Wednesday, January 10, 2018

ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာသုႆန္၌ အမည္မသိ႐ုပ္အေလာင္းမ်ားေတြ႕ရွိမႈ ႏွင့္ ပတ္သက္ၿပီး တပ္မေတာ္မွ စုံစမ္းစစ္ေဆးေရးအဖဲြ႕၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားအား သတင္းထုတ္ျပန္ခ်က္

,
ေနျပည္ေတာ္၊ ဇန္န၀ါရီ - ၁၀

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာသုႆန္၌ လူမ်ားအား သတ္ျဖတ္ျမႇဳပ္ႏွံထားေၾကာင္း အမည္မေဖာ္ လုိသူတစ္ဦးက သတင္းပို႔တုိင္ၾကားလာမႈ အေပၚ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ပါ၀င္ပတ္သက္ခဲ့မႈရွိ/မရွိ စစ္ေဆးရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအး၀င္း ဦးစီးသည့္ အဖြဲ႕၀င္ ၅ ဦးပါ၀င္ ေသာစုံစမ္းစစ္ေဆးေရး အဖြဲ႕သည္ အခင္းျဖစ္ပြားရာ နယ္ေျမေဒသသို႔ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ ၂၀ ရက္တြင္ ထြက္ခြာသြားေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအး၀င္းဦးေဆာင္ေသာ စံုစမ္းစစ္ေဆးေရးအဖဲြ႕သည္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ ၂၀ ရက္မွ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီ ၂ ရက္အထိ အင္းဒင္ေက်းရြာ အုပ္စုအတြင္းရိွ အခင္းျဖစ္ပြားခဲ့သည့္ေနရာမ်ားကုိ သြားေရာက္၍ တပ္မေတာ္သား သက္ေသ ၂၁ ဦး၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ ၃ ဦး၊ အမွတ္(၈) လုံၿခဳံေရးတပ္ဖြဲ႕ခြဲ မွ တပ္ဖြဲ႕၀င္ ၁၃ ဦး၊ အင္းဒင္ရြာသား ၆ ဦးႏွင့္ ဌာနဆုိင္ရာ၀န္ထမ္း ၆ ဦးတုိ႔ကို စစ္ေဆးခဲ့ သည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ အင္းဒင္ေက်းရြာအုပ္စုတႊင္ တုိင္းရင္းသားရြာ မ်ားျဖစ္ေသာ အင္းဒင္(ရခုိင္)ရြာ၊ ပဲ႐ုံ(နတလ)ရြာ ၂ ရြာႏွင့္ ဘဂၤါလီရြာ ၃ ရြာပါ၀င္ ေၾကာင္း၊ တုိင္းရင္းသား ၂ ရြာတြင္ အိမ္ေျခ ၁၇၆ လံုး၊ လူဦးေရ ၈၄၀ ဦးရိွၿပီး  ဘဂၤါလီ ၃ ရြာတြင္ အိမ္ေျခ ၈၀၀ လံုး၊ လူဦးေရ ၆၀၀၀ ဦးခန္႔ရိွေၾကာင္း၊ ၂၀၁၆ ခုနွစ္၊ ေအာက္တုိဘာ ၉ ရက္တုိက္ခုိက္ မႈျဖစ္ၿပီးေနာက္ပုိင္း ဘဂၤါလီမ်ားမွာ တုိင္းရင္းသားမ်ား အေပၚ တင္းမာစြာဆက္ဆံၿပီး ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္လာခဲ့ေၾကာင္း၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္တြင္ အင္းဒင္ေက်းရြာသား ဦးေမာင္နီအား ဘဂၤါလီအၾကမ္းဖက္သမားမ်ားက လယ္ေတာ သုိ႔သြားစဥ္ ၀ုိင္း၀န္းဖမ္းဆီးသတ္ျဖတ္ခဲ့ေၾကာင္း၊ ထုိသုိ႔သတ္ျဖတ္ခဲ့ျခင္းေၾကာင့္ ဦးေမာင္နီ ၏ မိသားစု၀င္မ်ားသည္ ဘဂၤါလီမ်ားအေပၚ စိတ္နာက်ည္းလ်က္ရွိေၾကာင္း၊ ၎အျပင္ အင္းဒင္ဘဂၤါလီေက်းရြာမွ ဘဂၤါလီမ်ားက ၾသဂုတ္ ၂၅ ရက္မွ စတင္၍ အင္းဒင္ တုိင္းရင္းသားရြာကို တုတ္၊ ဓားမ်ားကုိင္ၿပီး အေ၀းမွ ေန႔/ညလူအုပ္ျဖင့္ ၀ုိင္း၀န္း ၿခိမ္းေျခာက္ၾကေၾကာင္း၊ ဘဂၤါလီရြာဘက္မွ အသံခ်ဲ႕စက္ဖြင့္၍  “ငါတုိ႔က က်ား၊ တုိင္းရင္းသားေတြနဲ႕ တပ္မေတာ္သားေတြရဲ႕ အသားကုိ စားမည္၊ တုိင္းရင္းသားေတြနဲ႕ တပ္မေတာ္သားေတြကို လည္လွီးၿပီး ကုန္ရ္ဘာပြဲ(အစ္ပြဲ) ျပဳလုပ္မည္၊ ဒီေျမ၊ ဒီလယ္ေတြ ကို ငါတုိ႔ပိုင္ရမည္၊ ဒီေဒသကို ငါတုိ႔သိမ္းပိုက္မည္” ဟု ထပ္ခါတလဲလဲ ဘဂၤါလီဘာသာျဖင့္ ညာသံေပး၍ ၿခိမ္းေျခာက္မႈ မ်ားရွိခဲ့ေၾကာင္း၊ ရြာသားမ်ားသည္ ေၾကာက္ရြ႕ံထိတ္လန္႔လ်က္ အိမ္တြင္မေနရဲဘဲ အင္းဒင္ေက်းရြာဘုန္းေတာ္ႀကီး ေက်ာင္းတြင္ သြားေရာက္စုေပါင္း ေနထုိင္ခဲ့ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားကလည္း ေက်းရြာမ်ား၏ အကူအညီေတာင္းခံမႈအရ အခ်ိန္မီေရာက္ရွိလုံၿခဳံေရးေဆာင္ရြက္ေပးခဲ့ရေၾကာင္း ေတြ႔ရွိရသည္။

အင္းဒင္ေက်းရြာတြင္ လုံၿခဳံေရးေဆာင္ရြက္ေနေသာ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ စက္တင္ဘာ ၁ ရက္တြင္ ပင္လယ္ကမ္းစပ္ဘက္ သို႔ နယ္ေျမရွင္းလင္းစဥ္ ဘဂၤါလီအၾကမ္းဖက္အင္အား ၂၀၀ ဦးခန္႔က တုတ္၊ ဓားမ်ား ကိုင္ေဆာင္ကာ ၀ုိင္းရံတုိက္ခိုက္ခဲ့သျဖင့္ ေသနတ္မုိးေပၚေထာင္ေဖာက္၍ သတိေပးတား ျမစ္ခဲ့ၿပီးေနာက္ ဘဂၤါလီမ်ားထြက္ေျပးသျဖင့္ လုိက္လံဖမ္းဆီးရာ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ဖမ္းဆီးရမိ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား စက္တင္ဘာ ၁ ရက္ ညပုိင္းတြင္ စာသင္ေက်ာင္း၌ ခ်ဳပ္ေႏွာင္ထားစဥ္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက စစ္ေဆး ေမးျမန္းခ်က္မ်ားအရ ၎တုိ႔သည္ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ဆက္ႏြယ္မႈရွိေနေၾကာင္း၊ ေက်းရြာတြင္ေနထုိင္စဥ္ ေမာ္လ၀ီဆရာမ်ားက အၾကမ္းဖက္လုပ္ငန္းမ်ားတြင္ အဖြဲ႕၀င္ အျဖစ္ပါ၀င္ေဆာင္ရြက္ရန္ စည္း႐ုံးခံထားရသူမ်ားျဖစ္ေၾကာင္းသိရွိရသည္။

၎ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား လုပ္ထုံးလုပ္နည္းႏွင့္အညီ ရဲစခန္းသို႔ အပ္ႏွံရမည္ျဖစ္ေသာ္လည္း အင္းဒင္နယ္ေျမရဲစခန္းရွိ ေမာ္ေတာ္ယာဥ္ ၂ စီးအား သေဘၤာေကြ႕ေက်းရြာတြင္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက မုိင္းဆြဲ တုိက္ခိုက္မီး႐ႈိ႕ဖ်က္ဆီးခဲ့ျခင္း၊ ထုိအခ်ိန္ကာလတြင္ ၎နယ္ေျမ၀န္းက်င္တစ္၀ုိက္၌ အၾကမ္းဖက္တုိက္ခိုက္မႈမ်ား ဆက္တုိက္ျဖစ္ပြားလ်က္ရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားသည္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ ထိန္းသိမ္းေရးအား ျဖန္႔ခြဲေဆာင္ရြက္ ေနရသည့္အတြက္ ၎ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား ရဲစခန္းသို႔ လက္ဆင့္ကမ္းပို႔ေဆာင္ႏုိင္သည့္ အေျခအေန မရွိျခင္းတုိ႔ေၾကာင့္ ၎တို႔အား သုႆန္သို႔ ေခၚေဆာင္သတ္ျဖတ္ရန္ဆုံးျဖတ္ခဲ့ေၾကာင္း ေတြ႕ရွိရသည္။

၎ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား စာသင္ေက်ာင္း၌ ဖမ္းဆီးထိန္း သိမ္းထားရာမွ စက္တင္ဘာ ၂ ရက္ နံနက္ ၈ နာရီတြင္ အင္းဒင္ေက်းရြာ ပဲ႐ုံသုႆန္သုိ႔ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ယင္းသို႔ေခၚေဆာင္စဥ္ အင္းဒင္ရြာသားမ်ားက လမ္းျပၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက လုံၿခဳံေရးလုိက္ပါေဆာင္ရြက္ခဲ့ေၾကာင္း၊ ၎တို႔ေနာက္တြင္ ဘဂၤါလီအၾကမ္းဖက္ သမားမ်ား၏ သတ္ျဖတ္ျခင္းခံရသူ ဦးေမာင္နီ၏ သားမ်ားအပါအ၀င္ ရြာသား ၁၀ ဦးကလည္း ဓားႏွင့္ ေပါက္ျပားမ်ားကိုင္ေဆာင္၍ လိုက္ပါသြားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္။

ပဲ႐ုံသုႆန္ေရာက္ရွိခ်ိန္တြင္ ရြာသားအခ်ိဳ႕က ေတာင္ကုန္း ၂ ခုၾကား လွ်ဳိအတြင္း က်င္းတူးခဲ့ေၾကာင္း၊  ထုိ႔ေနာက္ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးအား က်င္းအတြင္း ဆင္းေစၿပီး ဦးေမာင္နီ၏ သားျဖစ္သူ ၂ ဦးႏွင့္ ရြာသား ၁ ဦးတုိ႔က ဘဂၤါလီအၾကမ္းဖက္ သမားမ်ားကို ဓားျဖင့္ ခုတ္ခဲ့ေၾကာင္း၊ ၎ေနာက္႐ုန္းရင္းဆန္ခတ္ျဖစ္ေနသျဖင့္ က်င္းအနီးရွိ လုံၿခဳံေရးတပ္ဖြဲ႕၀င္ ၄ ဦးကလည္း ေသနတ္ျဖင့္ ၀င္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း ေပၚေပါက္ ခဲ့သည္။

အဆုိပါဖမ္းဆီးရမိ ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးသည္ အၾကမ္းဖက္တိုက္ ခိုက္မႈမ်ားတြင္ ပါ၀င္ပတ္သက္သူမ်ားျဖစ္ျခင္း၊ ၎တို႔ဘဂၤါလီရြာသားမ်ားမွ ဦးေမာင္နီ အား အေၾကာင္းမဲ့ဖမ္းဆီးသတ္ျဖတ္ခဲ့ျခင္း၊ တုိင္းရင္းသားမ်ားအား ၿခိမ္းေျခာက္ အႏုိင္က်င့္ မႈမ်ားရွိခဲ့ျခင္းတုိ႕ေၾကာင့္ တုိင္းရင္းသားမ်ားမွ စိတ္နာလ်က္ရွိၿပီး ျပန္လည္လက္စားေခ် သတ္ျဖတ္လုိ စိတ္မ်ားျဖစ္ေပၚလ်က္ရွိရာမွ ဖမ္းဆီးရမိဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦး အား သတ္ျဖတ္ခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသည္။

အဆုိပါျဖစ္စဥ္တြင္ အင္းဒင္ေက်းရြာမွ ရြာသားအခ်ဳိ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ဘဂၤါလီအၾကမ္းဖက္သမား ၁၀ ဦးကို သတ္ျဖတ္ခဲ့သည္မွာ မွန္ကန္ေၾကာင္း ၀န္ခံထြက္ဆုိခဲ့သျဖင့္ ပါ၀င္ပတ္သက္သူရြာသားမ်ားႏွင့္ ထိေတြ႕တုိက္ခိုက္မႈ စည္းမ်ဥ္းမ်ား  (Rules of Engagement) အား ခ်ိဳးေဖာက္ခဲ့ေသာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားကို ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္သည္။ ထုို႔ျပင္ အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အထက္ဌာနအဆင့္ဆင့္သို႔ တင္ျပခဲ့ျခင္းမရွိေၾကာင္း ေတြ႕ရွိရသျဖင့္ ျဖစ္စဥ္တြင္ တုိက္႐ုိက္ပါ၀င္ပတ္သက္မႈမရွိေသာ္လည္း ကြပ္ကဲရန္တာ၀န္ရွိသူမ်ားကိုလည္း လုိအပ္သလုိေဖာ္ ထုတ္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီး အေရးယူေဆာင္ရြက္ၿပီးစီးမႈအေျခအေနမ်ား ကိုလည္း သတင္းထုတ္ျပန္ သြားမည္ျဖစ္သည္။  


တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိမှု နှင့် ပတ်သက်ပြီး တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအား သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇန်နဝါရီ - ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော် လိုသူတစ်ဦးက သတင်းပို့တိုင်ကြားလာမှု အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့မှုရှိ/မရှိ စစ်ဆေးရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့် အဖွဲ့ဝင် ၅ ဦးပါဝင် သောစုံစမ်းစစ်ဆေးရေး အဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိ အင်းဒင်ကျေးရွာ အုပ်စုအတွင်းရှိ အခင်းဖြစ်ပွားခဲ့သည့်နေရာများကို သွားရောက်၍ တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ၆ ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးတို့ကို စစ်ဆေးခဲ့ သည်။

စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုတွှင် တိုင်းရင်းသားရွာ များဖြစ်သော အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ(နတလ)ရွာ ၂ ရွာနှင့် ဘင်္ဂါလီရွာ ၃ ရွာပါဝင် ကြောင်း၊ တိုင်းရင်းသား ၂ ရွာတွင် အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၈၄၀ ဦးရှိပြီး  ဘင်္ဂါလီ ၃ ရွာတွင် အိမ်ခြေ ၈၀၀ လုံး၊ လူဦးရေ ၆၀၀၀ ဦးခန့်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တိုက်ခိုက် မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီများမှာ တိုင်းရင်းသားများ အပေါ် တင်းမာစွာဆက်ဆံပြီး ခြိမ်းခြောက်မှုများပြုလုပ်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီအား ဘင်္ဂါလီအကြမ်းဖက်သမားများက လယ်တော သို့သွားစဉ် ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးမောင်နီ ၏ မိသားစုဝင်များသည် ဘင်္ဂါလီများအပေါ် စိတ်နာကျည်းလျက်ရှိကြောင်း၊ ၎င်းအပြင် အင်းဒင်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက သြဂုတ် ၂၅ ရက်မှ စတင်၍ အင်းဒင် တိုင်းရင်းသားရွာကို တုတ်၊ ဓားများကိုင်ပြီး အဝေးမှ နေ့/ညလူအုပ်ဖြင့် ဝိုင်းဝန်း ခြိမ်းခြောက်ကြကြောင်း၊ ဘင်္ဂါလီရွာဘက်မှ အသံချဲ့စက်ဖွင့်၍  “ငါတို့က ကျား၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေရဲ့ အသားကို စားမည်၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေကို လည်လှီးပြီး ကုန်ရ်ဘာပွဲ(အစ်ပွဲ) ပြုလုပ်မည်၊ ဒီမြေ၊ ဒီလယ်တွေ ကို ငါတို့ပိုင်ရမည်၊ ဒီဒေသကို ငါတို့သိမ်းပိုက်မည်” ဟု ထပ်ခါတလဲလဲ ဘင်္ဂါလီဘာသာဖြင့် ညာသံပေး၍ ခြိမ်းခြောက်မှု များရှိခဲ့ကြောင်း၊ ရွာသားများသည် ကြောက်ရွံ့ထိတ်လန့်လျက် အိမ်တွင်မနေရဲဘဲ အင်းဒင်ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် သွားရောက်စုပေါင်း နေထိုင်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကျေးရွာများ၏ အကူအညီတောင်းခံမှုအရ အချိန်မီရောက်ရှိလုံခြုံရေးဆောင်ရွက်ပေးခဲ့ရကြောင်း တွေ့ရှိရသည်။

အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက် သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတား မြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး မေးမြန်းချက်များအရ ၎င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှုရှိနေကြောင်း၊ ကျေးရွာတွင်နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်းသိရှိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ် ၂ စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက် နေရသည့်အတွက် ၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုဿန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စာသင်ကျောင်း၌ ဖမ်းဆီးထိန်း သိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုဿန်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ခေါ်ဆောင်စဉ် အင်းဒင်ရွာသားများက လမ်းပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့နောက်တွင် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏ သားများအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနှင့် ပေါက်ပြားများကိုင်ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ပဲရုံသုဿန်ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း ၂ ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊  ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား ၁ ဦးတို့က ဘင်္ဂါလီအကြမ်းဖက် သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက် ခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးသည် အကြမ်းဖက်တိုက် ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများဖြစ်ခြင်း၊ ၎င်းတို့ဘင်္ဂါလီရွာသားများမှ ဦးမောင်နီ အား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း၊ တိုင်းရင်းသားများအား ခြိမ်းခြောက် အနိုင်ကျင့် မှုများရှိခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားများမှ စိတ်နာလျက်ရှိပြီး ပြန်လည်လက်စားချေ သတ်ဖြတ်လို စိတ်များဖြစ်ပေါ်လျက်ရှိရာမှ ဖမ်းဆီးရမိဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး အား သတ်ဖြတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သူရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ  (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန်တာဝန်ရှိသူများကိုလည်း လိုအပ်သလိုဖော် ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကိုလည်း သတင်းထုတ်ပြန် သွားမည်ဖြစ်သည်။  


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

https://m.facebook.com/story.php?story_fbid=1568080199979506&id=526503167470553

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာသုႆန္၌ အမည္မသိ႐ုပ္အေလာင္းမ်ားေတြ႕ရွိမႈ ႏွင့္ ပတ္သက္ၿပီး တပ္မေတာ္မွ စုံစမ္းစစ္ေဆးေရးအဖဲြ႕၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားအား သတင္းထုတ္ျပန္ခ်က္”

Post a Comment

Related Posts Plugin for WordPress, Blogger...