Monday, February 12, 2018

ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်ဟောပြောပွဲမိန်းခွန်းမှ ကောက်နှုတ်ချက်။

,
တပ်မတော်သားများအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ရမယ်လို့ သစ္စာဆိုထားရတာ ကျွန်မနားလည်ပါတယ်။
အဲဒီတော့......
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့အခါမှာ
ဘာ့ကြောင့် ..ကာကွယ်စောင့်ရှောက်ရတယ်ဆိုတာ
ဂဃဏန သိဖို့တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ...
တိတိကျကျ ပြောရရင်တော့ စာအုပ်ကလေးတစ်အုပ်ပါ။
ဒါဟာ...သာမန်လူတွေရေးထားတဲ့စာတွေပဲ ဖြစ်ပါတယ်။

ဒီစာတွေကို..
ဒီနိုင်ငံရဲ့တပ်မတော်ကနေပြီးတော့
ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာဟာ
စဉ်းစားဖို့တော့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုရင်...
အဓိက အားဖြင့်တော့ဖွဲ့စည့်ပုံအခြေခံဥပဒေဟာ
နိုင်ငံသူနိုင်ငံသားတွေကို အကျိုးပြုလို့
ကာကွယ်စောင့်ရှောက်တာပဲ ဖြစ်ရပါမယ်။

အဲဒီတော့  ...
ကိုယ်ကာကွယ်စောင့်ရှောက်တဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသူနိုင်ငံသားတွေကို
တကယ်ပဲ အကျိုးပြု ဖို့ လိုအပ်ပါတယ် ။
နိုင်ငံသူနိုင်ငံသားတွေကို အကျိုးမပြုပဲ
တစ်သင်း တစ်ဖွဲ့ တစ်အုပ်စုကိုပဲအကျိုးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို.စောင့်ရှောက် ကာကွယ်နေတယ် ဆိုလို့ရှိရင်
ပြည်သူတွေရဲ့ အကျိုးကိုလည်း ထိပါးရာ ရောက်ပါတယ်။

ဒါကြောင့်.. .
ပြည်သူကို အကျိုးမပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေမယ်ဆိုရင်
ပြည်သူကို အကျိုးပြုစေမယ့် ပြင်သင့်တာတွေကို ပြင်ရပါမယ်။

ပြင်သင့်တာတွေကို မပြင်ချင်ဘူးဆိုတာဟာ....

တစ်ခုကတော့စေတနာမရှိလို့ပဲ...
ကျွန်မတို့ပြည်သူတွေအပေါ်မှာစေတနာ
မရှိလို့။
ကိုယ့်အတွက်ပဲကိုယ်စေတနာရှိလို့။

ဒုတိယတစ်ခုကတော့ ပညာမရှိလို့.....
ဦးနှောက်နဲ့စဉ်းစားဆင်ခြင်ပြီးတော့
ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်မတို့နိုင်ငံအတွက် မကောင်းဘူး
မသင့်တော်ဘူးဆိုတာ မသိလို့....။

တတိယတစ်ခုကတော့....
 ပြည်သူအပေါ်မှာလည်း စေတနာရှိတယ်
ပညာလည်းရှိရဲ့သားနဲ့ မပြင်ချင်ဘူးဆိုရင်တော့
သတ္တိ မဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်လို့
ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။



https://m.facebook.com/story.php?story_fbid=181820595923852&id=100022877380719

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်ဟောပြောပွဲမိန်းခွန်းမှ ကောက်နှုတ်ချက်။”

Post a Comment

Related Posts Plugin for WordPress, Blogger...