​ပဲ။သို့
သော်​ အဲဒီအလုပ်​ကိုတစ်​ညတည်းနဲ့​ပေါက်​​မြောက်​​အောင်
လုပ်​ပြသွားတယ်​။(အင်္ဂလန်​နှစ်​၁၀၀စစ်​ပွဲသမိုင်းမှာ​ခေတ်
ပြိုင်​သမိုင်းအ​နေနဲ့ကျ​နော်​​ရေးခဲ့ပြီပြီဖြစ်​လို့ အ​သေးစိပ်
မ​ရေး​တော့ပါ)ညလုံး​ပေါက်​ ​ရေတပ်​ကိုတစ်​၀က်​ခွဲပြီး
လူအင်​အားနဲ့​ရေယာဉ်အစီး၇၀ကို မ သယ်​ကာ ကုန်း
ပေါ်တင်​တယ်​။အဲဒီကတစ်​ဖန်​ ​တောင်​တက်​​တောင်​ဆင်း
တင်းကြမ်းပြည့်​နေတဲ့ ၁၀မိုင်​ရှည်​ကုန်း​မြေ​ပေါ်ကို
ချီတက်​တာ တစ်​ညလုံးပဲ။မြို့ရိုး​ပေါ်ကလှမ်းကြည့်​နေတဲ့
ဘိုင်​ဇန်​တိုင်းသား​တွေရဲ့ မြင်​ကွင်းမှာ မီးတုတ်​အလင်း
ရောင်​ကလွဲပြီး ဘာလုပ်​လို့လုပ်​​နေတယ်​ဆိုတာ​ဝေခွဲမရ
ခဲ့ဘူး။ဒါ​ပေမဲ့နံနက်​ခင်းမိုး​သောက်​တဲ့ မြို့ရိုးကမ်းစပ်​​ရေ
ပြင်​​ပေါ်မှာ ​အော်​တိုမန်​အင်​ပါယာရဲ့ ​ရေတပ်​ကြီး
ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​​နေတာကိုမြင်​​တော့မှ
ညကမြင်​ခဲ့ရတဲ့ မီးတုတ်​အလင်း​ရောင်​ရဲ့ အဓိပ္ပါယ်​ကို
သိကြ​ပါ​တော့တယ်​။ဘာမှလုပ်​မရ​တော့ဘူး။ကွန်​စတန်
တီနိုပလ်​မြို့သိမ်းတိုက်​ပွဲမှာ ယ​နေ့အထိ​ပြောစမှတ်​တွင်
ရ​လောက်​​အောင်​ ကြီးကျယ်​ထင်​ရှားခဲ့တဲ့စစ်​ပွဲတစ်​ပွဲဖြစ်
ပါတယ်​။ကမ္ဘာ့ စစ်​​ရေးပါရဂူ​တွေနှုတ်​က အာ​မေဋိတ်​သံ
မထွက်​ဘဲမ​နေနိုင်​​အောင်​ဖြစ်​ခဲ့ရတယ်​။ဒီအ​ကြောင်းကို
အ​သေးစိပ်ကွင်းဆင်းပြီး​ရေးသားခဲ့တဲ့ သမိုင်းပညာရှင်
တို့ရဲ့ ဖခင်​ကြီးလို့​ပြောရမယ့် ဆာအပ်​၀ပ်​ဂစ်​ဘွန်းက
ဒီလုပ်​​ဆောင်​​အောင်​မြင်​မှုကို Miracle(တန်​ခိုးဣတ္တိပတ်​)
လို့သုံးနှုံး​ဖော်​ပြခဲ့ရတဲ့အထိပဲ။ယ​နေ့အထိ မိုဟာမက်
ဖွာ​သေးဟ်​ဖြတ်​​ကျော်​ခဲ့တဲ့ ၁၀မိုင်​ရှည်​ကုန်း​မြေကြီးရှိသလို၊
ဘော့်စဖိုးရပ်၊ဂိုးဒင်းဟွန်း၊သူတည်​​ဆောက်​ခဲ့တဲ့​ဗျူဟာ
မြောက်​ခံတပ်​ကြီး​တွေနဲ့ အ​မြောက်​လက်​နက်​​တွေကအစ
ထိန်းသိန်းထားဆဲပါပဲ။အခု အဲဒီစရိုကာခံတပ်​ထဲမှာ
တူရကီစစ်​တပ်​တပ်​စွဲထားတယ်​။အဲဒီ​ခေတ်​က​အော်​တိုမန်
တွေတီထွင်​တဲ့အ​မြောက်​ဟာ ကမ္ဘာမှာစွမ်းအားအပြင်းဆုံး
ပဲ။မြို့ရိုးကို အ​ရှေ့ နဲ့အ​နောက်​တောင်​နဲ့​မြောက်​ ၂ဖက်​ညှပ်
ပြီး ၂ပတ်​ဆက်​တိုက်​ပစ်​ခွင်းပြီးမှ မြို့ရိုး​ပေါ်ကိုထိုးတက်​ခဲ့
ကြတာပါ။နှစ်ေ​ပါင်း၁၀၀၀​လောက်​ အဲဒီ​ဒေသကြီးထဲက
စစ်​ပွဲ​ပေါင်းများစွာ​ကိုကြံ့ကြံ့ခံရင်​ဆိုင်​ဖြတ်​သန်းလာတဲ့
ဘိုင်​ဇန်​တိုင်းမြို့ရိုး​ခေါ် ကွန်​စတန်​တီနိုပလ်​မြို့ရိုးဟာ
အော်​တိုမန်​လက်​ထဲမှာ ဇကာ​ပေါက်​ဖြစ်​သွားတယ်​။

ပြောချင်​တာ ဒါမဟုတ်​ဘူး။ဒါမဟုတ်​​ပေမယ့်ဒါကိုမ​ပြော
ရင်​အခြားဟာကိုမြင်​ဖို့ခက်​မှာမို့ဒါကိုခင်းပြတာပါ။တစ်​ည
လုံး ​ရေတပ်​ကိုကုန်း​မြေ​ပေါ် မ သယ်​ပြီးချီတက်​​နေတာကို
တစ်​ဖက်​ရန်​သူမသိ​အောင်​ ဘယ်​လိုလုပ်​သလဲ၊ဘယ်​လို
ပထ၀ီရှိသလဲ၊ဆိုတာကို​ပြောချင်​တာပဲ။ဒါမှအခု​ပြော​နေတဲ့
တပင်​​ရွှေထီးရဲ့ ​သောက်​ဆန်းစစ်​ဗျူဟာကြီးကိုသ​ဘော
ပေါက်​မှာမို့ပဲ။ရန်​သူ​ရှေ့ ထိုင်​လုပ်​​နေလို့ရတာမှမဟုတ်​တာ။
အကုန်​မသာ​ပေါ်ကုန်​လို့ပြတ်​​ရောဖြစ်​သွားမှာပါ။အဲဒီ
ခေတ်​ ​အေဒီ၁၅၄၀ မုတ္တမထိုးစစ်​မှာ တပင်​​ရွေထီးသုံးသွား
တဲ့​ဖောင်​ကြီးဟာ အ​တော့်ကိုကြီးတဲ့​ဖောင်​ကြီးလို့​ပြောကို
ပြောရပါမယ်​။ဒီ​လောက်​ကြီးတဲ့​ဖောင်​၊ဒီ​လောက်​ကြီးတဲ့
ထင်းပုံကြီး​တွေကို လုပ်​ဖို့​မြေ​နေရာ၊ဘယ်​လိုလုပ်​သလဲ
စသဖြင့်ဇတ်​ရည်​မလည်​ရင်​စစ်​ပွဲအ​ခြေ​နေကိုစိတ်​ထဲ
မြင်​ဖို့ခက်​မယ်​။ဒါ​ကြောင့်​လက်​​ညောင်းခံပြီး ပုံ​ပေါ်လာ
အောင်​​ရေး​နေရတာဖြစ်​ပါတယ်​။

ဒါ​ပေမဲ့ ဘယ်​​လောက်​ကြာ​အောင်​ အချိန်​ယူတပ်​ဆင်
တည်​​ဆောက်​ပြီးမှ အပြီးသတ်​အ​ထွေ​ထွေထိုးစစ်​ကြီးကို
စတင်​ခဲ့တယ်​ဆိုတာ​တော့မသိဘူး။ရာဇ၀င်​လာအရ
ထိုးစစ်​စတင်​ချိန်​မှာ တပင်​​ရွှေထီးနဲ့သူ့ဗိုလ်​ချုပ်​​တွေကြို
တင်​​မျှော်​လင့်ထားတဲ့အတိုင်းပဲရန်​သူဟာခြွင်းချက်​မရှိ
အငိုက်​မိပြီး ​ရောင်​နီ​ပေါ်စ ဒီ​ရေအကျမှာ မြစ်​ပြင်​က
ရောင်​ပြန်​​တွေ​ကြောင့်သံလွင်​မြစ်​ကြီးပါမီး​လောင်​သွား
ပြီထင်​ရ​လောက်​​အောင်​ အလျှံတညီးညီးနဲ့​တောက်​​လောင်
နေတဲ့မီးပုံကြီးနဲ့မီး​ဖောင်​ကြီးဟာ မြစ်​ညာက​မျောလာတာ
ကို မြင်​ရ​တော့တာပါပဲ။၁၆ရာစုစစ်​ရွက်​သ​ဘောင်္ဆိုတာ
အ​ရေး​ပေါ်​ကျောက်​ဆူးကြိုးကိုဖြတ်​ ရွက်​​တွေဖွင့်ပြီး
လိုရာဘက်​ကိုရုတ်​တရက်​လှည့်ထွက်​သွားလို့ရတဲ့အမျိုး
အစားမဟုတ်​ဘူး။ဒါ​ကြောင့်အားလုံးမီးကူးပြီး​လောင်​ပါ
တော့တယ်​။အဲဒီမီး​ဖောင်​​အ​​နောက်​ကကပ်​လိုက်​လာတဲ့
ခံတပ်​​ဖောင်​ကြီးနဲ့တကွသမိန်​ဖရူးရဲ့ ​လှေတပ်​ကြီးတစ်​ခု
လုံးမုတ္တမအ​ရှေ့ ဘက်​ကမ်းကိုကပ်​ပြီး စိတ်​ထင်​တိုင်းပစ်
ချိန်​နဲ့ တစ်​ပြိုင်​နက်​တည်းမှာ အ​နောက်​ဘက်​မြို့ရိုးကို
ဘုရင့်​နောင်​ရဲ့ ကြည်းတပ်​က တက်​တိုက်​ပါ​တော့တယ်​။

နှိုင်းယှဉ်​စရာ ​အေဒီ၁၅၈၈ ၈လပိုင်း ၈ရက်​​နေ့မှာ
ဥ​ရောပရဲ့ နာမည်​​ကျော်​ အင်​အားအကြီးဆုံးစပိန်​အာမာဒါ
ရေတပ်​ကြီးကို အင်္ဂလန်​ကဖြိုခွင်းတာလည်း ဒီနည်းနှင်​နှင်
ပဲ။အဲလို​ပြောလို့ အင်္ဂလန်​က တပင်​​ရွှေထီးအတုယူတယ်
ဆိုပြီးမယူဆလိုက်​နဲ့ဦး။ကယ်​​လေးကမ်းလွန်​မှာ အင်္ဂလန်
ကို ကမ်းတက်​ထိုးစစ်​ထိုးဖို့​ကျောက်​ချရပ်​နားထားတဲ့
စပိန်​အာမာဒါရဲ့ စစ်​သ​ဘောင်္ကြီး​တွေကို အင်္ဂလန်​​ရေတပ်
စုက ရွက်​သ​ဘောင်္ငယ်​​တွေက ဒီ​ရေတက်​ချိန်​​လေအလာမှာ
ယမ်းမှုန့်​အပြည့်တင်​ပြီး မီးရှို့ လွှတ်​တာ စပိန်​စစ်​သ​​ဘောင်္
တစ်​ချို့အခုလိုပဲမီးစွဲ​လောင်​ပါ​တော့တယ်​။ ​ကျောက်​ကြိုး
ဖြတ်​ပြီး ပင်​လယ်​ပြင်​ကို ဖရိုဖရဲပြန့်​ကျဲထွက်​ခွာလာတဲ့
စပိန်​​ရေတပ်​ကို အသင့်​နေရာယူထားပြီဖြစ်​တဲ့ ဗြိတိန်
ရေတပ်​က တစ်​စီးချင်းစိတ်​ရှိလက်​ရှိပစ်​ခတ်​​ချေမုန်းတာ
အဲဒီ ၁၅၈၈ ၈လပိုင်း ၈ရက်​​နေ့တစ်​​နေ့လုံးပါပဲ။စပိန်
ဟာလည်း အဲဒီစစ်​ပွဲပြီးတဲ့​နောက်​ အင်​အားကြီးဘ၀က
နေအပြီးအပိုင်​နိဂုံးချုပ်​ပြီးစခန်းသိမ်းသွားပါ​တော့တယ်​။
ဒါအစ္စဘဲလားနဲ့ဖာဒီနန်​တို့ အာရဗ်​​တွေဆီကသိမ်းယူပြီး
တည်​​ထောင်​တဲ့စပိန်​အင်​ပါယာဆိုတာ ၈၈နှစ်​ပဲတည်​တံ့
ခဲ့၊အင်​အားကြီးခဲ့ရပြီး နိဂုံးချုပ်​သွားတယ်။

အဲလိုနဲ့မုတ္တမခံစစ်​စည်းကျိုး​ပေါက်​ရပြီ။ခံစစ်​စည်း
ကျိုးပြီဆို​တော့ အဘက်​ဘက်​က ၀င်​​ရောက်​တိုက်​ခိုက်
ခံရ​တော့တာပါပဲ။ဒါဟာ မဟာရာဇ၀င်​လာမုတ္တမစစ်​ပွဲရဲ့ 
ဖြစ်​စဉ်​အ​သေးစိပ်​ကိုမြင်​ကွင်းထဲပုံ​ပေါ်လာ​အောင်​တင်​ပြ
တာပါ။အကယ်​၍ ဦးကုလားအစချီတဲ့၁၈/၁၉ရာစု
မဟာရာဇ၀င်​အသီးသီးမှာပါတဲ့အတိုင်းဒီတိုက်​ပွဲအ​ကြောင်း
ဟာ တစ်​သ​ဝေမတိမ်းအမှန်​သာဆိုရင်​ မြန်​မာ့စစ်​သမိုင်း
မှာ ​ရှေးယခင်​​ခေတ်​အဆက်​ဆက်​မှာ တစ်​ခါမှမကြားဖူးတဲ့
စစ်​ဆင်​​ရေးမျိုးဖြစ်​ရုံသာမက ​နောင်​မှာလည်းယ​နေ့အထိ
လိုက်​လုပ်​နိုင်​သူမ​ပေါ်​သေးလို့စံချိန်​မချိုးနိုင်​​သေးတဲ့စစ်
သမိုင်း​မော်​ကွန်းသစ်​ပဲလို့သတ်​မှတ်​ရပါလိမ့်မယ်​။ဒီစစ်​ပွဲ
တစ်​ခုလုံးကို​လေ့လာရင်​ရှုပ်​​ထွေးနက်​နဲတဲ့ ​သေနင်္ဂ
ဗျူဟာကိုအလျှို့ဝှက်​ဆုံးနဲ့အကြီးကျယ်​ဆုံးပြင်​ဆင်
ထားတဲ့စီမံချက်​အတိုင်း၊အလျင်​မြန်​ဆုံးလက်​​တွေ့ခင်းကျင်း
ပြီးအန္တရယ်​အများဆုံးစစ်​မျက်​နှာက​နေ အပြင်းထန်​ဆုံး
ထိုး​ဖောက်​စစ်​ဆင်​ခဲ့တာဖြစ်​ပါတယ်​။ဒါ​ကြောင့်စစ်​ဘုရင်
တပင်​​ရွှေထီးရဲ့ တို​တောင်းလှတဲ့တစ်​သက်​တာစစ်​သမိုင်းမှာ
အစွန့်​စားရဆုံးစစ်​ပွဲလို့မှတ်​တမ်းတင်​သင့်ပါတယ်​။

ဒီလို​ပြောလို့ စစ်​ဘုရင်​ကိုအမွှန်းတင်​​နေတာမဟုတ်​ဘူး။
စစ်​​မြေပြင်​​ရောက်​သွားရတဲ့စစ်​ဦးစီး၊စစ်​သည်​​တော်
အဆင့်ဆင့်တို့ဟာစစ်​ရဲ့ မူလဇစ်​မြစ်​ကို​မေ့သွားပြီး
လက်​​တွေ့ရင်​ဆိုင်​​နေရတဲ့တိုက်​ပွဲအတွက်​ ဖြစ်​နိုင်​သမျှ
နည်းလမ်းမျိုးစုံသုံးပြီးမရမကအနိုင်​ရဖို့ကြိုးစားကြမှာ
ဓမ္မတာပဲ။နောက်​ဆုံး​တော့တစ်​ဖက်​ဖက်​က တစ်​နည်းနည်း
နဲ့​အောင်​ပွဲခံသွားတဲ့အခါ ​နောက်​ကဘာအကျိုးဆက်​​တွေ
ကျန်​ရစ်​ခဲ့သလဲ။ဘာ​တွေဘယ်​လိုဆုံးရှုံးပြီးဘယ်​လို
နာကျည်းချက်​​တွေစွဲထင်​ကျန်​ရစ်​ခဲ့သလဲ။နှစ်​ဖက်​စစ်
သည်​​တွေအပါအ၀င်​ စစ်​သည်​မဟုတ်​တဲ့အရပ်​သူအရပ်
သားဘယ်​​လောက်​ရဲ့ အသက်​​တွေ​ပေးဆပ်​လိုက်​ရသလဲ။
ဆိုတဲ့ဆိုးကျိုး​တွေကိုအ​လေးအနက်​ထားပြီး​အောင်​ပွဲနဲ့
နှိုင်းယှဉ်​စဉ်းစားကြည့်ဖို့စစ်​ရဲ့ ပကတိအရှိတရားကို
ပုံ​ပေါ်​အောင်​တင်​ပြတာဖြစ်​ပါတယ်​။

ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=133957507746456&id=100033966230641











0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့ဒုတိယအင်​ပါယာ. . . ၃”

Post a Comment

Related Posts Plugin for WordPress, Blogger...