Friday, January 5, 2018

2018 ခုနစ် သတင်းထူး ၀ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလား ၀ နိုင်ငံလား

,
2018 ခုနစ်မှာ ၀ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဟာ ၀ နိုင်ငံဖြစ်လာပြီး ကိုယ်ပိုင်ပိုက်ဆံပါ Government Wa Money စတင်ထုတ်လာပါပြီ ။ ခုလောလောဆယ်မှာတော့ Wa ပိုက်ဆံဟာ တရုတ်ပြည်က ပိုက်ဆံအတိုင်း ၁၀၀ တန်၊ ၅၀ တန် စတင်ထုတ်သုံးပါတော့မည်။

 မြန်မာငွေနဲ့ လဲရင် Money Currency တော့ ၀ ငွေ ၁၀၀ ဟာ မြန်မာကျပ်ငွေ ၂၀၀၀၀ တန်နဲ့ ညီမျှပြီး၊  125 ဆိုင်ကယ် တစ်စီးဟာ ၀ ငွေ ၃၀၀၀ ပေါက်ပါတယ်။ အမာခံရရေးအတွက် တရုတ်ပြည် Bank of China ဘဏ်မှာ ၀ငွေအမာခံအတွက် ရွှေသားများဖြင့်ထပ်ထားချထားပြီးပါပြီ။
ခု UWSA ၀ နယ်မှာ
1-ကိုယ်ပိုင် စစ်သားနဲ့ ရဲသားများအပြည့်ရှိသည်။
2-ကိုယ်ပိုင် လေယာဉ်နဲ့ လေယာဉ်ကွင်းရှိသည်။
3-ကိုယ်ပိုင် သေနတ်ထုတ်လုပ်စက်ရုံနဲ့ စီးပွားရေးရှိသည်။
4-ကိုယ်ပိုင် စာနဲ့ စကားရှိသည်။
5-ကိုယ်ပိုင် အသံလွင့်ဌာန ၃ ခုရှိသည်၊ တရုတ်ဘာသာ၊ ၀ ဘာသာ နဲ့  ရှမ်းဘာသာ။
6-ရုံးသုန်းစာမှာ တရုတ်စာ ၊ ၀ စာ၊
7-ခုလိုနေတာက ၀ ငွေပဲကျန်တော့လို့  ဒါကြောင့် ဒီ2018 နှစ်သစ်မှာ ထုတ်လိုက်ခြင်းဖြစ်သည်။

ဝ ဟာ ဘယ်အစိုးရလက်အောက်မှ မနေဘဲ သီးသန့်  Contrariness နေတဲ့ UWSA ဖြစ်ပြီး၊ တိုင်းရင်းသားများကို ခေါင်းဆောင်ကာ ဗမာစစ်အစိုးရကလဲ သူ့ကိုကြောက်နေရသည့်အဖွဲ့ တစ်ဖွဲ့လဲဖြစ်သည့်အပြင် မြန်မာအစိုးရထိန်းချူပ်မှုလက်အောက်မှ လွတ်နေသောအဖွဲ့နဲ့ လွတ်နေသောနေရာတစ်ခုဖြစ်သည်။

ဝ ခေါင်းဆောင်နဲ့ရှမ်းခေါင်းဆောင် ကွာခြားချက်
ဝ လူမျိုးခေါင်းဆောင်ဟာ ရှမ်းခေါင်းဆောင်များလို မာနမထားဘဲ အချင်းချင်းစီးလုံးကြသည် ရှမ်းခေါင်းဆောင်များကတော့ စီးလုံးမှုမရှိ တဖွဲ့နဲ့တစ်ဖွဲ့ အဝင်အထွက်မလုပ်ဘဲ ကိုယ်ထင်ရာကိုလုပ် ဗမာအစိုးရခိုင်းသမျှလုပ်နေရပြီး ပါတီခေါင်းဆောင်အိမ်လဲ ရန်ကုန်မှာပဲဆိုတော့ ရှမ်းပြည်လွတ်မြောက်ဖို့ အတွက်ဘယ်လုပ်ချင်တော့မလဲ ရန်ကုန်မှာဘဲပျော်ပျော်နေချင်တော့ ဒုက္ခဘယ်လိုမှမရင်ဆိုင်ချင်တော့ဘူးလေ။

စိုင်းအိုက်စံ ရှမ်းပြည်

https://m.facebook.com/story.php?story_fbid=1856498321041437&id=614838488540766

0 ယောက်မှတ်ချက်ပြုခဲ့သည် to “2018 ခုနစ် သတင်းထူး ၀ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလား ၀ နိုင်ငံလား”

Post a Comment

Related Posts Plugin for WordPress, Blogger...