Wednesday, February 14, 2018

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဘာတွေဆွေးနွေးသွားကြသလဲ

,
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့

 မြန်မာနိုင်ငံဟာ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ကို အလေးထားဆောင်ရွက်နေကြောင်း။ ရွေ့ပြောင်းဒုက္ခသည်တွေ နေရပ်ရင်းပြန်မဲ့ ကိစ္စရပ်တွေအတွက် ပြင်ဆင်နေကြောင်း၊ ရွေ့ပြောင်းဒုက္ခသည်တွေ နေရပ်ရင်းပြန်မဲ့ ကိစ္စရပ်တွေမှာ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံအကြား နှစ်ဦးသဘောတူကြိုးပမ်းဆောင်ရွက်မှုတွေမှာ သိသာထင်ရှားသည့် တိုးတက်မှုရလဒ် ရရှိနေတာ ကို မြင်တွေ့သွားရမှာ ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၆ ရက်တုန်းက နှစ်ဦးနှစ်ဖက် သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့တဲ့ လက်တွေ့ စီစဉ်ထားတဲ့ နေရပ်ပြန်ရေး သဘောတူညီချက်တွေအရ၊ ရှေ့ဆက်ပြီး တစ်ရက်မှာ အယောက် ၃၀၀ နှုန်းဖြင့် လက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြန်လာချင်တဲ့သူတွေ များလာတာနဲ့အမျှ သုံးလတာ ကာလမှာ ပြန်လည်သုံးသပ်ပြီး တိုးတက်လက်ခံပေးသွားမှာ ဖြစ်ကြောင်း၊နေရပ်ရင်း ပြန်လည်လက်ခံရေးဖြစ်စဉ်တိုးတက်လာတာနဲ့အမျှ ပြန်လည် လက်ခံ ရေးစခန်းတွေ၊ ပြန်လည်လက်ခံရေး စင်တာတွေကို တိုးချဲ့ဆောက်လုပ်သွားမှာ ဖြစ်ပါကြောင်း၊ ကိုယ့်ပြည်သူ ပြည်သား တွေကို ကာကွယ်ပေးရန်တာဝန်မှာ အစိုးရအနေနဲ့ ပဓာနတာဝန်သာ ရှိတယ်လို့ မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ သိမြင် ထားပါကြောင်း၊ထိခိုက်ခံစားရတဲ့ ဒေသခံတွေကို နဂိုမူလအနေထားတိုင်းဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေက မောင်းတောဒေသ မှာ အများဆုံး လုံခြုံရေးတာဝန်ယူထားကြောင်း၊ ပြီးခဲ့တဲ့ ခြောက်လတာကာလအတွင်းမှာ ကြီးကြီးမားမားတိုက်ခိုက်မှုတွေ မဖြစ်ခဲ့ပေမဲ့၊ မသိနားမလည်တဲ့ ပြည်သူတွေကြားထဲမှာ အကြမ်းဖက်သမားတွေ ၀င်ရောက်ခိုအောင်းနေတဲ့ ခြိမ်းခြောက်မှု တွေကတော့ အမြဲမပြတ်ရှိနေကြောင်း၊    

လူသားချင်းစာနာမှု အကူညီများပေးရာတွင် မြန်မာအစိုးရနှင့် အသင်းအဖွဲ့များက ရခိုင်ပြည်နယ်ရှိ အသိုင်း ၀ိုင်းအားလုံး အား တအိမ်တက်ဆင်း အစားသောက်များ၊လိုအပ်နေသော တအိမ်ထောင်ပစ္စည်းများကို ထောက်ပံ့ပေးနေကြောင်း၊ ဒါ့ အပြင် ဒေသတွင်းဖွံဖြိုးတိုးတက်လာအောင် စီးပွားရေးလုပ်ငန်းများ၊ အခြေခံအဆောက်အုံများ တည်ဆောက်ပေးနေ ကြောင်း၊ လူ့အခွင့်ရေးချိုးဖောက်ခံနရသည်ဆိုသည့် စွပ်စွဲချက်များနှင့် စပ်လျဉ်းလို့ အစိုးရအနေဖြင့် ဤကဲ့သို့သော ညင်းပန်းနှိပ်စက်မှုများကို လျစ်လျူရှုထားခြင်း မရှိပါကြောင်း၊ သက်သေအထောက်ထား ခိုင်မာပါက၊ ကျူးလွန်သည့် မည် သူ့ကို မဆို အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတ ဖြစ်ရေး တို့မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးနှင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဆပ်စပ်နေပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်လာခဲ့သော လူသားဆိုင်ရာဘေးဒုက္ခကြီးမှာ လူ့အသိုင်းဝိုင်းနှစ်ခုအကြား အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာရပ်မဟုတ်ပဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများမှ တိုက်ခိုက်ခဲ့၍ ဖြစ်ပေါ်လာသည့် ပြဿနာ ဖြစ်ကြောင်း။ ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ ဆင်းရဲမွဲတေမှု၊ တစ်ယောက်နဲ့တစ်ယောက် သံယံဇာတနှင့် လူ့အခွင့်ရေးကိစ္စများ ပြိုင်ဆိုင်နေမှုတို့ဖြစ်ကြောင်း၊ ရှုပ်ထွေးသော စိန်ခေါ်မှုများကို အလျင်အမြန် ဖြေရှင်း ဆောင်ရွက်ရန်မှာ မလွယ်ကူပါကြောင်း၊ မြန်မာ ပြည်သူပြည်သားများက ရခိုင်ပြည်နယ်အား မည်သို့ ငြိမ်းချမ်းသာယာ ၀ပြောအောင် ဆောင်ရွက်မည်ဆိုသော သံန္နိဌာန်ပေါ်တွင်သာ မူတည်ပါကြောင်းနှင့် ရိုက်တာ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထားသော ကိစ္စမှာ အင်ဒင်းရွာသတင်းပေးပို့မှုနှင့် မသက်ဆိုင်ကြောင်းပြောကြားသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ သံအမတ်ကြီး MASUD BIN MOMEN ကတော့

 ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ရွာတွေမှာ လူတွေအစုလိုက်အပြုံလိုက် မြုပ်နှံထားခဲ့တဲ့ကျင်းတွေ တွေ့ရှိထားခဲ့ရတာတွေ၊ လူတွေကို ပစ်မှတ်ထားပြီး ပစ်သတ်ခဲ့ တဲ့ သက်သေတွေ ပေါ်ထွက်လာတာက အတင်းကြပ် ရွေ့ပြောင်းခံလိုက်ရတဲ့သူတွေကို နေရပ်ရင်းပြန်ဖို့ အားလုံးအတွက် စိတ်မပါ လက်မပါ ဖြစ်သွားစေပါတယ်။ ဘယ်လိုပဲ ပြောနေပြောနေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကိုတော့ ရိုဟင်ဂျာတွေ ၀င်လာမစဲ တသဲသဲရှိနေတုန်းပါပဲ။ ဖေဖော်ဝါရီလ ပထမ ဆယ်ရက်ထဲမှာတင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ပြီး ရောက်လာတဲ့ ရိုဟင်ဂျာပေါင်းဟာ ၁၅၀၀ လောက်ရှိပါတယ်။ ရောက်လာတဲ့ လူတွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး မှ ပြောမယ်ဆိုရင် သူတို့တွေကို လုံခြုံရေးတပ်သားတွေနဲ့ ရခိုင်ပြည်သူ့စစ်တွေက မနေနိုင်အောင် အမြဲမပြတ် ခြိမ်းခြောက် နေကြတယ်၊ အစားသောက်လည်း မရရှိတော့ပဲ အလွန်အမင်း ပြတ်လတ်လာပြီ။ အိမ်တွေလည်း ဖျက်ဆီးခံရပြီး ဈေးထွက် ၀ယ်ဖို့လည်း ငြင်းဆန်ခံရတယ်။ စီးပွားရေးလုပ်ကိုင်စားသောက်နေတာတွေကို လိုက်ပိတ်ပင်တယ်။ မိန်းမပျိုလေး တွေနဲ့ ငယ်ငယ် ရွယ်ရွယ်အမျိုးသမီးတွေ အတင်းအဓမ္မ ပြန်ပေးဆွဲခေါ်ဆောင်ခံနေရတယ်လို့ စွပ်စွဲချက်တွေ ထွက်လာတယ်။ အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျွန်ပြုခိုင်းစေနေမှုတွေကြောင့် သူတို့ အစုလိုက်အပြုံလိုက် ထွက်ပြေးလာ ရတဲ့ အကြောင်းရင်းတွေ ဖြစ်နေပါတယ်။

ပြန်လာမဲ့ သူတွေကတော့ သူတို့ ကမ့်ပ်ထဲမှာပဲ နေဖို့ မြန်မာနိုင်ငံကို ပြန်မသွားချင်ကြဖူးဆိုတာ ရှင်းရှင်းလင်းလင်း ပြော ထားပါတယ်။ သူတို့ရွာတွေကိုပဲ ပြန်လည်အခြေချနိုင်ဖို့ အာမခံချက်တွေကိုပဲ ရှာဖွေနေကြတယ်။ သူတို့ အရင်နေခဲ့ရသလို မျိုးပဲ ပြန်နေလိုကြတယ်။ သူတို့ လယ်တွေကို ပြန်လိုချင်တယ်။ အရင်လိုပဲ စီးပွားရေး လုပ်စားချင်ကြတယ်။ လူ့အခွင့်ရေး ကောင်စီရဲ့ အချက်လက်ရှာဖွေရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲကို သွားရောက်စုံစမ်းဖို့ ငြင်းဆန်နေတာက စိုးရိမ်စရာ ကောင်းပါတယ်။ စွပ်စွဲခံထားရတဲ့ ရာဇ၀တ်မှုကျူးလွန်ထားတာတွေကို တာဝန်ခံကြောင်း ကြိုးစားဆောင်ရွက်နေပါတယ် ဆိုပြီး ပြသဖို့က သိပ်အရေးကြီးပါတယ်။ ရိုဟင်ဂျာ ကိစ္စဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနဲ့သာ သက်ဆိုင်တယ်ဆိုပြီး မကြာခဏ လွှဲချနေပေမဲ့လို့၊ ဒါဟာ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေ၊နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့  မြန်မာအာဏာ ပိုင်တွေဘက်ကနေ အလွဲသုံးစားလုပ်လုခဲ့တဲ့ ပေါ်လစီတွေရဲ့ ရလာဒ်တွေကြောင့် ဖြစ်ပေါ်လာခဲ့တယ်ဆိုတာ လူတိုင်း သိပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ပကတိ မြေပြင် အခြေနေတွေ ဘာရှိတယ်ဆိုတာ သွားရောက်လေ့လာပါ။ နေရပ်ရင်းပြန်ရေး ဖြစ်စဉ်တွေမှာ အရှိန်အဟုတ်မြင့် ဖိအားပေး ဆောင်ရွက်ပါလို့ တိုက်တွန်းသွားပါတယ်။

https://www.un.org/press/en/2018/sc13205.doc.htm

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဘာတွေဆွေးနွေးသွားကြသလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...