Thursday, August 30, 2018

အရှက်တကွဲ အကျိုးနည်း

,
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု…စစ်ရာဇဝတ်မှုတွေအတွက်
တားဆီးမှု မပြုနိုင်ဘူးပြစ်မှုကျူးလွန်သူတွေကို အရေးမယူနိုင်ဘူး ဆိုရင်-အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှာကတရုတ်နဲ့ ရုရှား နှစ်နိုင်ငံထဲ မဟုတ်ပါဘူး
-
ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေရောကုလသမဂ္ဂအထွေထွေညီလာခံကြီးနဲ့ အဖွဲ့ဝင်နိုင်ငံ တွေအားလုံးပါ
ဂုဏ်သိက္ခာ ညှိုးနွမ်း အရှက်ရစရာ ဖြစ်လာမှာပါ
-
ယဉ်ကျေးတဲ့ကမ္ဘာကြီးမှာ လူ့အခွင့်အရေးတွေကိုသာမက တိရိစ္ဆာန်တွေရဲ့အခွင့်အရေးတွေကိုတောင် တနေ့တခြား တိုးတက် အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်နေကြတဲ့အချိန်မှာမြန်မာနိုင်ငံခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ နောက်လိုက် နောက်ပါ လူရမ်းကားတွေဟာ စိတ်ထင်သလို ရမ်းကားပြီး ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ထား/ကျူးလွန် နေရင်း
အမျိုးတူ ရာဇဝတ်ကောင်နိုင်ငံ အချို့အားကိုးနဲ့ဂုဏ်သရေရှိ ကမ္ဘာ့ခေါင်းဆောင်တွေကို မထေမဲ့မြင် လုပ်နေတာကို
ထိထိရောက်ရောက်အရေးယူ ဆုံးမ ရမဲ့အချိန်က အတော်ကို လွန်နေပါပြီ
-
လူသားချင်းစာနာမှုတွေရှိလာမလား ရာဇဝတ်မှု ကျူးလွန်တာတွေကို ရပ်ဆိုင်းပစ်လာလေမလားလို့ကမ္ဘာက အချိန်တွေ အများကြီး ပေးခဲ့ပြီးပါပြီ
-
ဒီကနေ့ ဒီအချိန် ဒီလိုအခြေအနေမှာမှရာဇဝတ်ကောင် မြန်မာအာဏာပိုင်တွေကို အရေးယူနိုင်ခြင်းမရှိဘူးဆိုလျှင်
မြန်မာနိုင်ငံအတွင်းက လူနည်းစုတွေ တင်မကစစ်တပ် အစိုးရနဲ့ သဘောထားမတူညီကြတဲ့ တိုင်းသူပြည်သား အားလုံး
အတွက် ကံဆိုးမိုးမှောင်ကြီး ကျရောက်သလိုဖြစ်သွားပြီးမမျှော်လင့်တဲ့ လက်တုန့်ပြန်မှုတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်လာနိုင်ပြီး
အဲ့ဒီ မတည်ငြိမ်မှုတွေ တော်လှန်ပုန်ကန်မှုတွေဟာမြန်မာပြည်ရဲ့ နယ်နိမိတ်တွေကိုကျော်လွန်ပြီး ဒေသတွင်းနိုင်ငံတွေကိုပါ
ပြန့်နှံ့ ရိုက်ခတ်လာမှာ အသေအချာပါပဲ
-
ကုလသမဂ္ဂအဖွဲ့ကြီးမှာရော ဘာမှ ထိခိုက်မှု မရှိဘူးလို့ ထင်နေပါသလား
-
လက်တဆုပ်စာ နိုင်ငံတွေက 'ဗီတို'ဆိုတဲ့ အာဏာကို ကိုင်ထားပြီးမတရားသဖြင့် မမှန်မကန် အလွဲသုံးစားလုပ်နေမှုကို ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်ကုန်နေကြတာ ကြာပါပြီ
-
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အနေအထား ထိခိုက်လာပါတော့မယ်အနိမ့်ဆုံးအဆင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အနှစ်သာရ ဘာမှပေးနိုင်စွမ်းမရှိသုံးစားလို့ မရတဲ့ အဖွဲ့ဖြစ်ပြီး ဖျက်သိမ်းပစ်ရတဲ့ အဆင့်ကို သေချာပေါက်ရောက်သွားမှာပါ
-
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကြီးကလဲ ပြောခဲ့ဘူးသလိုကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း မင်းသာကြီးဇိုက် ကလည်းပြောခဲ့ဘူးပါတယ်
နိုင်ငံတစုက 'ဗီတို' တွေကိုင်ပြီး အလွဲသုံးစားတွေ လုပ်နေကြမယ်ဆိုရင်ကုလသမဂ္ဂအဖွဲ့ကြီးဟာ ဘာအလုပ်မှ ဖြစ်မြောက်အောင်မလုပ်နိုင်ဘူးကုလသမဂ္ဂအဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေ လုပ်ကြရမယ်
ဆိုတဲ့အကြောင်းကိုပါ
-
ဒါကြောင့်
တရုတ်နဲ့ ရုရှားနိုင်ငံတွေသာမကကမ္ဘာ့နိုင်ငံပေါင်းစုံက ဂုဏ်သရေရှိ နိုင်ငံခေါင်းဆောင်တွေနဲ့ကုလသမဂ္ဂအဖွဲ့ကြီးပါ
အရှက်တကွဲ အကျိုးနည်းမဖြစ်ရအောင်ရာဇဝတ်ကောင် မြန်မာအာဏာပိုင်များကို ထိထိရောက်ရောက်အရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်
-
(ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးဟာ FB . CEO မတ်ဇူကာဘတ်လောက်တော့ သတ္တိရှိဖို့ ရဲရင့်ပြတ်သားဖို့ ဆုံးဖြတ်ချက် ချဲရဲဖို့တော့
လိုအပ်ပါတယ်)
-
မောင်မောင် (ရွှေကရဝိက်)
-


https://m.facebook.com/story.php?story_fbid=201322957435366&id=100026729891894

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အရှက်တကွဲ အကျိုးနည်း”

Post a Comment

Related Posts Plugin for WordPress, Blogger...