Friday, February 23, 2018

ဦးဝီရသူကို အ​ရေးယူ​ပေးရေး သံဃာတော်အချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

,
ရန်​ကုန်​၊ ဖေဖော်​၀ါရီ ၂၃

ဆရာ​တော်​ ဦးဝီရသူကို သက်ဆိုင်ရာက အရေးယူပေးရန်နှင့် သံဃာတော်များနှိုးဆော်ခြင်းဆို​သော သတင်းစာရှင်းလင်းပွဲကို ဆရာ​တော်အချို့က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဟု ​ရွှေဝါ​ရောင်​ဆရာ​တော်​ တစ်​ပါးဖြစ်​သူ ဆရာတော်ဦးစန္ဒာသီရိက The Voice Journal သို့ မိန့်​ကြားသည်​။

အဆိုပါပွဲကို ရွှေဝါ​ရောင်​ဆရာ​တော်​အချို့နှင့်​ သာသနာသန့်​ရှင်း​ရေးလိုလာ​သော ဆရာတော်အချို့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးတွင် ပြုလုပ်မည်ဖြစ်သည်။

ဆရာ​တော်​ ဦးဝီရသူသည်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးအရာရှိ ဦးကိုနီကိုသတ်​ခဲ့​သော တရားခံ ကြည်​လင်း​ပြောသည့်"ထမင်းဝ​အောင်​စားထား"ဆို​သောစကား၊ ၎င်းကို ထောက်​ခံ ​သောတရားများကို လူမှုကွန်​ရက်​facebook ​ပေါ်တွင်​ဟော​ပြောချက်​များ ပျံ့နှံ့ခဲ့သည့်​ အတွက်​ အဆိုပါ ရှင်းလင်းပွဲကို ပြုလုပ်​ရခြင်းဖြစ်​​ကြောင်း ဆရာတော်ဦးစန္ဒာသီရိ၏ မိန့်​ကြားချက်​အရ သိရသည်​။

"လူသတ်​တရားခံကို သာမန်​ လူတစ်​​ယောက်​​က ထောက်​ခံ​တောင်​ အင်​မတန်​ခက်​ခဲတာကို ဘုရားသား​တော်​ဖြစ်​တဲ့ ရဟန်းတစ်​ပါးအတွက်​ ​ထောက်​ခံတာမဖြစ်​သင့်​ဘူး"ဟု ဆရာတော်က မိန့်​ကြားသည်​။

ထိုသို့ ဆရာ​တော်​ဦးဝီရသူ၏ ​ပြောဆိုချက်​များကို နိုင်ငံတော်မဟာသံဃ နာယကအဖွဲ့က ပြန်​လည်​စစ်​​ဆေး​ပေးရန်​အတွက်​ လက်​မှတ်​ထိုး​တောင်းဆိုချက်​ကို အဓမ္မ၀ါဒ ဆန့်​ကျင်​​ရေး​ကော်​မတီက ဦး​ဆောင်​ပြီး ​ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ​တောင်​ဥက္ကလာပမြို့နယ်​၊ ​မြောက်​ဥက္ကလာပမြို့နယ်​၊ဆူး​လေ(မြို့​တော်​ခန်းမ)တို့တွင်​ ၂၀၁၇ ​မေလနှင့်​ ဇွန်​လတို့က လက်​မှတ်​​ကောက်​ခံခဲ့သည်။

လက်မှတ်၂၇၀၀ ရရှိခဲ့ကာ မဟာသံဃနာယကအဖွဲ့၊ သာသနာ​ရေးဝန်​ကြီးဌာန၊ ပြည်​ထဲ​ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးတို့သို့ တင်​ပြ​တောင်းဆိုခဲ့​သော်​လည်း တစ်​စုံတစ်​ရာလုပ်​​ဆောင်​​ပေးခြင်းမရှိ​သေး​ကြောင်း အဓမ္မ၀ါဒ၏ ထုတ်​ပြန်​ချက်​အရ သိရသည်​။

ထို ကိစ္စအ​ပေါ် ပူး​ပေါင်းပါဝင်​လှုပ်​ရှားသွားမည့်​ အဓမ္မ ၀ါဒ ဆန့်​ကျင်​​ရေး​ကော်​မတီမှ ဥက္ကဌ ဖြစ်​သူ ကိုမြ.တ်​​ကျော်​က
"လူသတ်​သမားကို အား​ပေးတဲ့ ဘုန်းကြီးတစ်​ပါးကို အ​ရေးယူဖို့ပျက်​ကွက်​​နေတာက​တော့ ဗုဒ္ဓဘာသာအတွက်​ အန္တရာယ်​ကြီးတယ်​"ဟု​ ဆိုသည်​။

အဆိုပါ​ သတင်းစာရှ​င်းလင်းပွဲသည်​ သံဃာ​တော်​များကို နှိုး​ဆော်​​သော သတင်းစာရှင်းလင်းပွဲသာ​ဖြစ်​​ကြောင်း၊​ ရှေ့ဆက်​လုပ်​​ဆောင်​မည့်​ ကိစ္စရပ်​များကို ထိုပွဲပြီးမှသာဆက်​လက်​​ပြောကြားသွားမည်​ ဖြစ်​​ကြောင်း ၎င်းက ထပ်​မံ​ပြောကြားသည်​။

The Voice

https://m.facebook.com/story.php?story_fbid=193874414535409&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးဝီရသူကို အ​ရေးယူ​ပေးရေး သံဃာတော်အချို့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...