Monday, August 6, 2018

နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသား သေဆုံးမှု

,
နိုင်ငံအနှံ့ရဲဘက်စခန်းများတွင်  အကျဉ်းသား သေဆုံးမှုမှာ ၃၆ နှစ်အတွင်း ၄,၁၈၇ ဦး ရှိခဲ့သည်ဟု အစိုးရက ၂ဝ၁၄ တွင် ပြောသည်။ သေဆုံးမှုမှာ ရာသီဥတု၊ "အစားအသောက် အနေအထိုင် လွဲမှားခြင်း" နှင့် မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ အကျဉ်းသား သေဆုံးမှုမှာ အကျဉ်းသား အနေအထိုင် မဆင်ခြင်ခြင်းကြောင့်သာ ဖြစ်ကြောင်း ဆိုလိုဟန်ရှိသည်။

Myanmar Now ၏ စုံစမ်းချက်အရမူ အကျဉ်းသားအများအပြား အလုပ်လုပ်ကိုင်ရာ ရဲဘက်စခန်းများတွင် သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ရခြင်းမှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ သင့်လျော်သည့် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးကုသမှု မရရှိခြင်းကြောင့် ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရာဇင်္ဂြိုဟ်အကျဉ်းစခန်းများတွင်လည်း ၁၉၉၉-၂၀၀၀ ကာလ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အကျဉ်းသားရာနှင့်ချီ သေဆုံးခဲ့ကြသည်။

အကျဉ်းသား သေဆုံးအပြီး မှတ်တမ်းများတွင်  အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသော ရာဇင်္ဂြိုဟ် (၂) အကျဉ်းစခန်းအနီးရှိ ရာဇဂြိုလ်ကျေးရွာတွင် ၁၉၉၉ မှ ၂ဝဝ၃ အထိ အုပ်ချုပ်ရေးမှုးတာဝန် ယူခဲ့သူ ဦးစံဗလက အကျဉ်းသားသေဆုံးမှုမှာ နေ့စဉ် ရှိခဲ့သည်ဟု ဆိုသည်။

ရာဇင်္ဂြိုဟ် အကျဉ်းစခန်းပိုင် စပါးကွင်းများတွင် လုပ်ကိုင်ရင်း အကျဉ်းသားများ အများအပြား သေဆုံးခဲ့သည်။

အကျဉ်းသားတို့ ဒဏ်ရာအကြီးအကျယ် ရခြင်း၊ နာဖျားခြင်း၊ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရခြင်း၊ နှိပ်စက်ခံရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သော ထိုစခန်းများကို အစိုးရက ဘဝသစ်စခန်းဟု ခေါ်တွင်ခဲ့သည်။

ရာဇင်္ဂြိုဟ် ဘဝသစ်စခန်းတချို့ရှိ လုပ်ငန်းခွင်၊ အကျဉ်းသားတို့၏ ပုံရိပ်များကို  ဖော်ပြလိုက်ပါသည်။

ယခုအကြောင်းအရာနှင့် ပတ်သက်သော ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/myanmarnownews/posts/1153877411426662




https://www.facebook.com/media/set/?set=a.1153919571422446.1073741878.518067831674293&type=3

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသား သေဆုံးမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...