Saturday, March 3, 2018

မယုံ မရှိနဲ့

,
ရောင်ပြန်ဟပ်တဲ့ ကျောက်တုံးကို နေရောင်ထိုးတော့ ချက်ချင်းပြေးပြီး ဦးချတယ် ။

ထင်းခုတ်ရင်း ပင်စည်က သူ့သဘာဝနဲ့သူ အကွက်ပေါ်လာတာကိုလဲ အိမ်ထိယူသွားပြီး ဦးချတယ် ။

လွင့်ချင်ရာလွင့်တဲ့ တိမ်က ကြည့်တဲ့သူအမြင်မှာ ပေါ်ချင်တဲ့ပုံပေါ်တာကိုလဲ မော့ကြည့်ပြီး လက်အုပ်ချီတယ်။

တောင်တစ်လုံးတွေ့ရင်လည်း အပြေးလေး တက်ပြီး ဘုရားတည်လိုက်ရမှ ။

တစ်နှစ်ပတ်လုံး အမြတ်ကြီးစား မတန်တဆ စီးပွားရေးလုပ် ရှိတဲ့ဝန်ထမ်းတွေကို နွားလိုခိုင်း သန့်ရှင်းတဲ့ဝင်ငွေလား ဘာလား ပြန်ပြီးတော့ သုံးသပ်မကြည့်ဘူး ။

တစ်နှစ် ဝင်သမျှ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်သုံးပြီး စတုဒီသာကျွေးသလိုလို အလှူလုပ်သလိုလို
လုပ်လိုက်တာနဲ့ သူတော်ကောင်းဖြစ်သွားပြီတဲ့ ။

အမျိုးတစ်ယောက် ဆေးကုဖို့ ငွေကြေး၁၀၀၀၀လောက် ထောက်ပံ့မယ့်အစား တစ်သိန်းလောက် ဘုရားမှာ သွားလှူပြီး နေကောင်းပါစေ လို့ ဆုတောင်းပေးနေချင်တဲ့သူက တပုံကြီး။

(ဘုရားက ဘယ်အချိန်ကယ်မလဲမသိ။ လောလောဆယ်တော့ ဟိုကလူက ဆေးဖိုးမတတ်နိုင်လို့ ဆေးတောင်မသောက်နိုင်)

ဘုရားဆင်းတုနားမှာ အေးပြီးခြောက်သွေ့လို့ေ မြွေတွေဘာတွေများဝင်ခွေမိရင် အဲ့မြွေက Auto နတ်မြွေ သူတော်ကောင်းမြွေ ဖြစ်ပြီ။

သူတော်ကောင်းမြွေဖြစ်လို့ အဲ့မြွေ ကံကောင်းပြီမထင်နဲ့။ အတင်း ပါးစပ်ဆွဲဖြဲပြီး နွားနို့တွေ လောင်းထည့်။ ပြီးရင် အလှူခံပါပြီ။ ဘုရားစောင့်မြွေအတွက် ကျွေးမွေးစရိတ် ဘာညာအနေအထား။

( မယုံ မရှိနဲ့ ဘုန်းကြီးကျောင်းတွေကို စည်းရုံး မြွ အကောင် ၅၀  ကျော်မွေးထားတဲ့သူက
ကောက်လို့ရတဲ့ အလှူငွေအပေါ်မှာ ရှယ်ယာ တစ်ယောက် တစ်ဝက်စား စနစ်နဲ့မြွေဘုရားတွေ မြန်မာပြည်မှာ အများကြီး . . .)

(မြွေ က တနေ့ ဘာမီတွန် ၃ လုံးလောက် ပုံမှန်ကျွေးထားလိုက်ရင် ဘယ်ကိုမှ ထွက်မပြေးတော့ဘူး တဲ့ …
ဘိန်းမှိန်းသလို ငြိမ်နေတာ။ သေသွားလည်း လုံးပတ်တူ အရွယ်တူ အရောင်တူက အဆင်သင့်  ချက်ချင်း လဲပေးသတဲ့)

မနက်ဖြန် အလှူရှိရင် ဒီနေ့ကတည်းက ချက်ရင်းပြုတ်ရင်း တစ်ရပ်ကွက်လုံးကြားအောင် မနောနဲ့ PSY တွေ အပီဖွင့် ။

(အလဲ့ … စဖွင့်တုန်းကတော့ နမော … နမော … နမော နမော … တဲ့ …… ကြာလာတော့ နမော ကနေ မနောဖြစ်သွားရော)

ဘယ်လောက်လှူလှူ  ၂၀၀ လှူလဲ "အလှူ့ ဒါယကာကြီး ဘလာဘလာမှ အလှူငွေ ၂၀၀ကျပ်ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်" ဆိုပြီး မိုက်ကြီးနဲ့ ကျုံးအော်။ ပတ်ဝန်းကျင်မှာ နေမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ ရှိတာ မသိ ။

အမျိုးဘာသာ သာသနာအတွက် အထူးဟောမယ့် တရားပွဲကြီး။ ဖြစ်မြောက်ရေး တာဝန်ခံ ကိုတင်မောင်။ ဆရာတော်ရောက်လာတော့ သွားပင့်ကြတာ က Barcelona အသင်း ဖလားရလို့ အောင်ပွဲခံလာသလား ထင်ရတယ်။ တဝူးဝူး တဝေးဝေးနဲ့ ။

တကယ်လဲ တရားပွဲစရော စင်အောက်မှာ အမျိုးသမီးနဲ့ ကလေးတွေက ငုတ်တုတ်လေးတွေ လက်အုပ်ချီရင်း ငိုက်။ အမျိုးကောင်းသားများကတော့ အော်တို မက်တစ်  Security တွေ Guard တွေဖြစ် ။ ဆေးလိပ်လေးတွေ တဖွာဖွာ၊ကွမ်းလေး တပြစ်ပြစ်။

အိမ်မှာရှိတဲ့ ဘုရားစင်က ဆင်းတုတော်ထက် မန္တလေး ပုဂံညောင်ဦး ကျိုက်ထီးရိုးက ဘုရားဆင်းတုတွေက ပိုပြီး တန်ခိုးကြီးပြီး ဆုတောင်းပြည့်တယ်တဲ့။

ဟုတ်ပါပြီ။ ဘယ်နားမှာ ဘုရားတွေ့တွေ့ ပြေးပြီး ဦးချ။ ပြီးလဲပြီးရော … ကျွန်တော့် ခရပ်ရှ် က အဖြေအမြန်ပြန်ပေးပါစေ ဘုရား… တဲ့

ကောင်းမှုကဖြင့် မလုပ်ရသေးဘူး။ ဘုရားကို လူမှုရေးအကျိုးတော်ဆောင်များမှတ်နေသလားမသိ။ ကျွန်တော်မျိုး ဘာလိုချင်ပါသည် ဆိုတာက အရင် ။

ဘုရားလောင်းမျောက်မင်းဘဝက ဘုရားလောင်းဆင်မင်းဘဝက ဘလာဘလာ . . .Free style ရွတ်လဲ ဟုတ်မဟုတ်မသိ
ဘယ်ကျမ်း ဘယ်စာမှာ ပါမပါ မသိ ဘုရားလို့သာဟြေလိုက်  အကုန်ယုံပြီ ။

အသံမစဲ ပဋ္ဌာန်းပွဲတဲ့ ဘးနားမှာ အိပ်ယာထဲ လဲနေတဲ့ လူမမာကိုမှ မညှာ အဲ့ဒီအချိန်ရောက်ပြီဆို အနားရှိတဲ့အိမ် ၇ ရက်လုံးလုံး အိပ်ရေးပျက်ပြီ ။

နောက်ပြီး ဘုရားတရားကိစ္စနဲ့ပက်သက်ပြီး မရှင်းတာမေးမေး ဝေဖန်တာဟြေဟြေ …ဘုရားတရားနဲ့ပတ်သက်ပြီး မကောင်းတာတခုခု
ဟြေမိရင် ပညာပါပါနဲ့ ပြန်ဖြေရှင်းမယ့်သူကို မမျှော်နဲ့ …

ယောကျာ်းဆို ဖာခေါင်း  မိန်းမဆို ဖာသည် Auto အပြောခံရပြီ ။(ဓမ္မန္တရာယ် လို့ ချက်ချင်း နာမည်တပ်ပြီ)

ကိုယ်တကယ်သိစေချင်တာက ဘယ်ဘာသာဖြစ်ဖြစ် ဘုရားတရားကို စိတ်ထဲကနေ တကယ်လေးလေးစားစား ကြည်ကြည်ညိုညို ယုံကြည်ကိုးကွယ်။ အပေါ်ယံ အလှူဘာညာသာရကာတွေနဲ့ "ဟန်" မလုပ်နဲ့ ။

edited. credit : May Thri Kyaw

https://m.facebook.com/story.php?story_fbid=1993762284208768&id=100007250473905

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မယုံ မရှိနဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...