Sunday, February 18, 2018

ဘူးသီးတောင်မောင်တော အကြမ်းဖက် ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ

,
ဘူးသီးတောင်မောင်တော အကြမ်းဖက် ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ  မိန်းမကလေး တွေအပါအဝင် ဘင်္ဂါလီ ရွာလုံးကျွတ်ပုံစံတွေ လုပ်သွားကြတာ တွေ့ရတယ်။ပြန်ဝင်လာကြတဲ့အခါ ဒီလိုပဲ ဖြစ်လာအုံးမှာပါပဲ။မဖြစ်ပါဘူးလို့ ဘယ်သူမှ တာဝန်မယူနိုင်ပါဘူး။

ပြန်ဝင်လာမယ်။တိုင်းရင်းသားတွေကိုသတ်ဖြတ်မယ်။အရင်လိုပဲပြန်ဆူပူမယ်။နှိမ်နှင်းရင် လူမျိုးသုန်းသတ်နေပြီ အော်မယ်။ဘယ်လိုနှိမ်နှင်းကြမှာလဲ။

ပြန်ဝင်လာတဲ့ဘင်္ဂါလီတွေကိုနွေးထွေးစွာကြိုဆို၊စီးပွားရေးကောင်းအောင် လုပ်ပေး၊စက်မှုဇုံ စီးပွားဇုံတွေ လုပ်ပေး နေချင်စဖွယ်လုပ်ပေးပြီးဒေသခံတိုင်း ရင်းသားတွေနဲ့ချစ်ကြည်ရင်းနှီးစွာ အတူနေထိုင်သွားကြလေသတည်း ဆိုတဲ့ မဖြစ်နိုင်တဲ့ ဇာတ်ညွှန်းကြီးကို ဘာအတွေးအခေါ်နဲ့ ရိုက်နေကြသလဲ ။

တစ်ခုခု ဖြစ်ချင်လုပ်ချင်ရင် နိုင်ငံတကာစံနှုံးနဲ့အညီ  နိုင်ငံတကာဖိအား ကြောင့် လို့ ပြောကြတယ်။ နိုင်ငံတကာစံနှုံး နိုင်ငံတကာဖိအား ဆိုတာ နိုင်ငံတကာအရေခြုံပြီး အစ္စလာမ်မိုက်ဇေးရှင်း ကို ဦးတည် လုပ်နေတယ် ဆိုတာ နိုင်ငံရေးအကြောင်း နဲနဲလေး လေ့လာသူတွေ တောင်သိကြတယ်။အစိုးရက မသိဘူးဆိုတာတော့ မဟုတ်လောက်ဘူး။

OICကို ဝန်းရံပေးနေကြတဲ့ UN,US,အနောက်နိုင်ငံတွေကိုယ်တိုင်လည်း ဘယ်လောက် အလျှော့ပေးပေး ဝံပုလွေနဲ့သိုးငယ်လို ကြောက်ပြရင်ဖြဲခြောက် တတ်တဲ့သူတွေ ၊တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဘက်လိုက်သူတွေ ဆိုတာသိရက်နဲ့ဘာကြောင့်ပူးပေါင်းအလျှော့ပေးလိုက်လျောလုပ်ပြနေရတာလဲ။

နိုင်ငံတကာဖိအား ဆိုတာ ခေါင်းငုံ့ခံလည်စင်းပေးဖို့မဟုတ်ဘူး။နိုင်ငံတကာစံနှုံးဆိုတာ ပုံတူကူးချဖို့ မဟုတ်ဘူး။သမိုင်းတရားခံတွေ ပထဝီတရားခံတွေကနောက်မှ ပေါ်မှာ။
လောလောဆယ် အစိုးရရဲ့ သဘောထားပျော့ပျောင်းမှုကို အခွင့်ကောင်းယူပြီး လိုချင်တဲ့ ဂွင်ထဲရောက်အောင် မောင်းသွင်းနေတဲ့ နိုင်ငံတကာအမည်ခံ အုပ်စုကြီးကိုဘယ်လို ရင်ဆိုင်တုံ့ပြန်ကြမလဲ ဆိုတာ မဟာဗျူဟာ တွေ အမြန်ပြောင်းပစ်ဖို့ က အရေးတကြီး လိုနေပြီ။

https://m.facebook.com/story.php?story_fbid=1594773657243191&id=100001317165152

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘူးသီးတောင်မောင်တော အကြမ်းဖက် ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ ”

Post a Comment

Related Posts Plugin for WordPress, Blogger...