Friday, February 16, 2018

မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင် သူဌေးကြီးဦးတေဇ ဆိုတာ ဒီလိုလူမျိုးပါ

,
ဦးတေဇသည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေး ကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။ ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည့် အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ – ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့် အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီ အရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့် လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့် ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။
အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။ Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့ မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့် နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ ပေးထားကြောင်း၊ ပထမဆုံး မြန်မာအမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။

သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူ ပိတ်ဆို့ရေး နာမည်ပျက်စာရင်း သွင်းထားခြင်း ခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက်များ ၀ယ်ယူပေးခဲ့သူ ဖြစ်လေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ္ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်း ရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်း သတ်မှတ်ကာ အရေးယူထားလေသည်။

သူသည် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယား ရုရှားနှင့် တရုတ်တို့မှသာပင် လက်နက်များ ၀ယ်ယူနိုင်သော ကာလ၀ယ်… နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပိတ်ညှပ်အသပ်ရှူကြပ်နေသော အဆိုပါ မြန်မာစစ်အစိုးရအတွက် ဆယ်စုနှစ်များကြာအောင် လက်နက်များ ၀ယ်ယူရာတွင် ထဲထဲဝင့်ဝင့် ပါဝင်ပတ်သက် ကူညီခဲ့သူလဲ ဖြစ်သည်ဟု သိရသည်။ ထင်ထင်ရှားရှား သာဓကအနေဖြင့် ဆိုရပါမူ..စစ်ဘက်ဆိုင်ရာ အသုံးဆောင်များနှင့် ဝေဟင်မှ ပုံစံအမျိုးမျိုးဖြင့် ပျံသန်း ပစ်ခတ်နိုင်သော ရဟတ်ယာဉ် များအား ၀ယ်ယူရာတွင် ကြားပွဲစားကြီး အနေဖြင့် ဦးတေဇမှ အခိုင်မာ မားမားမတ်မတ် ဆောင်ရွက်ခဲ့လေသည်။

“န၀တ လို့ခေါ်တဲ့  ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က 1988 အာဏာသိမ်းပြီး စတက်တက်လာခြင်းမှာ ခြူးငွေးတပြားမှမရှိပါဘူး၊ဒါနဲ့ သစ်တော်တော်များများကို ချက်ခြင်းခုတ်လှဲပြီး စရောင်းကာ ငွေရှာတော့တာပါပဲ၊ ဒါကြောင့် အဲဒီငြိမ်ပိအစိုးရအဖွဲ့က တေဇနဲ့ ဆက်ဆပ်လာရပါတယ်” ဟု ထောက်လှမ်းရေးဗိုလ်မှူးအောင် ဦးအောင်လင်းထွဋ်မှာ ပြောပါသည်။

မြန်မာ့လေတပ်က ရုရှားမှ ဖန်တီး တပ်ဆင်ထားသော ဥရောပ နိုင်ငံများ ၊ အမေရိကန်နှင့် တရုတ်တို့၏ အရည်သွေး တန်းတူလောက်ရှိသည့် ချေမှုန်းရေး ရဟတ်ယာဉ်များ နှင့် မိုင်ကိုယန် အမ်အိုင်ဂျီ ၂၉ ဂျက်တိုက်လေယာဉ်တွေနဲ့ လောလောဆယ်မှာ လူရာဝင်အောင် တေဇ၏ ကြားပွဲစား ၀င်ရောက် ဆောင်ရွက်မှုဖြင့် တပ်ဆင်ထားကြပါတယ်။

ထိုတင်မက မြန်မာ့တပ်မတော်တွင် ကောင်ကင်းတာဝေးပစ် ရုရှားလုပ် ဒုံးကျည်နည်းစနစ်နှင့် အမြောက်များလည်း ရှိတာကတော့ လူတိုင်းသိလောက်ပါတယ်။ ရုရှားနိုင်ငံထုတ် မီဒီယာ ဗရာဗိုရာ သတင်းစာတွင် အလွန်ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံမှ ရုရှားထံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ဖိုးမျှ အကုန်ကျခံကာ ရုရှားလုပ် အဆိုပါ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ် အစင်းပေါင်း ၂၀ အား ၀ယ်ယူခဲ့ကြောင်း နိုင်ငံတကာသို့ ကြွားလုံးထုတ်ပြီး ရုရှားလက်နက်များ အရောင်းသွက်ကြောင်း ရေးသားထားဘူးလေသည်။

လွန်ခဲ့သော နှစ် (၂၀၁၂)တွင် နေပြည်တော်မှ နှစ်ပေါင်း ၆၀ ထက်မနည်း တော်လှန် ပုန်ကန်နေကြသော တိုင်းရင်းသား သူပုန်အဖွဲ့စည်းများ အထူးသဖြင့် ကေအိုင်အေ ကချင် လွန်မြောက်ရေး တပ်မတော် နှင့် ၄င်း၏ အပေါင်းပါ မဟာမိတ်များအား ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် မြန်မာ့ စစ်ဘက်ဆိုင်ရာ အုပ်စုမှ မြန်မာစစ်တပ်၏ စေခိုင်းညွန်ကြားမှု အောက်တွင် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် မရပ်တည်သော အပစ်ခတ်ရပ်စဲထားသည့် သူပုန်အဖွဲ့များအား သိသာမြင်သာအောင် ခင်းကျင်းပြသသည့် အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ပြခဲ့လေသည်။

သို့ရာတွင် ကံမကောင်းအကြောင်းမလှပဲ မြန်မာ တပ်မတော်မှ ဆင်နွဲခဲ့သော ရုရှားမှ တင်ပို့ထားသည့် ညံ့ဖျင်းသော လက်နက် ကရိယာ တည်ဆောက်မှု နည်းပညာကြောင့် လေကြောင်း တိုက်ခိုက်မှုများသည် အသုံးမ၀င်ပဲ အလဟသ အချီးနှီးဖြစ်ခဲ့ရသည်။ မြန်မာ အာဏာရှင်မှာ ကြီးကြီးမားမားပင် အရေးပေါ် လက်နက်များအား ရုရှားမှ ၀ယ်ယူရခြင်း အကြောင်းမှာ ၂၀၀၁ခုနှစ် ထိုင်းနိုင်ငံနှင့် ဖြစ်ပွားသော နယ်စပ်ပြသနာတွင် အရေးနှိမ့်သွားရသောကြောင့် ဖြစ်ပြီး တရုတ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ကိစ္စများဆိုသော မျက်နှာဖုံးစွပ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဒုတိယသမ္မတ စင်ကျန်ပင်း လာရောက်လည်ပတ်ပြီး တရုတ်ပြည်မှ ဂျက်လေယာဉ်များ ၀ယ်ယူမည့်အစား ရုရှား စစ်တိုက်လေယာဉ် အမ်အိုင်ဂျီ ၂၉ များအား တေဇအား စေလွှတ်ကာ ၀ယ်ယူခိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်စီးပွါးရေးအသိုင်းဝိုင်းမှ ပြောဆိုသတင်းပေးချက်အရဆိုလျင် ဦးတေဇသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရုရှားသို့ သွားသော ခရီးစဉ်နှင့် ချိန်ကိုက်ကာ ရုရှားသို့ သွားရောက်ခဲ့၏။

မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်မှ မော်စကိုသို့ သွားရောက်ကာ မပြီးပြတ်သေးသော မြန်မာစစ်အစိုးရလက်ထက်မှ လက်နက် ၀ယ်ယူရန်ချုပ်ဆိုထားသည့် ကိစ္စရပ်များအား သွားရောက် အဆုံးသတ် ဖေါင်ပိတ်ရန် ဖြစ်လေ၏။ အကြောင်းမှ ရုရှားမှ ဦးတေဇ၏ အစီစဉ်ဖြင့် ၀ယ်ယူလာခဲ့သော လက်နက်များသည် အမှန်တကယ် စစ်ပွဲများအတွင်း ထိရောက်မှု မရှိပဲ အလဟသ ဖြစ်သွားရသော မြန်မာ့ တပ်မတော်၏ ကချင်ပြည်နယ် စစ်ဆင်ရေးကြောင့်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ် ဂျွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့ထိ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေရှိုဂူး၏ ဖိတ်ကြားချက်အရ သွားရောက်ကြောင်း ဖေါ်ပြထားလေသည်။

မြန်မာ့ကာချုပ်မှ သံသယဖြင့် မော်စကိုမြို့တော် အနီးတွင်ရှိသော ဂျေအစ်စီ အာအေစီ မစ် ဟုခေါ်သော ရုရှားတိုက်လေယာဉ်များ တည်ဆောက်သော စက်ရုံသို့ သွားရောက် ကြည့်ရှု့ခဲ့ပြီး ရုရှားမှ ထပ်မံ အဆင့်မြင့်ထားသည်ဟု ဆိုသော မစ် ၂၉ တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းပြခဲ့ကြောင်း မြန်မာ အလင်းသတင်းစာတွင် တရားဝင် ရေးသား ဖေါ်ပြထားခဲ့လေသည်၊

ရန်ကုန်တွင် ရှိနေကြသော သံတမန်အသိုင်းဝိုင်းမှ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ယခင်က ဦးတေဇအား အသုံးပြုကာ ချုပ်ဆိုထားခဲ့သော မြန်မာ့ စစ်အစိုးရ၏ မြောက်ကိုရီးယား တရုတ်နှင့် ရုရှားတို့မှ လက်နက်ဝယ်ယူရေး သဘောတူညီချက် စာချုပ်များအား အဆုံးသတ်ရှင်းလင်းရန် ကြိုးစားနေကြောင်းကို ပြောဆိုနေကြပါသည်။

ဦးတေဇမှ ပွဲစားလုပ်ကာ မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၉)ထောင်ကျော်မျှ တန်ဖိုး၇ှိသည့် ၀ယ်ယူထားပေးသော လက်နက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

MAJOR ARMS SALES TO THE REGIME SINCE 1988

Supplier Year(s) of delivery Weapon description

Bulgaria 1999 100 Igla-1/SA-16 Gimlet portable

1995 50 WZ-121/Type-69 tanks

1995-1997 50 C-801/CSS-N-4/Sardine anti-ship missiles

1995-1997 6 Houxin/Type-037/1G missile boats

1997-1998 24 A-5C Fantan fighter/ground attack aircrafts

1998-1999 12 F-7M Airguard fighter aircrafts

1998-1999 40 PL-2A short range air to air missiles

1998-1999 40 PL-5B short range air to air missiles

1998-2002 5 Type-76 37mm naval gun turrets

1999 12 K-8 Karakorum-8 trainer/combat aircrafts

2001-2003 3 small armed warships

2002-2003 5 Rice Lamp fire control radars

2004-2005 3 Type-344 fire control radars

2004-2005 24 C-801/CSS-N-4/Sardine anti-ship missiles

2004-2007 8 AK-230 30mm naval guns

Germany 2003 10 Diesel engines

India 2006 2 BN-2 Islander helicopters (Number may be 4, including 2 BN-2 MP version)

2006 10 105mm light towed guns

2006 10 mine protected vehicles

2006 10 T-55 tanks

Italy 2001-2003 3 Compact 76mm naval guns

N. Korea 1999 16 Type-59-1 130mm towed guns

Poland
crd

ခရီးသည်

https://m.facebook.com/story.php?story_fbid=1584793934967885&id=100003118823595

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာပြည်ရဲ့ ထိပ်တန်းစာရင်းဝင် သူဌေးကြီးဦးတေဇ ဆိုတာ ဒီလိုလူမျိုးပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...