Thursday, December 28, 2017

တစ်ချိန်ကမြန်မာပြည်မြေပုံ

,
ကဲ ကျနော်ကတိပေးထားသောမြန်မာပြည် မြေပုံကိစ္စရေးပြီးသားတင်ပါပြီခင်ဗျာ။

အလုပ်မအားတဲ့အတွက်တစ်ကြောင်း၊လမိုင်းမကပ်တဲ့အတွက်တစ်ကြောင်း၊ရေးလိုက် ဆေ့ဖ်ထားလိုက်၊စိတ်ရရင်ဆက်ရေးလိုက် ပြန်ဆေ့ဖ်ထားလိုက်လုပ်နေတုန်းဟိုတစ်နေ့က ကျနော်အခုတွဲတင်တဲ့ မြန်မာ့မြေပုံတံဆိပ်ခေါင်းလေးကိုအခြားသူတစ်ယောက်ကလည်းတင်ထားတာတွေ့လို့
ကျနော်မတင်တော့ဘူးလို့တောင်လုပ်နေတာ၊

ဒါပေမယ့်ပေးမယ့် မက်ဆေ့ခ်ျချင်းကမတူပါဘူးလေလို့ဆုံးဖြတ်ကာတင်လိုက်ရပါတယ်။

ကဲ ဖတ်ပြီး ငြင်းခုန်ချင်သပဆိုရင်တော့ခိုင်လုံတဲ့အထောက်အထားလေးတွေနဲ့မှကွန်မင့်တွေမှာဝင်ရောက်ရေးကြပေါ့နော။
လမ်းဘေးက အောက်တန်းစားလိုဝင်ရောက်ရိုင်းစိုင်းဆဲဆိုကြသူမိမဆုံးမ ဖမဆုံးမ အောက်တန်းစားများကိုတော့
ချက်ချင်း ဘလော့ပါ့မယ်။

ကျနော်ယခုတင်ထားသောလွတ်လပ်ရေးရပြီးခေတ် ဖဆပလအစိုးရတရားဝင်ထုတ်ဝေသောမြန်မာပြည်မြေပုံရဲ့
အရှေ့မြောက်ဖက်စွန်းစွန်းကချွန်းထွက်နေသော ပိုင်နက်နယ်ပယ်လေးကိုမြင်ကြပါသလားခင်ဗျာ။
အခု လက်ရှိမြန်မာပြည်မြေပုံမှာဤဒေသလေး ရှိပါသေးရဲ့လား၊ဘယ်ရောက်သွားပါပြီလဲ၊
ဘယ်သူက ဖဲ့ယူခွဲထွက်သွားပါသလဲ၊တိုင်းပြည်တစ်ပြည်အသစ်ဖြစ်လာပါသလား။

တိုင်းသူပြည်သားတွေကိုအသိမပေးဘဲ ဘယ်သူက တရုပ်ကိုကြောက်ကြောက်လန့်လန့်နဲ့ဖင်ခံပြီး အခမဲ့ပေးလိုက်ပါသလဲ၊
ဖြေပါ။

ကျနော်တို့ မြန်မာပြည်မှာအစိုးရဝန်ထမ်းအားလုံး အသက် ၆၀ မှာအငြိမ်းစားယူရပါတယ်။
ယခုလာမယ့် ၂၀၁၈ မှာ အသက် ၆၀ ပြည့်အငြိမ်းစားယူမယ့် ဧရာမအရာရှိကြီးများဟာတစ်နှစ်တစ်တန်းမှန်မှန်အောင်ခဲ့ တယ်ဆိုရင်တောင်၁၉၅၈ ဖဆပလခေတ်မှာမွေးလို့နေဝင်းတက်ပြီး တစ်နှစ်ကြာ ၁၉၆၃ မှကျောင်းနေကြရသူတွေချည်းပါပဲ၊
ပုဂ္ဂလိကကျောင်းအားလုံး ၁၉၆၄ မှာပြည်သူပိုင်အသိမ်းခံရပြီး နေဝင်းရဲ့ဆိုရှယ်လစ်ပညာရေးနဲ့နှစ်ပါးသွားရတဲ့ခေတ်မှာမှ
ဒီသူတွေအားလုံး အလယ်တန်း အထက်တန်းပညာသင်ကြားခဲ့ကြသူတွေချည်းပါပဲ။
ဝိဇ္ဇာတွဲယူလို့ သမိုင်းသင်ခဲ့ပါတယ်ဆိုသူတောင်(ရိုင်းရိုင်းပြောရရင် ယခုလက်ရှိ သမိုင်းပါရဂူဘွဲ့ရတွေတောင်)
နေဝင်းရဲ့သမိုင်းလိမ်နဲ့ညားခဲ့ရသူတွေချည်းပါပဲ။

ဖက်ဒရယ်တောင်းတဲ့တိုင်းရင်းသားတွေကြောင့်ပြည်ထောင်စုကြီးပြိုကွဲမယ့်အရေးကြုံလာလို့ချောက်ထဲကျအံ့ဆဲဆဲ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုလွတ်လပ်ရေးကိုအရယူပေးခဲ့ရသည့်ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကြီးက
မလွှဲမရှောင်သာပဲ ကယ်တင်ခဲ့ပါတယ် ဆိုသောသမိုင်းလိမ်နဲ့ငြားခဲ့ရလို့  ဖက်ဒရယ်ဆိုတာတောင် ဘာမှန်းမသိခဲ့သူတွေပါ။

အခု အငြိမ်းစားယူရမှာကို မယူသေးပဲ ခပ်တည်တည်နဲ့ ရာထူးဆက်ယူထားသောအကြီးအကဲကြီးလည်း
ဒီသမိုင်းနဲ့ ငြားခဲ့ရုံမျှမက ဒီသမိုင်းနဲ့ ဦးနှောက်အဆေးခံခဲ့ရသူပါပဲ။
အဲ့ဒီတော့သူ့လက်အောက်ငယ်သားတွေဆိုတာတော့"ကိုသာဆိုးတွေ" ပေါ့။

ကဲ ဆက်ကြရအောင်ပါ။
လူတစ်ဦး သူ့မြေမတရားအသိမ်းခံရလို့ ပြန်တောင်းတယ်၊ အဲ့ဒါဆိုရင်ထိုသူဟာ သူ့မြေနယ်နမိတ်ကို အတိအကျသိနေရမယ်၊
ပြန်ပေးတဲ့အခါမတရားသိမ်းသူ ပေးသလောက်နဲ့မကျေနပ်ရဘူး။ ငါ့ဟာ ဒီကနေဒီအထိပြန်ပေး၊မရရင် မကျေနပ်ရင်
အများသိအောင်အော်၊ ကိုယ် ဘယ်ကနေ ဘယ်အထိပိုင်ဆိုင်ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကိုပြပြီး
တိုင်လို့ရတဲ့အဖွဲ့အစည်းကိုတိုင်။ ဒါနည်းလမ်းတကျလုပ်ရမဲ့ လုပ်ဆောင်ချက်များပဲ။

ကဲ ဒါဆိုမေးပါရစေ၊
"မြန်မာဘုရင်အဆက်ဆက် ကိုယ့်ပိုင်နက်ကို ကိုယ်တိုင်အတိအကျသတ်မှတ်ရေးဆွဲထားသော မြေပုံရှိပါသလား"

မြန်မာဘုရင်ခေတ်က မြန်မာပညာရှင်ရေးဆွဲသောမြန်မာပြည်မြေပုံ နော်။

အရှက်မရှိဝီကီကနေ အနောက်တိုင်းသားပညာရှင်တွေရေးဆွဲသောမြေပုံလာမပြနဲ့။

၁၈၈၅ မှာ အင်္ဂလိပ်မြန်မာနိုင်ငံ(အထက်မြန်မာနိုင်ငံ)ကို သိမ်းပိုက်ပြီးသောအခါ မြန်မာပြည်ကို အိန္ဒိယအင်ပါရာရဲ့
ဗြိတိသျှဘုရင်ခံတစ်ဦး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုအဖြစ်သွတ်သွင်းအုပ်ချုပ်ခဲ့တယ်။

၁၉၁၇ မှာ  မွန်တေဂူး ချမ်းစဖို့ဒ် ကော်မရှင်ရဲ့အစီရင်ခံစာအရ အိန္ဒိယအင်ပါရာကနေ မြန်မာပြည်ကို ခွဲထုတ်ပေးဖို့
မြန်မာနိုင်ငံရဲ့ မြေပုံကို ထိုကော်မရှင်ကရေးဆွဲပေးပြီြး ဗိတိသျှအစိုးရက အတည်ပြုပေးခဲ့တယ်။
အဲ့ဒီ မြေပုံဟာ ယခု ပူးတွဲပါ တံဆိပ်ခေါင်းထဲကပုံပါပဲ။

အဲ့ဒီမြေပုံထဲမှာ ဗမာတွေ မသိခဲ့တဲ့ မြေတွေ ပါဝင်ခဲ့တယ်၊ အချို့လူမျိုးစုတွေရဲ့မြေတွေကိုအချို့အဝက်ကို မြန်မာ့မြေပုံထဲထည့်၊
အချို့အဝက်ကို အိန္ဒိယ၊ ထို့အတူအချို့အဝက်ကို တရုတ်၊ အချို့အဝက်ကို လာအို( လော)၊ အချို့အဝက်ကို ထိုင်းတို့အထဲ
စသည်ဖြင့် ခွဲထည့်ခဲ့တယ်။

ဘာကြောင့် အဲ့လိုလုပ်ခဲ့ရသလဲဆိုတဲ့ မွန်တေးဂူ နဲ့ ချမ်းစဖို့ဒ်တို့ရဲ့ ရည်ရွယ်ချက်တော့ခင်ဗျားတို့နဲ့ ဆုံရင် မေးကြည့်ကြပေါ့လေ။

ကဲ အဲ့ဒီတော့ အနောက်ဖက် ကိစ္စပဲ အဓိက ထားပြောပါတော့မယ်။

အဲ့ဒီအနောက်ဖက်မှာ ဟိုးပဝေသဏီကတည်းက ဗမာပြေထဲကို လမ်းပန်းဆက်သွယ်ရေးမပေါက်လို့ ဗမာနဲ့မဆက်ဆံပဲ
အိန္ဒိယနဲ့သာ ဆက်ဆံသောဒေသလေးတွေ အမြောက်အများရှိရှိခဲ့တယ်။

သူတို့ကိုယ်ပိုင်စကား သူတို့ကိုယ်ပိုင်စာပေ သူတို့ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင် ဂုဏ်ဒြပ် ကိုယ်ပိုင်တန်ဖိုးတွေနဲ့နေကြတယ်။
သို့သော် အိန္ဒိယယဉ်ကျေးမှုပဲလွှမ်းမိုးသလိုပညာသင်ရင်တောင်မှ အိန္ဒိယအင်ပါရာ ကာလကတ္တားတက္ကသိုလ်သို့သာ
သွားရောက်ပညာသင်ယူကြတဲ့ ပညာတတ်ကြီးတွေအများကြီးရှိခဲ့တယ်။
(အိန္ဒိယအင်ပါရာဆိုတာ ယခုခေတ်ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ပါ ပါတယ်ဆိုတာတော့နားလည်ထားကြ)

၁၉၂၀ ခွဲရေး တွဲရေးဆုံးဖြတ်ပြီးမြန်မာပြည်လို့ သီးသန့်ခွဲကြာ ဗိတိသျှမျက်နှာဖြူအရာရှိများက ဗြိတိသျှဘားမားလို့ ဆိုင်းဘုတ်ထောင်
ရုံးလာစိုက်သောအခါမှ"ဪ ငါတို့ဟာ ဘားမားထဲပါနေပါလား" လို့အေးအေးချမ်းချမ်းလက်ခံကာရန်ကုန်တက္ကသိုလ်သို့
လာရောက်ပညာသင်ကြားခဲ့ကြတယ်။

ဒီတော့ရန်ကုန်တက္ကသိုလ်မှာ ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတလျှောက် ဒီကုလားကြီးတွေမျိုးချစ်စိတ်ထက်သန်စွာနဲ့
ရှေ့တန်းကနေပါဝင်ဆင်နွှဲခဲ့ကြတယ်။

သခင်အောင်ဆန်းရဲ့ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်မှာတောင် အဲ့ဒီဒေသက ကုလားကြီးတွေဘယ်နှယောက်ပါသလဲလို့ လေ့လာကြပါဦး။

ဗြိတိသျှကိုတော်လှန်တုန်း(နာတုန်း)ကတော့အတူခံခဲ့ကြပြီး လွတ်လပ်ရေးရတော့(အသာစံရမယ့်အချိန်ကျတော့)မှ
ဘေးဖယ်ထုတ် ခွဲခြားခဲ့တဲ့အခါကျတော့လည်းမင်းတို့နဲ့ မနေဘူး ငါတို့နဲ့ ယဉ်ကျေးမှု နီးစပ်တဲ့သူတွေနဲ့သွားနေတော့မယ်ကွာလို့
ခွဲထွက်ဖို့ ကြိုးစားခဲ့ကြတာလေ။

ဒါကိုခွဲခြားဆက်ဆံသူတွေအမှားမဟုတ်ဘူး မင်းတို့ ခွဲထက်လိုသူတွေအမှားဆိုပြီးလက်နက်အားကိုး လူများစုအားကိုနဲ့ နှိမ်နင်းကာ
ကုပ်သွေးစုပ်သော ဗမာစစ်ဗိုလ်ချုပ်တွေကဆက်လက်ဗိုလ်ကျ ဖိနှိပ်ခဲ့ကြတယ်။

ဒီသမိုင်းမှန်တွေကိုဖြင့်မသိဘဲအခုမှ သက်တမ်း ၁၄ နှစ်ခန့်သာရှိသေးသော Facebookဖေ့စ်ဘွတ်ခ်ဆိုတာကို
လွန်ခဲ့တဲ့ ၆ နှစ်လောက်ကသိန်းစိန်လက်ထက်ကျမှ ၅ထောင်တန်ဆင်မ်ကဒ်လေးထည့်ပြီး လက်ကိုင်ဖုန်းကိုင်နိုင်လာသော
ဗမာမျိုးချစ် သူရဲဂေါင်းဂျီးများကသိန်းစိန်ဦးဆောင်သော စစ်ဗိုလ်ချုပ်တွေ ဝါဒဖြန့်တဲ့"ရိုဟင်ဂျာဆိုတာ ခိုးဝင်ဘင်္ဂါလီ" ဆိုသော
သမိုင်းလိမ်လောက်ကိုဘုရားဟောမှတ်ကာ ဆွဲကိုင် တစ်ဖက်ပိတ်အော်နေတာကတော့"သူခိုးက လူဟစ်သလိုပါပဲ"

"မင်းတို့ ငါတို့မြေပေါ်မှာနေတာကျေးဇူးသိတတ်" ဆိုပဲ...အရှက်မရှိပြော လိုက်သေးတယ်။

မင်းတို့ ဗမာတွေသာ အင်္ဂလိပ်ဆွဲပေးတဲ့မြေပုံအားကိုးနဲ့တွေ့ကရာနေရာ ငါတို့မြေဆိုပြီးနယ်ချဲ့ကာအခြေချနေကြတယ် ဆိုတာကိုတော့သဘောပေါက်။

ကချင်
သူတို့ရသင့်တဲ့ သံယံဇာတဗမာတွေလက်ဝါးကြီးအုပ်တာ မကြေနပ်လို့လက်နက်ကိုင်ပြီး သူတို့ရနိုင်သမျှ တရုပ်ပြေကို ရောင်းစားတယ်၊ ကချင်တမျိုးသားလုံးမစံစားရပေမယ့် ကချင်သူပုန်ခေါင်းဆောင်တွေ အဆီစားနေရတယ်။

ရှမ်း
အတူတူပဲ။

ကရင်
ထိုနည်းလည်းကောင်း။

သနားစရာကောင်းတာက
ချင်း၊ ကယား

သို့သော်  သနားစရာကောင်းပေမယ့်သနားဖို့ မထိုက်တန်တာက ဇာတ်တူသားစားလေ့ရှိတဲ့ ရခိုင်။

ရင်နာစရာအကောင်းဆုံးက ရိုဟင်ဂျာ။

ဘာမျှမစံစားရတဲ့အပြင် လွတ်လပ်ရေးရကတည်းက အဖိနှိပ်ခံခဲ့ရာကနေသိန်းစိန်လက်ထက်ကစပြီးအနှိပ်စက်ပါခံရတာ လူမဆန်အောင်ပါပဲ။

သူတို့ရဲ့ လုပ်အားနဲ့ရလာတဲ့မြေပေါ်သံယံဇာတစိုက်ပျိုးရေးထွက်ကုန်များပါ မတရားသိမ်းပိုက်ခံရတယ်။

နိုင်ငံတော်ကိုကျေးဇူးသိတတ်ကွ လို့လာမပြောနဲ့၊နိုင်ငံတော်ထဲက ရခိုင်ဒေသကလူတွေသာရိုဟင်ဂျာတွေရဲ့ကျေးဇူးကိုသိတတ်။

တိုင်းပြည်ကို ဖဲ့ထုတ်ရောင်းစားဖို့ကြိုးစားနေသူတွေလို့မင်းတို့က စွတ်စွဲရအောင်ခေတ်မီလက်နက်ကြီးတွေကိုင်ပြီး
အနှစ် ၅၀ ကျော် ကြိုးစားနေတဲ့ ကချင်၊ ရှမ်း၊ ကရင် ခွဲထွက်နိုင်ပြီလား။စဉ်းစားပြီး ဖြေစမ်း။

ကျနော်အခုပြတဲ့ တံဆိပ်ခေါင်းပါမြေပုံထဲကမြေပိုင်နက်ကလေး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကဖဲ့ရောင်းစားခဲ့ပါသလဲ။

နေဝင်းရဲ့  ဗမာ့တပ်မတော်ဆိုသော လက်နက်ကိုင်အဖွဲ့အစည်းကရောင်းစားခဲ့ပါတယ်ခင်ဗျား။

ကဲ...တော်ပါပြီခင်ဗျား။
ကျနော်ဟာရိုဟင်ဂျာ မဟုတ်ပေမယ့် မတရားတာတွေ့ရင် မနေနိုင်တဲ့လူစားမို့ အဖိနှိပ်ခံဖက်ကရပ်တည်ပေးတာ။
အမှန်တရားဖက်ကရပ်တည်ပေးတာ။ အဓိက က အမှန်တရား။

ဒီ ရိုဟင်ဂျာကိစ္စနဲ့နွယ်ပြီး ပြည်မကမွတ်စ်လင်မ်တွေကိုပါ ခိုးဝင်ဘင်္ဂါလီဆိုကာနင်းပြီး နှိပ်ကွပ် ခွဲခြားဆက်ဆံမှုတွေလုပ်လာလို့
ကျနော် ဒီဇာတ်လမ်းထဲဝင်ပါလာရခြင်းပဲ။

အခုတော့ ဒီကိစ္စ နိတ္ထိတံပါပြီ။ ကျနော်ဝင်မပါတော့ပါဘူး။

ကျနော်တို့က လေပေါအဆင့်ပါ။ သူတို့ဖက်မှာ ဒေါင်ဒေါင်မြည်အမာခံတွေရှိပါတယ်။

ကျနော်တို့ မြန်မာမွတ်စလင်မ်တွေကိုသာမစော်ကားနဲ့ ၊စော်ကားလာရင်တော့စနစ်တကျ တုန့်ပြန်နေဦးမယ်ဆိုတာပဲသိစေအပ်ပါတယ်။

https://m.facebook.com/story.php?story_fbid=1127324694071782&id=100003827854940

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တစ်ချိန်ကမြန်မာပြည်မြေပုံ”

Post a Comment

Related Posts Plugin for WordPress, Blogger...