တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်း
နေပြည်တော် ဖေဖော်ဝါရီ ၁၃
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဒီကနေ့အခမ်းအနားကတော့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးကြတဲ့ အခမ်းအနား ဖြစ်ပါတယ်။
လက်မှတ်ရေးထိုးတဲ့ အဖွဲ့အရေအတွက် မများလှဘူး ဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက် အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ ခရီးက မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတစ်ကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ ဒီလို ခြေတစ်လှမ်းကို ရဲရဲကြီး တက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောလိုပါတယ်။
NCA ဟာ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လမ်းဆုံး မဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းတွေရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းတိုင်ပင်အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ဖြစ်ခဲ့တာပါ။ ဒီကနေ့ဆိုရင် နှစ်ပေါင်း ခုနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ကျွန်မတို့နဲ့ မရှေးမနှောင်း လွတ်လပ်ရေး ရရှိခဲ့တဲ့ နိုင်ငံတွေ၊ ကျွန်မတို့နိုင်ငံရဲ့ နောက်မှ လွတ်လပ်တဲ့နိုင်ငံ ထူထောင်နိုင်ခဲ့တဲ့ နိုင်ငံတွေ ဒီကနေ့ဒီအချိန်မှာ ရှေ့ကိုအများကြီး ဆက်လျှောက်နေကြပါပြီ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေကတော့ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ မတည်မငြိမ် စိုးစိုးရွံ့ရွံ့နေကြတုန်းပါပဲ။ တိုက်ပွဲ တွေကြောင့် ကြောက်လန့်တကြား အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတယ်။ စာသင်ကျောင်း တွေမှာ စာအံသံတွေ တိတ်ဆိတ်နေပြီး လယ်ယာ စိုက်ခင်းတွေမှာ ပေါင်းပင်မြက်ပင်တွေ ဖုံးလွှမ်းနေကြရတယ်။ အဓိကအကျဆုံးကတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေး သူငယ်လေးတွေ အသက်အန္တရာယ် လွတ်ကင်းအောင် တိမ်းရှောင်နေကြရခြင်းပဲ ဖြစ်ပါတယ်။
သံသယတွေ၊ မုန်းတီးမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးအနေနဲ့ ဒီဒေသတွေဟာ မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်၊ ယနေ့ထက်တိုင် နောက်ကျ ကျန်ရစ်နေရ တုန်းပါပဲ။ ပြည်သူတွေဟာလည်း အကြောက်တရားနဲ့ နေ့စဉ်ရှင်သန်နေထိုင်ကြရ ပါတယ်။ ဒီကနေ့အထိ၊ (၂၁)ရာစုခေတ်သစ်အထိ ကျွန်မတို့ တိုင်းရင်းသားကလေး သူငယ်တွေရဲ့ အနာဂတ်တွေ အမှောင်ဖုံးနေတုန်းပါပဲ။ ဒီအခြေအနေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျွန်မတို့ မလုပ်နိုင်ကြသေးပါဘူး။ ဝမ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းသေးနိုင်ကြသေးပါဘူး။ နိုင်ငံတကာမှာ ပြောကြတယ်။ စစ်ဒဏ်ကြုံပြီး အရမ်းကို တိုးတက်သွားကြတဲ့ နိုင်ငံတွေက ပြောကြတယ်။ စစ်ဘေး စစ်ဒဏ် သင့်ခဲ့ဘူးရင် ညီညီညွတ်ညွတ် ကြိုးကြိုးစားစား ရုန်းကန်ချင်တဲ့ စိတ်ဓါတ် မြင့်မားတယ်၊ ဒါကြောင့် တိုးတက်လာကြတာလို့ ဆိုကြပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဒီလိုမျိုး မဖြစ်နိုင်ခဲ့ ပါဘူး။ ဒီကနေ့အထိလည်း မဖြစ်နိုင်သေးပါဘူး။
ဒီကနေ့ လက်မှတ်ထိုးမယ့် သတင်းတွေ ပေါ်ထွက်လာချိန်မှာ အဲဒီဒေသက ပြည်သူတွေ ဝမ်းသာကြ၊ ပျှော်ရွှင်ကြနဲ့ ကြည်နူးစရာ သတင်းတွေ ကြားသိရပါတယ်။ ပြည်သူတွေရဲ့ ပထမဆုံး သိသာထင်ရှားတဲ့ ပြောင်းလဲမှုက လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားခြင်းပဲ ဖြစ်ပါတယ်။ မတရားအသင်း မဟုတ်တော့ဘူး၊ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်တော့ဘူးဆိုတဲ့ အသိကြောင့် ဆက်သွယ်ပြောဆိုဆက်ဆံရာမှာ အကြောက်တရားတွေ လျော့သွားတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတော့မယ်ဆိုတဲ့ အသိနဲ့ အနာဂတ်အတွက် မြင်ယောင်ဝမ်းသာ ကြတယ်။ ဒီကနေ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးနေပြီဖြစ်တဲ့ အခြားပြည်နယ်ကို လှမ်းမျှော်ကြည့်ပြီး လူမှု-စီးပွား အစစ အရာရာ တိုးတက်ပြောင်းလဲ လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပေါ် လာကြတယ်၊ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးတဲ့ ဒေသတွေ ဖြစ်ပေါ်လာတယ် ဆိုတာ သိရပါတယ်။
နှစ်ဖက်အဖွဲ့အစည်းတွေအကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) တွေ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေ သိစေချင် တာက အဲဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွား ဖွယ်ရာတွေ ဖြစ်လာရင် ဘယ်လို ညှိနှိုင်းဖြေရှင်းမလဲ ဆိုတာတွေ၊ ညှိနှိုင်း ဖြေရှင်းရေး ယန္တရားတွေ မပါပါဘူး။ NCA ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်း သွားအောင်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်း ဆွေးနွေး ဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့ စတင်ခြင်း အသစ်လို့ ပြောချင်ပါတယ်။
တစ်ချိန်တည်းမှာပဲ NCA ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ကြမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို စတင်ဖို့ သဘောတူညီချက်တွေ ပါရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေ ဖြစ်ပေါ်လာအောင် နည်းလမ်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ပေါ်ပေါက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြလို့ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ ပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာ ကနေ ကျွန်မအနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ ကျွန်မတို့ အစိုးရလက်ထက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့ရုံသာမက ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံရေးသဘောတူညီချက် (၃၇)ချက်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် ဒါဟာ ပထမဦးဆုံး စတင်နိုင်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သလို ဘယ်လိုဆွေးနွေးကြမယ်ဆိုတဲ့ မူဘောင်တွေ စနစ်တကျ ရေးဆွဲပြီးမှ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ပထမဦးဆုံး အတွေ့အကြုံ ဖြစ်ပေမယ့် လည်း ကျွန်မတို့ရဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှာပဲ ဖြစ်ဖြစ်၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေနဲ့ ညီလာခံ ဆွေးနွေးပွဲတွေမှာ တစ်ကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ပါဝင်ဆောင်ရွက်ခဲ့ ကြတာဟာ အားရစရာ အထူးပဲ ကောင်းလှပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ့် အခြေခံမူတွေကို စိတ်အားထက်သန်စွာ စဉ်းစားသုံးသပ် ဆွေးနွေးညှိနှိုင်းခဲ့ကြတာဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံးမှတ်တိုင်တွေ ဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်သေးတဲ့ အဖွဲ့အစည်း တွေ၊ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေ ကျန်ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြိုကြားကြိုကြား ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံအောက်ပိုင်းမှာ ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပ နေပေမယ့်လည်း တစ်နိုင်ငံလုံး ခြုံလွှမ်းနိုင်အောင် မပေးနိုင်သေးပါဘူး။ ကျွန်မတို့ အားလုံး ကိုယ်စီကိုယ်စီ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားကြရဦးမှာ ဖြစ်ပါတယ်။
လွတ်လပ်ရေး ရရှိပြီးကတည်းက ကျွန်မတို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အင်အားပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ တိုင်းပြည် မငြိမ်းချမ်းတဲ့အတွက် တည်ငြိမ်မှု ကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ အဘက်ဘက်က နောက်ကျလို့ အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲကိုတောင် သက်ဆင်းကျရောက်ခဲ့ရပါတယ်။ နိုင်ငံလည်း နစ်နာ၊ လူထုလည်း နစ်နာ၊ ပြည်ထောင်စုရဲ့အနာဂတ်လည်း နစ်နာခဲ့ရပါတယ်။ ဒီကနေ့ ဒီအချိန် ကျွန်မတို့ နိုင်ငံမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ အားလုံး သိကြတဲ့အတိုင်း နိုင်ငံတကာအလယ်မှာ ကျွန်မတို့နိုင်ငံဟာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှု တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့ အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး အများသူငှါက လေးစားရတဲ့ နိုင်ငံတော်ကို ကျွန်မတို့ ထားရစ် ခဲ့မှာလား၊ အလေးအနက်ထား စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။
နောက်ထပ် ဘယ်အချိန်အထိ ကျွန်မတို့ ပြည်သူတွေ စောင့်ဆိုင်းနေကြရဦး မှာလဲ။ ဘယ်အချိန်အထိ ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးစိုးနေဦးမှာလဲ၊ နောက်ထပ် ဘယ်အချိန်အထိ မညီညွတ်တဲ့နိုင်ငံဘဝနဲ့ နေနေကြရဦးမှာလဲ။ အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေကို စတင်ခဲ့ကြတဲ့သူတွေကတော့ ဒီကနေ့ ဒီအချိန်မှာ ဒီလောကကြီးထဲမှာ မရှိကြတော့ပါဘူး။ အမွေဆိုးအဖြစ် ထားရစ်ခဲ့တဲ့ ဒီပဋိပက္ခတွေကို ဆက်လက် သယ်ဆောင်ပြီး ကျွန်မတို့လက်ထက်မှာလည်း စစ်မီးမငြိမ်း၊ မြက်ခင်းမစိမ်း နိုင်သေးဘဲ ယမ်းငွေ့တွေ ဝေနေဦးမှာလား၊ ဆက်ပြီးတော့လည်း ယမ်းငွေ့တွေ ဝေနေစေချင်သေးတာလား ဆိုတာကို ကိုယ့်ကိုကိုယ် မေးကြရမှာပါ။
ကျွန်မတို့ရဲ့ နိုင်ငံထူထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ အခွင့်အရေး သာတူညီမျှရှိတဲ့၊ ဝါဒရေးရာ ဖြူစင်တဲ့ ပြည်ထောင်စုကြီး တည်ထောင်နိုင်ဖို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်မတို့အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပါ ပြီ။ တိုင်းပြည်နာလှပြီဖြစ်သလို ကျွန်မတို့ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်း(၇၀)ကျော်လွန်ခဲ့ပါပြီ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး ရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါတယ်။
အတိတ်က သံသယတွေ၊ အာဃာတတွေ ပစ္စုပ္ပန်အပေါ် အရိပ်ထိုး တတ်ကြပါ တယ်။ ဒါဟာ လူ့သဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး ပြီးခဲ့တဲ့ အတိတ်ကို သင်ခန်းစာယူပြီး တိုင်းပြည်ရဲ့အနာဂတ်အတွက်၊ ကျွန်မတို့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရှေ့ကို ခြေလှမ်းတစ်လှမ်း ရဲရဲကြီး လှမ်းလိုက်ဖို့ ပြောချင်ပါတယ်။ လက်နက်တွေ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေမှာ မိသားစု အချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် စတင်မှုအသစ်တစ်ခုကို အစပြုပေးကြဖို့ ပြောကြားလိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ဦးတည် ကြိုးပမ်းနေတဲ့ (၂၁)ရာစုပင်လုံညီလာခံ လမ်းကြောင်းကို မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းသွားဖို့ သန္နိဌာန် ချထားပြီးဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လို စိန်ခေါ်မှုမျိုး ကြုံတွေရသည် ဖြစ်စေ ဖက်ဒရယ်ပန်းတိုင် အပျောက်မခံဘဲ ခြေလှမ်းမှန်မှန် နဲ့ ရှေ့ကို ဆက်ပြီး လျှောက်လှမ်းသွားမှာဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်။
NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်မ ပြောခဲ့ပါတယ်။ နောက်ထပ် လာမယ့် ညီလာခံအစည်းအဝေး (၃)ကြိမ်မှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံ မူတွေ ချမှတ်နိုင်အောင်၊ ဖက်ဒရယ်အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပူးပေါင်းပေးကြဖို့ ထပ်လောင်း ပြောလိုပါတယ်။
ဒါပေမယ့် ကျွန်မတို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင် ဖက်ဒရယ် ခရီးကတော့ ချောချောမွေ့မွေ့ သာသာယာယာနဲ့ ဖြတ်သန်းရမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ခရီးဟာ တာဝေးခရီးဖြစ်တဲ့အတွက် စိတ်ဓါတ်နဲ့ ယုံကြည်မှုက အရင်းခံ ဖြစ်ပါတယ်။ အခုထိလည်း နိမ့်လိုက် မြင့်လိုက်၊ လျှောက်လိုက် ရပ်လိုက်နဲ့ အကွေ့အကောက် တွေကလည်း များလှပါတယ်။ ဒါပေမယ့် ကျွန်မတို့ စိတ်မပျက်ပါဘူး။ ကျွန်မတို့ လက်လျှော့မှာမဟုတ်ပါဘူး။ ဆက်ပြီး လျှောက်မယ်၊ ဆက်လက်ပြီး ကြိုးပမ်း သွားမယ်။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေ အတွက်၊ အောက်ကျနောက်ကျဖြစ်နေရတဲ့ ကျွန်မတို့ရဲ့ နိုင်ငံတော်အတွက် ပြန်လည် သင့်မြတ်ရေးလမ်းကို မမှိတ်မသုန် ဆက်လျှောက်သွားမှာပါပဲ။
မလွယ်ကူဘူး၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေများမယ်ဆိုတာ ကျွန်မတို့ အစကတည်းက သိခဲ့ပါတယ်။ လွယ်ကူတယ်ဆိုရင် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရနေတာ ကြာလှပြီပေါ့။ ကျွန်မတို့ရဲ့ သမိုင်းကြောင်းက ပြောပြတယ်၊ တိုင်းရင်းသားတွေက ပြောကြတယ်။ လူတိုင်းက ပြောကြတယ်၊ လေ့လာသုံးသပ်သူ ပညာရှင်တွေက ပြောကြတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူတွေ အားလုံးသဘောတူ လက်ခံကြတဲ့ ဖက်ဒရယ် စနစ်ကို ထူထောင်တည်ဆောက်နိုင်မှ ငြိမ်းချမ်းနိုင်မယ် ဆိုတာကို။ အားလုံးသိကြတဲ့ အတိုင်း ဒီကနေ့ ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သမိုင်းရဲ့လိုအပ်ချက် တစ်ရပ်၊ ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်း တစ်ရပ်အဖြစ်ကို ရောက်ရှိနေခဲ့ပါပြီ။
ဒါဆို ဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးကြပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်သူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ညီညွှတ်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက် ထိန်းသိမ်းပေးနိုင်မယ့် ဖက်ဒရယ်မျိုးပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် တစ်ခုတည်းသော ဖက်ဒရယ်စနစ် ဆိုတာ မရှိပါဘူး။ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်တည်ဆောက်ကြရတာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပြီး အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီဇိုင်းကို ရေးဆွဲကြမှာပါ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည်ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင်မာမာ ရေရှည်ကျင့်သုံး ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဦးစွာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို လာရောက်ကြဖို့ ညှိနှိုင်းနေ၊ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့သစ်တွေ တိုးလာပြီးတဲ့နောက်မှာလည်း ကျွန်မတို့ရဲ့ ရှေ့လုပ်ငန်းစဉ်က ရှင်းပါတယ်။ NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တွေ ခိုင်မာအောင် ဆက်ကြိုးပမ်းသွားမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ ကျွန်မတို့ အချင်းချင်းအကြား သဘောထား ကွဲလွဲတာတွေ ဖြစ်ပေါ်လာရင် ပင်လုံစိတ်ဓာတ်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြပါမယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားအောင် တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အဖြေရှာပါမယ်။ ဒီအဖွဲ့တွေ NCA ထီးရိပ်အောက် ရောက်ရှိလာပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကြိုးစားပါမယ်။ ဒီလုပ်ငန်းစဉ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်လက် လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမျိုးသားညီညွတ်ရေးကို ဆောင်ကြဉ်းနိုင်ဖို့ အလေးအနက်ထားပြီး ပြောကြားလို ပါတယ်။ ကျွန်မတို့အားလုံး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်မတို့အားလုံး အတူလက်တွဲပြီး ဘာမဆိုအောင်မြင်အောင် ကြိုးပမ်းနိုင်မှာပါ။ အလားတူပါပဲ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်စွမ်း မရှိဘူးဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အခက်အခဲတွေ ကြုံတွေရဦးမှာပဲ ဖြစ်ပါတယ်။ ပျော့ပျောင်းခြင်း ဟာ ပျော့ညံ့ခြင်း မဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရမှာကို စိုးရွံ့မနေကြဖို့ အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည်လျှောက်လှမ်းကြရာမှာ ကျွန်မတို့ အချင်းချင်းအကြား သွေးကွဲ၊ သဘောထားကွဲလွဲစေမယ့် ကိစ္စရပ်တွေကို လျော့ကျသွားစေဖို့ ကျွန်မတို့အားလုံး ကို ပိုမိုစုစည်း၊ ပိုမိုညီညွတ်စေမယ့် ဘုံတူညီချက်တွေကို ဖော်ထုတ်ကြရမှာပါ။
ဒီကနေ့ ကျွန်မတို့ ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် လုပ်ရမယ့် ကိစ္စရပ်တွေ၊ ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကို ပြေလည်စေဖို့၊ မငြိမ်းချမ်းမှုတွေကနေ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေကို ဖယ်ရှားပေးနိုင်ဖို့၊ သူတို့အတွက် သေချာရေရာတဲ့ အနာဂတ်တွေကို ဆောင်ကြဉ်းပေးဖို့ ကျွန်မတို့ ညီညွတ်ကြဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့အချင်းချင်း လက်တွဲလုပ်ကိုင်ခြင်းကပဲ အတိတ်က စတင်ခဲ့တဲ့ သံသယနဲ့ မုန်းတီးမှုတွေကို ပြေပျောက်နိုင်စေမှာ ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်မတို့ ပြည်သူတွေက (၂၁)ရာစု ပင်လုံညီလာခံကို မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ ကျွန်မတို့ရဲ့ တုဖက်ပြိုင်ဆိုင်မှုတွေ၊ မာန်မာနနဲ့ အာဃာတ တိုးတိုက်မှုတွေကို ကျွန်မတို့ ပြည်သူတွေက အကဲဖြတ်ကြမှာပါ။ အတိတ်မှာ သာခဲ့တာတွေ၊ နာခဲ့တာတွေကို ပြန်လည်သယ်ဆောင်နေဦးမယ်ဆိုရင် ကျွန်မတို့ရဲ့ ညီညွတ်ရေးကို ပိုပြီးတော့ ကွဲဟစေမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရရှိခဲ့လို့ ညီညွတ်ရေး ပြိုကွဲခဲ့တဲ့ နှစ်ပေါင်းများစွာ အမှောင်ထုကြီးကို ဖြိုခွင်းနိုင်မယ့် အခွင့်အရေးဟာ ဒီကနေ့ ကျွန်မတို့အားလုံး ရှေ့ကို ရောက်နေပါပြီ။ သမိုင်းကပေးတဲ့ အခွင့်အရေး၊ ပြည်သူ ကပေးတဲ့ အခွင့်အရေးပါပဲ။
ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေဖို့ ကျွန်မတို့အားလုံး သတိပြုကြ စေချင်ပါတယ်။ ရှေ့ကို ခြေလှမ်းတစ်လှမ်းတက်ဖို့ စိုးရွံ့မနေကြပါနဲ့။ ကျွန်မတို့ ကြောက်ရွံ့ရမှာက ကျွန်မတို့ စိတ်ထဲမှာရှိနေတဲ့ ကြောက်ရွံ့စိတ်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူမှ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာကို သေသေချာချာ သိနိုင်ကြတာ မဟုတ်ပါဘူး။ ဘာဖြစ်လာမယ် ဆိုတာ သေချာ မသိနိုင်တဲ့ အခြေအနေနဲ့ ကျွန်မတို့ နေ့စဉ်နေ့တိုင်း အိပ်ရာက နိုးထ လာကြရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းမှာ ဘာတွေကြုံလာရဦးမယ် ဆိုတာ ကျွန်မတို့ အားလုံး မသိနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်မတို့နောက်မှာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ လိုလားတောင့်တနေတဲ့ ပြည်သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပြီ ဖြစ်ပေမယ့် သူတို့ဆန္ဒ၊ သူတို့မျှော်လင့်ချက်တွေကတော့ အရောင်တလက်လက် တောက်ပနေတုန်းပါပဲ။ သူတို့နဲ့ အတူ၊ ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့အတူ ကျွန်မတို့ အားလုံး ရဲရဲတင်းတင်းနဲ့ရှေ့ကို တက်လှမ်းလိုက်ကြတာပေါ့။ ဖြစ်လာသမျှ ရင်ဆိုင်ကြမယ်၊ ကြုံလာသမျှ ဖြေရှင်းကြမယ်။
ကမ္ဘာ့အလယ် တင့်တယ်၊ အားကောင်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်၊ နောင်လာမဲ့ မျိုးဆက်တွေ တောက်ပရေး အတွက်၊ ကျွန်မတို့ ပြည်သူတွေနဲ့အတူ ကြိုးပမ်းတဲ့နေရာမှာ စေတနာ၊ ပညာ၊ သတ္တိ လိုအပ်ပါတယ်။ နိုင်ငံ့အပေါ်ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့ အသီးအပွင့်တွေ ဝေဆာစေနိုင်စေမယ့် ပညာ၊ ပညာရဲ့လမ်းညွှန်မှုအရ လုပ်ရဲတဲ့သတ္တိတွေနဲ့ ရှေ့ငြိမ်းချမ်းရေး၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
MSCO
https://m.facebook.com/story.php?story_fbid=1993711790884769&id=100007379025151
Wednesday, February 14, 2018
NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်း
Posted by
Reporter Myanmar
,
at
12:09 AM
Subscribe to:
Post Comments (Atom)
- ကျောက်တော်မှမီးရှို့ခံရသည့်ကျေးရွာ(၂)ရွာတွင် နေအိမ်(၁၆၀)ကျော်မီးလောင်ပျက်စီးခဲ့
- NLD အစိုးရတက်လျှင် . . . .
- ပြည်သူ့ဝန်ထမ်းတွေကြောက်လန့်စွာဖြေဆိုခဲ့ရသောမေးခွန်း(၃၃)ခု
- ရေမလိုလက်သန့်ဆေးရည်လုပ်နည်း
- သမိုင်းဝင်ခေတ်များ
- မြန်မာ့မီးရထား
- ဗမာတို့မြင်ဖို့
- ရွာ့ကျက်သရေ - - - သိပ္ပံမောင်ဝ
- ၁၉၈၂-နိုင်ငံသားဉပဒေ
- အတိုနဲ့ထိုးလိုက်မှဖြင့်
- တာဝန်ရှိသူများအလေးအနက်စဉ်းစား၍အချိန်မီဆောင်ရွက်ပေးကြပါရန်
- ပက်လက်လန်သွားတယ်
- ကျနော်ကြောက်နေကြောင်းပြောပြတာပါ
- ငါးပါးသီလ မစောင့်ကြပါနဲ့
- ဂရန်ဆိုသည်မှာ(၁)
- ဒိုင်လူကြီးအားကွင်းထဲမှမောင်းထုတ်ခြင်း
- ကျနော်တွင်ခုံသမားတစ်ယောက်ပါ
- ဂျော့(ချ)ဖလွိုက်ထက်ဆိုးတယ်
- သမိုင်းဝင်ခေတ်များ
- လဝက မှသွေးနှောလို့ပြောပြီးရစ်နေသောဝန်ထမ်းများ အနှစ်ချုပ်
- MM Randeria High School
- ဘုန်းကြီးခရိုနီများ၏အတွင်းရေး
- မည်သည့်အပင်မဆို ရာသီမဟုတ်ချိန်တွင်အသီးသီးအောင်လုပ်နည်း
- အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူဆိုတာ
- စစ်ကျွန်ပညာရေးစနစ်
- ပြောင်းလဲခြင်းမကပြောင်းလဲသွားတာကတော့ ဒီချုပ်ဉက္ကဌပါပဲ
- " ထောင်ကိုမကြောက်ဟု VK တွင် ဗီဒီယိုဖိုင်ဖြင့်ဆရာတော်ဦးဝီရသူပြောကြား"
- မကွေးမြို့တွင်ဒေါ်အောင်ဆန်းစုကြည်တည်းခိုရာဟိုတယ်နှင့် မိုင်ဝက်ခန့်အကွာ၌သေနတ်ကျည်ဆံအများအပြားသိမ်းဆည်းရမိ
- "အာဏာပိုယူရန်ကြံစည်နေသောစစ်ဗိုလ်တွေအကြောင်း"
- မြန်မာ့ဒုတိယအင်ပါယာ-၅
- မြန်မာ့ဒုတိယအင်ပါယာ-၄
- မြန်မာ့ဒုတိယအင်ပါယာ-၃
- မြန်မာ့ဒုတိယအင်ပါယာ-၂
- မြန်မာ့ဒုတိယအင်ပါယာ-၁
- လွှတ်တော်အမတ်များ၏လှုပ်ရှားမှုအပေါ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က နောက်ယောင်ခံသတင်းရယူခြင်းသည် ဉပဒေမချိုးဖောက်ဟုဆို
- "ဦးဝီရသူကိုတရားစွဲရန်အမှုတည်ဆောက်နေဟု ဝန်ကြီးသူရဦးအောင်ကိုပြော"
- အမြင့်ဆုံးရာထူးကိုဖော်ထုတ်ပေးခဲ့သူမှာ ဦးကိုနီဖြစ်ကြောင်း
- "ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာရှိသေး တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်"
- ""ဓနုဖြူခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်လုပ်ကြံခံရမှုဖြစ်စဉ်အကျဉ်း- " "
- "အမျိုးသားနိုင်ငံရေးပါတီတဲ့"
- "ဗိုလ်ရွှေမန်းရဲ့ပါတီထွက်လာပါပြီ"
- "မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း၏ထုတ်ပြန်ကြေငြာချက်(၂/၂၀၁၉)"
- "ဦးကိုနီ၏ ၂၀၀၈-အခြေခံဉပဒေအကြောင်းရှင်းလင်းပြောကြားချက်"
- ဗိုလ်ချုပ်ရုပ်တုစိုက်ထူနေမှု ဒေသခံများပြင်းပြင်းထန်ထန်ကန့်ကွက်
- "သမီးလှကျေးရွာမှ ရွှေ၊ငွေ၊လက်ဝတ်ရတနာ တန်ဖိုး သိန်း(၁၅၀)ကျော်ပျောက်ဆုံးသွားမှုကိုပြည်နယ်လွှတ်တော်တွင်တင်ပြမည်"
- ဘဏ်တိုးအကြောင်းသိမှတ်စရာ
- "ဝီရသူသည်ဘုန်းကြီးမဟုတ်ပဲ သင်္ကန်းဝတ်လူရမ်းကားသာဖြစ်"
- " အားနာပါတယ်ဦးကိုနီ(မြေးချစ်ညို) "
- " ဒေါ်အောင်ဆန်းစုကြည်စကားအရ မြစ်ဆုံစီမံကိန်းကိုခွင့်ပြုတော့မလား "
- လွတ်လပ်ရေးကျိန်စာ
- ရခိုင်အရေးဖြေရှင်းနိုင်မည့်နည်းလမ်း မည်သူမျှမသိဟုဂျပန်သံအမတ်ပြော
- ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်၏ဆွေးနွေချက်မှားယွင်း
- "ဉပဒေဆိုင်ရာအချက်အလက်တွေကို တစ်နေရာတည်းမှာရရှိနိုင်မယ့်ဝက်ဆိုက် "
- "ရက္ခိုင့်တပ်မတော် AA ကိုချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား "
- ပြည်မြန်မာတိုးတက်စေဖို့
- လွတ်လပ်ရေးကျိန်စာ-၂
- လွတ်လပ်ရေးကျိန်စာ-၁
- " ခွင့်မလွှတ်ဘူး(မောင်စွမ်းရည်) "
- "မြစ်ဆုံဟာမလုပ်သင့်ဘူး "
- "မြစ်ဆုံကျန်စာ"
- (ကြည်း/ရေ/လေ) တပ်မတော်သားများ၏လစာနှုန်းထားများ
- ဗမာတို့မြင်ဖို့
- " မဟာဗမာဝါဒ "
- ဗမာတို့မြင်ဖို့ " ဗမာလူမျိုးကြီးဝါဒ"
- " တန်းတူညီမှုဆိုတာ "
- ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသောသမိုင်းတစ်ခု
- "ရခိုင်ပြည်နယ်သွေးချောင်းစီးတော့မှာလား "
- AA ကိုထောက်ခံနေမှုရပ်တန့်ကြဖို့သမ္မတရုံးပြော
- နိုင်ငံ့ခေါင်းဆောင်များအရေးပေါ်အစည်းအဝေးပြုလုပ်၊ အစိုးရနှင့်တပ်မတော်သဘောတူညီမှုရရှိဟုဆို
- ပတ်စ်ပို့လုပ်မည်ဆိုလျှင်
- သင်မသိသေးသော အလောင်းဘုရား၏ဝါးရင်းတုတ်တပ်
- "AA အကြောင်း လိုတိုရှင်း "
- "အခွင့်ထူးခံအသင်းများ(သရဝဏ်-ပြည်) "
- " အကြမ်းဖက်သောင်းကျန်းသူ "
- "စစ်ရေးအရမင်းအောင်လှိုင်ခေါင်းကိုနင်းထားနိုင်မှ အန်စီအေလက်မှတ်ထိုးမည်- စစ်ရေးအရမင်းအောင်လှိုင်ခေါင်းကိုနင်းထားနိုင်မှ N.C.A လက်မှတ်ထိုးမည် "
- "ရခိုင်တွေ R2P အိပ်မက်မက်နေပြီလော "
- "AA အဖွဲ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့အမှုဖွင့် "
- "၂၀၁၉ ဇန်နဝါရီလ(၁/၂/၃/၄)ရက် ၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ"
- "ပြည်သူပိုင်သိမ်းပွဲကြီး "
- " မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်း "
- “ဘယ်သူဓမ္မလဲ အဓမ္မလဲဆိုတာသမိုင်းကအဆုံးအဖြတ်ပေးလိမ့်မယ်(သူရအောင်ကို)"
- "ပါမောက္ခချုပ်ဆရာတော်၏နှစ်သစ်ကူး၊ပြည်သူ့ရင်ပြင်၊အထူးဓမ္မသဘင် - "
- " ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဖျက်ဆီးခဲ့သောမြန်မာ့ပညာရေးအကြောင်း "
- "ဗိုလ်မှူးဘသော်(စာရေးဆရာမောင်သော်က)အမှတ်တရ "
- " ဗိုလ်ခင်ညွန့်နဲ့ပြည်တန်ပတ္တမြားရှာပုံတော် "
- ခေတ်သစ်မြန်မာ့သမိုင်း-၁၂
- "တရားသဖြင့်ဆောင်ရွက်ပေးပါရန်တင်ပြခြင်း"
- ခေတ်သစ်မြန်မာ့သမိုင်း-၁၁
- "ကာလီမာမယ်တော်မဟုတ်သော်လည်း"
- "သမိုင်းဝင်အနိုင်ကျင့်မှုကြီး"
- ခေတ်သစ်မြန်မာ့သမိုင်း-၁၀
- “မုန်းဝန်ဗမာ” နှင့် သမိုင်းဖျောက်ခံရသော“မြန်မာမွတ်စလင်”
- ခေတ်သစ်မြန်မာ့သမိုင်း-၉
- “AA” ကခြိမ်းခြောက်စာပေးပို့
- ခေတ်သစ်မြန်မာ့သမိုင်း-၈
- ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်
- ခေတ်သစ်မြန်မာ့သမိုင်း-၇
- ခေတ်သစ်မြန်မာ့သမိုင်း-၆
- ခေတ်သစ်မြန်မာ့သမိုင်း-၅
- မစ္စခရစ္စတင်း ရှာရာနာဘာဂနာ၏ဆောင်ရွက်ချက်များကိုစောင့်ကြည့်နေကြောင်း ဦးဝီရသူမိန့်ကြား
- ခေတ်သစ်မြန်မာ့သမိုင်း-၄
- ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း-
- ခေတ်သစ်မြန်မာ့သမိုင်း-၃
- ခေတ်သစ်မြန်မာ့သမိုင်း-၂
- ခေတ်သစ်မြန်မာ့သမိုင်း-၁
- ကျွန်ဖြစ်ရခြင်းအကြောင်းတရားများ-၄
- " အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရလက်အောက်သို့ပြောင်းမည် "
- ၂၀၀၈-ခြေဉကိုရေးဆွဲခဲ့သောပုဂ္ဂိုလ်များ
- "ဒေါက်တာစိုးသူရဇော်၏ဇီးပင်ကြီးစစ်တမ်း(စ-ဆုံး) "
- "ဘူးသီးတောင်ကနေအိမ်တွေမှာ အိမ်ထောင်စုစာရင်းနဲ့မိသားစုဓာတ်ပုံတွေကပ်ထားဖို့အမိန့်ထုတ်ပြန် "
- လူနည်းစုဖြစ်သွားနိုင်ကြောင်းသာသနာရေးဝန်ကြီးလျှောက်ထား
- " သမိုင်း၌အကြီးမားဆုံးလိမ်လည်မှုကြီး(သို့)၁၉၉၀-ပြည့်နှစ်ရွေးကောက်ပွဲ "
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှီုင်နှင့်တွေ့ဆုံသောအခါ(သာလွန်ဇောင်းထက်)
- " လူပါးမဝကြပါနဲ့"
- " ဗိုလ်ဦးနှောက်ရဲ့သွေးသန့်သွေးနှောပြသနာ "
- " မိတ္ထီလာအရေးအခင်းမှာမွတ်စလင်တွေ အစုလိုက်အပြုံလိုက်အသတ်ခံရချိန် အာဏာပိုင်တွေလက်ပိုက်ကြည့်နေခဲ့ဟုဆို "
- " ဒီတိုင်းပြည်ဘယ်လိုမှ မကောင်းနိုင်တော့ဘူး "
- " ကမ္ဘောဒီးယားဂျီနိုဆိုက် "
- " ကာကွယ်ရေးဦးစီးချုပ်ကိုဘယ်သူကခန့်မှာလဲ ? "
- နေမင်းကြီး၏ရာဇသံအပေါ်မေးခွန်းထုတ်ပြီ
- " ခရစ္စမတ်ပွဲနှောင့်ယှက်ခံရ "
- သမိုင်းလေ့လာသူများသိထားရန်
- မွတ်စလင်ရှေ့နေတစ်ယောက်လုပ်ကြံခံရမှုနှင့်အတူကြေမွသွားခဲ့သောမြန်မာနိုင်ငံရဲ့အိပ်မက် "
- အလောသုံးဆည်လွှဲပြောင်းပေးခဲ့မှုများ
- “စာရေးဆရာများနှင့်မိတ်ဆုံညစာစားပွဲ "
- ဇီးပင်ကြီးစစ်တမ်း(အပိုင်း-၃)
- အမေစုရဲ့တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ခြံ
- "ပထမဆုံးမြန်မာနိုင်ငံသားရိုဟင်ဂျာ "
- မြိုင်ကြီးငူဆရာတော်ကြီး၏ရုပ်ကလာပ်တော်ကို(၄၅)ရက်အပူဇော်ခံမည်
- ဘာသာရေးလူမျိုးရေးပဋိပက္ခများဖန်တီးခဲ့သူ
- သေမှာကြောက်ရင်သတင်းသမားမလုပ်နဲ့
- ရဲစခန်းကအမှုဖွင့်မပေးရင်ဘာလုပ်ကြမလဲ
- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဦးတင်မောင်ဆွေနှုတ်ထွက်စာတင်တော့မည်
- ဆီးချိုကြောင့်လေဖြတ်ခြင်းကိုအကောင်းဆုံးကာကွယ်နည်း
- အုပ်ချုပ်ရေးပြောင်းပြီ-၁
- အုပ်ချုပ်ရေးပြောင်းပြီ-၂
- တပ်မတော်ထောက်ခံပွဲများဆက်လက်ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမီးစိမ်းပြ
- အစွန်းရောက်မှုတွေဟာ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်နေပြီလား
- ARSA ဆိုတာဘယ်သူလဲ
- "သိက္ခာမဲ့နိုင်ငံတော်"
- ထိခိုက်ဒါဏ်ရာရရှိသောအရေးပေါ်လူနာကိုကူညီစောင့်ရှောက်ခြင်းနှင့်ကုသခြင်းဆိုင်ရာဉပဒေ
- ခေတ်လူငယ်အတွေး
- စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားများထပ်မံအလိမ်မခံရအောင်ဗိုလ်ချုပ်ကြီးဆေထင်သတိပေး
- ခွဲမထွက်ရဟူသောပုဒ်မဟာ လောကဓမ္မနဲ့ဆန့်ကျင်တာပဲ
- ရိုဟင်ဂျာတွေပြန်လာရင် ရခိုင်ပြသနာဖြေရှင်းရာရောက်ပြီလား-၁
- ထောင်စုနှစ်တစ်ခု၏ အကောင်းဆုံးအုပ်ချုပ်ရေး-၅
- ငါတို့တွေပေါင်းလို့ရတယ်
- IBJ တရားမျှတမှုစင်တာ
- ၂၀၀၈-အခြေခံဉပဒေဖျက်သိမ်းရေးမလုပ်လျှင် ပြင်းထန်သောတောင်းဆိုမှုများဖြစ်ပေါ်လာမည်ဟုဆို
- ဖွဲ့စည်းပုံအခြေခံဉပဒေကိုဖျက်သိမ်းဖို့ ရွှေဝါရောင်သံဃာတော်များတောင်းဆို
- ထောင်စုနှစ်တစ်ခု၏အကောင်းဆုံးအုပ်ချုပ်ရေး...၇-
- "အစိုးရကလွဲပြီး အားလုံးစိတ်ပူနေတဲ့ မြန်မာ့စီးပွားရေး- "
- ဒီလမ်းကိုဆက်လျောက်ဖို့ လုံလောက်တဲ့အားအင်တွေပဲ။-
- ခွင့်သာခိုက်မှမလိုက်ချင်လျှင်-
- အရှက်တကွဲ အကျိုးနည်း-
- ရိုက်တာသတင်းထောက်တွေကိုဘယ်လိုထောင်ချခဲ့သလဲ-
- ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး-
- ရခိုင်ကိစ္စ ဓာတ်ပုံအမှားများဖြင့် မြန်မာစစ်တပ်က ၀ါဒဖြန့်မှုကို ရိုက်တာသတင်းဌာန ဖော်ထုတ်-
- တပ်မတော်က ရိုဟင်ဂျာသမိုင်းကြောင်း ဓာတ်ပုံတွေ လိမ်ညာထားတယ်လို့ ရိုက်တာဖော်ပြ-
- မြန်မာစစ်တပ်၏ လျှို့ဝှက်ဝါဒဖြန့်ကွန်ယက်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု Facebook ပြောကြား-
- ဝါဒဖြန့်ချီမှုပါဝင်သောတပ် မတော်သတင်းစဉ်၏တင်ပြမှု- နနန
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပိုင်ဆိုင်သွားပြီဖြစ်သောခြံအမှတ်(၁၄)
- ရိုဟင်ဂျာသရဲကြီးခြောက်လေပြီ
- ခရိုနီကျော်မြင့်လှိုင်အကြောင်း
- ဒေါ်စု၏မှတ်ချက်စကားကြောင့်ဝမ်းနည်းရ
- မြန်မာနိုင်ငံ(၁၃၀၀-၁၈၈၅)ဖြစ်ပေါ်တိုးတက်မှုအကျဉ်းချုပ်
- စစ်ခေါင်းဆောင်များ အမျိုးသားနိုင်ငံရေးပါတီဖွဲ့စည်းဟုဆို
- အစိုးရအကြမ်းဖက်မှုအထောက်အထားများ
- ဒီစစ်တပ်ကကောင်တွေပဲ
- မုဒိမ်းလူသတ် ခါးပိုက်ဆောင်တပ်
- ရခိုင်အရေးလွတ်လပ်သောစုံစမ်းရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲအကြောင်းတစေ့တစောင်း
- မြန်မာတွင်သာရှိသည
- လူတိုင်းအာရုံစိုက်နေသော ရိုဟင်ဂျာအရေးအခင်း
- ရွှေနိုင်ငံမှဖာနိုင်ငံ ဖာနိုင်ငံမှဖွတ်နိုင်ငံသို့ မရှုမလှပျက်သုန်းခဲ့ရသောမြန်မာ့သမိုင်း
- သံဃာတော်တွေလွှတ်ပေးမယ်
- ဦးခင်ညွန့်ရဲ့သင်္ခန်းစာ(မိုးသီးဇွန်)
- NLD အားစွန့်ခွာခြင်း
- ပြည်သူ့အာဏာ နှစ်(၃၀)
- ရခိုင်ပြည်နယ်တွင် ခရစ်ယာန်ပါစတာတစ်ဦးရိုက်နှက်ခံရ
- တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ICC မှာစစ်ဆေးဖို့ကုလအဖွဲ့ပြော
- အဓမ္မပြုကျင့်ခံရ၍ရဲစခန်းတွင်အမှုဖွင့်သော်လည်း အမှုဖွင့်၍မရဟု ကာယကံရှင်များပြော
- ဘာလင်တံတိုင်း
- ဘာလဲဟဲ့ ဝှိုက်ကဒ်
- အနော်ရထာဆိုတာ-၁
- အနော်ရထာဆိုတာ-၂
- အနော်ရထာဆိုတာ-၃
- မြင့်ဆွေဆိုတာအောင်ဝင်းဇော်ဖြစ်ကြောင်းပေါ်ပေါက်ပြီ
- အနော်ရထာဆိုတာ-၄
- အနော်ရထာဆိုတာ-၅
- "အကြိမ်ကြိမ်မုဒိန်းအကျင့်ခံနေရတဲ့တရားဉပဒေ "
- အနော်ရထာဆိုတာ-၆
- မြန်မာ့တပ်မတော်အပေါ်စွပ်စွဲမှုများကိုချေဖျက်နိုင်ရန် သက်သေအထောက်အထားပါစာတမ်းကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့တင်သွင်း
- အနော်ရထာဆိုတာ-၇
- နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသားသေဆုံးမှု
- “ပြည်သူတာဝန်ပေးအပ်လာရင် အမျိုးဇာတ်အလွယ်တကူပျက်ယွင်းမရတဲ့ဉအဒေကိုချက်ချင်းပြဌာန်းသွားမယ်” ဟုဦးသန်ဌေးပြော
- မမေ့နိုင်သောမိတ္ထီလာရဲ့ညတစ်ည
- ခေါင်မိုးကြီးတစ်ခုလုံးလဲပစ်လိုက်တာအကောင်းဆုံး
- ၁၉၄၇-ဖွဲ့စည်းပုံအခြေခံဉပဒေ
- ဆွေးနွေးဖို့အလှမ်းဝေးနေဆဲလုံခြုံရေးကဏ္ဌ"
- အာဏာရူးဗမာ့ဝါဒနဲ့ပြည်ထောင်စုမပြိုကွဲရေးရောဂါ
- သမိုင်းကြောင်း- - ၁
- မ.ဘ.သ အမည်ပြောင်းအဖွဲ့ ဓမ္မစက်ကိုမလိုက်နာပါကအာဏာစက်ဖြင့်အရေးယူမည်
- “ မ.ဘ.သ ရဲ့ခေါင်းဆောင်ဆိုသူတွေကလည်း ကမ္ဘာ့လူဆိုးကြီးဘုန်းကြီးဆိုးကြီးတွေ“
- သမင်လည်ပြန်ကြည့်မိခြင်း
- သမိုင်းကြောင်း- - ၂
- ပုဂံရာဇဝင်ထဲမှအလွဲများ
- လူမျိုးအခြေပြုနိုင်ငံတော်
- ခင်ဗျားတို့ပြည်သူတွေကလည်းဗျာ’
- ၁၉၈၂-နိုင်ငံသားဉပဒေ
- မြန်မာလုပ်ငန်းရှင်များကျရှုံးရခြင်းရဲ့ အကြောင်းရင်းများ
- ပင်လုံသဘောတူညီချက်
- စောက်ပါးစပ်တွေပိတ်နေတယ်
- သေင်္ဘာကွေ့ ရွာဖြစ်စဉ်နဲ့နောက်ကွယ်ကသတင်း ”
- တတိယပင်လုံညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည့်မိန့်ခွန်း
- ရှယ်သူနှင့်ကော်ပီတင်သူတွေတောင် အကောင့်ပျက်ခဲ့သည့်ပို့စ်တစ်ခု
- တပ်မတော်ရှိနေလျှက်နှင့် သူ့ကျွန်ဖြစ်သွားရသောသမိုင်း
- အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်
- ဗမာနဲ့မြန်မာ
- အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး
- ၂၀၀၈-ခြေဉမှာပါဝင်သော တပ်မတော်၏အခန်းကဏ္ဌများ
- ကဲ သမ္မတကြီး ကျုပ်ကိုဆုပေးဗျာ
- ရက်စက်ယုတ်မာမှုတွေဟာစဉ်းစားလို့တောင်မရဘူးဟု ကုလအတွင်းရေးမှူချုပ် Antonio Guterres ပြောကြား
- ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဉပဒေကို သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်၍မရလျှင် ဘာဆက်လုပ်ရမလဲ ?
- ဗိုလ်ချုပ်အောင်ဆန်းဟာလူသတ်သမားတော့မဟုတ်ဘူး လူတော့သတ်ခဲ့ဖူးတယ်
- ဇူလိုင်(၇)ရက်၏သမိုင်းတရားခံများ
- သတင်းသမားဆိုတာရန်သူလား ? (ရဲထွဋ်)
- အစိုးရအဖွဲ့ဝင်အမည်စာရင်းနှင့် ဝန်ကြီးအမည်စာရင်းများ
- အိုအိုင်စီ-အိုင်စီစီနဲ့ မြန်မာ
- ရခိုင်ပြသနာအဖြေရှာ
- Mytel ကိုအမှန်တကယ်ဘယ်သူပိုင်တာလဲ
- ရခိုင်အရေးနဲ့ ထိုးကျွေးလိုက်တဲ့နောက်တစ်ယောက် ဒီရက်ပိုင်းဂျပုခပ်စိပ်စိပ်လေးလှုပ်ရှားနေ
- ပုပ်လို့ပေါ် ဟုတ်လို့ကျော်(ပထမပိုင်း)
- နိုင်ငံရေးယုံကြည်ချက်ရှိဖို့အရေးမကြီးဘူးလား
- တစ်တိုင်းပြည်လုံးစုန်းစုန်းမြုပ်အောင်နှစ်ခဲ့သူများ
- NLD မှပြောခဲ့သောသမိုင်းဝင်စကားများ ..
- KIA နယ်မြေထဲကဒုက္ခသည်တွေကိုကူညီဖို့တားမြစ်ခံနေရ
- KIA နယ်မြေထဲကဒုက္ခသည်တွေကိုကူညီဖို့တားမြစ်ခံနေရ
- ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ပေးရန် ရှစ်လေးလုံးပါတီတင်ပြ
- ဧရာဝတီတိုင်း အမဲလိုင်စင်နဲ့လယ်သမားကြီးများ၏ဒုက္ခ
- ဖိနပ်ကြားကနတ်စကား(သို့) န.အ.ဖ ပြောတဲ့အမျိုးသားရေး
- သွေးနှောဝတ်စုံ
- နိုင်ငံတော်၏အချုပ်အခြာအာဏာဆုံးရှုံးသွားနိုင်
- မောင်တောဒေသနှင့်ပတ်သက်သောသတင်းအမှား
- ဗမာပြည်နယ်ဖွဲ့စည်းရေးမှာ ဘာတွေအခက်အခဲရှိနေသလဲ
- ယနေ့နိုင်ငံ့ထိပ်သီးခေါင်းဆောင်များအရေးပေါ်အစည်းအဝေးပြုလုပ်မည်
- ဒုက္ခသည်စခန်းမှလုပ်အားပေးဆရာမတစ်ဦး ရခိုင်မှရန်ကုန်သို့လာစဉ် အဖမ်းခံရပြီးထောင်(၁)နှစ်ကျ
- မလှဖြူအတွက် တရားမျှတမှုရှာဖွေခြင်း(သွေး-စစ်ကိုင်း)
- ရန်ကုန်
- ခရစ္စတီးကျွန်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
- မီလျှံနာစိုးသိန်းနှင့် စောင့်လေမျိုးနွယ်
- တောင်ကုတ်အကြမ်းဖက်မှု အဓိကတရားခံများလွတ်မြောက်နေဆဲ
- လဝက ဝန်ကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခံရ
- မြန်မာလူမျိုးအများစု လာကြောင့်ဆင်းရဲနေကြရသလဲ ? ?
- တိုင်းလုံးကျော်သမီးတော်များ
- ရထားထိုင်ခုံအောင် ပုန်းလိုက်ရတဲ့နန်းတော်ရှေ့ဆရာတင်
- တာမွေအကြမ်းဖက်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သောအမျိုးသားရေးအစွန်းရောက်အင်အားစုများ၏အကြောင်း(၁)
- ကျုပ်တို့ပြည်သူလူထုမှ ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်(ခရီးသည်)
- တာမွေစစ်ရပ်ဆန္ဒပြပွဲတွင်သတင်းသမားများအား ပစ်မှတ်ထားခြိမ်းချောက်တိုက်ခိုက်ခံရမှုအပေါ် အရေးပေါ်ကြေညာချက်ထုတ်ပြန်
- အင်တာနက် settings များ
- ဗြိတိန်နိုင်ငံကမူကြမ်းရေးဆွဲထားသော မြန်မာကြေညာချက်အားလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅)နိုင်ငံစလုံးကခြွင်းချက်မရှိလက်ခံလိုက်ပြီ
- သမ္မတအောက်မှာ ကာချုပ်ရှိသလား(သီဟသွေး)
- ICC တရားစွဲဆိုမှုမှာ ဒေါ်စုဟာပစ်မှတ်ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေအဆိုပြု
- ရိုဟင်ဂျာတွေဟာ(၁၈)ရာစုကတည်းက ရခိုင်ပြည်နယ်မှာရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝန်ခံပြောကြား
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ၊ သမီးတို့ နှင့် လဝက ဝန်ကြီး ဦးသိန်းဆွေ၏ သား Social Media တွင် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား
- " လပွတ္တာမှလူသားမဆန်သောထိတ်လန့်စရာနှိပ်စက်မှုကြီး "
- ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းထွန်းဟိန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဖြစ်လာ
- ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအကြောင်း စာအုပ်ထုတ်ဖို့ နိုင်ငံတော်က ပြင်ဆင်နေတာကို ဆိုင်းငံထားဖို့တောင်းဆို
- မြန်မာ့စီးပွားရေး ပြိုလဲခဲ့လျှင် ရဲရဲကြီးတာဝန်ယူမယ့်သူ ရှာထားပါ - (လက်စောင်းထက်)
- The Voice သတင်းထောက် ကိုတင်လင်းကို တိုက်တဲ့တရားခံကို ရဲကမိပေမယ့် ဖမ်းလို့မရဟုဆို
- ရခိုင်မှာရောက်နေတဲ့ နိုင်ငံတကာ မီဒီယာတွေ ဟိန္ဒူအမျိုးသမီးတွေကို ဗျူးခွင့်ရပြီ ...
- နာမကျန်းဖြစ်သွားသည့်အတွက် သြစတြေးလျတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့်အစီစဉ် ဖျက်သိမ်း
- မန္တလေးတွင် လူစုလူဝေးဖြစ်ပွားရာ ခဲတို့ဖြင့် ပစ်ပေါက်သဖြင့် ရဲက သေနတ်ပစ်ဖောက် လူစုခွဲ
- မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င် (သမီးတော် ရာဇ၀င် - ၁)
- အတိုင်ပင်ခံပုဂ္ဂိုလ်ကို တရားစွဲဆိုရန်ကြိုးစားသည့်ရှေ့နေများ၏ အဆိုပြုချက်ကို သြစတြေးလျရှေ့နေချုပ် ပယ်ချ
- ဦးဝင်းထိန်ကို နုတ်ထွက်စေသည့် အကြောင်းတရားများ
- ဘယ်တော့မှ ပြန်မလာစေနဲ့
- "ကြည်လင်းကိုပုံချပြီး လွတ်မြောက်ရေးလမ်းကြောင်းကို ကြိုးစားလာတာ တွေ့ရ"
- "NLD အစိုးရ၏ ဒီမိုကရေစီ ဗိုလ်ကျမှု ခံနေရကြောင်း ကြံ့ခိုင်ရေး ပြော
- ရခိုင်မြောက်ပိုင်းဖြစ်စဉ် အရေးယူ
- ရခိုင်မြောက်ပိုင်းမှာ တိုက်ခိုက်သူ ၃၀၀ နီးပါးကို အစုလိုက် ပြစ်ဒဏ်ချ
- ရဲမှူး ၊ အင်းစိန်ထောင်ပိုင်နှင့် ထွေအုပ်တို့ အပါ အဝင် ၆ ဦးကို ဦးပါမောက္ခ တုနု့်ပြန်တရားစွဲမည်᠌᠌
- မြန်မာကို အရေးယူဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း
- ဂျီနိုဆိုဒ် အထောက်ထားများကို စုဆောင်းရှာဖွေတော့မည်ဟု ကုလပြော
- မြန်မာ လူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် အဖွဲ့ ဆွေးနွေး
- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းရန် ၁၉၇၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခြင်း . . || လှမျိုးထွန်း ||
- NCA ပါ လှုပ်ရှားမှုလမ်းကြောင်းတွေကို တပ်မတော် ကျော်လွန်လှုပ်ရှားနေတယ်လို့ KNU ပြော
- နိုင်ငံခြားရေးဝဘ်ဆိုက်ကအမှားတွေကြည့်ကြပါဦး(ဒေါက်တာရန်မျိုးသိမ်း)
- မြန်မာခေါင်းဆောင်များ ကမ္ဘာ့ရာဇဝတ်တရားရုံးကို ရောက်နိုင်သလား
- ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့လက်ဝဲရံ၊ လက်ယာရံများ
- ဦးကိုနီအားလုပ်ကြံသတ်ဖြတ်မည့်အကြောင်းကို ကြိုတင်သိရှိနေပြီး လုပ်ကြံသည့်အခါဓာတ်ပုံမှတ်တမ်းယူနေသည့်အဖွဲ့တစ်ဖွဲ့ရှိနေ
- သမီးတော်တွေကိုထိရင်မခံတဲ့ဖခမည်းတော်(သမီးတော်ရာဇဝင်-၁၉)
- အပင်ပေါ်ကဆီးသီးကိုမှာစားချင်တဲ့သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့အရာရှိကြီး(သမီးတော်ရာဇဝင်-၁၆)
- ** နံရံတွေမှာ နားတွေ ရှိကြတယ် **
- ပြည်သူ့အစိုးရအတွက်အလွန်စိုးရိမ်မိတယ် ..
- ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော်(သမီးတော်ရာဇ၀င် - ၁၄)
- တိုင်းရင်းသားတွေ လမ်းဆုံလမ်းခွ ရောက်နေပြီ။
- Holocaust ဆု ဒေါ်အောင်ဆန်းကြည်ထံက ပြန်ရုပ်သိမ်းမှု မြန်မာသံအမတ်ကြီး တုံ့ပြန်
- မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့သမီးတော် (သမီးတော်ရာဇ၀င် - ၁၃)
- အမျိုး ဘာသာ သာသနာ ချစ်သူများ တချိန်က အုပ်ချုပ်ခဲ့စဉ်ကပေါ့ -"မောင်နန်းဝေ( ဗန်းမော်)"
- တိုက်ချင်ချင် မတိုက်ချင်ချင် ကိုယ့်တိုင်းပြည်ဖက်က စစ်တိုက်ရမယ် (ရဲမိုး)
- နဂါးလေးမှ ပြည်ထဲရေး လက်မဲတွေ Data ရှာကြပြီ
- Hot ဖြစ်နေတဲ့ R2P နဲ့ ကျနော့် အမြင် အတွေးဆန္ဒ
- မြန်မာ့မြေကို တစ်လက္မအထိမခံဆိုသူများ အတွက်
- "R2P လာရင် အစိုးရပြုတ်ကျပြီသာမှတ်"
- ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲရေးကို တပ်မတော်က လက်ခံမည်မဟုတ်ဟုဆို
- တိုင်းပြည်အကျိုးကိုစေတနာမှန်မှန်နဲ့သယ်ပိုးနိုင်ပါစေ(မှူးဇော်အားထောက်ပြချက်)
- ဘာလဲဟဲ့ R 2 P (ရဲထွဋ်)
- မယုံ မရှိနဲ့
- ဆန္ဒပြပွဲတွေ မြန်မာပြည်အနှံ့ဖန်တီးနိုင်တာ မဆန်းပါဘူးဗျာ(ရန်ငြိမ်းသူ)
- မြန်မာပြည် စစ်ဖိနပ်အောက်ရောက်တဲ့နေ့။
- ဆရာဝန်ကို အတွင်းခံဘောင်းဘီလျှော်ခိုင်းတဲ့ သမီးတော်(သမီးတော်ရာဇ၀င်-၁၀)
- ကရင်သတ်ပွဲ (ကရင်လူမျိုးများ မမေ့သင့်သောသမိုင်း)91ခုနှစ် ဘိုကလေးအရေးခင်း ဖြစ်ရပ်မှန်
- မြန်မာတွင် စက်ရုံဆောက်မည့် အစီအစဉ် Samsung ဖျက်သိမ်း
- ဦးဝီရသူကို အရေးယူပေးရန် နှိုးဆော်သည့် ဆရာတော်အားအရေးယူရန်တိုင်ကြားမည်
- စစ်ဖြစ်လာလျှင်-(ရဲမိုး)
- မကြာခင် R2P လာပါတော့မည်
- "နိုးထပါလော့ အောင်ဆန်းစုကြည်"
- ငြိမ်းစုစီဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် Free Expression Myanmar ၏အမြင်သဘောထား
- မြန်မာအစိုးရ နဲ့ စစ်တပ်ကို အရေးယူဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦးတောင်းဆို
- "တပ်မတော်ကို ချောင်ပိတ်မိအောင် လုပ်နေတာတွေ ဘာလို့လက်ပိုက်ကြည့်နေသလဲ'' ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော
- ဦးရွှေမန်းသား အောင်သက်မန်း ဒေါ်လာ ၄-ဘီလီယံ ကျော် (ဒေါ်လာသန်းပေါင်းလေးထောင်ကျော်)ချမ်းသာ
- ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ယနေ့ကျင်းပသည့် The Berlin Conference on Myanmar Genocide ကွန်ဖရင့်ဖိတ်ကြားမှု ပယ်ဖျက်ခံရ
- ဦးကျော်မျိုးရွှေကို မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူရန် တရားရုံးထံတင်ပြမည်
- စစ်တပ်နောက်ခံ အုပ်ချုပ်ရေးကနေ Decentralization ကို ပိုပီပြင်စေမယ့် မြို့နယ်အုပ်ချုပ်ရေး ဥပဒေသစ်....
- ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ ပြုလုပ်မည့်ကိစ္စ ခြိမ်းခြောက်ခံရဟုဆို
- ဦးဝီရသူကို အရေးယူပေးရေး သံဃာတော်အချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
- မြန်မာတပ်ချုပ်ကို ICC တင်ဖို့ ဗြိတိန်အမတ် ၁၀၀ ကျော် စာရေးတောင်းဆို
- ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
- ဦးကိုနီသေမှုသေခင်းနဲ့ အမှုသွားအမှုလာ(၃)မျိုး
- သာသနာတော်ကို အကြည်ညိုပျက်စေတဲ့ ကာယကံမှု၊ ၀စီကံမှု ကျူးလွန်နေကြတဲ့ ရဟန်းသာမဏေအချို့ကို အာဏာစက်နဲ့ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သံဃနာယကဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးလျှောက်ထား
- ဆွမ်းဆန်ထဲက ကြွက်ချေးများ
- တရားရုံးတွင် ဇေယျာဖြိုး ဖြန့်ဝေခဲ့သည့် စာရွက်နှစ်ရွက်မှာ ထောင်မှယူဆောင်လာခြင်း မဟုတ်ဟု ထောင်ပိုင်ကြီးပြောကြား
- လက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ဆေးကုမပေးရန် ညွှန်ကြားစာထုတ်ပြန်မှု စိစစ်နေဟုဆို
- ခြေရာမတိုင်းနဲ့ ခလေး ဆိုတဲ့ post အား ပြန်လည်တုန့်ပြန်ချေပခြင်း
- ဘူးသီးတောင်မောင်တော အကြမ်းဖက် ဖြစ်စဉ်တွေကို လေ့လာတဲ့အခါ
- တွေးစရာတွေပေးနေတဲ့လူသတ်ကောင်များ၊မျိုးချစ်များရဲ့အင်းစိန်ထောင်တွင်းဓာတ်ပုံ
- ဆန္ဒပြကျောင်းသားများရှိရာမန်းရတနာပုံတက္ကသိုလ်ဝန်းရှေ့တွင်ရုတ်ရုတ်သဲသဲဖြစ်ပွား(၂၄.၁.၂၀၁၈)နေ့
- ကမ္ဘာကြီးကိုရင်ဆိုင်နိုင်ဖို့ ကျနော်တို့နှလုံးသားတွေကို အရင်ပြင်နိုင်မှဖြစ်မယ်(သီဟသွေး)
- ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်တိုက်ပွဲသတင်းများ
- ‘ရခိုင်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်း စစ်ဆေးရန်လို’ ဟု ဥရောပ ပါလီမန်အဖွဲ့ပြော
- ရခိုင်ပြည်မှ သွယ်ယူထားသော ဂတ်စ်(Gas )ပိုက်လိုင်း တရုတ်ပြည်တွင် ပေါက်ကွဲ| ၈ ဦးသေ| ၃၅ ဦးဒဏ်ရာရ
- ပြည်ထဲရေးကို ပိုင်သော အချုပ်သားများ
- ရခိုင်ကမ်းမြောင် ဘာကြောင့်အရေးကြီးနေသလဲးးးးးးးး?
- The Voice ဂျာနယ်မှအသိပေး ကြေညာခြင်း
- မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင် သူဌေးကြီးဦးတေဇ ဆိုတာ ဒီလိုလူမျိုးပါ
- ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဘာတွေဆွေးနွေးသွားကြသလဲ
- အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့်ရပါသလား
- နည်းနည်းလေးနိုင်ရင်ကို အများကြီးအန္တရာယ်ရှိတယ်
- လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း
- နေပြည်တော်ဉတ္တရသီရိမြို့နယ်တွင်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွား
- မိုင်တဲလ်၏ ပထမဦးဆုံးဖုန်းခေါ်ဆိုခြင်း First Call Announcement အခမ်းအနားကျင်းပ
- ရူးရင်လည်းထမင်းလွတ်ဟင်းလွတ်ရူးလိုက်ပါ(ဉာဏ်လှိုင်-ရန်ငြိမ်းသူ)
- ဦးဝီရသူကိုတောင်းပန်ပါက အမှုကိုရုတ်သိမ်းပေးမည်ဟုကိုကျော်မျိုးရွှေဆို
- စစ်လေယာဉ်နဲ့ဗုံးကြဲပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်လို့မရနိုင်ပါ
- နယ်စပ်မှာနေထိုင်သူတွေ ကိုယ့်ရပ်ကိုယ့်ရွာပြန်ကြဖို့ ဒု-ဝန်ကြီးသတိပေး
- ဒေါ်အောင်ဆန်းစုကြည်၏မိုးကုတ်ဟောပြောပွဲမိန့်ခွန်းမှကောက်နှုတ်ချက်
- ချစ်ကြပြီပေါ့ အမျိုးဘာသာ
- ရခိုင်ကိစ္စဒေါ်အောင်ဆန်းစုကြည်ထံ သတင်အမှန်မရောက်ကြောင်း ဘောရစ်ဂျွန်ဆင်ပြောကြား
- အင်းဒင်ရွာသတ်ဖြစ်မှုမှာ တပ်မတော်သားတွေအပါအဝင်(၁၆)ဦးကိုအရေးယူမည်
- လူလုပ်သောဖြစ်ရပ်ဆိုးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူစဉ်အချိန်အတွင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်စွပ်စွဲပြောကြား
- ထမင်းဝအောင်စားထားပါ
- အမေရိကန်ဉပဒေအကျိုးဆောင်လုပ်ငန်းစု ဘာကြောင့်မြန်မာကိုကျောခိုင်းသလဲ
- မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရွာသားများမှရိုဟင်ဂျာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးသတ်ဖြတ်ခဲ့
- ကြည်လင်းနှင့်အပေါင်းအပါ(၃)ဦးအား အမြင့်ဆုံးပြစ်ဒါဏ် သေဒါဏ်ချမှတ်နိုင်သည့်ပုဒ်မ-၃၀၂ ဖြင့်စွဲချက်တင်
- သတင်းစာပညာဆိုတာဖော်ထုတ်ဖို့ပါ ဖာထေးဖို့မဟုတ်ပါဘူး
- ရိုက်တာသတင်းဌာနကဖွင့်ချလိုက်တဲ့ မြန်မာနိုင်ငံမှအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီး
- မြန်မာစစ်တပ်အရာရှိတွေကိုပစ်မှတ်ထားအရေးယူတဲ့ဉပဒေ အမေရိကန်လွှတ်တော်အတည်ပြု
- မတွေးရဲစရာအနာဂါတ်ဖြစ်နေပြီလား
- မြုပ်နေတဲ့ဆဲလ်တွေ ယုတ်ကြလေပြီ
- လက်တို့ပြီးတော့ပြောလိုက်ချင်ပါတယ်
- အင်္ဂလန်နိုင်ငံနယူးကာဆယ်မြို့တော်ခန်းမတွင် ထာဝရရေးထွင်းထားသောဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုအမည်ဖယ်ရှားခံရတော့မည်
- အနာဂါတ်မြန်မာပြည်နှင့်ကိုက်ညီသောအခြေခံဉပဒေပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း
- အံ့ဩလွန်းလို့ပါ
- ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဉပဒေပြုပြင်နိုင်ရေးတိုက်တွန်းချက်
- ၂၀၀၈-ပြည်ထံရေးဝန်ကြီးဌာန၏ဖေ့ဘွတ်စာမျက်နှာမှ လူမျိုးရေးထည့်သွင်းဖော်ပြကာသတင်းလွှင့်တင်
- “ထမင်းဝအောင်းစားထား”ဟုဆိုသူများကိုဖမ်းဝရမ်းထုတ်ပြီ
- ၂၀၂၀-မတိုင်မီ ပြည်သူများသတိထားရပေမည်
- ခင်ဗျားတို့သဘောတူမှပြင်ရအောင် ခင်ဗျားတို့ကဘာလဲ ?
- သီလရှင်ကျောင်းမှ ထူးဆန်းသောအီတလီနိုင်ငံလုပ်ပစ္စတို
- အရှေ့တောင်အာရှမှာ အကြမ်းဖက်အန္တရာယ်မြင့်မားလာနေ
- ဆဲချင်ရင်ကျနော့ကိုဆဲပါ
- ဖတ်ကြည့်လေ ဝတ္တုတော့မဟုတ်ဘူး-၁(ဉာဏ်လှိုင်-ရန်ငြိမ်းသူ)
- အကြမ်းဖက်သမား
- စစ်တပ်အင်အားကြီးလေ တိုင်းနိုင်ငံကျဆုံးလေ(ဒေါက်တာလှိုင်မြင့်)
- အမေစုပြတ်ပြတ်သားသားပြောလိုက်ပါပြီ
- ဗုဒ္ဓဘာသာဝင်ဟောင်းတစ်ဦးဖွင့်ချလိုက်တဲ့ ရခိုင်ပြည်နယ်တူတာတူလီရွာကလူသတ်ပွဲ
- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဦးဘိုဘိုမင်းသိုက်လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်
- လူတွေဖမ်းဆီးခံနေရသည်တိမ်ညိုရွာတွင် အိမ်တစ်လုံးနှင့် အိမ်တွဲစားသောက်ဆိုင်ခန်းတစ်ခုမီးရှို့ခံရ
- ဒီစာကိုရေးသင့်မရေးသင့်
- တရားရုံးအပေါ်ဖိအားပေးခြင်းဘစ်လျှူမရှုသင့်
- ဂုဏ်ယူစရာမြန်မာ့တပ်မတော်စစ်ဗိုလ်ကြီးများ
- နိုင်ငံတော်သမ္မတကြီး၊နိုင်ငံတော်အတိုင်ပင်ခံနှင့်တာဝန်ရှိသူများထံ ဆရာရောဘတ်စန်းအောင်စာပို့ပြီ
- အိုးမဲသုပ်ခံလိုက်ရတဲ့လူ့အဖွဲ့အစည်း
- နိုင်ငံ့ခေါင်းဆောင်၊လူထုခေါင်းဆောင်၏နေအိမ်ကို ဓာတ်ဆီပုံးနဲ့ပစ်ပြီးမီးရှို့ခဲ့တဲ့ဝင်းနိုင်တကယ်မရူးပါ
- မြန်မာ့တပ်မတော်၏ ဆင်ဖြူရှင်လို့ခေါ်တဲ့စစ်ရေးလေ့ကျင့်မှု
- တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်၏မှတ်ချက်
- ရုတ်သိမ်းထားရသောဝင်ငွေခွန်ဉပဒေ
- ဘယ်သူ့လက်ချက်လဲ
- ကေကျု့ (ခေါ်) ဦးကိုကိုကြီးရဲ့ကောက်ကြောင်းများ.....
- မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ခြေလှမ်း(လယ်ရီရေဂင်-ဘန်ကောက်ပို့စ်)
- အေပီသတင်းကပြောသလို အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာ မတွေ့ရဟုဆို
- အိပ်မက်(ဘကောင်း)
- သမ္မတကြီးပါဝါတွေပြနေပြီ
- တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်
- ဦးကိုနီဘာလဲဆိုတာသိချင်ရင် အင်မတန်ကြည့်သင့်တဲ့ ရုပ်သံမှတ်တမ်းပါ
- ရခိုင်ဂူတာပြင်ကျေးရွာတွင် နောက်ထပ်ရုပ်အလောင်းအများအပြားတွေ့ရှိ
- ဒေါ်အောင်ဆန်းစုကြည်ရရှိထားသော ဗြိတိန်နိုင်ငံ၏ဘရိုက်တန်နှင့် ဟို့ဗ်မြို့တော်ကောင်စီလွတ်မြောက်ရေးဆု ပြန်လည်ရုပ်သိမ်းခံရဖွယ်ရှိ
- ဆော်ဒီအာရေးဗီယားကို ကုလသမ္မဂလူ့အခွင့်အရေးကောင်စီမှ ထုတ်ဖို့ကြိုးပမ်းမည်
- မြန်မာနိုင်ငံအားတစ်ကမ္ဘာလုံးနှင့်ရန်တိုက်ပေးသူမှာ ဒု-သမ္မတဦးမြင့်ဆွေဖြစ်ကြောင်းပေါ်ပေါက်
- ဒီချုပ်ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်း
- ဦးကိုနီလုပ်ကြံခံရမှုသည် ခေတ်သစ်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့ခြင်းဖြစ် ၊ ခေတ်သစ်ဂဠုန်ဦးစောပျောက်နေ
- မြောက်ဦးအုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော်ကသေဒဏ်ပေးပြီ
- နေရာလွဲပြီးရောက်နေရင်အမှိုက်ပဲ
- လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းသေဒဏ်ပေးမည့်ဉပဒေပြဌာန်းပေးရန်လက်မှတ်ကောက်ခံခြင်းပြုလုပ်
- ရမည်းသင်းသူဒေါ်တင့်တင့်(သို့)အိန္ဒိယသမ္မတကတော်ဉရှနာရာယန်း
- ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသောအားဖြင့် ပန်းတစ်ပွင့်ကျွန်းကို The Lady Island အဖြစ်သတ်မှတ်ရန်စီစဉ်
- ကျနော်တာဝန်အပြည့်အဝယူတယ်(မင်းကိုနိုင်)
- ဒကာကြီးဦးကိုနီ
- မင်းကိုနိုင်၏ငြိမ်းချမ်းရေးသရုပ်ဖော် ဖြော်ဖျေမှုနှင့်ပတ်သက်၍တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်
- မနက်ဖန်ကျင်းပမယ့် ဆရာဦးကိုနီနဲ့ကိုနေဝင်း တစ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရစကားသဝဏ်လွှာပေးပို့မည်
- နယူယောက်တိုင်း(မ)ကပြောသောမြန်မာ့တပ်မတော်
- မရွှေရည်ဝင်းသေဆုံးပြီးနောက် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ဖွဲ့စည်းကာ မုဒိမ်းကောင်များအားသေဒဏ်ပေးရေးလှုပ်ရှားမှုစတင်
- ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်တဲ့အချက်(၃)ချက်(ဒေါက်တာလွမ်းဆွေ)
- လာခြင်းကောင်းသူဖြစ်ပါစေ(၁/၂/၃)
- ခေါင်းဆောင်ပီသသူ
- ယနေ့အချိန်အထိမြေပေါ်သို့ပြန်မကျသေးသောအုတ်နီခဲ
- တရားလွှတ်တော်ရှေ့နေဦးကိုနီကို ဘယ်သူသတ်ခိုင်းသလဲ ?
- ရခိုင်မြောက်ပိုင်းသိုရွှေ့ပြောင်းလာသူများ ဒုက္ခရောက်နေ
- တစ်ချို့စာအုပ်တွေက နာမည်ကြီးစာရေးဆရာရေးတာဖြစ်ပေမယ့် တကယ့်ဂျင်းတွေ
- ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာန သတိပေးစာထုတ်ထား
- ရတနာပုံတက္ကသိုလ်မှဆန္ဒပြကျောင်းသားများအား နေအိမ်များအရောက်မိဘများထံအပ်နှံခဲ့
- သမ္မတကြီးကျန်းမာနေကောင်းစွာဖြင့်ပြန်လည်ရောက်ရှိ
- ဖိလစ်ပိုင်သမ္မတဒူတာဒေးမှဒေါ်အောင်ဆန်းစုကြည်အား ကုလသမ္မဂသည်အသုံးမဝင်ကြောင်းနှင့်လူ့အခွင့်အရေးသမားများကိုဂရုမစိုက်ရန်ပြောကြားခဲ့
- အတောင်ကျိုးသွားသောပွန်းတစ်ကောင်
- ရခိုင်လူမျိုးသုံးဦးကဘင်္ဂလီလူမျိုး(၃)ဦးအားအခကြေးငွေယူ၍သယ်ဆောင်လာစဉ်ဖမ်းဆီးရမိ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
- ခြံစည်းရိုးခွထိုင်သူလား အပြောင်းအလဲကိုလိုလားသူလား(သရဝဏ်-ပြည်)
- Bill Richardson နှုတ်ထွက်မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် တို့မှတုန့်ပြန်
- သေဒဏ်ပေးတဲ့ဉပဒေပြဌာန်းရန်အချိန်တန်ပါပြီ
- ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖော်ရေးအဖွဲ့မှဘီလ်ရစ်ချတ်ဆင်အား တာဝန်မှထုတ်ပယ်
- အမေရိကန်ဝါရင့်အုပ်ချုပ်ရေးမှူး ဘီလ်ရစ်ချတ်ဆင်၏ထုတ်ပြန်ကြေငြာချက်အပြည့်အစုံ
- ဖက်ဒရယ်ဆိုသည်မှာအဘယ်နည်း
- ဆန္ဒပြနေတဲ့ကျောင်းသားတွေကိုဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ
- ရခိုင်အကြံပေးကော်မီတီမှ အမေရိကန်အမတ်ဘီလ်ရစ်ချတ်ဆန်ရုတ်တရက်နှုတ်ထွက်
- ကျောင်းသားတွေ အစာငတ်ခံတိုက်ပွဲဝင်ကြမည်
- 24.1.2018 ည ဆန္ဒပြကျောင်းသားများရှိရာ ရတနာပုံတက္ကသိုလ်ဝန်းရှေ့တွင်ရုတ်ရုတ်သဲသဲဖြစ်ပွား
- တွေးစရာတွေပေးနေတဲ့ လူသတ်ကောင်များနဲ့မျိုးချစ်များရဲ့ အင်းစိန်ထောင်တွင်းဓာတ်ပုံ
- လေချုပ်-ရေချုပ်-ကာချုပ်(တူမောင်ညို)
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အိန္ဒိယနိုင်ငံသို့သွားရောက်
- ရိုက်တာသတင်းထောက်(၂)ဦးကို ဒုသမ္မတဦးမြင့်ဆွေ၏ခွင့်ပြုချက်ဖြင့်တရားစွဲခဲ့ကြောင်းမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးထွက်ဆို
- ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါ
- ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းအတွက်တာဝန်ရှိမှုကိုရှာဖွေခြင်း
- ပြည်တွင်းစစ် နှစ်ပေါင်း(၇၀)..
- ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းသမားကာကွယ်ရေးကော်မီတီသတရားစွဲမည်
- အချက်အလက်ရှာဖွေရေးအဖွဲ့များအား ရခိုင်သို့သွားခွင့်ပေးရန် အီးယူတောင်းဆို
- သေင်္ဘာတစ်စင်းကိုနစ်မြုပ်စေသောအရာ(ထင်လင်းဦး)
- မြန်မာ့တပ်မတော်၏စွမ်းဆောင်ချက်များ
- လူသားကျိန်စာ
- အင်းဒင်ရွာလူသတ်ပွဲစစ်တပ်ဝန်ခံချက် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်
- တစ်တိုင်းပြည်လုံးကိုမီးလောင်တိုက်ထပ်သွင်းအုံးမယ့်စစ်တပ်
- မနေ့ကတရားရုံးမှာ ဝရုန်းသုန်းကားဖြစ်ခဲ့
- ပြည်ထောင်စုဝန်ကြီး(၅)ဦးခန့် အပြောင်းအလဲပြုလုပ်ဖွယ်ရှိ
- အသရေဖျက်စော်ကားမှုအတွက်သတိပေးခြင်း
- ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်လဲတဲ့
- အင်းဝအပ်ချုပ်ဆိုင်အမှုဖြင့်ပြစ်ဒဏ်ကျခံနေရသူအမျိုးသမီးတစ်ဦး
- တပ်ထောက်ကရဲဘော်တစ်ဦးပေးပို့လာတဲ့သူခိုးကြီးသတင်း
- ဒီစကား တကယ်မမေ့ဘူး
- "ထမင်းဝအောင်စားထား"ဆိုသည့်စကားမှာ ခြိမ်းခြောက်မှုမမြောက်ဟုဆို
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အမှုဖွင့်ခံရသည့်တရားသူကြီး
- အနောက်တံခါးအရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အမေးအဖြေ
- မြန်မာနိုင်ငံအတွင်း ငလျှင်ဒဏ်ခံရနိုင်ဖွယ်ဒေသများ
- မှောင်ထဲကအလံတော်(သရဝဏ်-ပြည်)
- ဒေါက်တာအေးမောင်နှင့်တွေ့ဆုံခြင်း
- သတင်းအတိအကျရပြီ
- ဒေါက်တာအေးမောင်၏ ရသေ့တောင်ဟောပြောချက်
- သိစေချင်လို့
- ဆရာမောင်သော်ကပြောသောပုံပြင်များ
- ဗမာက ဘုံရန်သူတဲ့ဗျာ
- အန်တီသိစေအပ်ပါသည်
- မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိ
- နောက်ကွယ်ဖြစ်ရပ်မှန်များကိုတရားခွင်တွင်ဖွင့်ချမည်ဟု ရိုက်တာသတင်းထောက်များဆို
- ကျမထက်ဖာဆန်တဲ့ ကျမတို့နိုင်ငံတော်
- မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာသုသာန် အလောင်းများတွေ့ရှိမှုမှ - -
- မြန်မာနိုင်ငံဗိုလ်ချုပ်များ၏ အံ့ဖွယ်ထူးခြားသောဂုဏ်ရည်(၁၀)ပါး
- တိုင်းဒေသကြီးပြည်နယ်အလိုက် မှတ်ပုံတင်များ၏ရှေ့နံပါတ်များ
- တပ်မတော်နဲ့အစိုးရက ကိုယ်တိုင်လက်မှတ်ထိုး ကတိကဝတ်ပြု
- ကချင်တိုင်းရင်းသားခေါင်းဆောင်ရဲ့စကား ...
- ဒီချုပ်ဦးဝင်းထိန်
- ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်းသတင်းကောက်နှုတ်ချက်များ
- ၂၀၁၇ ပြည်တွင်းသတင်း သုံးသပ်ချက်
- NCA တွင်လက်မှတ်ရေးထိုးနိုင်ရေးတစ်ဆို့နေ
- ဒေါက်တာအေးမောင်နှုတ်ထွက်လျှင် ငွေစာရင်းရှင်းပေးရန်တာဝန်ရှိ
- အာဇာနည်ဗိမာန်(သခင်ကိုယ်တော်မှိုင်း)
- ပိုက်ဆံပဲလိုချင် ၊ အလုပ်မလုပ်ချင်တဲ့တိုင်းပြည်ဖြစ်နေတယ် (ချိုတူးဇော်)
- ဝင်ငွေထက်ပိုချမ်းသာနေသည့်အစိုးရဝန်ထမ်းများကိုတိုင်ကြားနိုင်ပြီ
- မြန်မာ့စီးပွားရေးတိုးတက်ဖို့ ပြင်သင့်ပြင်ထိုက်သည်ကိုအချိန်မီပြင်ခြင်း
- သမ္မတဟောင်းဦးသိန်းစိန် နာယကတာဝန်မှအနားယူရန်တင်ပြထား
- မျှော်လေတိုင်းဝေးနေဦးမှာပါ(မောင်မိုးဦး)
- အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ သိရှိထားသမျှ
- ဝ.ပိုက်ဆံ(သို့) သွေးတိုးစမ်းခြင်း
- မီဒီယာသမားတွေ ဒီသတင်းကိုအတည်ပြုပေးကြပါ
- 2018 ခုနှစ် သတင်းထူး-ဝ.ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဘား ဝ.နိုင်ငံလား
- စစ်ဖက်ရေးရာကျွမ်းကျင်သူ သမိုင်းပညာရှင်အငြိမ်းစားဗိုလ်မှူး
- ပြည်သူ့အစိုးရလက်ထက်မှာ သူရဘွဲ့ရခဲ့သူများ
- “တော်တော်ညံ့တဲ့အာဏာရှင်”(ထင်လင်းဦး-Wisdom Villa)
- ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့မှုမှာဝိုင်းဝန်းရိုက်နှက်
- ငြိမ်းချမ်းရေးကိုဘာနဲ့လဲကြဦးမှာလဲ(လှမျိုးထွန်း)
- စစ်အစိုးရ၏ဆိုးမွေကို အစိုးရဖြေရှင်းနေရ
- ဗမာပြည်လွတ်လပ်ရေးနေ့
- လှိုင်သာယာမြို့နယ်တွင် ၂၀၀၈-ခြေဉဖျက်သိမ်းရေးစာရွက်များဖြန့်ဝေခဲ့
- အညွန့်ချိုးခံနေရတဲ့ခေတ်
- ဖြိုးကိုကိုတင့်ဆန်းကို ဒက္ခိဏခရိုင်တရားရုံးမှာပထမဆုံးအကြိမ်ရုံးထုတ်
- ၂၀၀၈-ဖွဲ့စည်းပုံကြိုးစင်
- သာသနာဖျက်ဖို့အတွက်မရှိရင်မဖြစ်တာလား
- သတင်းထောက်(၂)ဦးကို တမင်အကွက်ဆင်ဖမ်းဆီးခဲ့သည
- ဖက်ဒရယ်ဒီမိုကရက်အင်အားစုဖွဲ့စည်း
- တစ်ချိန်ကမြန်မာပြည်မြေပုံ
- ကျောက်ပျဉ်တစ်ချပ်နဲ့ ထမီတစ်ထည်
- ရောက်တတ်ရာရာ-၂၀၁၇(သရဝဏ်-ပြည်)
- တရားရုံးများလက်စွဲ
- "စစ်ဗိုလ်ချုပ်များနဲ့ခရိုနီတစ်စုခိုးစားထားသမျှ"
- နိုင်ငံသားစိစစ်ရေး(ဦးအုန်းမောင်-တရားလွှတ်တော်ရှေ့နေ)
- မရှိရာမှ ရှိအောင်လုပ်ယူခဲ့တဲ့"မုန်းဝန်းဗမာ”
- ဓာတ်ပြားဟောင်းကြီးနဲ့ ဘတ်လဘိုင်နိုင်ငံတော်
- ဦးကိုနီ၏ဈာပနအခမ်းအနား ဒေါ်အောင်ဆန်းစုကြည်မတက်ရောက်နိုင်
- နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်ရ ဆရာချယ်
- "အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းမှူးဟောင်းဗိုလ်ချုပ်မောင်မောင်စိုး"
- FDA ဝန်ထမ်းအမျိုးသမီး အဓမ္မကျင့်အသတ်ခံခဲ့ရဟုမိသားစုပြော-အမှုကိုစီအိုင်ဒီပါပေါင်း၍စစ်ဆေးနေ
- လွှတ်တော်အတွင်းမေးခွန်းနဲ့အဖြေတွေ တိုင်ပတ်နေတယ်လို့ လွှတ်တော်ဉက္ကဌပြော
- သရုပ်ဆောင်ရဲတိုက် ဒိုင်ယာဇီပင်အလုံး(၄၀)သောက်ခဲ့ခြင်းမရှိကြောင်း ဒါရိုက်တာရီဇော်ပြော
- ပြာပုံထဲကရုန်းရခက်နေဆဲတိုင်းပြည်
- နိုင်ငံတော်သမ္မတကြီး ဆေးစစ်ခံယူရန်စင်္ကာပူသို့ထွက်ခွာ
- မြစ်ကြီးနားတွင် ဘဏ်အနုကြမ်းစီးခံရ
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးစာတမ်းဖတ်ကြားဆွေးနွေးပွဲကျင်းပပြီးစီး
- ကြက်အသည်းအမြစ်စားသုံးခြင်း၏ကောင်းကျိုးဆိုးကျိုးများ
- ဦးလေးဖြစ်သူက အသက်(၇)နှစ်နှင့်(၄)နှစ်အရွယ်တူမနှစ်ဦးကိုအဓမ္မပြုကျင့်ခဲ့
- မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့မှန်ကန်စွာဆုံးဖြတ်ဖို့တရုတ်ကုမ္ပဏီပြော
- ဗမာစစ်တပ်ရဲ့ဗိုလ်ချုပ်အဆင့်ရှိသူက ကရင်မတွေကို အကုန်-ိုးသတ်ဟေ့ ဟု တိုက်ပွဲအတွင်းဆက်သွယ္ရေးလိုင်းတွင် အတွင်တွင်ပြောခဲ့တယ်
- မိုးစက်ဝိုင်ရဲ့အတွေ့အကြုံရှင်းလင်းပွဲ
- ရခိုင်အရေး၊ ၉၆၉ နဲ့ ဦးဝီရသူတို့အပေါ်ဒေါ်အောင်ဆန်းစုကြည်၏အမြင်
- အမျိုးသမီးတိုင်းမဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သောရောဂါ(၅)မျိုး
- ကျောင်းသားများနှင့်လိင်မှုပြုခဲ့သောဆရာမအား ထောင်ဒဏ်(၅)နှစ်ချ
- မန္တလေးတွင် ယာဉ်နှစ်ထပ်ရပ်ခြင်းကိုဓာတ်ပုံရိုက်ကာဖေ့စ်ဘွတ်မှတဆင့်
- Ooredoo က ပြည်တွင်းတွင် 3G Network ကို (၂)နှစ်အတွင်းအပြီးတပ်ဆင်မည်
- နှစ်(၃၀)ကျော်ကြာပြီဖြစ်သော ရန်ကုန်မြို့ရှိဓာတ်အားလိုင်းကြိုးများလဲမည်
- တရုတ်သန်းကြွယ်သူဌေး ရဟတ်ယာဉ်ပျက်ကျ၍ပျောက်ဆုံးနေ
- အဖြူဆင်းခြင်းနှင့်ပတ်သက်ပြီးသံသယဖြစ်နေသလား
- virus အမျိုးမျိုးသတ်နည်း
- မောင်ကိန်းရွှေဆိုင်အား တစ်ကိုယ်တော်ဓားပြတိုက်သူဖမ်းဆီးရမိ
- ရုပ်ရှင်၊ဗွီဒီယိုဆင်ဆာစနစ်ဖျက်သိမ်းတော့မည်
- မြစ်ဝကျွန်းပေါ်မှဒီရေတောတွေကွယ်ပျောက်တော့မည်
- ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌက မြန်အောင်မြို့နယ်အုပ်ချုပ်ရေး
- အင်တာနက်ဒိုမိန်းအမည်သစ်များစွာပေါ်ထွက်လာ
- အခြေခံဉပဒေကိုမပြင်လျှင် ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဟု SNLD ဆို
- ဆီးဂိမ်းသတင်းဖြန့်ချိရေး ဒေါ်လာ(၆)သန်းကျော်အသုံးပြုခဲ့
- သီတဂူဆရာတော်ဟောကြားတော်မူသော သံဃာ၊တပ်၊အစိုးရ၊ပြည်သူ ညီညွတ်ရေး"သာမဂ္ဂီတရားတော်’’
- "အစိုးရက တာဝန်ယူမှုမရှိသောအခါ”
- မဟုတ်မမှန်ပြောဆိုပြီး ကောလဟလသတင်းတွေနဲ့ရောင်းရပြီးရော
- ၈၈-ခေါင်းဆောင်တွေဆန္ဒပြဖို့ သမ္မတနဲ့လွှတ်တော်သို့စာပေးပို့
- စစ်ရာဇဝတ်မှုမြောက်ကြောင်း ပဏာမခုံရုံးဆုံးဖြတ်
- ဦးလေးတော်စပ်သူအားသေဒဏ်အမိန့်ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန်

