Tuesday, January 23, 2018

"ပြာပုံထဲက ရုန်းရခက်နေဆဲ တိုင်းပြည်"

,
တလောက လွှတ်တော်မှာ အဆိုတင်သွားတဲ့
ပြည်သူတွေဆန္ဒကျတော့ တိုင်းပြည်ဆင်းရဲနေချိန် ဖြစ်လို့
ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူတောင် မထုတ်ပါနဲ့တဲ့

သူတို့အတွက်ကျ တစ်စီးကို ဒေါ်လာ သန်း ၄၀
လောက်တန်တဲ့ Su-30 တိုက်လေယာဉ် ၆ စီး ဒေါ်လာ
သန်း ၂၄၀ စာကို ပက်ကနဲ ထပ်ဝယ်လိုက်တာ အံ့သြတယ်

သူတို့ပြောတဲ့ ဆင်းရဲတဲ့တိုင်းပြည်မှာ လက်ရှိရှိနေပြီးသား
တိုက်လေယာဉ် အရေအတွက်စာရင်းက ...

MIG-29 B (ရုရှားထုတ် တိုက်လေယာဉ်) = ၃၁ စင်း

A 5 (တရုတ်ထုတ် တိုက်လေယာဉ်) = ၂၁ စင်း

F 7 M (တရုတ်ထုတ် တိုက်လေယာဉ်) = ၂၄ စင်း

F 6 (တရုတ်ထုတ် တိုက်လေယာဉ်) = ၁ စင်း

J 7 (တရုတ်ထုတ် တိုက်လေယာဉ်) = ၆ စင်း

K 8 (ပါကစ္စတန်ထုတ် တိုက်လေယာဉ်) = ၁၈ စင်း

PC 7 (ဆွစ်ဇာလန်ထုတ် တိုက်လေယာဉ်) = ၁၆ စင်း

PC 9 (ဆွစ်ဇာလန်ထုတ် တိုက်လေယာဉ်) = ၁၀ စင်း

SOKO G4: (ယူဂိုဆလားဗီးယားထုတ် တိုက်လေယာဉ်) = ၃ စင်း

G 120 TP ( ဂျာမနီထုတ် တိုက်လေယာဉ် ) = ၂၀ စင်း

BELL 206 B3 (အမေရိကန်ထုတ် တိုက်လေယာဉ်) = ၃ စင်း

HC 120 (တရုတ်ထုတ် တိုက်လေယာဉ်) = ၄ စင်း

YAK 130 (ရုရှားထုတ် တိုက်လေယာဉ်) = ၆ စင်း

စုစုပေါင်း တိုက်လေယာဉ် ၁၅၃ စင်း ရှိပြီးသားမှာ
ဒေါ်လာသန်းပေါင်း ၂၄၀ - မြန်မာငွေ သန်းပေါင်း ၃၂၄၀၀၀
(၃၂၄ ဘီလျံ) ဖိုး ကုန်ကျခံပြီး ထပ်ဝယ်တာ
နားမလည်နိုင်အောင် ဖြစ်ရတယ်

ဒီထပ်ဝယ်တဲ့ လေယာဉ် ၆ စင်း က ဘယ်နေရာမှာ သွားသုံးဖို့လဲ။ မဝယ်မဖြစ်လိုအပ်နေလို့လား။ တနှစ်ကို
ဒီလေယာဉ်တွေ ဘယ်နှစ်ကြိမ် အသုံးပြုမှာလဲ
တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဒီငွေတွေ
ဘယ်လောက်အသုံးဝင်လိုက်မလဲ။ ခုတော့ ဒီငွေတွေ
ဆင်းရဲနေတဲ့ တိုင်းပြည်နဲ့ ဘယ်ပြည်သူ့အတွက်မှ
အကျိုးမရှိပဲ မအိပ်ကုန်ဘူးလား

ဒေါ်လာ သန်း ၁၀၀ လောက် သူများနိုင်ငံက ချီးခွင့်ရဖို့တောင် ဦးသိန်းစိန် လက်ထက်ကနေ ယနေ့
ပြည်သူ့အစိုးရ လက်ထက်ထိ နိုင်ငံခေါင်းဆောင်တွေမှာ
ဘယ်လောက်အောက်ကျခံ ခဲ့ရလဲ

သာမန်ပြည်သူတွေဆီက နှစ်စဉ် အခွန် သန်း ၁၀၀ လောက်ရဖို့ ဘယ်လောက်အဆဲအဆို ခံပြီး
အစိုးရမှာ တောင်းခံနေရလဲ

အစိုးရနဲ့ ပြည်သူ့ဆန္ဒအရ ဗိုလ်ချုပ်ပုံ ငွေစက္ကူထုတ်ဖို့
တိုင်းပြည်ဆင်းရဲလို့ မထုတ်သင့်ကြောင်း တိုင်းပြည်မျက်နှာသာ ကြည့်တဲ့ တပ်မတော်သားတွေ
ကန့်ကွက်ခဲ့ကြပေမယ့်

တိုင်းပြည်ဆင်းရဲနေလို့ ဒီအချိန်မှာ မလိုအပ်တဲ့
တိုက်လေယာဉ်တွေ မဝယ်သင့်ကြောင်း ဘယ်တပ်မတော်သား အမတ် တစ်ဦးတစ်ယောက်မှ မကန့်ကွက်ကြတာလဲ

ဒီလေယာဉ်တွေ ဝယ်မယ့်ငွေ ပညာရေးကို တိုးမြှင့်ပေးဖို့
တက္ကသိုလ်ကျောင်းသားတွေ ဘာလို့ ဆန္ဒမပြတာလဲ

ဘယ်သူနစ်နာလဲ ဘယ်သူအကျိုးရှိလဲတော့
မသိနိုင်ပေမယ့် ကြားက ပွဲခ ၁၀% ရတဲ့သူကတော့
အကျိုးရှိသွားပါလိမ့်မယ် ...

ZN.H


https://m.facebook.com/story.php?story_fbid=383598222085685&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ပြာပုံထဲက ရုန်းရခက်နေဆဲ တိုင်းပြည်"”

Post a Comment

Related Posts Plugin for WordPress, Blogger...