Saturday, June 2, 2018

ရန်​ကုန်

,
တဖုသ​တွေ ဘလိက​တွေခဏ​ဘေးဖယ်​ထားလိုက်​ကြရ​အောင်​။သူတို့လာတယ်​ဆိုတာ​ကိုထုတ်​​ဖော်​ပြသဖို့ ဘာအ​ထောက်​ထားမှမရှိဘူး။ပုဂံ၊စစ်​ကိုင်း၊​ရွှေဘို၊အင်းဝ၊အမရပူရနဲ့မန္တ​လေးဆိုတဲ့ ဗမာနန်းစိုက်​ရာ​နေပြည်​​တော်​​တွေဟာ ပထ၀ီအရကြည့်ရင်​ကုန်းတွင်းပိတ်​​တွေချည်းပဲ။ရွှေတိဂုံ​စေတီဆိုတာ ဗုဒ္ဓသာသနာ​တော်​ရဲ့ မြန်​မာနိုင်ငံ​​ဆိုင်​ရာအထင်​ကရ​စေတီကြီးကို ဗုဒ္ဓဆံ​တော်​​တွေဋ္ဌာပနာပြီး ​အေဒီ၁၄၈၅ခုနှစ်​မှာမွန်​အမျိုးသမီး ရှင်​​စောပုသားမက်​ မွန်​အမျိုးသားရှင်​ဘုရင်​ဓမ္မ​စေတီက အမည်​တပ်​ခဲ့တာပါ။အ​ဆောက်​အဦးလက်​ရာကိုကြည့်ရင်​လည်း ​အေဒီ၁၅ရာစုမွန်​ဗိသုကာလက်​ရာကို​တွေ့ရမှာပါ။အဲဒီ​ခေတ်​တုန်းက ရန်​ကုန်​အပါအ၀င်​ ​တောင်​ငူအထိ ​အောက်​ပိုင်းတစ်​ခွင်လုံးဟာ မွန်​ပိုင်​ဖြစ်​တယ်​။မိုး​ရေချိန်​အလုံအ​လောက်​ရလို့စိုက်​ပျိုးမှုအား​ကောင်းတယ်​။မြစ်​၀ကျွန်း​ပေါ်​ဒေသမှာဆန်​​ရေးစပါးဟာ အလျှံပယ်​ပါပဲ။ရွှေတိဂုံ​စေတီကိုအ​ခြေခံပြီး ဒဂုံ လို့မှည့်​ခေါ်တယ်​။ဆရာဦး​ဖေ​မောင်​​တင်​က တီကုမ်​ဘ ဆိုတဲ့မွန်​​ဝေါဟာရက​နေဆင်းသက်​လာပြီး တကန်​ ဒဂုံ စသဖြင့် အဆင့်ဆင့်​ပြောင်းလဲသွားတယ်​လို့ဆိုတယ်​။ရွှေတိဂုံ​စေတီကို မွန်​နဲ့အိန္ဒိယသားဟိန္ဒူ လူမျိုး​တွေအတူတည်​​ဆောက်​ခဲ့ကြတယ်​လို့ဆိုကြတာမျိုးလည်းရှိတယ်​။၁၈ရာစုအလယ်​အထိ မြစ်​၀ကျွန်း​ပေါ်​ဒေသဟာ မွန်​​တွေရဲ့ ​ဒေသဖြစ်​ခဲ့တယ်​။အေဒီ၁၇၅၂ခုနှစ်​မှာ မွန်​ဘုရင်​ဗညားဒလက အ၀​​နေပြည်​​တော်​မှာစိုးစံ​နေတဲ့ တနင်္ဂ​နွေမင်းရဲ့ သား မဟာဓမ္မရာဇာဓိပတိကိုဖမ်း၊အ၀​နေပြည်​​တော်​ကိုပါသိမ်းပိုက်​ပြီးမီးတင်​ရှို့ လိုက်​တာ​ကြောင့် ​ညောင်​ရမ်းဆက်​နိဂုံးချုပ်​သွားတယ်​။တိုင်းရင်းသားစည်းလုံးညီညွတ်​​တယ်​ဆိုတဲ့​ခေတ်​သစ်​သမိုင်းဆရာ​သောက်​ရူး​တွေကို​လှောင်​​ပြောင်​သ​ရော်​​နေတဲ့အဖြစ်​ပျက်​​တွေ​ပေါ့ဗျာ။

ဗမာလူမျိုး​တွေရဲ့ အ၀​နေပြည်​​တော်​မီး​လောင်​ပျက်​စီးပြီးနိဂုံးချုပ်​သွားချိန်​ အ၀နဲ့ ကီလိုမီတာ ၂ရာ​ကျော်​​လောက်​​ဝေးတဲ့ အထက်​ ​ရွှေဘိုနယ်​ မုဆိုးဖိုရွာက​နေ ​ဦး​အောင်​​ဇေယျအင်​အား​တောင့်တင်းထင်​ရှားလာတယ်​။အဲလိုနဲ့ဗမာ​နေပြည်​​တော်​ပျက်​သုဉ်းပြီး၆နှစ်​အကြာ ဦး​အောင်​​ဇေယျဦး​ဆောင်​တဲ့ ဗမာအင်​ပါယာအသစ်​တစ်​ခု​ပေါ်ထွန်းလာတယ်​။အေဒီ၁၇၅၅ခုနှစ်​ ​မေလ မှာဦး​အောင်​​ဇေယျဟာ ဒဂုံကိုဝင်​တိုက်​တယ်​။ရက်​စက်​တဲ့​နေရာမှာ​ဦး​အောင်​​ဇေယျဟာပြိုင်​စံရှားတဲ့ စစ်​ဘီလူးတစ်​​ယောက်​ဖြစ်​တယ်​။မွန်​ဘုန်းကြီး၃၀၀၀ကိုသတ်​ဖြတ်​ခဲ့တယ်​လို့ V.C.Scott O Coner က Mandalay And Other Cities ဆိုတဲ့သူ့စာအုပ်​မှာ​ရေးသားထားတယ်​။မဟုတ်​ဘူးဟုတ်​တယ်​ဆိုတာ​တော့ခင်​ဗျားတို့ဘာသာခင်​ဗျားတို့ဆက်​ငြင်းကြ​ပေါ့။အာဏာရှင်​ဆိုတဲ့အမျိုးဟာ သူ့သြဇာကိုထိပါးပြီးဆိုရင်​ ဘုန်းကြီးမက သူ့အဘဆိုလည်း သည်းခံတဲ့အစဉ်​အလာမရှိဘူးဆိုတာ ခင်​ဗျားတို့မျက်​စိ​ရှေ့ က ခရစ်​သက္ကရာဇ်​ ၂၀၀၇ခုနှစ်​ စက်​တင်​ဘာက သက်​​သေ​ပေး​နေပါတယ်​။ဒါ​ပေမဲ့ သြဇာတက်​ပြီး ဆင်​နဲ့မြင်းနဲ့ပလ္လင်​နဲ့ဖြစ်​လာတဲ့အချိန်​လည်းကျ​ရော ​အောင်​​ဇေယျဘာ​ကြေငြာလဲ။ဟေ့ သာသနာပြုမင်း​နော်​ တဲ့။ဒါ​ကြောင့် ​အေဒီ၁၁ရာစု အ​နော်​ရထာက​နေ ​အေဒီ၁၉ရာစုသီ​ပေါအထိ အားလုံး​ပေါက်​လွတ်​ပဲစား​တွေချည်းပဲလို့​ပြောရတာပါ။ဒီအတွက်​၀ီကီပီဒီးယားကို​ပြေး​ခေါက်​ဖို့မလိုဘူး။ဗြိတိသျှစွယ်​စုံကျမ်းကိုလည်း​ပြေးလှန်​ဖို့မလိုဘူး။ခင်​ဗျားတို့ဘိုး​ဘေး​တွေနဲ့သာသနာပြုမင်း​တွေတင်​ခဲ့တဲ့​မော်​ကွန်းစာအုပ်​​တွေကအသင့်ရှိ​နေတာ​ကြောင့် အ​ထောက်​ထားက​ဝေး​ဝေးမှာသွားရှာစရာမလိုတာပါ။
ပေါက်ကရတွေအကုန်လုပ်မယ်။ပြီးရင် သတင်းစာမှာ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒါတွေဖြစ်ကုန်ပြီလားဆိုပြီး မရှက်မကြောက် အံ့သြဟန်ပြရေးကြသားကြမယ်။ရက်ရက်စက်စက်သတ်မယ်။မုဒိမ်းကျင့်မယ်။ပြီးရင် ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒါတွေဖြစ်နေပြီးလားဆိုပြီး အံ့သြချင်ယောင်ဆောင်ပြမယ်။သောက်ရှင်မဲ့ပုံဒေပြောပါတယ်။ရေးသူတော့မရှက်ဘူး။ကျုပ်တို့ဖတ်ရတဲ့သူတော့ရှက်တယ်ဗျာ။မြန်မာပြည်မှာ မသိရင် သူတော်စင်ကြီးပဲနေသလိုလို ဘုရားဖြစ်မဲ့အုတ်နီခဲတွေပဲနေနေကြသလိုလို၊မဟာဗုဒ္ဓအတွေးအခေါ်အောက်မှာ အားလုံးပဲ မနက်ဖြန် ရဟန္တာ ဖြစ်သွားကြတော့မလိုလို ရေးကြသားကြတာဗျ။မရှက်မကြောက်ရေးရဲတာပြောပါတယ်။ဒီ​လောက်​ ကလိမ်ကကျစ်၊ယုတ်မာအောက်​​တန်းကျမှုတွေ မှိုလိုပေါက်နေတဲ့တိုင်းပြည်မှာ တစ်ခါလာလည်းမွဲပြာပုဆိုး ဓာတ်ပြားဟောင်းတွေဖွင့်ဖွင့်ပြီးနားထောင်ရင်းနဲ့ပဲကပတိအရှိတရားကိုမကြည့်နိုင်မမြင်နိုင်လောက်အောင် အမှောင်ဖုံးသွားကြတာပါ။မကောင်းတာအကုန်လုပ်။မဟုတ်တာအကုန်လုပ်။နက်ဖြန်သင်္ကန်းခြုံလိုက်​။အပြစ်ဟူသမျှ အလုံးစုံ ရေနဲ့ဆေးလိုက်သလို မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်တုံးလုံးလေးဖြူစင်သွားတာဗျ။အာဏာမရခင် မိုးပြောဂျိုးပြော ပြောမယ်။အာဏာရပြီးရင် နိုင်ငံရေးသမားပီသ သွားတော့တာပဲ။ဘုရားသွားကျောင်းတက်ပုံဒေ၊ငါးလွှတ်ဖားလွှတ်ပုံတွေ၊ဘုန်းဘုန်းဦးချနေတဲ့ပုံတွေ၊ဘုရားထီးတင်တဲ့ပုံတွေ၊ရေစက်ချနေတဲ့ပုံတွေ၊စသည့်အားလုံးနှစ်တစ်နှစ်ရဲ့ ဇန်​န၀ါရီ၁ရက်​​နေ့က​နေ ဒီဇင်​ဘာ၃၁ရက်​​နောက်​ဆုံးရက်အထိ သတင်းစာကြည့်လိုက် အများဆုံးက အဲဒါတွေပဲဗျ။အ​ကြောင်းအရာတိုက်​ဆိုင်​လာလို့တင်​ပြတာပါ။

ဦး​အောင်​​ဇေယျဒဂုံကိုချီတက်​စဉ်​ကတည်းက မွန်​တို့ဋ္ဌာ​နေကို ​ချေမွဖို့ဆုံးဖြတ်​ထားပြီးသားဆိုတာ​ပေါ်လွင်​ထင်​ရှားပါတယ်​။တိုက်​​လှေ၅ရာ၊စစ်​သည်​၁သိန်းလို့ မဟာရာဇ၀င်​ကဆို​ပေမဲ့ အ​ရေအတွက်​ကသံသယ၀င်​စရာအခြားအချက်​​တွေရှိ​နေတာ​ကြောင့် စစ်​သည်​၅​သောင်း ၆​သောင်းလို့ပဲသတ်​မှတ်​ရမှာပါ။အဲဒီ​အောင်​​ဇေယျနဲ့မွန်​တို့တိုက်​​နေတဲ့အချိန်​ အင်္ဂလိပ်​ကပြတ်​ပြတ်​သားသားပဲကြားက​နေ ပွဲကို​စောင့်ကြည့်​နေတယ်​။အဲလိုနဲ့ ဧရာဝတီလွင်​ပြင်​ကမြစ်​၀ကျွန်း​ပေါ်​ဒေသမှာ မွန်​ပ​ဒေသရာဇ်​နဲ့ဗမာပ​ဒေသရာဇ်​တို့ အကြိတ်​အနယ်​ခါးပတ်​လုစိန်​​ခေါ်ပွဲနွှဲလိုက်​တာ ​အေဒီ၁၇၅၅ခုနှစ်​အကုန်​မှာ ဗမာကအနိုင်​ရပြီး ဦး​အောင်​​ဇေယျဒဂုံကိုသိမ်းလိုက်​တယ်​။ဒဂုံဟာလုံးဝစစ်​တလင်းဖြစ်​သွားခဲ့ရတယ်​။ဒီစစ်​တလင်းဖြစ်​သွားခြင်းဟာ ​နောင်​တစ်​ချိန်​ အ​ရှေ့ ​တောင်​အာရှမှာဗြိတိသျှ​ကျေးဇူးနဲ့အကြီးကျယ်​ဆုံး အထင်​ရှားဆုံးမြို့ကြီးတစ်​မြို့စတင်​​မွေးဖွားဖို့အ​ခြေတည်​ခဲ့တာပဲဖြစ်​ပါတယ်​။

(သီတဂူမ​ဟောတဲ့တရား​တွေပါ။ကြုံ ရင်​​ပြောလိုက်​ပါ။စာပြန်​ဖတ်​ပါလို့ ခင်​ဗျားတို့ဆရာ​တော်​ကို)

ရန်​ကုန်​....၂

အ​လောင်းဘုရားဟာ ဒဂုံကိုမတိုက်​ခင်​ ပြည်​ကို ၁၇၅၅ ​ဖေ​ဖော်​၀ါရီလမှာအ​ရင်​၀င်​သိမ်းတယ်​။ဘာ​ကြောင့်ပြည်​ကိုသိမ်းရတာလဲဆိုရင်​ ဧရာဝတီ လွင်ပြင်ကို ဗဟိုပြုထားတဲ့ နိုင်ငံတော်ဟာ နှစ်ပေါင်း ရှစ်ရာခန့် (၁၁ ရာစုမှ ၁၉ ရာစုအထိ)အတွင်း နေပြည်တော်အဖြစ်နဲ့ ဘယ်နေရာကို အခြေတည်ပြီး ဘယ်လို နာမည်မျိုးနဲ့ မှည့်ခေါ်ခဲ့သည်ဖြစ်စေ မြန်မာတို့ ခေတ်မှာ ပြည်လို့ ခေါ်တဲ့ “သရေခေတ္တရာ”နယ်ကိုသာ ညာလက်ရုံးအဖြစ် အားထားခဲ့ ရတာ​ကြောင့်ပဲ။ ဒါပေမဲ့ အလယ်ရိုးမရဲ့ အရှေ့ခြမ်းက ပေါင်းလောင်းမြစ်ဝှမ်းမှာ ၁၅ ရာစုက စပြီး တောင်ငူနယ်ကြီး စည်ပင်ထွန်းကားလာပြန်တဲ့ အတွက် ဧရာဝတီနိုင်ငံတော်မှာ လက်ရုံးတစ်ဖက် တိုးလာပြန်တယ်။ အဲဒီလက်ရုံး နှစ်ဖက်အပြင် တောင်ဘက်မှာ အားထားစရာ ရာမည သုံးနိုင်ငံ (ဟံသာဝတီ၊ ပုသိမ်၊ မုတ္တမ)၊ မြောက်ဘက်မှာ ရှမ်းကိုးပြည်ထေင်နဲ့ အရှေ့ဘက်မှာ သံလွင်နဲ့ မဲခေါင်ကြားက ရှမ်းပြည်ကြီးတွေ (ကျိုင်းတုံ၊ ကျိုင်းရုံး၊ ဇင်းမယ်)လည်း အခိုင်အမာ ၀န်းရံထားပါသေးတယ်။ အဲဒီ ထီးရံ နိုင်ငံတွေ (နေ၀င်ဘုရင် သို့မဟုတ် ဘုရင်ခံ အုပ်ချုပ်တဲ့ လက်အောက်ခံ ပြည်ထောင်များ) အားလုံးထဲမှာ နေပြည်တော်နဲ့ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လွယ်ကူပြီး အလှမ်းသင့်တဲ့ အကွာအဝေးမှာ အရှေ့နဲ့ အနောက် ယှဉ်လျက် ထိစပ်နေတဲ့ ပြည်၊ တောင်ငူ နှစ်ပြည်ထောင် တည်ရှိတယ်။ အဲဒီ နှစ်ပြည်ထောင်စလုံးကို ခိုင်မာစွာ စုစည်း သိမ်းသွင်းထားနိုင်တဲ့ နေပြည်တော်အဖို့တော့ ကျန်သမျှ ပြည်ထောင် အားလုံးပေါ်မှာလည်း သြဇာလွှမ်းမိုး သက်ရောက်ပြီးသား ဖြစ်နေမှာပါ။ ပြည်နဲ့ တောင်ငူ နယ်ကြီးတွေ (အကြမ်းဖျင်း အားဖြင့် လက်ရှိ ပဲခူးတိုင်း)ဟာ မြေသြဇာ ကောင်းမွန်တာနဲ့အမျှ၊ မုတ်သုံရာသီဥတု ကိုလည်း အပြည့်အ၀ အကျိုးခံစားခွင့်ရတဲ့ အပြင်၊ အလယ်ရိုးမရဲ့ အရှေ့နဲ့အနောက်ကို တာဝန်ကိုယ်စီနဲ့ ဖြန့်ခွဲ ဆင်းလာကြတဲ့ တောင်ကျချောင်းများစွာကနေ အဆက်မပြတ် ရေပေးဝေနေတဲ့ ဒေသတွေ ဖြစ်တယ်။ ဒါ့ကြောင့် ဧရာဝတီပြည်ထောင်စုရဲ့ ခေတ်အဆက်ဆက်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရိက်္ခာဖူလုံတဲ့ အတွက် လူနေ စည်ပင်ထွန်းကားခဲ့တဲ့ တိုင်းကြီး ပြည်ကြီးတွေပါ။ဒါ ​ရှေးတုန်းကပါ။လွတ်​လပ်​ပြီး​ခေတ်​လည်းကျ​ရော နှစ်​​ပေါင်းများစွာစည်​ပင်​ခဲ့တဲ့ပဲခူးလည်း ငတ်​​တော့တာပါပဲ။ရိုးမကြီးရဲ့ ဆုံးရှုံးမှုဟာ ပြန်​လည်​ဖန်​တီးယူလို့မရနိုင်​တဲ့ဆုံးရှုံးမှုကြီးပါ။ဘာဆုမှ​တောင်းခဲ့တာမဟုတ်​ဘဲအလကားရခဲ့တဲ့ ပထ၀ီရဲ့ အားသာချက်​တန်​ဖိုးကိုနားမလည်​ဘဲဖျက်​စီးခဲ့ကြတာဘယ်​သူ​တွေလည်းဆိုတာ အဲဒီပ​ဒေသရာဇ်​အရှင်​သခင်​​တွေနဲ့ဘမျိုးဘိုးတူပြည်​ဖျက်​​လောက်​​တွေပါပဲ။

အဲဒီလိုပြည်​နဲ့ဒဂုံကိုသိမ်းပြီး ၁၇၅၆ ဇူလိုင်​လမှာ သန်​လျင်​ကိုပြင်းပြင်းထန်​ထန်​​ချေမှုန်း​တော့တာပဲ။အဲဒီအချိန်​ကစပြီး တစ်​ချိန်​ကအလွန်​စည်းကားသာယာခဲ့တဲ့ သန်​လျင်​ဆိပ်​ကမ်းဟာ စည်းကားတဲ့ဆိပ်​ကမ်းမြို့ ပြန်​ဖြစ်​မလာ​တော့တာ ယ​နေ့အထိပဲ။အ​လောင်းဘုရားဇတ်​သိမ်း​ပေးလိုက်​တာပါပဲ။
အဲဒီ​နောက်​ ဒဂုံကိုဆင်းလာပြီး ရန်​အ​ပေါင်းကုန်​စင်​တာ​ကြောင့် ရန်​ကုန်​ လို့မှည့်လိုက်​ပြီး ရန်​ကုန်​ဆိုတာ စတင်​​ပေါ်ထွန်းလာ​တော့တာပဲ။၁၇ရာစုအထိမြန်​မာပြည်​​မြေပုံအသီးသီးမှာ ဒဂုံတည်​​နေရာ​တောင်​မ​တွေ့ရဘူးလို့ တစ်​ချို့ပညာရှင်​​တွေက​ထောက်​ပြတာ​ကြောင့် စည်းကားတဲ့ မြို့မဟုတ်​ဘူးဆိုတာ​ပေါ်လွင်​​နေတယ်​။အခုအ​လောင်းဘုရားတည်​​နေတဲ့ရန်​ကုန်​မြို့(၁၇၅၆)ဟာလည်း စတုရန်း၁၀မိုင်​၀န်းကျင်​ပဲရှိတယ်​။သန်​လျင်​ဆိပ်​ကမ်းကိုဖျက်​စီးပြီး ရန်​ကုန်​ဆိပ်​ကမ်းလုပ်​​ပေမဲ့ ​လှေဆိပ်​လိုဖြစ်​​နေလို့ဘာမှသုံးစားမရဘူး။ဘယ်​လိုသုံးစားရမလဲ။အ​လောင်းဘုရားဟာ ​ရေ​တောင်​မမြင်​ဖူးတဲ့ အညာအပူ​တောကလာတဲ့သူ။တောသား။ဘာပညာမှတတ်​တာမဟုတ်​ဘူး။ဓားကိုင်ထိုးခုတ်​ပြီး အင်​အားစုတာ။ဗမာဝါဒီစရိုက်​နဲ့​သွေးဆာပြီးသိမ်းသွင်းတာ။ဒီလူက ​ခေတ်​မီဆိပ်​ကမ်းမြို့မတည်​​ဆောက်​နိုင်​တာမဆန်းပါဘူး။၂၁ရာစုဆန်းစမှာ​မွေးလာပြီးရှင်​ဘုရင်​တက်​လုပ်​​နေတဲ့​ကျောက်​တန်းသားနဲ့​ကျောက်​ဆည်​သား​တောင်​ သူတို့ဟာသူတို့ကိုင်​ပြီးထိုင်​​နေရတာ ၁၇ရာစုက ​ရွှေဘိုအညာထန်း​တောကလာတဲ့လူက ဘာလုပ်​နိုင်​မတုန်း။နှိုင်းယှဉ်​​တွေးကြည့်​ပေါ့။ဗုဒ္ဓဘာသာဝင်​ဖြစ်​တဲ့အတွက်​ဆူး​လေဘုရားကိုဗဟိုထားပြီး လက်​ရှိပန်းပဲတန်း​ကျောက်​တံတားနှစ်​မြို့နယ်​စာ​လောက်​ရှိတဲ့ မြို့လို​ခေါ်တဲ့ ​တောကို ဦး​အောင်​​ဇေယျတည်​သွားတာသာဖြစ်​ပါတယ်​။

၁၇၈၂ခုနှစ်​ကမှတ်​တမ်း​တွေအရ ရန်​ကုန်​မြို့လမ်း​တွေဟာ ​မြေနီလမ်း​လေး​တွေပါပဲ။၁၇၉၅​ရောက်​မှ ​အုတ်​နီခဲခင်းလမ်း​တွေ​ပေါ်လာတာပါ။မိုးရာသီဗွက်​​ပေါက်​လို့လမ်းပျက်​တဲ့အခါပြုပြင်​မယ့် စည်​ပင်​တို့ မြူနီစီပယ်​တို့ဆိုတာ အဲဒီ​ခေတ်​ကဘယ်​သူမှမကြားဖူးသလို ရှိလည်းမရှိဘူး။မြို့တစ်​ခုရဲ့ အင်္ဂါစဉ်​ဘာတစ်​ခုမှမရှိတဲ့ရန်​ကုန်​ဆိုတဲ့မြို့ကိုအ​လောင်းဘုရားတည်​ခဲ့တာပါ။မြို့ကို​သေချာစနစ်​တကျအကွက်​ချပြီး မြို့ပြအင်​ဂျင်​​နေယာနဲ့တည်​​ဆောက်​တာမဟုတ်​လို့ ​ရေသွင်း​ရေထုတ်​စနစ်​မှာပြဿနာ​ပေါ်မှာ​သေချာတယ်​။အဲဒီ​ခေတ်​ကလမ်း​တွေက အခု​ခေတ်​လမ်း​တွေလိုပဲ ၁၀​ပေ ၁၂​ပေလမ်း​တွေပါ။အောင်​​ဇေယျသားသမီး​မြေးမြစ်​​တွေက ​အောင်​​ဇေယျလို လဋူ​တွေပဲ​လေ။၂၁ရာစု​ရောက်​တာ​တောင်​ လမ်းခင်းရင်​ ၁၀​ပေနဲ့ ၁၂​ပေထက်​ပိုမခင်​ဘူး။ဒီလို​ကောင်​​တွေကဘာ​ပြော​နေလဲ။သာကီမျိုးတဲ့။ရှက်​ရ​ကောင်းမှန်းမသိလို့မရှက်​ဘူးဆိုတာလက်​ခံလို့ရ​ပေမဲ့ ရှက်​သင့်တဲ့အချိန်​တန်​ပြီဆိုတာ​တော့သိဖို့​ကောင်းပြီ။အမျိုးဂုဏ်​ဇာတိဂုဏ်​ရဲ့ မျက်​နှာကြက်​ကြီး​အောက်​မှာ​နောက်​ပြန်​လမ်း​လျှောက်​​နေလို့ ပန်းတိုင်​မ​ရောက်​တာဖြစ်​​ကြောင်း၊သ​ဘော​ပေါက်​ဖို့အချိန်​တန်​ပြီ။

မိုက်​ကလ်​ဆိုင်းရဲ့ အဆိုအရ ၁၇၉၅ခုနှစ်​ ရန်​ကုန်​မှာအိမ်​​ခြေငါး​ထောင်​နဲ့လူဦး​ရေသုံး​သောင်း​လောက်​ရှိတယ်​လို့သိရတယ်​။Buchanan အဆိုအရ​တော့ ရန်​ကုန်​မှာအ​ခြေချ​နေထိုင်​သူ၁​သောင်း​လောက်​ပဲရှိပြီးကျန်​တဲ့လူ​တွေဟာဝင်​ထွက်​သွားလာ​နေတဲ့ကုန်​သည်​​တွေဖြစ်​ပါတယ်​။၁၈၀၉ခုနှစ်​မှာ ၆​သောင်းခန့်​ဖြစ်​လာတယ်​။။၁၈၁၁ခုနှစ်​မှာစနစ်​တကျစရင်းသိရတာက အိမ်​အလုံး​ပေါင်း၁၅၀၀၊စုစု​ပေါင်းလူဦး​ရေ၉​သောင်းခန့်​ရှိ​ကြောင်းသိရတယ်​။၁၈၂၄ အင်္ဂလိပ်​-မြန်​မာ ပထမစစ်​ပွဲဖြစ်​ချိန်​ ရန်​ကုန်​မြို့မှာ သာသနာဝန်​ထမ်း ဘာသာ​ရေးသမားဘုန်းကြီး ၁၅၀၀ရှိတယ်​။အဲဒီ​ခေတ်​တုန်းကရန်​ကုန်​မှအများဆုံး​တွေ့ရတဲ့လူမျိုး​တွေဟာ အင်္ဂလိပ်​၊ပြင်​သစ်​၊အာ​မေးနီးယန်းစ်​​တွေ၊​ပေါတူဂီ​တွေ၊ဖွာရစီ(parsees)​တွေ၊ပါရှန်​​တွေ၊မဂို(Moguls)​တွေ၊မာလာဘာရ်​(Malabars)​တွေပါပဲ။၁၈၀၄ခုနှစ်​ စနစ်​တကျစရင်းဇယားအရရန်​ကုန်​မှာ မွစ်​စလင်​၅​ထောင်​၊ခရစ်​ယာန်​၅ရာ၊​ဒေသခံမွန်​နဲ့ဗမာ လူဦး​ရေဟာ သိပ်​မကွာဘဲရှိ​နေတယ်​လို့သိရတယ်​။ဒါ​ကြောင့် ၁၇၅၅ခုနှစ်​မတိုင်​ခင်​ ယ​နေ့မြန်​မာပြည်​ရဲ့ အထွန်းကားဆုံးစီးပွား​ရေးမြို့​တော်​ဖြစ်​​နေတဲ့ ရန်​ကုန်​ဟာမွန်​ပိုင်​ဖြစ်​ပါတယ်​။၁၇၅၆က​နေ ၁၈၅၂အထိ ကုန်း​ဘောင်​မင်းပိုင်​ဖြစ်​ခဲ့တယ်​။၁၈၅၂ခုနှစ်​မတိုင်​ခင်​ ​ရှေးနှစ်​​ပေါင်းများစွာမှာ ရန်​ကုန်​ဆိုတာ​ရွှေတိဂုံဘုရားရှိတာကလွဲပြီး ကျန်​တာဘာမှမရှိဘူး။ဘာအဆင့်မှလည်းမချိတ်​ဘူး။၁၈၅၂ ဒုတိယစစ်​ပွဲအပြီးအင်္ဂလိပ်​လက်​ထဲ​ရောက်​သွားမှာသာ ရန်​ကုန်​ဆိုတာ မြန်​မာပြည်​မှာအထူးခြားဆုံးအစည်းကားဆုံးမြို့​တော်​အဖြစ်​​ပေါ်ထွန်းလာခဲ့ရတာပါ။ရှေးမြန်​မာ​တွေဟာ ပထ၀ီနဲ့သချင်္ာညံ့ဖျင်း​ကြောင်းသာဓက​တွေရှိပါတယ်​။ဒါဘာ​ကြောင့်​ပြောရတာလဲဆို​တော့ မဟာရာဇ၀င်​အသီးသီးမှာ​ မူလသက္ကတဘာသာနဲ့နှစ်​​ပေါင်း​ထောင်​ချီသက်​တမ်းရှိ​နေတဲ့ကျမ်းဂန်​လာအတိုင်းဘာသာပြန်​ကူးယူတဲ့အခါ အလျားတို့၊အနံတို့၊အကွာအ​ဝေးတို့ပါတယ်​။ဒါ​ပေမဲ့ ကိုယ်​ပြု စုရတဲ့ ကိုယ့်​သမိုင်း၊ကိုယ့်တိုင်းပြည်​အ​ကြောင်းလည်း​ရောက်​​ရော အကျယ်​အ၀န်းတို့ အကွာအ​ဝေးတို့တိုင်းတာ​ဖော်​ပြထားတာ ဘယ်​​နေရာမှာမှမ​တွေ့ရ​တော့ဘူး။ဒါ​ပေမဲ့ ဘယ်​​တော့မ​မေ့တာ၊မပျက်​မကွက်​​ဖော်​ပြတာ အ​ရေအတွက်​ပါ။ဥပမာ အနီးစပ်​ဆုံး ၁၇၅၅ခုနှစ်​ ​မေလ ဒဂုံကိုအ​လောင်းဘုရားချီစစ်​မှာစစ်​သည်​၁သိန်းလို့ဆိုထားတာဘယ်​လိုမှယုတ္တိမရှိဘူး။အဲဒီအချိန်​ဒဂုံလူဦး​ရေဘယ်​​လောက်​ရှိမလဲ?။သို့​သော်​ယုတ္တိရှိသည်​မရှိသည်​မစဉ်းစားဘူး။ရေးတာပါပဲ။ဒီလိုဘာ​ကြောင့်ဖြစ်​ရတာလဲဆိုရင်​ အကွာအ​ဝေးဆိုတာကိုတိုင်းရ​​ကောင်းမှန်းမသိလို့ဖြစ်​တာပါပဲ။

အခုလည်း ရန်​ကုန်​ရဲ့ ပထ၀ီ​ရေခံ​မြေခံကိုမသိလို့ မွန်​​ရောဗမာ​ရော ဗြိတိရှ်​​တွေဝင်​မလာခင်​အချိန်​ထိ ဘာမှ​လောက်​​လောက်​လားလား မြို့အဖြစ်​​ဖော်​ထုတ်​မထားနိုင်​ခဲ့တာပါပဲ။ဆိပ်​ကမ်းသ​ဘောတရား၊မြို့ပြနိုင်​ငံတည်​​ဆောက်​မှုစသည့်အဘက်​ဘက်​ကအားနည်း​နေတာ​ပေါ်လွင်​ထင်​ရှား​နေပါတယ်​။ချုပ်​ရင်​ မြန်​မာပြည်​ကိုဗြိတိန်​သိမ်းလိုက်​တဲ့အတွက်​ ဗမာလူထုမဆုံးရှုံးသွားတဲ့အပြင်​အကျိုးခံစားမှု​တွေပဲကျန်​ရစ်​ခဲ့ရတယ်​ဆိုတာပဲ။ဗြိတိန်​သိမ်းလိုက်​တဲ့အတွက်​လူတစ်​စုကလွဲပြီးလူများစုအတွက်​ ဘာနစ်​နာမှုမှမဖြစ်​ခဲ့ဘူး။အဲဒီနစ်​နာတယ်​ဆိုတဲ့လူတစ်​စုဆိုတာ ဗမာပ​ဒေသရာဇ်​၊ဘုန်းကြီးနဲ့မင်းမှုထမ်း​တွေပါပဲ။ဒီထက်​ဘယ်​သူမှဘာမှနစ်​နာတာမရှိဘူး။ကိုယ့်အရှင်​သခင်​အစွဲမကျွတ်​တဲ့ခပ်​ပိန်းပိန်း​တွေက​တော့ နစ်​နာလားမနစ်​နာလားမဆန်းစစ်​ဘဲစွပ်​ဖင်​နာ​နေရင်​​တော့လည်းမတတ်​နိုင်​ဘူး​ပေါ့။

ရန်​ကုန်​....၃

အင်္ဂလိပ်​-မြန်​မာ စစ်​၃ကြိမ်​ဖြစ်​တာမှန်​​ပေမဲ့ ၁၈၂၄မှာဖြစ်​တဲ့ ပထမအင်္ဂလိပ်​-မြန်​မာစစ်​ပွဲတစ်​ပွဲတည်းသာလျှင်​ စစ်​ဖြစ်​တာလို့ ​ဆိုရမှာပါ။ဘာလို့ဆို​တော့၁၈၅၂နဲ့၁၈၈၅မှာဖြစ်​တဲ့ ဒုတိယနဲ့တတိယအကြိမ်​အင်္ဂလိပ်​-မြန်​မာစစ်​ပွဲ၂ပွဲကိုစစ်​လို့​ခေါ်နိုင်​စရာဘာမှမရှိဘူး။ရန်​သူဟာ​တောင်​ဘက်​ကမ်းရိုးတန်းတစ်​​လျှောက်​က​နေ ပိတ်​ဆီးထား၊ကိုယ့်ပိုင်​နက်​တစ်​ခွင်​လုံးရဲ့ ပြည်​တွင်း​ရေးကို​စောင့်ကြည့်​လေ့လာပြီးသူအုပ်​ချုပ်​ဖို့နိုင်​နင်းပြီလို့ယူဆရတဲ့အချိန်​ကျမှ​ရှေ့ တက်​ပြီးလိုသ​လောက်​တစ်​ပိုင်းစီသိမ်းယူသွားလို့ပါပဲ။ဒါ​ကြောင့် ၁၈၅၂နဲ့ ၁၈၈၅ စစ်​ပွဲနှစ်​ခုဟာ အင်္ဂလိပ်​ကိုတူတူတန်​တန်​ ဗမာမင်းက တိုက်​ခိုက်​ခဲ့တာမဟုတ်​ဘူး။အင်္ဂလိပ်​စီမံသမျှကို ဒူး​ထောက်​နာခံခဲ့ရတာပဲဖြစ်​တယ်​။အဲဒီ၁၈၅၂မှာကျမှ ရန်​ကုန်​ဟာ အင်္ဂလိပ်​လက်​​အောက်​အပြီးသတ်​​ရောက်​ရှိသွားခဲ့ရတယ်​။အဲဒီ​တော့ မြန်​မာပြည်​သမိုင်းမှာ ​မြေဂရန်​ဆိုတာ​ပေါ်​ပေါက်​လာရတယ်​။စစ်​ဒဏ်​​ကြောင့်အထိနာခဲ့တဲ့ရန်​ကုန်​ကိုအင်္ဂလိပ်​အစိုးရကပြန်လည်​တည်​​ဆောက်​တယ်​။အဲဒီ​တော့မှအ​ကောက်​ခွန်​ဥပ​ဒေ​တွေ၊စာတိုက်​စနစ်​​တွေ ​ပေါ်လာတာပါ။လူ​နေ​မြေကွက်​​တွေအတွက်​​မြေဂရန်​​ကိုထုတ်​​ပေးတယ်​။အရင်​ကသစ်​လုပ်​ငန်းကို ဗမာမင်းတစ်​​ယောက်​ထဲလက်​၀ါးကြီးအုပ်​ထားတာ​ကြောင့် အခုဗြိတိန်​အစိုးရက​တော့ ပုဂ္ဂလိကကိုလွှဲတယ်​။ နိုင်​ငံတကာအဆင့်မီမြို့ပြတည်​​ဆောက်​ဖို့အင်​ဂျင်​​နေယာအဖွဲ့ကိုဖွဲ့ပြီး ​ဒေါက်​တာဝီလီယံ​မောင်​ဂိုမာရီကအကြံ​ပေးတယ်​။ဗိုလ်​မှူးဖ​ရေဆာ တင်​သွင်းတဲ့ရန်​ကုန်​မြို့ပြစီမံကိန်းမှာလည်း ​၀ီလီယံ​မောင်​ဂိုမာရီရဲ့ အကြံ​ပေးမှုပါတယ်​။၁၈၅၂ စက်​တင်​ဘာမှာ ရန်​ကုန်​မြို့သစ်​ပုံစံအကြမ်းပြီးသွားတယ်​။မြစ်​ကမ်းပါးအားလုံးကိုခိုင်​ခံ့တဲ့အုတ်​ရိုး​တွေနဲ့ထိန်းထားလိုက်​တယ်​။လမ်းအကျယ်​ကို ​ပေ၆၀သတ်​မှတ်​ပြီး လမ်းတစ်​ခုနဲ့တစ်​ခု ​ပေ၂၀၀ခြားတယ်​။strand road(ယခုကမ်းနားလမ်း)က​နေ ၉၀ဒီဂရီ​ထောင့်ချိုးအ​နေထားနဲ့စီစဉ်​တယ်​။လမ်း​တွေကို​မြောက်​က​နေ​တောင်​ဘက်​ကိုသွားတဲ့ပုံစံအတိုင်းသွယ်​တန်းပြီး ​လေ၀င်​​လေထွက်​ကိုအထူးသတိပြုလုပ်​ထားခဲ့တယ်​။ပြွတ်​သိပ်​ထိုး​နေတဲ့အ​ခြေ​နေမျိုးမဖြစ်​ရ​လေ​အောင်​ စနစ်​တကျစီစဉ်​တယ်​။ဆူး​လေက​နေ ​ရွှေတိဂုံအထိ​ရေပိုက်​ကြီးတစ်​ခုသွယ်​တယ်​။မြို့တွင်း​ပေတစ်​ရာ အကွာအ​ဝေးတိုင်းမှာ​ရေတွင်း​တွေတူးတယ်​။မြေ​အောက်​အနက်​ ၁၂​ပေနဲ့ ၁၅​ပေမှာ မီးသတ်​​ရေပိုက်​​တွေမြှုပ်​တယ်​။အဲဒီမီးသတ်​​ရေပိုက်​ကို​မြေ​အောက်​​ရေကန်​နဲ့ဆက်​သွယ်​ထားတယ်​။ရေသန့်​​ရေကန်​​တွေတည်​​ဆောက်​တယ်​။အကျယ်​​ပေ၄၀ရှိပြီးအနက်​​ပေ၁၅၀ရှိတယ်​။

အရင်​တုန်းကမြန်​မာပြည်​မှာချီးကုန်းတာပဲရှိတယ်​။ချီးပါပြီးဖင်​​ဆေးတဲ့ယဉ်​​ကျေးမှုမရှိခဲ့ဘူး။အလားတူ အဲဒီကိုယ့်ဖင်​ကထွက်​တဲ့အညစ်​အ​ကြေးကိုလည်းစနစ်​တကျစွန့်​ပစ်​တဲ့အစဉ်​အလာလည်းမရှိဘူး။တွေ့တဲ့​နေရာ ပုဆိုးလှန်​ ထမီလှန်​ စွန့်​ထုတ်​လိုက်​ကြတာပါပဲ။ဒီလို​ပြောလို့ ခင်​ဗျား ဒီလို​ရေးတာမမိုက်​ဘူး ဘာညာမလုပ်​နဲ့။ဒီအတိုင်းပဲဖြစ်​ခဲ့လို့ ဒီပုံစံမြင်​သာ​အောင်​ ​ရေးတာ။မဟုတ်​တမ်းတရား​လျှောက်​​ရေး​နေတာမဟုတ်​ဘူး။ဒါ​ကြောင့်မိလ္လာစနစ်​ကိုတီထွင်​တယ်​။မောင်​ဂိုမာရီရဲ့ အကြံပြုချက်​နဲ့ရပ်​ကွပ်​အသီးသီး​ရှိ​နေအိမ်​​တွေကမိလ္လာပိုက်​​တွေကိုစုသွယ်​ပြီး ​မြေ​အောက်​ပိုက်​လိုင်းကတစ်ဆင့်လူ​နေရပ်​ကွပ်​နဲ့​ဝေးတဲ့မြစ်​အတွင်းမိလ္လာစွန့်​တဲ့နည်းကိုလုပ်​ခဲ့တယ်​။နောင်​အခါ ဗိုလ်​တစ်​​ထောင်​မှာမိလ္လာသန့်​စက်​ရုံတည်​ပြီး အဲဒီကိုပို့ပြီး အညစ်​အ​ကြေး​တွေကိုစက်​နဲ့သန့်​စင်​ပြီးမှတစ်​ဆင့် ရန်​ကုန်​မြစ်​ထဲကိုစွန့်​ပစ်​တဲ့နည်းကိုသုံးခဲ့ကြတယ်​။အ​လောင်းမင်းနဲ့ပ​ဒေသရာဇ်​​ခေတ်​က ရန်​ကုန်​မှာသစ်​ပင်​​တွေဟာ ပရမ်းပတာ​ပေါက်​​နေတာ​ကြောင့်သစ်​ရိပ်​ရတာအမှန်​ပါ။ဒါ​ပေမဲ့ အဲဒီ​နေရာကိုမြို့တည်​တဲ့အခါ အပင်​​တွေအဲဒီလိုပရမ်းပတာ​ပေါက်​တာမျိုးအင်္ဂလိပ်​ကမလိုချင်​ဘူး။ဗမာတို့ထုံးစံအတိုင်း အိမ်​​ရှေ့ ​မြေကွပ်​လပ်​အပို​လေး​တွေ့ရင်​​တောင်​ ဘာအပင်​​လေးမဆိုစိုက်​လိုက်​ရမှစားဝင်​အိပ်​​ပျော်​တာပါ။လမ်းကကျဉ်း၊​သောက်​​ရေးထဲအပင်​ကထပ်​စိုက်​ထား​သေးသလို တစ်​ချို့ ရန်​ကုန်​မြို့ရပ်​ကွပ်​​တွေထဲ လူစုထိုင်​ပြီးအတင်း​ပြောလို့ရမယ့်ထိုင်းခုံ​တွေပါ​ဆောက်​ပြီး လမ်း​ပေါ်ကျူးထား​သေးတာပါ။ဒါ၂၁ရာစုအထိရှိ​နေ​သေးတဲ့ ဗမာ​ပြည်သားေ​​တွ​ရဲ့ ​သောက်​ကျင့်။အဲ​တော့၁၈၅၂ကဆိုဘယ်​လို​နေမလဲစဉ်းစား​ပေါ့။ဒါ​ကြောင့်အင်္ဂလိပ်​က အရိပ်​ရအပင်​​တွေ၊စားသုံးပင်​​တွေ၊သရက်​ပင်​၊မန်​ကျီးပင်​၊မရမ်းပင်​ စတဲ့ အပင်​​တွေကိုစနစ်​တကျအကွာအ​ဝေးတိုင်းပြီးစိုက်​တယ်​။၂၁ရာစုအလယ်​​ခေါင်​၀င်​လာတဲ့အထိ သာကီမျိုး​တွေက လှိုင်​သာယာ​တောကိုပစ်​ချ​ပေးလိုက်​တယ်​။ဟျောင့်​တွေ မင်းတို့သွား​သေ​တော့လို့မ​ပြောရုံတမယ်​ပဲ။အလားတူ ​ရွှေပြည်​သာမြို့သစ်​။ဘာတစ်​ခုမှအစိုးရစီစဉ်​​ပေးတာမရှိဘူး။လူ​နေရပ်​ကွပ်​၊​ဆေးရုံ၊​ဆေး​ပေးခန်း၊မြို့လည်းပန်းခြံ ​ရေသွင်း​ရေထုတ်​စနစ်​ စတဲ့အစိုးရဦးစီးလုပ်​ကိုင်​​ပေးရမယ့်အ​ရေးကြီးလုပ်​ငန်းစဉ်​​တွေကို​တောင်​လစ်​လျူရှုပြီး ကိုယ့်ဘာသာကိုယ်​ခုတ်​ထွင်​ရှင်​လင်းပြီး​နေခိုင်းတာပါပဲ။ဒါ အမျိုးသားအစိုးရ​တွေလုပ်​တာပါ။အင်္ဂလိပ်​က​တော့ မြို့လူ​နေရပ်​ကွပ်​ကိုပြွတ်​သိပ်​ထိုးမ​နေ​အောင်​ စနစ်​တကျအကွက်​ရိုက်​ပြီး ​ပေးတယ်​။လမ်းနယ်​ကိုသီးသန့်​သတ်​မှတ်​တယ်​။ရန်​ကုန်​မြို့ကို စတုရန်းကွက်​ပုံစံနဲ့အ​ကောင်​အထည်​​ဖော်​ဖို့ ​ဒေါက်​တာဝီလီယံက အကြံပြု​တာကို Lieutenant A.Fraser က လက်​ခံသ​ဘောတူတယ်​။ရန်​ကုန်​ဟာစစ်​အတွင်းထိခိုက်​ပျက်​စီးခြင်းခံရတာ​ကြောင့် သုညအ​နေထားက​နေ မြို့ကို အင်​ဂျင်​​နေယာအတတ်​ပညာရှု​ထောင့်က​နေ အ​ကောင်းဆုံးပြန်​တည်​​ဆောက်​ဖို့လုပ်​ခဲ့​ပေမဲ့ ဗြိတိန်​အာဏာပိုင်​​တွေက ရန်​ကုန်​ကို နိုင်​ငံ​ရေးရှု​ထောင့်က​နေသုံးသပ်​ပြီး ဘဏ္ဍာ​ငွေကိုလိုသလိုခွင့်မပြုခဲ့ဘူး။လက်​​တွေ့တည်​​ဆောက်​တဲ့အခါ ဖ​ရေဆာဟာ ရတဲ့ဘ​ဏ္ဍာ​ငွေနဲ့အ​ကောင်းဆုံးတည်​​ဆောက်​ဖို့ ကြိုးစားခဲ့ပါတယ်​။လူမျိုးခြားဖြစ်​​ပေမဲ့ ​လောဒ့်ဒါလဟိုဇီိဟာ အိန္ဒိယစစ်​ပါရီပုန်​ကန်​မှုကသင်​ခန်းစာကိုယူပြီး ဆူ​လေးဘုရားကိုအလယ်​​ခေါင်​ကထားပြီး ဖ​ရေဆာ​ရေးဆွဲတဲ့မြို့သစ်စီမံကိန်းကိုအ​ကောင်​အထည်​​ဖော်​​စေတယ်​။ရွှေတိဂုံဘုရားအထိ​ပေ၁၀၀ကျယ်​လမ်းကိုတည်​​ဆောက်​လိုက်​တယ်​။ရန်​ကုန်​ဆိပ်​ကမ်းကိုနိုင်​ငံတကာအဆင့်မီကုန်​သွယ်​​ရေးဆိပ်​ကမ်းကြီးအဖြစ်​တည်​​ဆောက်​ဖို့ ကမ်းနားလမ်းတစ်​​လျှောက်​မှာလူ​နေအိမ်​တစ်​ခုမှခွင့်မပြုဘဲ ကွပ်​လပ်​ထားလိုက်​တယ်​။ကုန်​သ​တ္တော​တွေထားဖို့၊ကုန်​တင်​ကုန်​ချဖို့​မြေ​နေရာလို​တာ​ကြောင့်ဖြစ်​တယ်​။ရေ​ပေး​ဝေ​ရေးစနစ်​၊မိလ္လာစနစ်​၊မီးသတ်​စနစ်​​တွေကိုအဓိကထားပြီး ရူပီ​ငွေ၆ကု​ဋေခန့်​သုံးပြီး နည်းနည်းနဲ့ကြဲကြဲဝိုင်းထားလိုက်​တာပါပဲ။ဘာ​ကြောင့်လဲဆို​တော့ ၁၈၅၂ဆိုတာ ဗမာမင်းနဲ့ပ​ဒေသရာဇ်​စနစ်​နိဂုံးမချုပ်​​သေးတာ​ကြောင့် အင်​အား​တောင့်တင်းလာရင်​ ပြန်​သိမ်းမယ်​ဆိုတာအင်္ဂလိပ်​ကတွက်​ဆထားပြီးသားဖြစ်​တာ​ကြောင့် နိုင်​ငံ​ရေးရှု​ထောင့်က ကြည့်​ရင်​ မ​သေချာမ​ရေရာ​နေဘူး။ဒါ​ကြောင့်လိုအပ်​တာထက်​ပိုကုန်​ကျခံ မတည်​​ဆောက်​​သေးဘဲ အထက်​အညာက ဗမာမင်းပွဲကို​လက်​ပိုက်​ကြည့်​နေပါ​တော့တယ်​။

ရန်​ကုန်​...၎

ပထမဆုံးတည်​​ဆောက်​တဲ့ရန်​ကုန်​မြို့စီမံကိန်းကို စစ်​တုရင်​ကွက်​ပုံစံဒီဇိုင်းဆွဲအ​ကောင်​အထည်​​ဖော်​​ပေမဲ့ လက်​​တွေ့တည်​​ဆောက်​တဲ့အခါလိုအပ်​တဲ့​နေရာ​တွေတိုးချဲ့​ပေးခဲ့ရတာ​ကြောင့်ပုံစံပျက်​သွားရတယ်​။၁၇လမ်းက​နေ ၄၄လမ်းဘက်​ကို​မြေအ​နေထား​ပေါ်မူတည်​ပြီးတိုးချဲ့သွားရတယ်​။ဒါ​ကြောင့်လိုအပ်​သလိုမြို့ပုံစံကိုပြင်​ဆင်​​ရေးဆွဲခဲ့ရတယ်​။အားလုံးပြီး​တော့ အိန္ဒိယဘုရင်​ခံချုပ်​ ​လောဒ့်ဒလဟိုဇီက လမ်းအမည်​​တွေသတ်​မှတ်​​ပေးတယ်​။အ​ရှေ့ ဘက်​(East Street)ကိုဂျူဒါအီစကယ်​လမ်း(ယခုသိမ်​ဖြူ လမ်း)လို့အမည်​​ပေးတယ်​။ရန်​ကုန်​မြို့သစ်​တည်​ဖို့ သူပိုင်​​ငွေအားလုံးကို၁၈၇၇ခုနှစ်​မှာလှူဒါန်းခဲ့တဲ့ ဂျူးသူ​ဋ္ဌေးကိုဂုဏ်​ပြု ပြီးမှည့်​​ခေါ်​စေခဲ့တာပါ။ရန်​ကုန်​တိုက်​ပွဲအတွင်းစစ်​သ​ဘောင်္ကိုဦးစီးခဲ့တဲ့ကပ္ပတိန်​ဘရွတ်​ကင်​(Capt.Brooking)ကိုဂုဏ်​ပြု ပြီး ဘရွတ်​ကင်​လမ်း(ယခုဗိုလ်​က​လေး​ဈေးလမ်း)လို့မှည့်​စေခဲ့တယ်​။ရန်​ကုန်​မြို့မှာလက်​​ထောက်​​ကော်​မရှင်​နာမင်းကြီးအဖြစ်​တာဝန်​ထမ်း​ဆောင်​ခဲ့တဲ့ Capt.T.P. Sparks ကိုဂုဏ်​ပြု ပြီး စပတ်​လမ်း(ယခုဗိုလ်​​အောင်​​ကျော်​လမ်း)လို့အမည်​​ပေးတယ်​။ကပ္ပတိန်​ဟာရိုးလူဝစ်​ကိုဂုဏ်​ပြု ပြီး လူးဝစ်​လမ်း(ယခုဆိပ်​ကမ်းသာလမ်း)၊ပဲခူးရဲ့ ပထမဆုံး​ကော်​မရှင်​နာမင်းကြီး Sir Arthur Pravis Phayer ကိုဂုဏ်​ပြု ပြီး ဖယ်​ရာလမ်း(ယခုပန်းဆိုးတန်းလမ်း)၊​မော်​လမြိုင်​​ကော်​မရှင်​နာမင်းကြီး၊ရန်​ကုန်​မှာလ/ထ ​ကော်​မရှင်​နာမင်းကြီးတာဝန်​ထမ်း​ဆောင်​ခဲ့တဲ့G.E.Barr ကိုဂုဏ်​ပြု ပြီး ဘားလမ်း(ယခုမဟာဗန္ဓုလပန်းခြံလမ်း)၊ဆူ​လေးဘုရားလမ်း၊အင်္ဂလိပ်​ဆီအမှုထမ်းခဲ့တဲ့ ပ​ဒေသရာဇ်​အမှုထမ်း ၁၇၇၆ခုနှစ်​မှာ​မွေးဖွားပြီး ၁၈၆၉ခုနှစ်​မှကွယ်​လွန်​သွားတဲ့ စစ်​ကဲ​မောင်​​ထော်​​လေးကိုဂုဏ်​ပြု ပြီး ​မောင်​​ထော်​​လေးလမ်း၊ဗြိတိသျှ​တွေရန်​ကုန်​ကိုမသိမ်းခင်​ကတည်းက ဗမာပ​ဒေသရာဇ်​အသီးသီးကိုပစ္စည်း​တွေတင်​သွင်း​နေတဲ့မွစ်​စလင်​ကုန်​သည်​​တွေဟာ ရန်​ကုန်​မြို့ပြန်​လည်​တည်​​ဆောက်​ချိန်​မှာအ​ရေအတွက်​အားဖြင့်ရန်​ကုန်​မြို့ရဲ့ ​လေးပုံတစ်​ပုံအထိရှိလာတာ​ကြောင့်ဗြိတိသျှ​တွေက မွစ်​စလင်​ကုန်​သည်​​တွေနဲ့သူတို့သား​မြေး​တွေကိုဂုဏ်​ပြု ပြီး မဂိုဘုရင်​(King Mogul)အမည်​ကိုယူပြီးမဂိုလမ်း(ယခု​ရွှေဘုံသာလမ်း)၊အ​ကောက်​ခွန်​အရာရှိ Robert Samuel Edwarda ကိုဂုဏ်​ပြု ပြီး အက်​ဒ၀ပ်​လမ်း(ယခုကုန်​​ဈေးတန်းလမ်း)၊တရုတ်​ကုန်​သည်​​တွေကိုဂုဏ်​ပြု ပြီး တရုတ်​တန်းလမ်း၊အင်္ဂလိပ်​ဆီအမှုထမ်းခဲ့တဲ့ စစ်​ကဲ​မောင်​​ထော်​​လေးရဲ့ သမက်​ ၁၈၅၂ခုနှစ်​မှာ အင်္ဂလိပ်​စစ်​တပ်​နဲ့လက်​တွဲပြီးတိုက်​ခိုက်​ခဲ့တဲ့ စစ်​ကဲ​မောင်​ခိုင်​ ကိုဂုဏ်​ပြု ပြီး​ စစ်​ကဲ​မောင်​ခိုင်​လမ်း၊အမှတ်​၆၇ ဘင်္ဂလားတပ်​ရင်းက Capt.Thomas Latter ကိုဂုဏ်​ပြု ပြီးလတ်​သာလမ်း(ယခုလသာလမ်း)ကပ္ပတိန်​​သောမတ်​စ်​လတ်​သာဟာ ပြည်​မှာ​ကော်​မရှင်​နာမင်းကြီးအဖြစ်​တာဝန်​ထမ်း​ဆောင်​​နေစဉ်​ ၁၈၅၃ခုနှစ်​လုပ်​ကြံသတ်​ဖြတ်​ခံလိုက်​ရတယ်​။စာတိုက်​မှူးနဲ့ အခွန်​​ကောက်​ခံ​ရေးဋ္ဌာနမှူး ချာလ်းမဲလ်​ကွန်​ခရစ်​ (Charles Malcom Crisp)ကို ဂုဏ်​ပြု ပြီး ခရစ်​လမ်း(ယခုဗိုလ်​မြတ်​ထွန်းလမ်း)၊ဗိုလ်​ချုပ်​​ဂေါ်ဒွင်​ (General Sir Henry Thomas Godwin)ကိုဂုဏ်​ပြု ပြီး ​ဂေါ်ဒွင်​လမ်း(ယခုလမ်းမ​တော်​လမ်း)၊အ​ရှေ့ အ​နောက်​ကန့်​လန့်​ဖြတ်​လမ်းကြီးကို strand Road(ယခုကမ်းနားလမ်း)၊ရန်​ကုန်​မြို့မှာပထမဆုံးဟိုတယ်​ဖွင့်ခဲ့တဲ့ အ​မေရိကန်​လူမျိုး ကန်​ထရိုက်​သူ​ဋ္ဌေး Shafraz ကိုဂုဏ်​ပြု ပြီး ရှာဖရဇ်​လမ်း(ယခု ဘဏ်​လမ်း(​ကျောက်​တံတား) )၊ကုန်​သည်​လမ်း၊အိန္ဒိယဘုရင်​ခံချုပ်​ ​လောဒ်​ဒလဟိုဇီ(Lord Dalhousie) ကိုဂုဏ်​ပြု ပြီး ဒလဟိုဇီလမ်း(ယခုမဟာဗန္ဒုလလမ်း)၊တူး​မြောင်းကိုအ​ခြေပြု ပြီးတူး​မြောင်းလမ်း(canal road)(ယခုအ​နော်​ရထာလမ်း၊လမ်းမ​တော်​ကျုံးအနီး)၊ရန်​ကုန်​မြို့ဒီဇိုင်းကိုကိုယ်​တိုင်​ဦးစီး​ရေးဆွဲခဲ့ပြီး ကိုယ်​တိုင်​ဦးစီးအ​ကောင်​အထည်​​ဖော်​တည်​​ဆောက်​ခဲ့တဲ့ ဗြိတိသျှစစ်​တပ်​ရဲ့  ပညာရှင်​ Lieutenant A. Fraser ကို ဂုဏ်​ပြု ပြီး ဖ​ရေဇာလမ်း(ယခု အ​နော်​ရထာလမ်း၊​ကျောက်​တံတား၊ပန်းပဲတန်းမြို့လယ်​​ခေါင်​)၊Lft.Fraser ရဲ့ မြို့ဒီဇိုင်းကိုအကြံ​ပေးခဲ့တဲ့ Dr.William Montgomerie ကိုဂုဏ်​ပြု ပြီး ​မောင့်ဂိုမာရီလမ်း(ယခု ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်း)၊Commissioner လမ်း(ယခုရန်​ကုန်​​ဆေးရုံးကြီး​ရှေ့ လမ်း)၊ ဆိုပြီးအသီးသီးအမည်​​ပေးကင်းပွန်းတပ်​ခဲ့တယ်​။နောက်​ပိုင်းတက်​လာတဲ့အမျိုးသားသာကီအစိုးရ​တွေက ရန်​ကုန်​မြို့ကိုဒီဇိုင်းဆွဲခဲ့တဲ့ lft.fraser ကို​တောင်​ ချမ်းသာမ​ပေးဘူး အမည်​ဖမ်း​ပြောင်းလိုက်​တာပါပဲ။ဗမာ​စော်​ မနံနံ​အောင်​ ပြုပြင်​ ယူသွားလိုက်​တာ ယ​နေ့​တော့ တစ်​နိုင်​ငံလုံး ငပိနံ့​၊ချီးနံ့၊ကုန်​စိမ်းနံ့၊​ရေ​မြောင်းကအပုပ်​နံ့ပါမကျန်​တစ်​နိုင်​ငံလုံး ​သောက်​စည်းကမ်းမဲ့ဗမာ​စော်​နံ​ဟောင်​​နေတာပဲမဟုတ်​လား။

ရန်​ကုန်​မြို့ပြဖန်​တီးရှင်​ဖ​ရေဇာဟာ ​မောင်​ဂိုမာရီအကြံပြုသလို ​ပေ၁၀၀အကျယ်​ထားချင်​​ပေမဲ့ မရတဲ့အ​ခြေ​နေမျိုးနဲ့ကြုံခဲ့ရတယ်​။ဘဏ္ဍာ ငွေအခက်​အခဲ၊​မြေသားတည်​ရှိမှု၊စတဲ့အ​ရေးကြီးအစိတ်​အပိုင်း​တွေရဲ့ သက်​​ရောက်​မှုကိုလည်းထည့်တွက်​ခဲ့ရတာ​ကြောင့်အချို့​နေရာ​တွေမှာချုံ့ ခဲ့ရတာ​တွေရှိပါတယ်​။သူက ဥ​ရောပမှာလို စဉ်းစားပြီး အိမ်​​တွေတစ်​လုံးနဲ့တစ်​လုံး​ဝေး​ဝေးထားချင်​ခဲ့တယ်​။ဒါ​ပေမဲ့ ရန်​ကုန်​လူဦး​ရေဟာ​မျှော်​လင့်ထားတာထက်​ပိုပြီး အဆမတန်​တိုးပွားလာတာ​ကြောင့်အခက်​အခဲကြုံရတယ်​။မတိုး​နေမလား။ခေတ်​အဆက်​ဆက်​​ခေတ်​မီမြို့ပြနဲ့ အခစား အလုပ်​အကိုင်​ဆိုတာမမြင်​ဖူးမကြားဖူးလို့ အခု​ပေါ်​ပေါက်​လာ​တဲ့အခါ အားလုံး သူ​ဋ္ဌေး​ရော​ခွေး​ရောစုပြုံ တိုးကြ​တော့တာ​ပေါ့။အဲဒီလိုစနစ်​တကျတည်​​ဆောက်​ပြီးတဲ့အချိန်​ထိ မီးရထားလမ်းမရှိ​သေးဘူး။မြို့တည်​ပြီစအချိန်​ကစပြီး လူဦး​ရေတိုးလာလိုက်​တာ ကြပ်​ညှပ်​တဲ့အထိဖြစ်​လာခဲ့တယ်​။၁၈၅၄ ဇန်​န၀ါရီလဆန်းမှာ ရန်​ကုန်​၊ပဲခူး၊ပြည်​ ကိုဆက်​သွယ်​မယ့် ရထားလမ်းတည်​​ဆောက်​ဖို့ ​မြေပြင်​အ​နေထားကို​လေ့လာပြီး လမ်းအူ​ကြောင်းရှာ​ဖွေမှုကိုစတင်​ခဲ့တယ်​။ရန်​ကုန်​ဘူတာကြီးနဲ့ရထားလမ်းအစီစဉ်​စလာ​တော့ ဖ​ရေဇာရဲ့ မူလအစီစဉ်​မှာအတိုး​အ​လျှော့လုပ်​ရ​ပါတယ်​။မြို့သစ်​တည်​​တော့ ​မြေပိုင်​မှုပြဿနာ​ပေါ်လာတယ်​။ဗမာမင်း​ခေတ်​က​မြေဂရမ်​မရှိတာ​ကြောင့်ဗြိတိသျှက​မြေဂရမ်​ပြမှပိုင်​ဆိုင်​ခွင့်ပြုလာတယ်​။ဗမာမင်း​ခေတ်​က ​မြေလွတ်​မှာကိုယ်​ကြိုက်​သလို​ဆောက်​၊ခြံခတ်​​နေလိုက်​ရင်​ကိုယ့်အပိုင်​ဖြစ်​သွား​ပေမဲ့ ဗြိတိသျှကဒါကိုလက်​မခံဘူး။ပိုင်​ဆိုင်​​ကြောင်းပြခိုင်းတယ်​။သူကိုယ်​တိုင်​အကုန်​အကျခံတည်​​ဆောက်​ထားတဲ့မြန်​မာပြည်​ရဲ့ ပထမဆုံး​ခေတ်​မီမြို့ပြရန်​ကုန်​ကို​မြေ​ဈေးနှုန်းသတ်​မှတ်​​ပေးပြီး ​ငွေ​ပေးဝယ်​ယူခိုင်းတယ်​။မြေ၀ယ်​သူကို ဂရမ်​ချက်​ချင်းထုတ်​​ပေးတယ်​။ဒီ​နေ့ သာကီမျိုး​တွေ ​မြေ၀ယ်​သူကိုချက်​ခြင်းဂရမ်​ထုတ်​​ပေးတာ​တောင်​မလုပ်​နိုင်​​သေးဘူး။သောက်​​ရေးမပါတဲ့အမည်​​ပေါက်​ကိစ္စ​ဆောင်​ရွက်​ဖို့ ရုံးကသူခိုး​တွေစား​ပေါက်​​ချောင်​​အောင်​ သာကီအစိုးရကထွင်​​ပေးထားတယ်​။ဘာမှမဟုတ်​တဲ့၎၊၅သိန်းတန်​ဆိုင်​ကယ်​တစ်​စီး​အမည်​​ပြောင်းတာ​တောင်​ ဘယ်​​လောက်​​ပေးရတယ်​ဆိုတာခင်​ဗျားတို့အသိပဲ။ကမ္ဘာ့ ​သောက်​ဆင့်အမဲ့ဆုံးအစိုးရကို ခင်​ဗျားတို့ကျ​နော်​တို့ပိုင်​ဆိုင်​ထားတာပါ။ကမ္ဘာ့ အရည်​အ​သွေးမရှိဆုံးအစိုးရဆိုလည်းမှန်​ပါတယ်​။Form စာရွက်​​ပေါင်းများစွာကိုင်​ ဖြည့်၊မိတ္တူကူး၊ရှုပ်​​ထွေး​ဖောင်းပွ​ပြီးဘာ​သောက်​​ရေးမှမပါတဲ့အလုပ်​​တွေအားလုံးနဲ့စိတ်​ပျက်​စရာအချိန်​​တွေအလကား​ပေးရပြီး လူ​မောစိတ်​ပမ်း​ငွေကုန်​ပြီးမှရုံးလုပ်​ငန်းပြီးပြတ်​တာမဟုတ်​လား။ဘယ်​​တော့​မှ ဘာရုံးလုပ်​ငန်းပဲဖြစ်​ဖြစ်​ လူထု​အေးချမ်းသာယာစွာပြီးပြတ်​​တယ်​ဆိုတာမရှိဘူး။ရုံးဝန်​ထမ်း၁၀​ယောက်​နဲ့မြို့နယ်​တစ်​နယ်​လုံးရဲ့ လူထုအ​ရေးကို​ဆောင်​ရွက်​ခိုင်းတဲ့ special အစိုးရ၊နှစ်​ပဲတစ်​ပြားက​နေ ပိုရလာ​တော့လည်း ဆက်​ခိုး​နေဆဲဝန်​ထမ်းသူခိုးအကြီးအ​ငယ်​အလတ်​အားလုံး​ပေါင်းပြီး လူထုကို ဒုက္ခ​ပေး​နေတာ ​အေဒီ၂၀၁၈ခုနှစ်​ မတ်​လ ကို​ရောက်​လို့လာပါပြီ။ဒါအလကား​​လျှောက်​​ရေး​နေတာမဟုတ်​ဘူး။ငပိစားပြီး ဖင်​​ခေါင်းကျယ်​​နေတဲ့​ ဘာ​သောက်​အ​ရည်​အ​သွေးမှမရှိတဲ့၊အ​တွေးအ​ခေါ်​ရောနည်းနာပါချွတ်​ခြုံ ကျ​နေတဲ့ မဟာဗမာအုပ်​ချုပ်​​ရေးသမားကြီး​တွေရဲ့အုပ်​ချုပ်​ပုံကိုခင်​ဗျားတို့မြင်​သာ​အောင်​ သူတို့ရသင့်ရထိုက်​တဲ့ဂုဏ်​ဒြပ်​​တွေကို​ဖော်​ကျူးတဲ့စကားလုံး​တွေနဲ့ တူတူတန်​တန်​​ရေး​နေတာပါ။အရင်​တုန်းက​တော့ ၅တန်းအသိနဲ့တိုင်းပြည်​အာဏာကိုယူထားလို့ င​မျောက်​င​ချောက်ပါကွာလို့သတ်​မှတ်​ပြီး မျိုသိပ်​နားလည်​​ပေးလို့ရပါ​သေးတယ်​။လက်​ရှိ ​Oxford ဆင်း​လက်​ထက်​​ရောက်​ပြီး သူ့ဝန်​ကြီးအများစုကလည်း Dr ​တွေချည်းဖြစ်​​နေတာ​တောင်​ ၅တန်းအသိနဲ့တိုင်းပြည်​အာဏာယူထားတဲ့အုပ်​စုနဲ့ထပ်​တူကျ​နေတာပါပဲ။သူတို့နှစ်​အုပ်​စုကွာတာဆိုလို့ ပြစရာတစ်​ခုပဲရှိတယ်​။အဲဒါကတိုက်​ပုံcolour မတူတာပါပဲ။နှစ်​ဖွဲ့စလုံး သတ်​မှတ်​အ​ရောင်​ပြူး​ကြောင်​​ကြောင်​ကိုဆင်​တူဝတ်​ပြီး ထွက်​လာတာဒီလူ​တွေပဲ။အရည်​အ​သွေး​တွေကလည်းနှစ်​ဖွဲ့စလုံးအတူတူပဲ။ပထမအဖွဲ့ကထမင်းတစ်​နှပ်​​လျှော့စားခိုင်းတယ်​။ဒုတိယအဖွဲ့က လဘ္ဘရည်​တစ်​ခွက်​​လျှော့​သောက်​ခိုင်းတယ်​။ဘာမှမကွာတဲ့ဘမျိုးဘိုးတူ​တွေချည်းပဲဆိုတာမြင်​သာ​အောင်​​ပြောပြတာပါ။

ရန်​ကုန်​....၅

တကယ်​​တော့ ယ​နေ့ကျ​နော်​တို့မြင်​​တွေ့​နေရတဲ့စီးပွား​ရေးမြို့​တော်​ကြီးရန်​ကုန်​ဟာ ဗမာမင်းအာဏာကိုသိမ်းယူလိုက်တဲ့​လောဒ်​ဒါလဟိုဇီရဲ့ အ​မျှော်​အမြင်​နဲ့ဖြစ်​တည်​လာခဲ့ရတာဖြစ်​ပါတယ်​။ရန်​ကုန်​မြို့ကြီးတည်​​ဆောက်​ပြီးတဲ့အခါ ဒါလဟိုဇီဟာသူတည်​​ထောင်​တဲ့မြို့သစ်​အတွက်​ ​ကျေနပ်​ပီတိဖြစ်​​နေခဲ့တယ်​။ဒါလဟိုဇီရဲ့ စိတ်​ကူးကိုအ​ကောင်းဆုံးအ​ကောင်​အထည်​​ဖော်​ခဲ့တဲ့ Lft.fraser ဟာ အခက်​အခဲ​တွေအများကြီးကြားကအ​ကောင်​အထည်​​ဖော်​ခဲ့ရတာပါ။လမ်း၊တံတား၊​ရေတွင်း၊​ရေကန်​၊မိလ္လာစနစ်​၊​ရေဆိုး​ရေညစ်​ထုတ်​ပစ်​ရမယ့်စနစ်​အားလုံးစံချိန်​မှီလုပ်​ပြီး ​မြေတန်​ဖိုးကိုမြို့တွင်း​ဈေးနဲ့မြို့ပြင်​​ဈေးသတ်​မှတ်​​ပေးပြီး​ရောင်းချတယ်​။မြေ၀ယ်​တာနဲ့ဂရန်​ထုတ်​​ပေးတယ်​။အဲဒီလို​မြေကွက်​​ရောင်းချရာက​နေ ရရှိလာတဲ့ ရူပီ​ငွေ၅ကု​ဋေ​ကျော်​ကို ရန်​ကုန်​မြို့ပြန်​လည်​တည်​​ဆောက်​​ရေးရံပုံ​ငွေအဖြစ်​ဆက်​လက်​အသုံးပြုတယ်​။ဗြိတိသျှ​တွေရန်​ကုန်မြို့တည်​တာ ဗမာမင်းရဲ့ ​ငွေ​ကြေးတစ်​ပြားတစ်​ချပ်​မှမပါခဲ့သလို ဗမာမင်းပိုင်​တန်​ဖိုးကြီးတဲ့အ​ဆောက်​အဦးဘာညာတစ်​ခုမှမရှိခဲ့ဘူး။ပြည်​သူလူထုရဲ့ အသက်​အိုးအိမ်​ကိုကာကွယ်​ဖို့ပြည်​သူ့ရဲကိုခန့်​ထားတယ်​။မြို့ပြပြုပြင်​ထိန်းသိမ်း​ရေးအဖွဲ့​တွေဖွဲ့ပြီး ဒီစရိတ်​​တွေကိုလည်းရံပုံ​ငွေထားထားတယ်​။လူထုထံနှစ်​စဉ်​​ကောက်​ခံရရှိတဲ့အခွန်​​တွေကိုနိုင်​ငံတွင်းပြန်​သုံးတယ်​။ဗမာပ​ဒေသရာဇ်​​ကောက်​တဲ့အခွန်​နဲ့ဗြိတိသျှ​ကောက်​တဲ့အခွန်​နှိုင်းယှဉ်​ကြည့်ရင်​ ဗြိတိသျှအခွန်​ကသက်​သာပါ​သေးတယ်​။ဗြိတိသျှ​တွေဟာလူထုဆီကအခွန်​​ကောက်​ပြီး လူထုအတွက်​ပြန်​လုပ်​​ပေးတယ်​။ဗမာမင်းက​တော့ရသမျှယူပြီး သူပိုင်​လုပ်​ပစ်​လိုက်​တာပါပဲ။

ဗမာပြည်​မှာလူတင်​​စည်းမဲ့ကမ်းမဲ့နိုင်​တာမဟုတ်​ဘူး။တိရစ္ဆာန်​​တွေပါစည်းကမ်းမဲ့ကြတာပါ။အဲဒီ​ခေတ်​တုန်းက ကျွဲ​တွေ၊နွား​တွေ၊​ခွေး​တွေ လမ်း​ပေါ်တက်​ပြီး အ​လေလိုက်​​နေကြတဲ့​ခေတ်​ပါ။ဒီလို​ပြောလို့ဒီ​နေ့​ခေတ်​ကျ​တော့ဒါ​တွေမရှိ​တော့ဘူးလား​မေးရင်​ အရင်​အတိုင်းရှိ​နေဆဲပဲ။ခွေးပိုင်​ရှင်​လူ့တိရစ္ဆာန်​​တွေက လူ့အခွင့်အ​ရေးသာနားမလည်​ရင်​​နေမယ်​။ကိုယ့်​ခွေးတစ်​​ကောင်​တည်းရဲ့ အခွင့်အ​ရေး​တော့သိပ်​သိကြပါတယ်​။အဲဒီလို​ခွေးဝဲစား​တွေလမ်း​ပေါ်ပရမ်းပတာတက်​တက်​​နေလို့ ​ခွေးတိုက်​ပြီးဆိုက်​ကယ်​​မှောက်​​သေတဲ့မသာမနည်းဘူး။ဒါလည်းအဲဒီ​ခွေးပိုင်​လူ့တိရစ္ဆာန်​​တွေမသိကြ​သေးဘူး။ဗြိတိသျှ​တွေကဒီလိုစည်းမဲ့ကမ်းမဲ့မလိုချင်​ဘူး။မြို့တွင်းဧရိယာမှာကျွဲနွားဝက်​​တွေကို စည်းမဲ့ကမ်းမဲ့​မွေးတာမလုပ်​ခိုင်းဘူး။မွေးချင်​မြို့ပြင်​သွား​မွေးဖို့သတ်​မှတ်​ပြဋ္ဌာန်းတယ်​။ဥပ​ဒေနဲ့တားတယ်​။နွားသတ်​ရုံ​တွေ၊၀က်​သတ်​ရုံ​တွေ စနစ်​တကျလုပ်​ငန်းလိုင်​စင်​နဲ့​ပေးတယ်​။မြို့စည်​ပင်​သာယာနယ်​နိမိတ်​အပြင်​မှာပဲခွင့်ပြုတယ်​။ဆူး​လေဘုရားလမ်း​ပေါ်မှာ သက်​ဆိုင်​ရာဘာသာအသီးသီးအတွက်​ ဘုရားရှီခိုး​ကျောင်း​တွေအတွက်​ ​မြေကွက်​ချ​ပေးတယ်​။ဧမာ​နွေလ၊စူရသီဗလီနဲ့အခြားဗလီ​တွေ၊အာ​မေးနီးယန်းဘုရားရှီခိုး​ကျောင်း​တွေ၊ဖယ်​ရာလမ်းဆုံက ဟိန္ဒူဘုရား​ကျောင်း​မြေ​တွေကို အလကား ​ပေးခဲ့တာပါ။ဂျူးဘုရား​ကျောင်းတည်​​ဆောက်​ဖို့အတွက်​လည်း​မြေ​နေရာ​ပေးတယ်​။လသာလမ်းနဲ့လမ်း၂၀ကြား တရုတ်​ဘုံ​ကျောင်းအတွက်​လည်း​မြေ​နေရာအလကား​ပေးတယ်​။ဒါ​ပေမဲ့​နောက်​ပိုင်းရံပုံ​ငွေလိုအပ်​လာတာ​ကြောင့်အခမဲ့​ပေးထားတဲ့ဘာသာ​ရေး​မြေ​တွေကို​ရောင်း​တော့ သက်​ဆိုင်​ရာဘာသာဝင်​​တွေက၀ယ်​ယူလိုက်​ကြတယ်​။အခု အဲဒီဗြိတိသျှလက်​ကျန်​​တွေကိုပြပြပြီး နိုင်​ငံတကာကို မသာလက်​ဖက်​နဲ့အလှူလုပ်​​နေတာဗမာအမျိုးသားအစိုးရပါပဲ။မသိရင်​သူတို့ပဲအင်​မတန်​​ရွှေချထားလို့ရတဲ့ ဗုဒ္ဓ​မေတ္တာ​တွေနဲ့​ပေးထားသလိုလို အချိုးချိုးကြ​သေးတာ။ဆူး​လေးဘုရားနားကဘာသာ​ပေါင်းစုံဝတ်​​ကျောင်း​တော်​​တွေကိုပြပြပြီး ကျွန်​​တော်​ကျွန်​မတို့နိုင်​ငံမှာဘာသာ​ရေးလွတ်​လပ်​ခွင့်ဘယ်​ကဲ့သို့ ဘယ်​ချမ်းသာရှိပါတယ်​ဆိုပြီး ခပ်​တည်​တည်​​နဲ့​ဗြောင်​ပဲအစိုးရတစ်​ဖွဲ့လုံးလိမ်​တယ်​။နောက်​ကွယ်​မှာသီတဂူက အရင်​ဆူး​လေမှာဘာမှမရှိဘူး။နောက်​ပိုင်းဘယ်​သူ​တွေဘာ​တွေ​ဆောက်​ခဲ့ကြတယ်​ဘာညာဆိုပြီး ​သောက်​တင်းတုတ်​တရား​တွေ​ဟော​နေတာလည်း ​ဗြောင်​ပဲ။ဒီ​ကောင်​​တွေ​သောက်​ရှက်​သာရှိမယ်​ဆိုရင်​လဲ​သေလိုက်​ကြမယ်​။အခု​တော့ရှက်​​ကြောက​မွေးကတည်းကပါမလာတာဖြစ်​ဖို့များတယ်​လို့ယူဆရတယ်​။

ဖ​ရေဆာကြုံ ရတဲ့အခက်​ခဲ​တွေထဲမှာအဓိကအခက်​အခဲကမလ္လာစနစ်​ဖြစ်​တယ်​။မိလ္လာကို​ချေဖျက်​နိုင်​တဲ့စက်​မ၀ယ်​ယူနိုင်​​သေးတဲ့အချိန်​ဖြစ်​တာ​ကြောင့်သဘာဝနည်းနဲ့ကြိုးပမ်းရတယ်​။မြို့တွင်းကစွန့်​လိုက်​တဲ့မိလ္လာ​တွေဟာ ​ရေကျချိန်​ပင်​လယ်​ထဲကိုစီးသွားမယ်​လို့တွက်​ထား​ပေမယ့်လက်​​တွေ့မှာ​တော့အကုန်​အစင်​မထွက်​ဘူး။ရေတက်​ချိန်​ကျ​တော့ မြို့ထဲပြန်​၀င်​လာ​တော့တာပါပဲ။မြို့အ​နောက်​ဘက်​မှာမြစ်​ရှိ​နေတာ​ကြောင့် အ​ရှေ့ ၊​မြောက်​၊​တောင်​ သုံးဘက်​ကိုတူး​မြောင်းတူးပြီးအဲဒီကထွက်​လာတဲ့​မြေစာ ကုဗ​ပေ၄သန်း​ကျော်​ကို မြို့​မြေနိမ့်ရာ​ဒေသ​တွေမှာသွားဖို့တယ်​။ရန်​ကုန်​မြို့ရဲ့ ​မြေသားသိပ်​သည်းမှုဟာလည်း အ​ကောင်းဆုံးအ​ခြေ​နေမှာမရှိတာ​ကြောင့်ဖုန်​ထမှု​တွေနဲ့ရင်​ဆိုင်​ရတယ်​။မြေသားကျစ်​လစ်​ဖို့ဗြိတိသျှ​တွေအကြိမ်​ကြိမ်​ကြိုးစားခဲ့ရတယ်​။

၁၈၆၀မှာ​ဆေးရုံ​ပေါ်လာပြီ။၁၈၅၆ခုနှစ်​ကတည်းက မြန်​မာနိုင်​ငံမှာပထမဆုံးကိုလိုနီပညာ​ရေးစတင်​တာပါပဲ။အဲဒီ​ရှေ့ကနှစ်​၈၀၀​ကျော်​သမိုင်းမှာဘုန်းကြီး​ကျောင်းပညာ​ရေးကလွဲပြီးဘာမှမရှိဘူး။ဘုန်းကြီး​ကျောင်းပညာ​ရေးဆိုတာတကယ်​​တော့ဘာသာ​ရေး​နှောတဲ့ပညာ​ရေးသာဖြစ်​တယ်​။ခေတ်​သစ်​ပညာ​တွေကိုရှာ​ဖွေဆည်းပူးတဲ့ပညာ​ရေးဘယ်​တုန်းကမှမရှိခဲ့ဘူး။၁၈၅၆မှာစတင်​ပြီး အစိုးရစာသင်​​ကျောင်း​ပေါ်လာတယ်​။စိန့်​​ပေါကိုတည်​​ထောင်​ခဲ့တဲ့ Bishop Bigandet ဟာ ၁၈၅၆မှာစာသင်​​ကျောင်းရပ်​တည်​နိုင်​ဖို့ကြိုးစားခဲ့သူဖြစ်​တယ်​။၁၈၉၄မှာသူကွယ်​လွန်​သွားခဲ့တယ်​။စိန့်​​ပေါကထွက်​တဲ့​ကျောင်းသား​တွေဟာအင်္ဂလိပ်​စာမှာအထူး​ကောင်းမွန်​​ကြောင်းနာမည်​ကြီးပါတယ်​။၁၉၆၄ ​နေ၀င်းအာဏာသိမ်းပြီး စိန့်​​ပေါကို ထ(၆)ဗိုလ်​တစ်​​ထောင်​ လို့​ပြောင်းပြီးကျွန်​စာအင်္ဂလိပ်​စာကိုတားဆီးလိုက်​တာ ဒီ​နေ့ ဘာဖြစ်​သွားတယ်​ဆိုတာအထူးတင်​ပြမ​နေ​တော့ဘူး။၁၈၆၄မှာ စိန့်​ဂျွန်း​ကော်​လိပ်​(st.Johns Collage)ကိုထူ​ထောင်​တယ်​။၁၈၆၉မှာ စိန့်​မိုက်​ကယ်​(St.Michael's )၁၈၆၆မှာ (St.Mary's)အမျိုးသမီး​ကျောင်း​တွေအသီးသီး​ပေါ်လာပြီ။အဲဒီထဲမှာစိန့်​​ပေါဟာ မြန်​မာပြည်​မှာပထမဆုံးခန့်​ခန့်​ငြားငြားဖြစ်​တည်​လာတဲ့​ကျောင်းပဲ။အလားတူ​မော်​လမြိုင်​မှာ​ကျောင်း​တွေ​ပေါ်ပြီး။အဲဒီအချိန်​ အထက်​အညာက ဗမာဧကရာဇ်​ဘုရင်​နန်းစိုက်​ရာ​ဒေသမှာ ဘာ​ကျောင်းမှ၊ဘာစတိုးဆိုင်​မှ၊ဘာဟိုတယ်​မှ၊ဘာကုန်​တိုက်​မှမရှိ​သေးဘူး။လမ်း​ဘေးချီးကုန်း​နေဆဲပဲ။ဒါဗြိတိသျှ နဲ့ဗမာမင်းကိုခွဲခြားပြတဲ့ ပြဒါးတိုင်​ပဲ။ပြောလိုက်​ရင်​ယဉ်​​ကျေးမှုကဘယ်​လိုမြင့်တာ။ဘယ်​ကဘယ်​လိုဘယ်​နဲ့ညနဲ့။နတ်​သျှင်​​နောင်​က သူ့အ​ဒေါ်ကိုမယားလုပ်​ဖို့ကြံစည်​ပြီးစပ်​ဆိုထားတဲ့ရတု​တွေပြပြပြီး စာ​ပေမြင့်တယ်​ ယဉ်​​ကျေးမှုမြင့်တယ်​ ဘာညာ​လီဆယ်​ကြတာပါပဲ။ဗြိတိသျှဝင်​လာတဲ့အချိန်​ထိ ကိုယ့်ဖင်ကထွက်​တဲ့အညစ်​အ​ကြေးချီးကို​တောင်​ စနစ်​တကျမဟုတ်​​စေကာမူ စည်းနဲ့ကမ်းနဲ့စွန့်​ပစ်​တဲ့ဓ​လေ့​တောင်မရှိ​သေးဘူး။ဒါ​တွေ​ပြောရင်​တစ်​ချို့လည်းစိတ်​ဆိုးတယ်​။စိတ်​မဆိုးနဲ့။အမှန်​ကိုမြင်​မှပြုပြင်​လို့ရမယ်​။ဒါနဲ့များသူတို့အဲဒီ​ခေတ်​ကဘာ​အော်​လဲ မိစ္ဆာအယူရှိကျကုန်​​သော အရိုင်းအစိုင်းကုလားဖြူ သိုး​ဆောင်း တဲ့။ဒါ​ကြောင့်ဗမာမင်းနဲ့အဲဒီ​ခေတ်​လူထုကြီးဟာ ဘယ်​​လောက်​အတိုင်းအတာထိ ဦး​နှောက်​နိမ့်ပါး​နေကြတယ်​ဆိုတာကိုယ့်ဘာသာကိုယ်​​တွေးကြည့်ကြ​ပေ​တော့​ပေါ့။

အခု​ခေတ်​လည်းခင်​ဗျားတိုမြင်​​​​နေတာပဲမလား။နိုင်​ငံတကာဆီမှာလက်​ဖြန့်​​တောင်းတယ်​။ငိုပြတယ်​။မျက်​ရည်​ခံထိုးတယ်​။အ​တွေးအ​ခေါ်​ရောနည်းနာပါခိုးချတယ်​။တောင်းတယ်​။အချိန်​တန်​ရင်​ ပြည်​တွင်းက​နေ ကယ်​ပါယူပါတစာစာနဲ့ နတ်တင်​ဖို့​ခေါ်သလို နိုင်​ငံတကာကို​ခေါ်တယ်​။ဒါ​ပေမဲ့ နိုင်​ငံတကာက ပကတိအရှိတရားကို​ထောက်​ပြ​တော့ ဘာ​ပြောလဲ နယ်​ချဲ့အင်​အားစု၏​သွေးရူး​သွေးတန်းလုပ်ရ​ပ်​တဲ့။ဘယ်​​လောက်​အရှက်​မဲ့လည်းဆိုတာခင်​ဗျားထမင်းစားတာပဲကွကိုယ်​စဉ်းစား​ပေါ့။တောင်း​တော့လည်း​ဗြောင်​ပဲ။ငြင်း​တော့လည်း​ဗြောင်​ပဲ။ကလိမ်​ကကျစ်​​ပြောမယ်​ဆိုရင်​မြန်​မာ​တွေကို​ခေါ်။အဲဒီfield မှာပါရဂူ​မြောက်​ကျွမ်းကျင်​တာပါ။တစ်​​ကောင်​မှနိုင်​ငံတကာသံတမန်​ကို သူ့ဘာသာစကားနဲ့ တူတူတန်​တန်​​စကား​ပြောနိုင်​တဲ့အဆင့်​လေး​တောင်​မရှိဘူး။ခင်​ဗျားမယုံရင်​သူတို့ရဲ့ အတန်းပညာအရည်​အ​သွေးကိုသွားစာဖတ်​ကြည့်။ခင်​ဗျားတို့ကျ​နော်တို့လည်း တက္ကသိုလ်​တစ်​ခုခုက ဘယ်​လိုမဆိုလုံးတုတ်​မုန့်​ဖက်​ထုပ်​လုပ်​ Bsc Msc စသဖြင့်တစ်​ခုခုရသွားသလို ဒီ​လူ​တွေလည်း အများဆုံးဒါပဲ။အဲဒါ​ကြောင့်ဒီလူ​တွေနဲ့ခင်​ဗျားတို့ကျ​နော်​တို့ရပ်​ကွပ်​ထဲကသာမန်​လူသား​တွေနဲ့ဘာမှမကွာဘူး။အတူတူပဲ။တစ်​ခါခါခင်​ဗျားတို့ကျ​နော်​တို့​တောင်​သာ​သေးတယ်​။ဒါ​ပေမဲ့ သ​ကောင့်သားကသိတယ်​မလား ပလ္လင်​​ပေါ်​ရောက်​သွား​တော့ သွားဖြဲ နှာမှုတ်​ပြီး လက်​သည်းထုတ်​ပြ​တာ​​ကြောင့်​ကြောက်​လန့်​ပြီး ဘာ​ဂါင်​ကြီး ညာ​ဂေါင်​ကြီးဆိုပြီးခင်​ဗျားတို့ကျ​နော်​တို့ကစာဖတ်​မှားသွားတာပါ။တကယ်​​တော့သူဟာ နွားချီးပိုး​ကောင်း​လောက်​ပဲရှိတာ။

ရန်​ကုန်​...၆

ရန်​ကုန်​မြို့ကိုအဓိကလက်​​တွေ့အ​ကောင်​အထည်​​ဖော်​ခဲ့တဲ့ပညာရှင်​​တွေကိုကြည့်ရင်​ ဗြိတိသျှစစ်​တပ်​က ကပ္ပတိန်​​တွေ၊​မေဂျာ​တွေ၊လက်​ဖတနင်​​တွေဖြစ်​​နေတာ​တွေ့ရမှာပါ။ဥပမာ Lieutenant -Col W.S Oliphant၊သူဟာ ၁၈၆၀က​နေ ၁၈၇၀အထိ ၁၀နှစ်​တိုင်​တိုင်​ရန်​ကုန်​မြို့​တော်​တည်​​ဆောက်​​ရေးလုပ်​ငန်းခွင်​ကိုကြီးကြပ်​ခဲ့တဲ့အင်​ဂျင်​​နေယာချုပ်​ကြီးဖြစ်​ပါတယ်​။နောက်​ပိုင်းမြို့ ပြီး​တော့ သူ့ကိုဂုဏ်​ပြုပြီး လမ်းတစ်​လမ်းကိုသူ့အမည်​နဲ့(Oliphant Street)ဂုဏ်​ပြု ခဲ့တယ်​။ဒီ​နေ့ လမ်းမ​တော်​​ရွှေ​တောင်​တန်းလမ်းဟာ တစ်​ချိန်​က Oliphant လမ်းပါပဲ။လက်​ဖတင်​နင်​ကာနယ်​အိုလီဖင့်နဲ့တွဲပြီး ၁၈၆၀မှာ လ/ထ အင်​ဂျင်​​နေယာချုပ်​တာဝန်​ထမ်း​ဆောင်​ခဲ့ပြီး ​နောက်​ပိုင်းမှာ အင်​ဂျင်​​နေယာချုပ်​တာဝန်​ထမ်း​ဆောင်​ခဲ့သူက လက်​ဖတနင်​ ​ဂျေအမ်​ ၀ီလီယံ(Lieutenant J.M.William)ဖြစ်​ပါတယ်​။သူ့ကို​နောက်​ပိုင်းမှာဝီလီယမ်​လမ်း ဆိုပြီးသတ်​မှတ်​ဂုဏ်​ပြု ​ပေးခဲ့တယ်​။အခု​တော့ဝီလီယမ်​လမ်းဟာ သင်္ဃန်းကျွန်းက သီတာ​အေးလမ်းပါပဲ။နောက်​တစ်​​ယောက်​က ကပ္ပတိန်​ ကီလီဖြစ်​ပါတယ်​။(Capt.H.P. Keighly)ဟာ ၁၈၅၉ကတည်းက လက်​​ထောက်​အင်​ဂျင်​​နေယာတာဝန်​ထမ်း​ဆောင်​ခဲ့သူပါ။သူ့ကိုဂုဏ်​ပြု ပြီး ကီလီလမ်းလို့အမည်​​ပေးခဲ့တယ်​။အခု​တော့ ၀ါးတန်းလမ်း ဆိုပြီးအမည်​​ပြောင်းထားပါတယ်​။ရန်​ကုန်​မြို့ရဲ့ ပထမ ဒီဇိုင်းမှာ လူဦး၃၆၀၀၀ အတွက်​သာအကွက်​ချထားခဲ့တာဖြစ်​ပြီး ၁၈၅၆ခုနှစ်​မှာတင်​ လူဦး​ရေက ၄၆၀၀၀​ကျော်​လာတယ်​။၁၈၆၀မှာ၆​သောင်း​ကျော်​သွားပြီ။ဒါ​ကြောင့်မြို့အ​နောက်​ဘက်​ကိုဆက်​တိုးချဲ့ခဲ့ရတာဖြစ်​ပါတယ်​။လမ်း​တွေအသစ်​​ဖောက်​ရတယ်​။အင်္ဂလိပ်​-ဗမာ ဒုတိယစစ်​ပွဲပြီး​တော့ ရန်​ကုန်​ဟာ သုသာန်​ပမာပဲ။၁၈၉၀ခုနှစ်​အထိ ရန်​ကုန်​မြို့ဟာ သိပ်​ပြီးထူးထူးခြားခြား နိုင်​ငံတကာအဆင့်မီမြို့ကြီးအဖြစ်​​ရောက်​မလာ​သေးဘူး။၁၉၀၀ပြည့်နှစ်​​နောက်​ပိုင်းကစပြီး ရန်​ကုန်​ဟာ အ​ရှေ့ ​တောင်​အာရှမှာထိပ်​သီးမြို့တစ်​မြို့အဖြစ်​ကူး​ပြောင်းလာတာဖြစ်​ပါတယ်​။အိန္ဒိယကချမ်းသာတဲ့ကုန်​သည်​​တွေ လုပ်​ငန်းရှင်​​တွေလာ​ရောက်​အ​ခြေချရာက​နေစတင်​​ပြောင်းလဲတာပါပဲ။ကံကြမ္မာကဖန်​လာ​တော့ ဗြိတိန်​ရဲ့ ကြံရည်​ဖန်​ရည်​နဲ့ မြန်​မာ့ဆန်​ဟာ ကမ္ဘာ့ ပို့ကုန်​ဖြစ်​လာတယ်​။ဆန်​​ဈေးတက်​လာတယ်​။ဆန်​နဲ့ကျွန်းသစ်​ပို့ပြီး ပြည်​ပကအိမ်​သုံးလူသုံးပစ္စည်း​တွေကိုတင်​သွင်းတယ်​။အဲလိုနဲ့ရန်​ကုန်​ဆိပ်​ကမ်းဟာ ထင်​ရှားလာပါ​တော့တယ်​။ရန်​ကုန်​ဆိပ်​ကမ်း​နောက်​မှာ ဒုတိယထင်​ရှားလာတာက ​မော်​လမြိုင်​ဆိပ်​ကမ်းမြို့ပါပဲ။သူ့​နောက်​မှာစစ်​​တွေဆိပ်​ကမ်းမြို့။နိုင်​ငံတကာတန်းဝင်​ကုမ္ပဏီကြီး​တွေဝင်​​ရောက်​လုပ်​ကိုင်​လာကြတယ်​။သ​ဘောင်္လိုင်း​ပြေးဆွဲတဲ့လုပ်​ငန်း​တွေ၊သ​ဘောင်္တည်​​ဆောက်​တဲ့လုပ်​ငန်းကြီး​တွေဝင်​​ရောက်​ပြီးလုပ်​ကိုင်​လာကြတယ်​။ဥပမာ The Flotilla Enterprise. လက်​​အောက်​ခံ Irrawaddy Flotilla Company၊Messrs.P.Henderson & Co.၊Deny Brothers၊Burma Steam Navigation Co.တို့ ပါဝင်​ပါတယ်​။၁၈၅၅မှာ အ​နောက်​တိုင်း​ဆေးဝါး​တွေကိုစတင်​ပြီး ဖြန့်​ဖြူး​ရောင်းချတဲ့လုပ်​ငန်းကို Edmund Jones & Co ကစတင်​လုပ်​ကိုင်​တယ်​။၁၈၆၇ မှာ Messrs company က ဦး​ဆောင်​ပြီး ​ဆေးဆိုင်​​တွေကိုမဂိုလမ်းမှာစဖွင့်တယ်​။အဲဒီမှာစပြီး ပြည်​တွင်းဖြစ်​တိုင်းရင်း​ဆေး​တွေထက်​ပိုအစွမ်းထက်​တဲ့အ​နောက်​တိုင်း​ဆေးဝါး​တွေဟာ ​ဈေးကွက်​ကြီးအဖြစ်​စတင်​​တော့တာပါပဲ။ဝယ်​ယူသူများတဲ့အတွက်​ ရန်​ကုန်​ဆိပ်​ကမ်းကို​ဆေးသ​ဘောင်္​တွေဝင်​လာချိန်​မ​တိုင်​ခင်​ ​ဆေးဝါးပြတ်​လပ်​​တာ​တွေဖြစ်​ရတယ်​။ဆေးဝါးကို​ဈေး ပုံ​သေနှုန်းနဲ့ဖြန့်​ဖြူးတာဖြစ်​ပါတယ်​။အဲဒီ​ခေတ်​ကဗမာ​တွေ​ရေခဲကိုမမြင်​ဖူးဘူး။အင်္ဂလန်​ကလာ​တော့မှသိကြတာပါ။ဆိုဒါ၊အချို ရည်​​တွေကိုအဲဒီ​တော့မှသိပြီး​သောက်​သုံးလာကြတယ်​။အဲဒါ​ကြောင့်မြန်​မာ​တွေက အင်္ဂလန်​(ဘိလပ်​)ကလာလို့ အဲဒီအရည်​​တွေကို ဘိလပ်​ရည်​လို့​ခေါ်ကြတာဖြစ်​ပါတယ်​။၁၈၇၂မှာ ပြင်​သစ်​ပညာရှင်​ကြီး Jarryအကူအညီနဲ့ ဆူး​လေဘုရားလမ်းမှာ​ရေခဲစက်​ကိုတည်​​ထောင်​တယ်​။၁၈၉၂မှာ Messrs.Dubern's ကုမ္ပဏီက Ice and Mineral Water Factory ကို ဆူး​လေဘုရားလမ်း​ပေါ်မှာထပ်​တည်​ပါတယ်​။၁၈၇၀မှာဘီယာထွက်​ပြီ။၁၈၈၅မှာ အထက်​အညာက ဗမာမင်းအာဏာပျက်​သုဉ်းတယ်​။၁၈၈၆မှာ မန္တ​လေးဘီယာ​ပေါ်တာပါပဲ။သိပ်​မကြိုက်​ရှာဘူး​နော်​။ဒါလည်းပလိန်း​ပြောတာမဟုတ်​ဘူး။သမိုင်းနဲ့လာလို့​ပြောရတာပါ။ခေတ်​အဆက်​ဆက်​ ချက်​အရက်​(ယ​နေ့အ​ခေါ် BE)စုတ်​စုတ်​နဲ့ ထန်းရည်​ကိုသာ ​သောက်​သုံးခဲ့တဲ့ တပင်​​ရွှေထီးဟာ ​ပေါ်တူဂီ​တွေရဲ့ ဘရန်​ဒီကိုဘယ်​​လောက်​အထိစွဲသွားလည်းဆိုရင်​ အဲဒီသူ့ကိုဘရန်​ဒီချက်​တိုက်​တဲ့​ပေါ်တူဂီချာတိပ်​​လေးကို သူ့ကိုယ်​​လုပ်​​တော်​မယားတစ်​​ယောက်​​ပေးပြီးအနားမှာ​ခေါ်ထားခဲ့တာပါ။နောက်​ဆုံးဘရန်​ဒီစွဲပြီးယစ်​ထုပ်​ကြီးလုံးလုံးဖြစ်​ခါ သူ့​ယောက်​ဖဘုရင့်​နောင်​လက်​ထဲတိုင်းပြည်​ကိုထိုးအပ်​ပြီးသားဖြစ်​သွားတဲ့အထိပါပဲ။တပင်​​ရွှေထီးဟာ မယားခွဲတမ်းချတဲ့အလုပ်ကိုဝါ​သနာကြီးပုံရတယ်​။ဘာလို့ဆို​တော့ ​အေဒီ၁၅၃၂က ပြည်​ဘုရင့်ဆက်​သလို့ဖြစ်​လာတဲ့ သူ့မယားကို ​နောက်​၁၃နှစ်​ကြာမှ ဘုရင့်​နောင်​ညီမင်း​ခေါင်​နဲ့ပြန်​​ပေးစားတယ်​။သူ့အရက်​မူးလာတိုင်း ဟိုလူ့မယား ဒီလူ့​ပေး၊ဒီလူ့မယား ဟိုလူ့​ပေးတာမျိုး​တွေလုပ်​​လေ့ရှိတယ်​လို့ရာဇ၀င်​ကြီး​တွေကဆိုတယ်​။အဲလိုပဲသူ့လက်​စွဲ​တော်​​ပေါ်တူဂီချာတိပ်​ကို သူ့ကိုယ်​​လုပ်​​တော်​မယားတစ်​​ယောက်​နဲ့​ပေးစားပြန်​တာပါပဲ။မိန်းမကိုရုပ်​၀တ္ထုပစ္စည်းတစ်​ခု​လောက်​သာတန်​ဖိုးထားတဲ့ဗမာ့ယဉ်​​ကျေးမှုအနှစ်​သာရ​တွေကို​ဖော်​ပြ​နေတဲ့သက်​​သေပဲ။အ​ကြောင်းအရာတိုက်​ဆိုင်​လာ​တော့လည်း ကိုယ့်အရှင်​သခင်​ပိုင်​ဂုဏ်​ဒြပ်​​တွေကိုထုတ်​​ဖော်​ပြသမိတာပါ။စိတ်​မဆိုးပါနဲ့။အ​ကြောင်းအရာတိမ်း​စောင်းသွားတာမဟုတ်​ပါဘူး။

ပြော​နေတဲ့အ​ကြောင်းအရာကိုဆက်​ရရင်​ ၁၈၅၆မှာ အိမ်​သုံးပစ္စည်းအားလုံးနီးပါးကိုအာ​မေးနီးယန်းကုန်​သည်​​တွေတင်​သွင်း​ရောင်းချ​နေကြပြီဖြစ်​တယ်​။၁၈၆၀ကတည်းက မွစ်​စလင်​ကုန်​သည်​​တွေဟာ ရန်​ကုန်​မြို့ရဲ့ စီးပွား​ရေးလုပ်​ငန်း​တော်​​တော်​များများကိုချုပ်​ကိုင်​ထားခဲ့ကြပါပြီ။သူတို့ဟာ အိန္ဒိယက ဗြိတိသျှကုန်​သည်​​တွေနဲ့အပြိုင်​ကြဲတာအားမရလို့ ဗမာပြည်​​ဈေးကွက်​မှာပါ ဗြိတိသျှကုန်​သည်​​တွေနဲ့ အပြိုင်​ကြဲတာပါပဲ။အဲဒီ​ခေတ်​ဦးပိုင်းကဟိန္ဒူ ကုန်​သည်​သိပ်​မရှိဘူး။ရန်​ကုန်​ဆိပ်​ကမ်းနိုင်​ငံတကာကုန်​သွယ်​​ရေးဖြစ်​ထွန်းလာ​တော့ ​ငွေ​တွေစီးဆင်းဖို့ ဘဏ်​လုပ်​ငန်း​တွေ​ပေါ်လာတယ်​။အရက်​တွင်​ကျယ်​လာတယ်​။ဗြိတိသျှ​တွေ​ရော ဗမာ​တွေပါဝယ်​ယူအား​ပေးတာ​ကြောင့်ဖြစ်​တယ်​။၁၈၆၂ မှာပင်​လယ်​ကူးစာပို့လုပ်​ငန်းတွင်​ကျယ်​ပြီ။ရန်​ကုန်​၊​မော်​လမြိုင်​၊စစ်​​တွေ၊ကာလက္ကတ္တားမြို့ ​တွေကိုပုံမှန်​ဆက်​သွယ်​​ပေးတယ်​။၁၈၅၅-၅၆ တစ်​နှစ်​အတွင်းရန်​ကုန်​ကိုဝင်​လာတဲ့နိုင်​ငံတကာသ​ဘောင်္၁၄၉စီးရှိတယ်​။၁၈၆၁-၆၂မှာ ၄၃၀စီးအထိတိုးလာတယ်​။အခြား​သောကုန်​ပစ္စည်းတန်​ချိန်​​တွေလည်း တိုးသထက်​တိုးလာတယ်​။ဆိပ်​ခံ​ဘောရာ​တွေ​ပေါ်လာတယ်​။စည်းမဲ့ကမ်းမဲ့အမှိုက်​ပစ်​တဲ့ဗမာပြည်​သား​တွေ​ကြောင့် ဆိပ်​ကမ်းနဲ့မြစ်​ကမ်းပါးသန့်​ရှင်း​ရေးကို ဗြိတိသျှ​တွေအားစိုက်​လုပ်​ရတယ်​။ရန်​ကုန်​ဆိပ်​ကမ်းဟာ အဲဒီလိုနိုင်​ငံတကာကုန်​သွယ်​​ရေးဆိပ်​ကမ်းကြီးတစ်​ခုဖြစ်​လာ​တော့ ပင်​လယ်​ကူးသ​ဘောင်္​တွေ၊ကမ်းရိုးတန်းသွားသ​ဘောင်္​တွေဝင်​ထွက်​သွားလာမှုများလာတယ်​။ရှေးတုန်းကဗမာပြည်​မှာမရှိခဲ့တဲ့ သ​ဘောင်္သားလူတန်းစားတစ်​ရပ်​စတင်​​ပေါ်​ပေါက်​လာတယ်​။ဗမာ​တွေဟာ ပင်​လယ်​ဆိုတာကိုမသိနားမလည်​ခဲ့ကြဘူး။ကမ်းဦး​ရေတိမ်​ပိုင်းကိုလှမ်းမြင်​တာနဲ့မြစ်​လို့သတ်​မှတ်​ပြီး နည်းနည်းကြီးတာမြင်​တာနဲ့ မဟာသမုဒ္ဒရာဆိုပြီး ယိုးစွပ်​တဲ့အကျင့်ကိုရာဇ၀င်​ကြီး​တွေကသက်​​သေ​ပေး​နေပါတယ်​။အဲဒီ​ခေတ်​က ဗမာအမျိုးသား​တွေထဲမှာ ကာယလုပ်​သားပဲရှိတယ်​။ဉာဏလုပ်​သားမရှိဘူး။ဆရာဝန်​၊စီးပွား​ရေးလုပ်​ငန်းရှင်​၊အင်​ဂျင်​​နေယာ၊ပညာတတ်​လူတန်းစား၊စတဲ့အတတ်​ပညာရှင်​အသိပညာရှင်​လူတန်းစားလုံးဝမရှိဘူး။

ဗြိတိန်​ဟာ ဥာဏ်​သွားတယ်​။သူရန်​ကုန်​ကိုသိမ်းပြီးနှစ်​​ပေါင်း၃၀ကြာတဲ့အထိ အုပ်​ချုပ်​​ရေးမှူးဆိုတာမရှိခဲ့ဘူး။ရန်​ကုန်​မြို့ဧရိယာကို The Cantonment Areaအဖြစ်​သတ်​မှတ်​ထားတယ်​။၁၈၆၂ခုနှစ်​ကျမှမြူနီစီပယ်​ဥပ​ဒေ​ပေါ်​ပေါက်​လာတာဖြစ်​တယ်​။ကျပမ်းလူထုကြီးကိုထိန်းချုပ်​ဖို့ဗြိတိသျှ​တွေအ​တော်​ကြိုးစားခဲ့ရတယ်​။အလားတူ အဲဒီလိုဗြိတိသျှ​တွေစီစဉ်​လုပ်​ကိုင်​တဲ့စည်းစနစ်​ကိုလည်း စာဖတ်​နိုင်​စွမ်းမရှိ​တော့ လူထုဟာ ဗြိတိသျှစနစ်​ကို နားမလည်​ပဲ အပြစ်​ဖို့တာပဲတစိုက်​မတ်​မတ်​လုပ်​တယ်​။သူခိုး၊ဓားပြ၊လုယက်​မှုစသည့်အားလုံး​ပေါချင်း​သောချင်းဖြစ်​​နေတဲ့နိုင်​ငံကို ဗြိတိသျှ​တွေသိမ်းယူခဲ့တာပါ။အဲဒီတုန်းကကြည့်မြင်​တိုင်​၊ပုဇွန်​​တောင်​ဆိုတာ သူခိုးဂျပိုးသိပ်​​ပေါတယ်​လို့နာမည်​ကြီးတယ်​။ရဲကိုအင်​အားတိုးတယ်​။ဥပ​ဒေကိုစနစ်​တကျတည်​​ဆောက်​ပြီး အ​ဆောက်​အဦးနဲ့ထားတယ်​။ရာဇ၀တ်​မှု​တွေကို ဥပ​ဒေနဲ့ပြတ်​ပြတ်​သားသားစီရင်​တယ်​။အဲဒီ​ခေတ်​ Ragoon Chronicle က ​အောက်​ပါအတိုင်း​ရေးတယ်​။
.....မြို့​နေရာအနှံ့​ခွေး​သေ​ကောင်​များပုပ်​ပွ​နေသည်​။ခွေးများ​ကြောင်​များသာမက ဆင်းရဲသားရပ်​ကွပ်​များမှက​လေးများသည်​ ​တွေ့ရာမစင်​စွန့်​ကြသည်​။ကျွဲ၊နွား၊၀က်​တို့ကို မြို့ပြင်​တွင်​စည်းကမ်းမဲ့သတ်​ဖြတ်​ကြသည်​။သတ်​ဖြတ်​ရာမှထွက်​​ပေါ်လာ​သောအညစ်​အ​ကြေးကိုစည်းမဲ့ကမ်းမဲ့စွန့်​ပစ်​ကြသည်​။လူသွားလမ်း​ပေါ်တွင်​ဟင်းသီးဟင်းရွက်​စိုက်​ခင်းများရှိ​နေသည်​။ကုန်​ကုန်​​ပြောရလျှင်​ ရန်​ကုန်​မြို့စွန်​ရှိဆင်းရဲသားရပ်​ကွပ်​များသည်​ အ​ဆင့်အတန်းနိမ့်ကျလွန်းသည်​........

၁၈၆၁ခုနှစ်​က ရန်​ကုန်​​ကော်​မရှင်​နာမင်းကြီးက
......စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်​​နေတဲ့ရန်​ကုန်​တိုးချဲ့ရပ်​ကွပ်​​တွေရဲ့ သန်းရှင်း​ရေးကို ဘယ်​က​နေဘယ်​လိုစပြီးလုပ်​ရမလဲဆို​တာ​တောင်​ မသိ​တော့ဘူး.....လို့ ငြီးငြူးဖူးတယ်​။
ဒီ​နေ့တစ်​နိုင်​ငံလုံးကိုဒုက္ခ​ပေး​နေတာ ​ခွေး​လေ​ခွေးလွင့်​တွေ၊သူခိုးဂျပိုး​တွေနဲ့စည်းကမ်းမဲ့မှု​တွေပဲမဟုတ်​လား။ဒီဗီဇနဲ့လူသား​တွေ၁၈၅၀ကဆိုရင်​ဘယ်​လို​နေမလဲစဉ်းစားကြည့်​ပေါ့။

ရန်​ကုန်​....၇

၁၈၈၅မှာဗြိတိန်​ဘက်​က သူအုပ်​ချုပ်​လို့ရပြီလို့အခိုင်​အမာတွက်​ချက်​ပြီးတတိယအကြိမ်​​မြောက်​အထက်​မြန်​မာပြည်​ချီစစ်​ကိုစတင်​တယ်​။သေနတ်​တစ်​ချက်​မှမ​ဖောက်​ရဘဲ ဗမာမင်းကိုရလိုက်​တယ်​။၁၈၂၆ကတည်းက ​အောက်​မြန်​မာပြည်​ဟာ ဗြိတိန်​စနစ်​နဲ့စည်​ပင်​လာပြီး ၁၈၅၂ခုနှစ်​ ဒုတိယစစ်​ပြီးချိန်​မှာ​တော့ ​ရန်​ကုန်​အပါအ၀င်​​အောက်​မြန်​မာပြည်​ဟာ အထက်​မြန်​မာပြည်​နဲ့ ​အ​တော်​ကွာဟသွားပြီ။ပထမကတည်းက ဗြိတိန်​ဟာ အထက်​မြန်​မာပြည်​နဲ့စီးပွား​ရေးဆက်​သွယ်​မှုကိုတရားဝင်​ဖြတ်​​တောက်​ထားတာ​ကြောင့် နားလည်​မှုနဲ့ကုန်​သွယ်​ခြင်းကလွဲပြီး အထက်​မြန်​မာပြည်​နဲ့စီးပွားကူးလူးဆက်​ဆံမှုမရှိခဲ့ဘူး။အထက်​မြန်​မာပြည်​ကဗမာမင်းနဲ့သူ့မယားကို နွားလှည်း​ပေါ်တင်​ပြီ​ခေါ်​သွား​နေတာ​တောင်​ ​အောက်​မြန်​မာပြည်​ ရန်​ကုန်​က ဘာမှမသိလိုက်​သလိုပါပဲ။စီးပွား​ရေး၊လူမှု​ရေးဘာမှထိခိုက်​မသွားဘူး။နှောင်း​ခေတ်​သမိုင်းဆရာ​တွေအလွမ်းသယ်​ပြ​နေလို့သာ မသိရင်​၁၈၈၅တုန်းက ဗမာမင်းကို လူထုတစ်​ရပ်​လုံးက​ကြွေဆင်း​နေတယ်​ထင်​ရတာပါ။သီ​ပေါနွားလှည်း​ပေါ်က​နေ ရတနာဂီရိပါသွားတာကို မသိလိုက်​တဲ့လူသား​တွေဒုနဲ့​ဒေးပါပဲ။အဲဒီ​ခေတ်​က​အောက်​မြန်​မာပြည်​ရဲ့ စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​မှု စရင်းဇယား​တွေကိုကြည့်ရင်​အံ့မခန်းပါပဲ။၁၈၈၅မှာ မြန်​မာတစ်​ပြည်​လုံးကိုအင်္ဂလိပ်​ကအုပ်​စီးလိုက်​နိုင်​တာ​ကြောင့်သူ့စိတ်​ကြိုက်​စီစဉ်​လို့ရတဲ့အ​ခြေ​နေကို​ရောက်​လာတယ်​။ဒါ​ပေမဲ့ အထက်​မြန်​မာပြည်​ဟာ ငြိမ်​၀ပ်​ပိပြားမှုမရှိဘူး။ပထ၀ီအရကုန်​တွင်းပိတ်​​နေတယ်​။သယ်​ယူပို့​ဆောင်​​ရေးအရခက်​ခဲတယ်​။ဗြိတိသျှသိမ်းပြီး အထက်​ဗမာပြည်​ကို စီးပွား​ရေး​ဇောက်​ချလုပ်​ဖို့မဖြစ်​နိုင်​​သေးဘူး။ဘာလို့ဆို​တော့ ဗြိတိန်​က၁၈၈၆ခုနှစ်​ပထမရက်​မှာတင်​သူ့အင်​ပါယာထဲထည့်​လိုက်​ချိန်​ကစပြီး ​နောက်​၅နှစ်​​ကျော်​ ၆နှစ်​နီးပါးအထက်​ဗမာပြည်​တစ်​​လျှောက်​မှာ​တော​ကြောင်​ ​တွေလက်​ခ​မောင်းခတ်​​နေတာ​ကြောင့်ပါပဲ။နယ်​​မြေမ​အေးချမ်း​တော့စီးပွား​ရေးလုပ်​လို့မရဘူး။Infrastructure ​တွေတည်​​ဆောက်​လို့မရဘူး။အဲဒီ​တော​ကြောင်​​တွေလက်​ခ​မောင်းခတ်​တာကို ​နှောင်း​ခေတ်​စိတ်​​တော်​သိသမိုင်းဆရာက သူ့ကျွန်​မခံစိတ်​ဓာတ်​ဖြင့်နယ်​ချဲ့ရန်​ကို စုစည်းတွန်းလှန်​ခဲ့ကြသည်​ လို့ ​သမိုင်း​တင်​လိုက်​တယ်​။ဒါကိုလည်း လူထုကြီးတစ်​ရပ်​လုံးအဟုတ်​မှတ်​ပြီးယုံစားခဲ့တာယ​နေ့အထိပဲ။

တကယ်​​တော့ ၁၈၈၅ခုနှစ်​အကုန်​မှာ အထက်​မြန်​မာပြည်​တစ်​ခုလုံးကိုဗြိတိန်​ကသိမ်းလိုက်​တယ်​။ဗမာမင်းအာဏာမရှိ​တော့ဘူး။အသစ်​အစားထိုးဝင်​လာတဲ့ဗြိတိန်​အုပ်​ချုပ်​​ရေးက ဘာမှမ​ရေရာ​သေးဘူး။Power ​လေဟာနယ်​ ဖြစ်​​နေတယ်​။အဲဒါ​ကြောင့်အထက်​မြန်​မာပြည်​အနှံ့အပြား ကိုယ်​မြို့၊ကိုယ့်နယ်​၊ကိုယ့်ရွာမှာရှိတဲ့အင်​အားနဲ့ဗိုလ်​လုပ်​ကြ​တော့တာပဲ။ဗမာမင်းခန့်​ထားတဲ့နယ်​စား၊မြို့စားက ​နေပြည်​​တော်​အမိန့်​နဲ့လက်​နက်​ချရင်​​တောင်​ အနီးအနားကသြဇာရှိတဲ့မြို့သူကြီး၊ရွာသူကြီး​တွေကဖြစ်​ဖြစ်​၊လက်​​အောက်​ခံစစ်​ဗိုလ်​ကဖြစ်​ဖြစ်​ ​နောက်​လိုက်​အင်​အားစုရုံးပြီးဗိုလ်​တက်​လုပ်​တာပါပဲ။အဲဒီလိုဗိုလ်​တက်​လုပ်​ကြသူ​တွေထဲမှာ ဓားပြအဆင့်က ၈၀%ပါတယ်​လို့ယူဆရတယ်​။ကျန်​တဲ့၂၀% က ​သိမ်းပိုက်​ခံလိုက်​ရတဲ့ပ​ဒေသရာဇ်​အာဏာကိုပြန်​ရယူပြီး ပ​ဒေသရာဇ်​ထပ်​လုပ်​ချင်​လို့ပါပဲ။ဒါပကတိအရှိတရားပဲ။ဒါကိုမျိုးချစ်​မျက်​မှန်​တပ်​ထားတဲ့သမိုင်းဆရာက ဂူမမြင်​​ပေမယ့် ဒါဟာ ၁၈၈၅ခုနှစ်​ကို​ရောက်​မှဖြစ်​ဖူးတာမဟုတ်​​ကြောင်းသမိုင်းအ​ထောက်​ထားက​တော့ ခိုင်​ခိုင်​မာမာရှိပြီးသားပါ။ကုန်း​ဘောင်​ဆက်​ရဲ့ ဘိုး​ဘေး​တွေဖြစ်​တဲ့ ပုဂံပျက်​စဉ်​တုန်းကလည်းဒီအတိုင်းပဲ၊ဟံသာဝတီပျက်​၊အင်းဝ အကြိမ်​ကြိမ်​ပျက်​၊စစ်​ကိုင်း၊ပင်းယ ပျက်​​ အဲဒီလိုတစ်​ပျက်​နဲ့တစ်​ပျက်​ကြား နှစ်​​ပေါင်းရာချီကွာရင်​​တောင်​ ဗဟိုအာဏာပြိုလဲလို့အစိပ်​စိပ်​ကွဲတဲ့အစဉ်​အလာက​တော့အတူတူပဲ။လောကမှာလူ​တွေကြီးပဲ​နေတာပါ။ဘယ်​နတ်​သိကြားမှမ​နေဘူး။လူဆိုကတည်းက​တော့လူလို​တွေးတယ်​ လူလိုဆင်​ခြင်​မှာသဘာဝပါ။ဗမာမင်းပါပြီဆိုတာနဲ့ လူပီပီ ကိုယ့်မိသားစုနဲ့တကွ ​ဆွေမျိုးသားချင်း၊၀န်းကျင်​ရပ်​ရွာကိုကာကွယ်​ရ​တော့မယ်​။အဲဒီကြားထဲဗဟိုအာဏာအ​ဟောင်း​နေရာကိုအစားဝင်​လာတဲ့အုပ်​ချုပ်​​ရေးအသစ်​မ​ရောက်​ခင်​ ​တော​ကြောင်​က​တော့လက်​ခ​မောင်းခတ်​မှာသိပ်​​သေချာတယ်​။ဒီ​နေ့အထိဒီအစဉ်​အလာရှိ​နေတုန်းပဲမဟုတ်​လား။အဲ​တော့ လူစု လက်​နက်​ပြင်​ စည်းရိုးကာ၊မြို့ရိုးခိုင်​​အောင်​လုပ်​၊ကင်းတိုကင်းရှည်​ထုတ်​၊ရပ်​ရွာလူသူရိက္ခာစုသွင်းပြီး ​ခေါင်း​ဆောင်​က ဗိုလ်​ဘယ်​သူ ဘာမင်းကြီး ညာမင်းကြီး စသဖြင့်ကိုယ့်ကိုယ်​ကိုယ်​သတ်​မှတ်​ပြီး ငပိန်း​တွေက၀ိုင်းပြီး အသိအမှတ်​ပြု ကြတာပါပဲ။တစ်​ခါအဲဒီကြားထဲမှာဖျာခင်းတဲ့အုပ်​စုကလည်းရှိ​နေ​သေးတယ်​။ပ​ဒေသရာဇ်​​ဟောင်းရဲ့ အဆက်​အနွယ်​၊ဒါမှမဟုတ်​ ​နေပြည်​​တော်​နဲ့အလှမ်း​ဝေးတဲ့စည်​ပင်​ဖွံ့ဖြိုးတဲ့နယ်​က​ခေါင်း​ဆောင်​ စတာ​တွေဟာ အခါအခွင့်ကြုံကြိုက်​ပြီဆို​တော့ မင်းစည်းစိမ်​ရဖို့ ကြိုးစားကြတာပါပဲ။ဒါအလကားစိတ်​ကူးယဉ်​​လျှောက်​​ရေး​နေတယ်​မထင်​နဲ့။သူတို့​ရှေ့ က ကုန်း​ဘောင်​ဆက်​ရဲ့ ဖခင်​ဖြစ်​တဲ့ ဦး​အောင်​​ဇေယျဟာ ​ညောင်​ရမ်းဆက်​အပျက်​မှာ အထက်​မှာတင်​ပြခဲ့တဲ့အတိုင်း မြို့သူကြီးဘ၀က​နေမင်းစည်းစိမ်​ကို ရယူခဲ့တဲ့သမိုင်းကလတ်​လတ်​ဆတ်​ဆတ်​ကြီး​သွေးစိမ်းရှင်​ရှင်​နဲ့ရှိ​နေတာပါ။နောက်​ဆုံးဦး​အောင်​​ဇေယျက​နေ အ​လောင်းမင်းဖြစ်​သွားတာဒီသ​ဘောပဲမဟုတ်​ဘူးလား။နောက်​လိုက်​​နောက်​ပါ​တွေအပြင်​ ​ဗေဒင်​တတ်​တဲ့ငယ်​ဆရာဘုန်းကြီး​တွေကလည်းငြိမ်​ငြိမ်​​နေမယ်​ထင်​လို့လား။ဇာတာစန်းလဂ်​တက်​​နေတယ်​၊အထွတ်​အထိပ်​​ရောက်​မယ့်ကိန်းပဲ၊ကြံသင့်ရာကြံ​တော့လို​မြှောက်​​ပေးကြတာပါ။အဲဒီကိုလိုနီနိဒါန်းတုန်းက ကိုယ့်ကိုယ်​ကိုယ်​ကာကွယ်​ကြရတဲ့ရပ်​ရွာ​ခေါင်း​ဆောင်​​တွေ၊ဖျာခင်းဖို့ကြိုးစားတဲ့ဘုရင့်အမြိတ်​အစွန်း​တွေ သာမက ​တောင်​ထိပ်​​ပေါ်ကလူမျိုးစု​ကျေးရွာငယ်​​တွေရဲ့ သူကြီးပါမကျန်​ အကုန်​ဘုစုခရုစရင်း​ကောက်​ပြီး သူ့ကျွန်​မခံစိတ်​ဓာတ်​နဲ့တိုင်းရင်းသား​အားလုံးကနယ်​ချဲ့ရန်​ကိုစုစည်းတွန်းလှန်​ခဲ့ကြပါတယ်​လို့ သမိုင်းဆရာ​ငပဲ့​တွေက ကြံဖန်​ဂုဏ်​ယူပြီး သမိုင်းတင်​ကြတာဗျ။ကျောင်းသင်​ခန်းစာ​တွေမှာလည်းအဲဒီအတိုင်းပြဋ္ဌာန်းလို့ခင်​ဗျားတို့ကျ​နော်​တို့ဒီအတိုင်းသိလာကြရတာမဟုတ်​လား။

နရပ​တေ့နိုင်​ငံ​တော်​ပျက်​သွားချိန်​အစားဝင်​လာတဲ့အာဏာက ဒီလူမျိုးနဲ့ဒီစရိုက်​ပဲဖြစ်​လို့ ပင်းယတို့၊စစ်​ကိုင်းတို့ပြန်​ဖြစ်​ထွန်းတာပါ။အလားတူ နန္ဒဘုရင်​ရဲ့ ဟံသာဝတီပျက်​​တော့လည်း ဒီလူမျိုးနဲ့ဒီစရိုက်​ပဲဖြစ်​​နေလို့ ​ညောင်​ရမ်းဆက်​ပြန်​ဖြစ်​ထွန်းတာ။ထို့အတူ ​ညောင်​ရမ်းဆက်​ပျက်​​တော့လည်း ဒီလူမျိုးနဲ့ဒီစရိုက်​ပဲဖြစ်​လို့ ကုန်း​ဘောင်​ဆက်​ဆိုတာပြန်​ဖြစ်​ထွန်းလာတာ။အခုကုန်း​ဘောင်​ဆက်​ကို ​နေ၀င်​​စေခဲ့တဲ့ အင်​အားရှင်​က ဒီလူမျိုးနဲ့ ဒီစရိုက်​မဟုတ်​​တော့ဘူး။စနစ်​ကျပြီး စည်းကမ်း​ကောင်းတဲ့လူမျိုးခြား မိမိ​နေထိုင်​ရာတိုင်းပြည်​ပါဝင်​တဲ့တိုက်​ကြီးနဲ့​တောင်​ဘာမှမဆိုင်​တဲ့ တစ်​ခြားတိုက်​တစ်​တိုက်​က လူမျိုး​တွေဖြစ်​​နေ​တာ​ကြောင့် ၁၈၈၅မှာ ဘာမင်းကြီးညာမင်းကြီး၊ဗိုလ်​ဘယ်​သူဘယ်​၀ါ၊ဘာမင်းသား ညာမင်းသား၊ဘာမြို့စား ညာမြို့စား စတဲ့ဘယ်​​င​မျောက်​င​ချောက်​မှ အံ့တုဖက်​ပြိုင်​မနိုင်​လို့ မြန်​မာပြည်​သမိုင်းမှာ ပ​ဒေသရာဇ်​စနစ်​နဲ့​ခေတ်​ဆိုတာ ဘယ်​​တော့မှပြန်​​ပေါ်မလာ​တော့​အောင်​ ​လောကဇာတ်​ခုံ​ပေါ်က​နေအပြီးအပိုင်​ ဇတ်​သိမ်းသွားရတာဖြစ်​ပါတယ်​။

Written by Nay Zin Latt

https://m.facebook.com/story.php?story_fbid=196862981129522&id=186313062184514

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရန်​ကုန်​”

Post a Comment

Related Posts Plugin for WordPress, Blogger...