Thursday, February 8, 2018

မတွေးရဲစရာအနာဂတ်ဖြစ်နေပြီလား

,
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းက နှစ်နှစ်ကျော်လာပြီ။
ဒုတိယမြောက်အစိုးရသက်တမ်းကလည်း နှစ်နှစ်ပြည့်တော့
မယ်။ အဲဒီကာလအတောအတွင်းမှာ နိုင်ငံခြားပညာတော်
သင်စေလွှတ်ဖို့နဲ့ပတ်သက်လို့ ဘယ်လောက် တွန်းတွန်းတိုက်
တိုက် လုပ်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်းကတည်းက ပညာတော်သင်ဦးရေ
တစ်တိတိကျဆင်းလာတာ၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့
အတော့်ကို သိသိသာသာကျဆင်းခဲ့တာပါ။ တိုင်းပြည်ပြုပြင်
ပြောင်းလဲဖို့ဆိုရင် နယ်ပယ်ကဏ္ဍပေါင်းစုံမှာ ပညာတတ်တွေ၊
ပညာရှင်တွေကို မွေးထုတ်ရမှာဖြစ်ပါတယ်။ ဒါက ရေရှည်စီမံ
ချက်ချလုပ်ရမယ့်အရေးပါ။ ဒီနေ့စေလွှတ်တဲ့ကျောင်းသားဟာ
နောက်လေးငါးနှစ်နေမှ မဟာဘွဲ့တန်းပြီးမှာပါ။ ပါရဂူတန်းဆို
ဆက်တက်ရဦးမှာပါ။

လက်ရှိအစိုးရနဲ့လွှတ်တော်တွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်း
မှာ လွယ်လင့်တကူ ရနိုင်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အ
လမ်းတွေကို မဖမ်းမဆုပ်နိုင်ဖြစ်နေတယ်လို့ မြင်မိပါတယ်။
တကယ်တော့ ပညာရေးနဲ့ပတ်သက်တဲ့ ပညာတော်သင်အခွင့်
အလမ်းတွေကို ပေးချင်တဲ့သူတွေက ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံလို
နိုင်ငံမျိုးဆိုရင် ပိုလို့တောင် ပေးချင်ပါတယ်။ ပညာတော်သင်
အခွင့်အလမ်းတွေပိုမရှာနိုင်တဲ့အပြင် အစိုးရဟာ ပညာတော်
သင်ရွေးတာနဲ့ပတ်သက်ရင် ပိုကြိုးနီစနစ်ဆန်လာတာကတော့
စိတ်ပျက်စရာပါ။ အလွယ်တကူရနိုင်တဲ့ နိုင်ငံခြားပညာတော်
သင်အခွင့်အလမ်းတွေကို ကိုယ်ပိုင်ငွေနဲ့အကုန်အကျခံကျောင်း
သွားတက်နိုင်တဲ့သူတွေ၊ မိသားစုတွေပဲရနေတာကလည်း
ပကတိအခြေအနေတစ်ခုပါ။ တကယ်တော့ အစိုးရဟာ
အရည်အသွေးရှိတဲ့ကျောင်းသားတွေကို စုစည်းပြီး၊ နိုင်ငံခြား
ပညာတော်သင်တွေ ကျယ်ကျယ်ပြန့်ပြန့် စေလွှတ်နိုင်ဖို့ပြင်ဆင်
ဆောင်ရွက်သင့်တယ်လို့မြင်မိပါတယ်။

အစိုးရရော၊ လွှတ်တော်တွေရောဟာ နိုင်ငံတကာအသိုင်း
အ၀ိုင်းအကြားမှာ ပညာရေး၊ ပညာတော်သင်အခွင့်အလမ်း
တွေနဲ့ပတ်သက်ရင် ငန်းငန်းတက်၊ ရလေလိုလေဖြစ်နေဖို့
အရေးကြီးတယ်လို့ထင်မိပါတယ်။ ကျနော်တို့ဟာ ပညာရေး
အခွင့်အလမ်းကို ငန်းငန်းတက်ဖြစ်တဲ့နေရာမှာ လာအိုနိုင်ငံ
တို့၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ခြေဖျားကိုတောင်မမီဘူးဖြစ်နေ
ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကြိုးနီစနစ်ကြောင့် လက်လွတ်
သွားရတဲ့ ကာလတို၊ ကာလရှည်ပညာတော်သင်အခွင့်အလမ်း
တွေအများကြီးပဲရှိနေပါတယ်။ ဒေသတွင်းမှာ မြန်မာကအချိန်
မမီတိုင်း၊ ကမ္ဘောဒီးယားနဲ့လာအိုက အစားထိုးနေရာယူဖို့
အသင့်အနေအထားနဲ့ နေရာလုနေကြတာပါ။ တကယ်တော့
အဲဒီလို ငန်းငန်းတက်ဖြစ်နေဖို့လိုမယ်ဆိုတာ ပြောပြချင်တာပါ။

ဒီလိုပုံ၊ ဒီလိုအချိုးနဲ့ဆိုရင်တော့ လာမယ့်ဆယ်နှစ်၊ နှစ်နှစ်
ဆယ်မှာ ကျနော်တို့နိုင်ငံဟာ ကမ္ဘောဒီးယားနဲ့လာအိုရဲ့နောက်
တော်တော်ဝေးတဲ့နေရာမှာ အောက်တန်းနောက်တန်းဆက်
ကျနေဦးမယ်ဆိုတာ ဗေဒင်မေးစရာလိုမယ်မထင်မိပါဘူး။
အစိုးရနဲ့လွှတ်တော်တွေအနေနဲ့ ပညာရေး၊ အထူးသဖြင့်
အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ထိုးထိုးဖောက်ဖောက်
ပြောင်းလဲပစ်နိုင်မယ့်အနေအထားတွေကို ပညာရှင်တွေနဲ့
အမြင်နှီးနှောဖလှယ်ဖို့ကောင်းနေပြီလို့ထင်မြင်မိပါတယ်။
ဒီအတိုင်း လာမယ့်နှစ်နှစ်ဆက်သွားနေဦးမယ်ဆိုရင်တော့
အနာဂတ်ဟာ မတွေးရဲစရာဖြစ်နေဦးမှာပါ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

https://m.facebook.com/story.php?story_fbid=1991200984469183&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မတွေးရဲစရာအနာဂတ်ဖြစ်နေပြီလား”

Post a Comment

Related Posts Plugin for WordPress, Blogger...