Saturday, January 13, 2018

ပြည်ထောင်စုဝန်ကြီး ၅ ဦးခန့် အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိ

,
�တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်ပြီးနောက် ပြည်ထောင့်စုအဆင့် ဝန်ကြီး ၅ ဦးခန့်ကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေကြောင်း NLD ပါတီနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ကြားသိရသည်။��ပြည်ထောင်စုဝန်ကြီး ၅ ဦးခန့်ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း ကြေညာချက်ကို ဇန်နဝါရီ ၁၅ ရက်မတိုင်မီ ထုတ်ပြန်သွားဖွယ်ရှိပြီး ဇန်နဝါရီ ၁၅ ရက်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး အသစ်များ၏ အမည်များကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။��“သေချာသလောက်ရှိပါတယ်၊ သူတို့က ဒေါ်အောင်ဆန်းစုကြည်အပေါ်အပြစ်ပုံချတာများတယ်၊ သူတို့စိတ်ပါလို့ လုပ်တာ မဟုတ်ပါဘူး၊ ဒေါ်စုက ခိုင်းလို့လုပ်တာပါဆိုပြီး အပုပ်ချနေတာတွေရှိတယ်၊ သူတို့က သူတို့မိသားစုနဲ့ အေးအေးဆေးဆေးနေချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို တာဝန်ပေးလို့ ခိုင်းလို့ လုပ်ရတာပါ၊ အဲဒီလို အသံတွေအများကြီး ထွက်နေတဲ့ ဝန်ကြီးတွေလို့ ကြားတယ်”ဟု NLD ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။ ��ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအလဲပြုလုပ်ခြင်းထက် ယခင်အစိုးရလက်ထက် ညွှန်ကြားရေးမှူးချုပ်များနှင့် အတွင်းဝန်များ၏ ဦးဆောင်မှုနောက်ကို ဝန်ကြီးများက လိုက်ပါဆောင်ရွက်နေရသည့် အနေအအထားကိုသာ ပြောင်းလဲစေချင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။��“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေးမှုအရ အရင်တုန်းက ညွှန်ချုပ်တွေ၊ အတွင်းဝန်ဟောင်းတွေ သူတို့ပြောသမျှ၊ လမ်းညွှန်သမျှ လက်ရှိဝန်ကြီးတွေက လုပ်ကိုင်နေရတဲ့ အခြေအနေကို ပြောင်းစေချင်တာ။ ဟိုဝန်ကြီးဖြုတ်ပါ၊ ဒီဝန်ကြီးဖြုတ်ပါဆိုတာထက် ဦးသိန်းလက်ထက်တုန်းက ညွှန်ချုပ်တွေ၊ အတွင်းဝန်ဟောင်းတွေ များသောအားဖြင့် တပ်က ပြောင်းလာတဲ့သူတွေ အဲဒီလူတွေဟာ ဒီနေ့ကာလမှာ ဝန်ကြီးဌာနရဲ့လုပ်ငန်းတွေကို ဦးစီးနေတယ်လို့ မြင်တယ်ဗျာ၊ အဲဒီအနေအထားကို ပြောင်းရမှာ၊ ဝန်ကြီးတော်တော်များကိုတော့ အားမရပါဘူး”ဟု ၎င်းက ပြောသည်။��ဇန်နဝါရီ ၉ ရက်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သံယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးဘဟိန်းတို့အားလည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးအောင်ကျော်တို့အား လည်းကောင်း ယင်းတို့၏ ဆန္ဒအလျောက် သက်ဆိုင်ရာရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ကြေညာခဲ့သည်။��ထို့ပြင် ပဲခူးတိုင်းဒေသကြီး သစ်တောသယံဇတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်ကိုလည်း တာဝန်မှ နှုတ်ထွက်ခွင့်ပြုခဲ့သည်။��နန္ဒမျိုးဆောင်
 source   News  Watch

https://m.facebook.com/story.php?story_fbid=1567162246654904&id=343551955682612
===================
#င​ဒေါင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်ထောင်စုဝန်ကြီး ၅ ဦးခန့် အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...