Saturday, January 5, 2019

AA အကြောင်း လိုတိုရှင်း

,
AA အကြောင်းကို လိုတိုရှင်း ပြောပြမယ်။

ရခိုင်တပ် ၃ ခုရှိတယ်။ AAက ၂၀၀၉ မှာမှ စဖွဲ့တာ။ ရက္ခိုင့်တပ်မတော်လို့ ခေါ်တယ်။ သူ့ထက် ပိုသက်တန်းရင့်တာ ရခိုင်လွတ်လပ်ရေးတပ်မတော်နဲ ရခိုင်ပြည်တပ်မတော်ဆိုတာ ရှိတယ်။ ခိုင်မိုးလင်း ခိုင်ရာဇာတို့ဆိုတာ AAတွေ မဟုတ်ဘူး။

ရခိုင်တပ်တွေဟာ ကရင်ပြည်မှာ စစ်သင်တန်းတက်တယ်။ ရခိုင်ပြည်ထဲ ပြန်ဝင်ဖို့ ခေတ်အဆက်ဆက်ကြိုးစားကြတယ်။ လမ်းခုလတ်မှာ ကျဆုံးကုန်တယ်။

၂၀၀၉ မှာ AA ဖွဲ့တော့ ကရင်ပြည်နယ် မဟုတ်ပဲ၊ ကချင်ဘက်မှာ ဖွဲ့တယ်။ စစ်သင်တန်းတက်ကြတယ်။ ၃ နှစ်လောက်က ဘယ်သူမှ မသိဘူး။ စိတ်လည်း မဝင်စားဘူး။ လူလည်း သိပ်မရှိဘူး။ ကချိကချောက်ပဲ။

၂၀၁၂ စစ်တပ်နဲ့ ဖွတ်က ဒီချုပ်ကို နိုင်ငံရေးလုပ်ကြံဖို့ ကုလားမုန်း စီမံကိန်းကို စလိုက်တယ်။ ဝီရသူဆိုတာ ပြည်တွင်းကုလားမုန်းရုံပဲရှိသေးတယ်။ ရိုဟင်ဂျာ နဲ့ ဘင်္ဂလီ ဆိုတာ နကစနဲ့ လဝက နဲ့ ခွင်ရိုက်ကောင်းတုံး။ အိုကေမှာ စိုပြေနေတုံး။

အဲဒီ ပြည်တွင်း ကုလားမုန်းဝါဒကို ရခိုင်ကို ဘယ်လိုတင်ပို့လိုက်သလဲ။ ကျောက်နီမော်က မိန်းကလေးတယောက်ကို စတေးလိုက်တယ်။ လူသတ်မှုကို ဘာသာရေး လူမျိုးရေးအထိ ဆွဲတင်လိုက်တယ်။

အဲဒီ မီးအရှိန်နဲ့ ဒီချုပ်ကို လောင်မီးတိုက်ဖို့ အကြံ။ ဝီရသူက မွတ်ဒေါင်းတရားနဲ့ တည်ပေးလိုက်တယ်။ ဒေါ်စု ယောက်ျား ကို အင်္ဂလိပ်မှန်းသိသိနဲ့ ကုလားမယား ဘာညာတွေ တိုက်ပေးတယ်။

ဒီအချိန်မှာ ရခိုင်တွေကို မဘသကမြှောက်ပေးတယ်။ ဒီချုပ်ကိုအပြစ်တင်သူ တရာမှာ ၈၀ က ရခိုင်ပဲ။ ဒေါက်တာအေးမောင်တို့က ဒီအရှိန်နဲ့ နိုင်ငံရေး အရောင်တောက်လာတယ်။ စစ်တပ်က ဒီအရှိန်နဲ့ အမျိုးဘာသာသာသနာ အော်လာတယ်။ AAကလည်း ဒီအရှိန်နဲ့ ထောက်ခံသူများလာတယ်။

မဘသက ရခိုင်လူထုကို ဆွပေးတယ်။ ဒီချုပ်ဘက် တည်ပေးတယ်။ စစ်ဖွတ်က အမျိုးဘာသာသနာအော်ပြတယ်။ ရခိုင်ကို အသုံးချနေကြတာ။ ရခိုင် ခေါင်းဆောင်တွေကလည်း အချဉ်မဟုတ်ဘူး။ ခဏ ပူးပေါင်းလိုက်တယ်။ ရခိုင်လူထု စိတ်ဓာတ်ကြွလာတော့ ရခိုင့်အရေးဘက် ဆွဲယူလိုက်တယ်။ AAထဲ ဝင်သူတွေ ထောင်ဂဏန်းရှိလာတယ်။ နိုင်ငံရေးမှာလည်း ရခိုင်ပါတီတွေ အားကောင်းလာတယ်။

ဒီတော့ AAကို ယောက်ဖ ကြက်ဥတိုက်တာ စစ်ဖွတ်တွေပဲ။ အခုတော့ ကိုယ်ဇာတ်ကိုယ်မနိုင်ဖြစ်လာပြီ။

( စစ်ဖွတ်တွေ AAကို ကြက်ဥတိုက်လို့  ဒီကနေ့ သောင်းကျန်းသူတွေလို့ နာမည်တပ်နေသူတွေကို စစ်ဖွတ်အစိုးရ ခွင့်ပြုချက်နဲ့  ပင့်ဖိတ်ပြီး၊ ရခိုင်အမျိုးသားညီလာခံကြီးကို တရားဝင်ကျင်းပခဲ့တာပါ။
Ko Ko Min
Credit.
Copy .

https://m.facebook.com/story.php?story_fbid=110986813305883&id=100031836943868

0 ယောက်မှတ်ချက်ပြုခဲ့သည် to “AA အကြောင်း လိုတိုရှင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...