Friday, January 11, 2019

မဟာဗမာဝါဒ

,
မဘသ (အထက်မြန်မာပြည်)က ဒေါ်စုကြည်အစိုးရကဲ့သို့ ရခိုင်တွေကို ခြိမ်းခြောက်လိုက်ခြင်းနှင့် ဦးဝီရသူက AAကို အကြမ်းဖက်အဖြစ် ပြင်းထန်စွာ ရှုံ့ချလိုက်ခြင်း

လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် မဘသအဖွဲ့ရဲ့ အမျိုး ဘာသာ သာသနာဆိုတဲ့ ဘီလူးဂျင်းရုပ်က ဒီလောက် မြန်မြန်ဆန်ဆန် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာမယ်လို့ မထင်ခဲ့ဘူး။ AAကျေးဇူးကြောင့် မဘသမျက်နှာဖုံး ချက်ချင်း ကွာကျသွားခဲ့ချေပြီ။

မဘသရဲ့ အမျိုး ဘာသာ သာသနာမှာ အမျိုးဆိုတာ ဗမာလူမျိုးတစ်မျိုးတည်းကိုဆိုတာဖြစ်ပြီး အခြားတိုင်းရင်းသားလူမျိုးတွေ မပါကြောင်း၊ ဘာသာဆိုတာက တခြားတိုင်းရင်းသားတွေရဲ့ ဘာသာစကားကို လုံးဝ နေရာမပေး၊ တန်ဖိုးမထားပဲ သူတို့ ဗမာတွေရဲ့ ဗမာစကားကိုသာ ဆိုလိုကြောင်း၊  သာသနာဆိုတာလည်း အခြားလူမျိုးတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ မဟုတ်ပဲ ဗမာလူမျိုးတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့ ဗမာလူမျိုး ဘုန်းကြီးတွေကိုသာ ဆိုကြောင်း အကြိမ်ကြိမ်ရေးခဲ့ပါတယ်။

အနော်ရထာ၊ ဦးအောင်ဇေယျ၊ ဆင်ဖြူရှင်မှ ဘိုးတော်ဘုရားအထိ မွန်၊ ရခိုင်၊ ထိုင်းတွေရဲ့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေကို လုယက်၊ ခိုးဝှက်၊ မီးတိုက်၊ ဘုန်းကြီးတွေသတ်ခဲ့တဲ့ သမိုင်းတွေ အထင်အရှားရှိနေပါတယ်။ (မဟာဗမာဝါတွေရဲ့ စော်ကား၊ လုယက်၊ သတ်ဖြတ်၊ မုဒိန်းကျင့်မခံရတဲ့ တိုင်းရင်းသားဆိုတာလည်း ကနေ့အထိ လုံးဝ မရှိသေးပါဘူး။)

အခု အထက်မြန်မာပြည် မဘသရဲ့ သဘောထားလေးချက်ကို ကြည့်ရင် အစွယ်ပြူးပြူး ဘီလူးရုပ်ကို အထင်အရှား တွေ့မြင်နိုင်တယ်။

၁။ AAက သာလွန်အင်အားနဲ့တိုက်လို့ ရှုံ့ချတယ်တဲ့။ တိုင်းရင်းသားတွေကို ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းက ကနေ့အထိ သာလွန်အင်အားနဲ့ချည်း တိုက်ခိုက်သတ်ဖြတ်နေတာ သူတို့ဗမာစစ်တပ် မဟုတ်ဘူးလား။ သူခိုးက လူဟစ်ပြနေတယ်။ သူတို့သာရင် ငြိမ်၊ သူတို့နာရင် ကိန်။

၂။ လွတ်လပ်ရေးတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို မရှက်မကြောက် ပြောနေပြန်တယ်။ ဗမာတစ်မျိုးတည်း လွတ်မြောက်တဲ့ သခင်ဖြစ်ပြီး ကျန်တိုင်းရင်းသားအားလုံး ဗမာကျွန်ဖြစ်နေတာကိုသာ သူတို့ရဲ့ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေး ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတိုင်း သိနေကြပြီ။

၃။ တိုင်းရင်းသားတွေ သေရင် လုံးဝဂရုမစိုက်ပဲ စစ်သားတစ်ယောက်နှစ်ယောက်ကျရင် ပူဆွေးဂုဏ်ပြုတတ်တဲ့ မဟာဗမာဝါဒီ ဒေါ်စုကြည်လိုပဲ မဘသတွေလည်း ရခိုင်တွေ သေနေ၊ ပြေးနေတာ မသိချင်ယောင်ဆောင်ပြီး သူတို့ဗမာသေတော့ ဆတ်ဆတ်ခါအောင် နာတတ်ကြတယ်။

၎။ ဒီအချက်က အဆိုးဆုံးပါပဲ။ ဒေါ်စုကြည်နဲ့ သမ္မတရဲ့ ညွှန်ကြားချက်အရ ဦးဇော်ဌေးက ရခိုင်ပြည်သူတွေကို ရခိုင်မှာ စစ်တလင်းဖြစ်ချင်သလားဆိုတဲ့ ခြိမ်းခြောက်မှုကို အတိအလင်း ထပ်ဆင့်ထောက်ခံ တောင်းဆိုလိုက်ခြင်းဖြစ်တယ်။

မှတ်ညာဏ်တိုတတ်တဲ့ ခင်ဗျားတို့ကို သမိုင်းဖြစ်စဉ်တစ်ခု ပြောပြမယ်။ သီတာထွေးကိစ္စ အပါအဝင်၊ နောက်ဆက်တွဲ တောင်ကုတ်လူသတ်မှုနဲ့ ရခိုင်လူအုပ်စုတွေက ဆူပူ အကြမ်းဖက် ရဲစခန်းစီး စသဖြင့် ပေါ်ပေါက်နေချိန်မှာ ဒေါက်တာအေးမောင်က "ရခိုင်တွေကို အကြမ်းဖက်လိုသူတွေ၊ ဆူပူသောင်းကျန်းသူတွေအဖြစ် မြင်လာအောင် အစိုးရက စနစ်တကျ သွေးထိုးနေတယ်"လို့ စွပ်စွဲခဲ့တယ်။ ဒါက သမိုင်းဖြစ်ရပ် အမှန်ပါ။

နောက်တော့ အစိုးရနဲ့သူ နားလည်မှုယူပြီး ရိုဟင်ဂျာ မုန်းတီးရေး အကြမ်းဖက်မှုကြီးကို ဒေါက်တာအေးမောင်နဲ့ သူ့ပါတီ RNDPက စနစ်တကျ ကြိုးကိုင် လှုံ့ဆော်ခဲ့တယ်။ ဒီလို မုန်းတီးအောင်လုပ်ခဲ့၊ အကြမ်းဖက်ခဲ့တာကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်သို့ အစီရင်ခံစာမှာ အတိအလင်းရေးသားခဲ့တယ်။ (အမှန်က ရိုဟင်ဂျာတင်မကဘူး။ မရမာကြီး၊ ကမန်၊ မြိုလူမျိုးတွေကိုလည်း ရက်ရက်စက်စက် အကြမ်းဖက်ခဲ့ကြတယ်။) ဒီဖြစ်စဉ်တွေအားလုံးက သမိုင်းဖြစ်စဉ် အထောက်အထားတွေ ရှိနေတယ်။

https://www.facebook.com/100002036403855/posts/2041638519247342/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မဟာဗမာဝါဒ”

Post a Comment

Related Posts Plugin for WordPress, Blogger...