Saturday, January 6, 2018

မီဒီယာသမားတွေ ဒီသတင်းကို အတည်ပြုပေးကြပါ

,
ဆရာဦးကိုနီ လုပ်ကြံခံရတဲ့အမှု ၁ နှစ်ပြည့်ကာနီးမှာဒီအမှုကို စစ်ဆေးနေတဲ့ ​မြောက်​ပိုင်းခရိုင်​တရားရုံးက
မှန်​ရာကိုရဲရဲဝံ့ဝံ့ ဆုံးဖြတ်​နေတဲ့  ခုံရုံးအဖွဲ့ဝင်​တ​ယောက်​ဖြစ်​​သောရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံး က
တွဲဖက်​ခရိုင်​တရားသူကြီးဦး​ဇော်​ထူး ကို  ကယားပြည်​နယ်​တရားလွှတ်​​တော်​ကို ရုတ်​တရက်​ ဆိုသလို အမှုမပြီးခင်​မှာ ရုတ်တရက်
ပြောင်း​ရွှေ့လိုက်​တယ်လို့ သိရပါတယ်။ သူ့​နေရာကို မုံရွာခရိုင်​တရားသူကြီး ဦးခင်​​မောင်​​မောင်​ကို အစားထိုးလိုက်​ပါတယ်​၊

အမှုစစ်ချိန် ၁ နှစ်နီးပါးကြာလာပြီး သက်​​သေ ၈၀ အနက် မှ ၇၁ ဦး စစ်ဆေးပြီးချိန်​ အခုလို အ​ပြောင်းအလဲလုပ်​တာက
အမှုကို ပိုရှုပ်ထွေးအောင် လုပ်လိုက်တာဖြစ်ပြီး သူတို့ကြိုးကိုင်​ထားတဲ့ ခုံရုံး ဥက္ကဌ ဦးတင်​​ထွေး နဲ့ အဖွဲ့ဝင်​ ဦမျိုးခိုင်​ တို့အလိုကျ လုပ်​နိုင်ဖို့အစီအစဉ်​ဖြစ်​တယ်​လို့ကြားသိရပါတယ်။   တိုင်းဥပ​ဒေ ချုပ်​ ဦးဟန်​ထူး ကလည်း ​အောင်​ဝင်းခိုင်​ ဆိုတဲ့ တရားခံ​ပြေးနဲ့အမျိုး​တော်​စပ်​​နေ​တယ်လို့ သိရပါတယ်။

တရားခွင်​ထဲမှာ ​ရှေ့​နေချုပ်​ရုံး အငြိမ်းစားညွှန်​မှူး ​ဒေါ်ဥမ္မာကြည်​ က ဝင်​ထိုင်​​နေပြီး    အစိုးရ​ရှေ့​နေတွေကိုစောင့်ကြည့်နေပါတယ်။
ဒေါ်ဥမ္မာကြည်​က ဦးဟန်​ထူးရဲ့ဆရာဖြစ်​ခဲ့ဘူးပါတယ်​။
ဒုခရိုင်​ဥပ​ဒေအရာရှိဦး​အောင်​နို​င်​ဦး ကို တဖက်​ခြမ်းမှာဝင်​ထိုင်​ပြီး မျက်​နှာရိပ်​မျက်​နှာကဲနဲ့သြဇာဝင်​​ပေး​နေပါတယ်​လို့သိရပါတယ်။

လူမဆန်တဲ့ အကြမ်းဖက် လူသတ်မှုကို အုပ်စုဖွဲ့ပြီး ကျူးလွန်ခဲ့ကြသူတွေကို လက်ပူးလက်ကြပ် မိနေပေမယ့်
တရားဥပဒေ အရ အပြစ်ပေး အရေးယူနိုင်ဖို့ အတွက်တောင်မှ မရဲတရဲ မျှော်လင့်နေရတဲ့ အခြေအနေ မဖြစ်ရအောင် မီဒီယာတွေ စုံစမ်းဖော်ထုတ် ပူးပေါင်းကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်

မြောက်ပိုင်းခရိုင် ဥပဒေဝန်ထမ်းတစ်ဦး

ZN.H

https://m.facebook.com/story.php?story_fbid=376350866143754&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မီဒီယာသမားတွေ ဒီသတင်းကို အတည်ပြုပေးကြပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...