Tuesday, July 24, 2018

အ​နော်​ရထာဆိုတာ-၁

,
စွန်​ညာသရမ်းခြင်းအနုပညာ........
ဇတ်​လိုက်​ရှိမှဇတ်​လမ်းဖြစ်​တယ်​ဆို​ပေမဲ့ ရာဇ၀င်​ဆိုတာ ဖန်​တီးယူရတဲ့ဇတ်​လမ်းမဟုတ်​သလိုစိတ်​ထင်​တိုင်းတန်​ဆာဆင်​ပြီးခြယ်​မှုန်းဖို့သင့်​တော်​တဲ့အ​ကြောင်းအရာလည်းမဟုတ်​ဘူး။ရာဇ၀င်​ ဆိုတာ အ​နောက်​မဇ္စျိမ​ဒေသကကူး​ပြောင်းဝင်​​ရောက်​လာတဲ့​ဝေါဟာရဖြစ်​ပြီး ရာဇာလို့​ခေါ်တဲ့ အုပ်​ချုပ်​သူရှင်​ဘုရင်​​တွေရဲ့ မဟာဝင်​ တစ်​နည်းအားဖြင့် ဖြစ်​စဉ်​ လို့အဓိပ္ပါယ်​ရတဲ့စကားပါ။ဆို​တော့တစ်​ဖက်​ကကြည့်ရင်​ အာဏာရှင်​အဆက်​ဆက်​ရဲ့ အ​ရေး သို့မဟုတ်​ မင်း​ရေး သို့မဟုတ်​ နိုင်​ငံ​ရေး အတူတူပဲ။ဒါ​ကြောင့် ဒီနှစ်​က​နေ စ​ရေတွက်​ရင် လွန်​ခဲ့တဲ့ နှစ်​​ပေါင်းတစ်​​ထောင်​ပြည့်ဖို့ ၂၆နှစ်​သာလို​တော့တဲ့ (​အေဒီ၁၀၄၄)အချိန်​တုန်းက ပုဂ္ဂိုလ်​​ရေးမဟုတ်​ဘဲ အာဏာပြဿနာအတွက်​ ပုဂံမြို့​တောင်​ဘက်​ ဧရာဝတီမြစ်​​ထဲကိုစီးဝင်​တဲ့ မြင်းကပါ ​ချောင်းဝ ကမ်းပါးထိပ်​မှာ ညီအစ်​ကိုတစ်​၀မ်းကွဲ​တော်​တဲ့ စုက္က​တေးနဲ့အ​နော်​ရထာ စီးချင်းထိုးကြတယ်​။မဟာရာဇ၀င်​အားလုံးရဲ့ အသက်​အရွယ်​အတိုင်းယူရင်​ အသက်​၃၃နှစ်​ရှိပြီဖြစ်​တဲ့ အ​နော်​ရထာနဲ့ အသက်​၅၂/၅၃ခန့်​ရှိပြီဖြစ်​တဲ့စုက္က​တေးတို့မြင်းတစ်​စီး လှံတစ်​​စင်းချင်းနှစ်​ဖက်​တပ်​အားလုံးရဲ့ ​ရှေ့ မှာ စိန်​​ခေါ်ပွဲရင်​ဆိုင်​ကြတာဖြစ်​တယ်​။
.......အ​နော်​ရထာ​စောလည်း အလုံးအရင်းနှင့်ပြည့်စုံ​သော်​ ပုဂံသို့ချီလာ၍ ​နောင်​​တော်​ကို နန်းကိုတည်း​ပေးမည်​​လော၊စစ်​တည်းပြု မည်​​လောဟူ၍​စေ​တော်​မူလိုက်​သည်​......
လို့ဦးကုလားမှာပါတဲ့အတိုင်းကုန်း​ဘောင်​ရာဇ၀င်​ကြီးကပါထပ်​တူ​ဖော်​ပြထားတယ်​။အ​နော်​ရထာငယ်​စဉ်​ဘ၀ သူ့အ​မေနဲ့အတူ သူ့အ​ဖေရဟန်းအိုရဲ့ ​ကျောင်းမှာ​နေစဉ်​ကတည်းက နားဝင်​​နေပြီးသားဖြစ်​​နေတဲ့ပုဂံထီးနန်းလုပွဲ​တွေနဲ့သူရဲ​ကောင်းကွမ်း​ဆော်​​ကြောင်းဖြူ -ပုံပြင်​​တွေရဲ့ ဒုတိယပိုင်းမှာ ​ပေါ်ထွက်​လာမယ့်ဇတ်​လိုက်​ဟာ သူကိုယ်​တိုင်​ပဲဆိုတာ ကြိုသိ​နေပြီးသားဖြစ်​မှာပါ။

ဒီ​တော့ ပုဂါရာမ ဆိုတာ ငါပိုင်​ထိုက်​တဲ့ထီးနန်း၊ငါမရ-ရ​အောင်​ယူမယ်​။ငါ့အ​ဖေရဲ့ အ​မွေလို့ အ​နော်​ရထာစိတ်​ထဲစွဲ​နေမှာကသိပ်​​သေချာတယ်​။သူ့အစ်​ကို တစ်​၀မ်းကွဲရှင်​ဘုရင်​က မင်းအ​မေငါယူမယ်​ ​ပြောရုံ​လောက်​နဲ့ စစ်​ဖြစ်​ရတဲ့အ​ခြေ​နေထိ မ​ရောက်​နိုင်​ဘူးဆိုတာ အလွယ်​တကူမြင်​နိုင်​ပါတယ်​။ရာဇ၀င်​လာအတိုင်းဆိုရင်​ သူ့အ​ဖေရှင်​ဘုရင်​(ငြိမ်း)ရဟန်းကြီးကိုယ်​တိုင်​ကတိုက်​တွန်းအား​ပေးပြီး ဓား လှံ လက်​နက်​နဲ့တကွ စီး​တော်​မြင်းပါ​ပေးအပ်​လိုက်​တဲ့အတွက်​ လက်​​တွေ့​တောခိုအင်​အားစုပြီး ထီးနန်းလုဖို့ကြိုးစားခဲ့တာသာဖြစ်​တယ်​။သူ့အ​ဖေဘုန်းကြီးရဲ့ လမ်းညွှန်​ချက်​နဲ့အညီ ပုပ္ပါးကိုဦးတည်​ပြီးပုဂံ​က​နေ အ​နော်​ရထာထွက်​ခွာသွားတဲ့ ရက်​စွဲနဲ့ အသက်​အရွယ်​ကို​တော့ ဘယ်​ရာဇ၀င်​မှာမှ​ဖော်​ပြမထားဘူး။ရာဇ၀င်​ကြီး၃​စောင်​စလုံးမှာ အ​နော်​ရထာနန်းရ​တော့ အသက်​၃၃နှစ်​ဆိုတာရယ်​၊စုက္က​တေးဟာပုဂံထီးနန်းကို၂၅နှစ်​စိုးစံပြီးစီးချင်းတိုက်​ပွဲမှာကျဆုံး​တော့ အသက်​၅၂/၅၃ခန့်​ရှိပြီဖြစ်​​ကြောင်းရယ်​ပဲထပ်​တူ​ဖော်​ပြထားကြတာပါ။

အဲဒါဆို အ​နော်​ရထာနဲ့စုက္က​တေးအသက်​အရွယ်​နှစ်​၂၀ခန့်​ကွာ​နေတာရယ်​၊စုက္က​တေးနန်းတက်​ချိန်​အ​နော်​ရထာ၈နှစ်​ပဲရှိ​သေးတာရယ်​၊ကို အတည်​ပြု လို့ရပြီ။ဒါဆို အ​နော်​ရထာ အစ်​ကိုစုက္က​တေးဘုရင်​ဆီမှာဘယ်​အရွယ်​ကစပြီးအမှုထမ်းသလဲ။ဘယ်​အရွယ်​မှာပုဂံကထွက်​သလဲဆိုတာ​တွေကို ဆန်းစစ်​ရ​တော့မယ်​။အသက်​၈နှစ်​​တော့ဘယ်​လိုမှမဖြစ်​နိုင်​ဘူး။ဖြစ်​နိုင်​​ခြေက​တော့ အနည်းဆုံး ၁၃နှစ်​ သို့မဟုတ်​ ၁၄နှစ်​ပဲ။ဘာ​ကြောင့်​ပြောနိုင်​တာလဲဆို​တော့ ဟို​ရှေးတုန်းက မင်းဖြစ်​မယ့်​ယောကျာ်း​ကောင်းစရင်းမှာ ၁၃နှစ်​၁၄နှစ်​သားဟာ ၀င်​​နေပြီ။အရွယ်​​ရောက်​ပြီလို့သတ်​မှတ်​တယ်​။ဥပမာ ၁၄ရာစုက မင်းရဲ​ကျော်​စွာ(မင်း​ခေါင်းကြီးသား)တို့၊၁၆ရာစု မင်းရဲ​ကျော်​စွာ(ဘုရင့်​နောင်​သား)တို့ဆိုရင်​ ၁၃နှစ်​မပြည့်ခင်​ကတည်းက ယိုးဒယားနဲ့ရခိုင်​စစ်​​မြေပြင်​​တွေမှာ ဆင်​ဦးကစီးပြီးစစ်​တိုက်​​နေကြပြီလို့ရာဇ၀င်​လာရှိတယ်​။ဒါ​ကြောင့် အ​နော်​ရထာအသက်​ကို ယုံကြည်​လို့ရ​အောင်​နည်းနည်းတိုးပြီး ၁၄နှစ်​လို့ခန့်​မှန်း​ပေးတာပါ။၁၄နှစ်​မှာ အ​နော်​ရထာဟာ ဓားဆွဲပြီး ​နောက်​လိုက်​အင်​အားနဲ့ပုပ္ပါးကိုအပြင်းနှင်​သွားတာခန့်​မှန်းယူဆပါတယ်​။

ဒီအသက်​အရွယ်​ဟာလက်​ရှိအ​နော်​ရထာ့တိုင်းပြည်​မြန်​မာပြည်​မှာ မဆန်းပြား​တော့တဲ့အသက်​အရွယ်​ပါပဲ။မျက်​​မှောက်​​ခေတ်​မြန်​မာပြည်​မှာလည်းတစ်​ပြည်​လုံးအနှံ့အပြားမှာ မညီမျှတဲ့ဘ၀အ​ခြေ​နေ အကန့်​အသတ်​​တွေ၊ဖိအား​တွေ​ကြောင့်သူ့အရပ်​​လောက်​ရှိတဲ့ ​မောင်းပြန်​​သေနတ်​ကိုထမ်းထားရတဲ့ က​လေးသူငယ်​အများအပြားဟာ အသက်​၁၄နှစ်​​တောင်​မရှိကြ​သေးဘူးဆိုတာခင်​ဗျားတို့သိပါတယ်​။ဒါက လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲ၊ပညာ​ရေး၊စီးပွား​ရေးချို့ တဲ့ နိမ့်ကျတဲ့ပြည်​နယ်​​တွေကအ​ကြောင်းကို​ပြောတာပါ။ရန်​ကုန်​လို နိုင်​ငံ​တော်​ရဲ့ အထင်​ကရမြို့​တော်​ကြီးကျ​တော့ ဒီလိုမဟုတ်​ဘူးဗျ။အ​ခြေခံဥပ​ဒေသစ်​ထီးရိပ်​​အောက်​မှာ တင်းကြပ်​၊ပြည့်စုံ၊ခိုင်​ခံ့တဲ့အသက်​အရွယ်​ဆိုင်​ရာဥပ​ဒေပြဋ္ဌာန်းချက်​ ဘာတစ်​ခုမှမရှိ​လေ​တော့ က​လေးအလုပ်​သမားသာမက၊က​လေးအရက်​သမား၊က​လေး​ကော်​သမား၊​ဆေးသမား၊က​လေးသူ​တောင်းစား၊နဲ့က​လေးဒုစရိုက်​လက်​ပါး​စေ​တွေအပြင်​ က​လေးပြည့်တန်​ဆာအများအပြားဟာ မြန်​မာပြည်​အနာဂတ်​ကို တက်​တက်​ကြွကြွပုံ​ဖော်​လျက်​ရှိ​နေကြပြီးဖြစ်​​ပါတယ်​။

နောက်​တစ်​ချက်​ အသက်​အရွယ်​ဆိုင်​ရာတစ်​ခုက ပုဂံဘုရင်​စုက္က​တေးရဲ့ အသာရမ္မက်​နဲ့သိမ်းပိုက်​ဖို့ပြင်​​နေတဲ့သူ့မိ​ထွေး​တော်​(အ​နော်​ရထာအ​မေ)ရဲ့ အသက်​ပဲ။ပုပ္ပါး​စောရဟန်းလုပ်​ကြံခံရတဲ့​နေ့မှာပဲ သူ့မိဖုရား၃​ယောက်နဲ့တကွပုဂံထီးနန်းကိုကွမ်း​ဆော်​​ကြောင်​ဖြူ  ကသိမ်းပိုက်​လိုက်​တာလို့မဟာရာဇ၀င်​​တွေမှာဆိုတယ်​။အဲဒီမိဖုရား၃​ယောက်​မှာအကြီးဆုံးကကိုယ်​၀န်​၆လ၊အလတ်​က ကိုယ်​၀န်​၃လ၊အငယ်​ကကိုယ်​၀န်​မရှိ​သေးဘူးလို့ဆိုတယ်​။ဒါ​ကြောင့် အကြီးမ၂​ယောက်​​တောင်​ က​လေးမ​မွေးဘူး​သေးတဲ့ ​ခေတ်​စကားနဲ့ ​ပြောရရင်​ အပျို ဗိုက်​ဖြစ်​​နေတာ​ကြောင့် အငယ်​ဆုံးမှာကိုယ်​၀န်​မရှိတာဟာ အရွယ်​မ​ရောက်​​သေးလို့သာဖြစ်​နိုင်​တယ်​။ဒါ​ပေမဲ့ မိဖုရားလို့စရင်းသွင်းထားတဲ့အတွက်​ အနည်းဆုံး၁၂နှစ်​​တော့ရှိမယ်​။ဒါမျိုးကပုဂံရာဇ၀င်​မှာ​ကျော်​ကြားတဲ့ဆိတ်​ထိန်းကမ်းဖြူ  ရွာသူဖွား​စောကို ဥဇနာက အသက်​၁၂နှစ်​အရွယ်​မှာ မယားလုပ်​ခဲ့တဲ့ဥပမာရှိ​နေပါတယ်​။ကွမ်း​ဆော်​မင်းနန်းတက်​စအချိန်​မှာ ​နောင်​မှာဘုရင်​ဖြစ်​လာမယ့်စုက္က​တေးဟာသူ့အ​မေဗိုက်​ထဲမှာကိုယ်​၀န်​၃လသာရှိ​နေပြီး ​နောင်​မှာသူ့မိဖုရားဖြစ်​လာမယ့်မိ​ထွေးက​တော့ အသက်​၁၂နှစ်​ရှိပြီလို့ယူဆရင်​သူတို့၂​ယောက်​အသက်​ကွာခြားမှုဟာ ၁၃နှစ်​နဲ့အတည်​ပြု လို့ရပြီ။ဒါ​ကြောင့်ချုပ်​ရင်​ စုက္က​တေးနန်းတက်​ချိန်​အသက်​က ၂၇/၂၈ထဲရှိ​နေပြီလို့ဆိုတဲ့အတွက်​ သူ့မိ​ထွေးက ၄၀/၄၁နှစ်​ဖြစ်​ပြီးသား​တော်​အ​နော်​ရထာက အသက်​၈နှစ်​ပဲရှိပါ​သေးတယ်​။နောက်​၆နှစ်​အကြာ(အ​နော်​ရထာ၁၄နှစ်​)အ​နော်​ရထာ​သောင်းကျန်းသူဖြစ်​သွားမှ စုက္က​တေးကမိ​ထွေး​တော်​ကို သိမ်းပိုက်​လိုက်​တာဆို​တော့ အဲဒီအချိန်​အ​နော်​ရထာအ​မေက ၄၆/၄၇ ရှိသွားပြီ။ဒါဟာခန့်​မှန်းတွက်​ချက်​မှုအရအနီးစပ်​ဆုံးအမှန်​ပဲ။ဒီထက်​​လျှော့ရင်​သဘာဝမကျ​တော့ဘူး။

နှိုင်းယှဉ်​စရာဥပမာက
....​ကျော်​စွာမင်းကြီးလည်းမိဖုရားဖွား​စောကို အတိုင်​ပင်​မရှိ​မေ့ကျန်​​တော်​မူ၏......ဦးကုလား
ဆိုလိုတာက အဘွားကြီးအ​ဆောင်​မသွား​တော့ဘူး။လင်​မယားလိုမ​နေ​တော့ဘူး။၁၃ရာစုကုန်​ခါနီး သူ့အ​ဖေတရုတ်​​ပြေးမင်းအဆိပ်​​သောက်​​သေရပြီးတဲ့​နောက်​ ​အေဒီ၁၂၈၇မှာ​ကျော်​စွာထီးနန်းရ​တော့ သူ့မ​ဟေသီဖြစ်​လာတဲ့ မိ​ထွေး​တော်​ဖွား​စောလည်းဒီအသက်​အရွယ်​ငါးဆယ်​နားနီးပါပြီ။နောက်​ဥပမာ တစ်​ခုက
....ဆင်​ဖြူ  ရှင်​လည်း မင်းသမီးရှင်​​စောပုကိုရ​တော်​မူလျင်​မိဖုရားဘို့မယ်​ကိုမချစ်​မနှစ်​သက်​လိုပြု​တော်​မူ၏..ဦးကုလားလို့ ဆိုတဲ့အတွက်​ ​အေဒီ၁၄၂၅ခုနှစ်တုန်းက အ၀ဘုရင်​ဆင်​ဖြူ  ရှင်​သီဟသူ (မင်း​ခေါင်​ကြီးသား)က ရာဇ၀င်​မှာစာတင်​ရတဲ့ အလှဘုရင်​မ​စောဘို့မယ်​ (သူ့အ​ဖေရဲ့ မယား​ဟောင်း)ကို မကပ်​​တော့တဲ့အချိန်​မှာ ရှင်​​စောပုက ၂၉နှစ်​၊ဘို့မယ်​က ၄၃နှစ်​ခန့်​ရှိပြီ။အ​နော်​ရထာ့အ​မေတို့ ဖွား​စောတို့​လောက်​​တော့ မအို​သေးသလို မရွတ်​တွ​သေးဘူး။

ဒါ​ပေမဲ့ အသက်​၄၀​ကျော်​၅၀တွင်းမိန်းမမှာ တန်းတန်းစွဲဖြစ်​​လောက်​စရာဆွဲ​ဆောင်​မှုချို့တဲ့သွားလို့ မကပ်​ဘဲ​နေမိတဲ့အတွက်​ ၁၃ရာစု ပုဂံဘုရင်​​ကျော်​စွာဟာ ဖွား​စောရဲ့ စ​ကော​လောက်​မှ​ဇောက်​မနက်​နဲ့အကြံနဲ့ တရုတ်​​တွေလက်​ထဲ ​ခေါင်းချည်းပဲပါသွားခဲ့ရတယ်​။၁၅ရာစု အ၀ဘုရင်​သီဟသူလည်း ဘို့မယ်​ ရဲ့ ရမ္မက်​​ကြောင့် မြှားသုံးချက်​သင့်ပြီး​သေရတယ်​။
ပုဂံရာဇ၀င်​မှာပါတဲ့အတိုင်းဆိုရင်​ ​အေဒီ၉ရာစုပုဂံနိုင်​ငံ​တော်​​ပေါက်​ခါစအရွယ်​သမုဒ္ဒရာဇ်​မင်းလက်​ထက်​မှာ မိန်းမ​တွေကိုတစ်​​နေ့တစ်​​ယောက်​နှုန်းနဲ့၁၂နှစ်​ကြာ​အောင်​ငှက်​စာ​ကျွေးခဲ့ရလို့ ​အေဒီ၁၁ရာစုမှာ စုက္က​တေးနန်းတက်​ချိန်​ပုဂံမှာမိန်းမရှား​နေတုန်းပဲဆိုရင်​ယုံမလား။အဲဒါ​ကြောင့် အသက်​၃၄နှစ်​သာရှိ​သေးတဲ့​ရေ​မြေ့ရှင်​စုက္က​တေးကသူ့မိ​ထွေးဖြစ်​တဲ့ ဆရာ​တော့်မယားငါးဆယ်​တွင်းကိုစွဲမက်​​နေတယ်​ဆိုတာ ဖြစ်​နိုင်​ပါ့မလား။တကယ်​​တော့သမိုင်းသု​တေသီတို့ရဲ့ ကျင့်ဝတ်​အရ ရာဇ၀င်​​ဟောင်းမှာပါတဲ့အတိုင်းမပြု ပြင်​ဘဲ ကူးသာ​ရေးလိုက်​ရ​ပေမဲ့ ၁၇/၁၈ရာစု မဟာရာဇ၀င်​ကြီး​တွေရဲ့ ကျမ်းရှင်​ ဆရာအဘိုးကြီးအသီးသီး(ဦးကုလား၊မဟာစည်​သူ၊မဟာဓမ္မသင်္ကြံ)တို့က​တော့
.....စုက္က​တေးဆိုတဲ့​ကောင်​​သေတာ​တောင်​နည်း​သေးတယ်​ ၊ငါသာဆိုလျင်​ဒါမျိုး ဘယ်​စဉ်းစားမလဲ လို့ အဲဒီပုဂံရာဇ၀င်​ကိုကူး​ရေး​နေရင်း​ကြိတ်​​တွေးမိ​နေကြမှာ​သေချာတယ်​။ကိုယ်​ချင်းစာစိတ်​နဲ့ရိုးရိုးပဲ​တွေးကြည့်ပါ။

အဖြစ်​မှန်​က​တော့ ထိန်းမနိုင်​သိမ်းမရ​မွေးရာပါ အာဏာရမ္မက်​ရဲ့ လှုံ့ ​ဆော်​ချက်​ပါပဲ။ဒီထီးနန်းကငါနဲ့ထိုက်​တန်​တယ်​။တကယ်​ဆက်​ခံခွင့်ရှိသူကငါပဲ။ဘယ်​နည်းနဲ့မဆို မရ ရ​အောင်​ငါယူမယ်​ ဆိုတဲ့ ငါ ဗဟိုပြု အ​တွေးအ​ခေါ်မျိုး​စေ့ဟာ အ​မေ့ရင်​ခွင်ဆိုတဲ့​ရေခံ​မြေခံ​ကောင်းမှာ အစို့အ​ညှောက်​​ပေါက်​လာခဲ့ပြီးသားပါ။မှတ်​သားတတ်​စအရွယ်​​ရောက်​လာတဲ့အခါ အိပ်​ယာဝင်​ပုံပြင်​က​နေတစ်​ဆင့်အပင်​ရှင်​သန်​ရုံမက အရွက်​အခက်​စုံစုံလင်​လင်​ထွက်​လာခဲ့ပြီ။နန်း​တော်​ထဲဝင်​​ရောက်​ခစားရတဲ့မင်းညီမင်းသားလည်းဖြစ်​လာ​ရော နိုင်​ငံ​ရေးအလားအလာကိုအကဲခတ်​ပြီးအနီးကပ်​၀ိုင်းတီး​ပေးကြတဲ့ဗိန်း​ဗေါင်းသံ​တွေ​ကြောင့် တိုက်​ရဲ လုရဲ သတ်​ရဲတယ်​ဆိုတဲ့မြင်းချို တပ်​အ​တွေးအ​ခေါ်ဟာ ထပ်​ဆင့်ဖူးပွင့်လာရတယ်​။နောက်​ဆုံးသံဃာဖြစ်​တဲ့ ရဟန်းဖြစ်​တဲ့ အ​ဖေကိုယ်​တိုင်​ကစိတ်​ဓာတ်​​ရေးရာအရှိန်​တက်​​အောင်​တွန်း​ပေးလိုက်​တဲ့သိကြားမင်းလက်​နက်​ဆိုတာ​တွေနဲ့တကွ ​ခြေကုပ်​မြဲမယ့်အရပ်​ကိုပါ လမ်းညွှန်​ပြလိုက်​တဲ့အတွက်​လက်​နက်​ကိုင်​လမ်းစဉ်​ကိုဦးတည်​သွား​တော့တာဖြစ်​ပါတယ်​။ဒါ​ကြောင့်နှစ်​​ပေါင်း၁၂၀၀နီးပါးမြန်​မာ့သမိုင်းမှာ အ​နော်​ရထာ(အနိရုဒ္ဓ​ဒေ၀)ဆိုတာ မြန်​မာ့ပထမနယ်​ချဲ့စစ်​​ခေါင်း​ဆောင်​လည်းဖြစ်​သလို ရက်​စက်​ကြမ်းကြုတ်​တဲ့အာဏာရှင်​စနစ်​ရဲ့ မီးရှူးတန်​​ဆောင်​လည်းဖြစ်​သလို ဆီးမီးခွက်​လည်းဖြစ်​တယ်​။လက်​နက်​ကိုင်​ဆန့်​ကျင်​ပုန်​ကန်​မှုဓ​လေ့ကို ​ရှေ့ ​ဆောင်​လမ်းပြခဲ့တဲ့ လမ်းပြကြယ်​ဟာလည်း သူပါပဲ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=145200616359420&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အ​နော်​ရထာဆိုတာ-၁”

Post a Comment

Related Posts Plugin for WordPress, Blogger...