Wednesday, February 28, 2018

"နိုးထပါလော့ အောင်ဆန်းစုကြည်"

,

The Telegraph

သုံးယောက်တွဲ နိုဗလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသော တာဝလ်ကွလ် ကာမန်၊ ရှီရင်း အာဘီဒီ နှင့် မေးရိဒ် မဂ္ဂိုင်ယာ တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိခိုလှုံနေကြသော ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်တို့နေထိုင်ရာ စုတ်ပြတ်နုံခြာနေသော ဒုက္ခသည် စခန်းများသို့ မျက်မြင်ဒိဌ သွားရောက်ကြည့်ရှုခဲ့ပြီးနောက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား ရက် စက်ကြမ်းကြုပ်မှုများအပေါ်တွင် မျက်လုံးဖွင့်ကြည့်ရန် အနူးညွတ်ပန်ကြားလိုက်သည်။

 ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရိုဟင်ဂျာများအား အကြမ်းဖက်ခဲ့ခြင်းအပေါ်တွင် အသံထုတ်ပြရမည်ဖြစ်ကြောင်းနှင့် သို့မဟုတ်ပါက သူမသည်လည်း ဂျီနိုဆိုဒ်အမှုတွင် တရားစွဲဆိုခံရမည့် အန္တရာယ်ရှိနေကြောင်း သတိပေးပြောကြားလိုက်သည်။

"ဒါဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုဒ် ဖြစ်နေတယ်ဆိုတာ- ရှင်းပါတယ်၊ ရှင်းပါတယ်၊ ရှင်းပါတယ်" လို့ သုံးခါ ပြောကြားသွားခဲ့သည်။

"ကျမတို့ကတော့ မြန်မာအစိုးရရဲ့ ဒီ ဂျီနိုဆိုဒ်ပေါ်လစီကို ကန့်ကွက်ပါတယ်။ ဒါဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC (International Criminal Court) အထိ အပို့ခံရနိုင်တယ်။ ဂျီနိုဆိုဒ် ကျူးလွန်တဲ့သူတွေအားလုံး အပစ်ပေးခံရပါလိမ့်မယ်" လို့ မဂ္ဂိုင်ယာက ပြောကြားခဲ့ပါသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက တုန့်ပြန်ကြမှာပါ။ ဒါဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာခုံရုံးကို တင်ရမယ့် အမှုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ညီမ အောင်ဆန်းစုကြည် ကိုလည်း ပန်ကြားချင်ပါတယ်။ ခလေးငယ်တွေကို သူတို့မိခင် လက်ထဲက ဆွဲယူသွားမယ်ဆိုရင် ကိုယ်တိုင်လည်း မိခင်တယောက်မို့ စဉ်းစားကြည့်စမ်းပါ။ နောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာတွေကို မီးရှို့ပစ်တယ်ဆိုတာ။ ရိုဟင်ဂျာတွေဟာလည်း လူသားတွေဖြစ်လို့ သူတို့မှာ အသက်ရှင်နေထိုင်ခွင့် အခွင့်ရေးရှိတယ် ဆိုတာ မမေ့ပါနဲ့” လို့ Maguire က ပြောကြားခဲ့ပါသည်။

ယီမင် လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်သော မစ္စ ကာမန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင် ဆောင်ရွက်ပေးခြင်းမရှိပါက အိုင်စီစီသို့ အတင်း အကြပ် ဒရွတ်တိုက်ဆွဲခေါ်ခြင်းခံရမည့် အန္တရာယ်ရှိနေကြောင်း သတိပေး စကားပြောကြားခဲ့သည်။

"တကယ်လို့ သူမက ဆက်ပြီး နှုတ်ပိတ်နေမယ်ဆိုရင် သူမလည်း အဲဒီထဲက တစ်ယောက်ဖြစ်လာ ဖို့ များပါတယ်။" ဟု ကာမန်က ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ပြီးနောက် မျက်ရည်လည်ရွဲဖြင့် ပြောကြားခဲ့သည်။

ကျွန်မတို့ရဲ့ ညီအစ်မဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် - အသိတရားရပြီး ထုတ်ဖေါ်ပြောဆိုဖို့ ပန်ကြားနေတာပါ။ ဒါမှမဟုတ်ရင်တော့ သူမဟာ ဒီရာဇဝတ်မှု ကျူးလွန်သူတွေထဲက တယောက်ဖြစ်သွားပါလိမ့်မယ်။ ဒီရာဇဝတ်မှုတွေ ရပ်ဆိုင်းသွားအောင် မလုပ်နိုင်ဘူးဆိုရင် လည်းနှုတ်ထွက်ပေးပါ။ အခုကို နှုတ်ထွက်ပေးပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် နိုင်ငံတကာခုံရုံးကို သူမပါ သွားရမှာပါ”

"နိုးပါလော့၊ ထပါလော့ လို့ ညီမငယ် အောင်ဆန်းစုကြည်ကို တောင်ပန်ချင်ပါတယ်။ ဒါမှမဟုတ်ရင် သူမအနေနဲ့ ဒီ ရာဇ၀တ် ပြစ်မှုကျူးလွန်တဲ့သူထဲက တစ်ယောက်အနေနဲ့ သူမကို မြင်သွားပါလိမ့်မယ်။ " မြန်မာအစိုးရကတော့ စွပ်စွဲချက်တွေကို ထပ်ခါထပ်ခါ ငြင်းဆိုထားပြီး ပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသသို့လည်း ယူအန်အဖွဲ့ကို သွား ရောက်စုံစမ်းခွင့် ပိတ်ပင်ထားပါသည်။

၂၀၁၆-ခုနှစ်မှ စ၍၊ အာဏာရလာသော အောင်ဆန်းစုကြည်မှာ သူမ၏ ဆယ်စုနှစ်ပေါင်းများစွာ မဆုတ်မနှစ်သော ဒီမိုကရေ စီ တိုက်ပွဲရှည်ခရီးအတွက် ၁၉၉၀-ခုနှစ်တွင် နိုဗလ်ငြိမ်းချမ်းရေးဆုရရှိခဲ့သော်လည်း ရိုဟင်ဂျာအရပ်သားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် လူသိရှင်ကြားရှုပ်ချရန် ပျက်ကွက်လျက်ရှိသည်။

"ကျမတို့အနေနဲ့ ကျမတို့ရဲ့ နိုဗလ်ငြိမ်းချမ်းရေးဆုရှင် နှမတော် အောင်ဆန်းစုကြည်ကို အတော်လေးကို စိတ်ဆိုးပါတယ်။"

"သူမအနေနဲ့ အမှန်တရားကို ပြောသင့်တယ်- မဟုတ်ရင် တကယ်လို့ သူမအနေနဲ့ ဒါမျိုးတွေ ဆက်လုပ်နေအုံးမယ်ဆိုရင်၊ သူမလည်း တရားခံတစ် ယောက် ဖြစ်သွားမှာပဲ။ နှုတ်ထွက်လိုက်ပေါ့။" ဟု ကာမန်က ကော့ဘဇ္ဖားမှ တယ်လီဖုန်းဖြင့် ပြော ကြားသွားသည်။

“သူတို့၏ လင်ယောင်္ကျားများနှင့် ခလေးများ အသတ်ခံခဲ့ရပြီး သူတို့မှာလည်း စစ်သားများ၏ ထပ်ခါထပ်ခါ မဒိန်းကျင့်ခြင်း ကို ခံခဲ့ရကြောင်း” ပြောကြားခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီး ၁၅ ယောက်ခန့်နှင့် စကားပြောဆိုခွင့်ရခဲ့ကြောင်း ကာမန်က Thomson  Reuters Foundation သို့ ပြောကြားခဲ့သည်။

"ကျမတို့ ဒီကနေ့ ကြားခဲ့ရတာတွေကို ရှင့်အနေနဲ့ တစ်သက်နဲ့တစ်ကိုယ် စဉ်းစားမိမှတောင် မဟုတ်ဖူး" ဟု Karman က ပြောခဲ့သည်။

Laureates to Suu Kyi: Wake up

Aung San Suu Kyi Should Oppose Myanmar Military or Resign, Says Fellow Nobel Prize Winner

https://www.telegraphindia.com/world/laureates-to-suu-kyi-wake-up-211637

https://www.irrawaddy.com/news/burma/aung-san-suu-kyi-oppose-myanmar-military-resign-says-fellow-nobel-prize-winner.html


https://m.facebook.com/story.php?story_fbid=195419871047530&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "နိုးထပါလော့ အောင်ဆန်းစုကြည်"”

Post a Comment

Related Posts Plugin for WordPress, Blogger...