Wednesday, December 19, 2018

ခရစ္စမတ်ပွဲနှောက်ယှက်ခံရ

,
ခရစ္စမတ်ပွဲအကြိုချက်ပြုတ်ကျွေးမွေးရန် ပြင်ဆင်နေသူများကို ရွာသားအချို့ လာရောက်အကြမ်းဖက်၊ ခရစ္စမတ်ပွဲမပြုလုပ်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များက နှစ်တိုင်းလိုလို ပိတ်ပင်နေကြကြောင်း ခရစ်ယာန်ဘာသာဝင်များပြောကြား
=====================================
မန္တလေး၊ ဒီဇင်ဘာ ၁၈
မြေးချစ်ညို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့၊ ပေါ်လယ်ကျေးရွာတွင် ခရစ္စမတ် ပြုလုပ်ရန်အတွက် ပြင်ဆင်နေစဉ် ရွာသားတချို့၏ အကြမ်းဖက်ခြင်း ကိုခံခဲ့ရသည့် ခရစ်ယာန်ဘာသာဝင် များက ¤င်းတို့နေထိုင်သည့် ဒေသ တွင် ခရစ္စမတ်ပွဲတော်မပြုလုပ်ရန် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက နှစ်စဉ်နှစ်တိုင်း ခေါ်ယူသတိပေးခြင်း ခံရကြောင်း Friday Times သို့ပြော ကြားသည်။

''အရင်နှစ်တွေကလည်း ဘုန်းကြီးကျောင်းမှာ လူစုပြီးတော့ ကျွန်တော်တို့ကို ခရစ္စမတ်ပွဲမလုပ် ဖို့ ခေါ်သတိပေးတာမျိုးရှိတယ်။ မနှစ် ကတော့ ကျွန်တော်တို့က ခရစ္စမတ် ပွဲကို ဖြစ်အောင်လုပ်လိုက်တယ်။ အဲဒီလိုလုပ်လိုက်လို့ ရွာမှာမနေဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက နှင်ထုတ် တယ်။ ပြီတော့ ဒီရွာမှာခရစ်ယာန် ဘာသာကိုလည်း လက်မခံဘူး။ ခရစ္စမတ်ပွဲလုပ်တဲ့အတွက် မင်းတို့ ဒီရွာကနေထွက်သွားရမယ်လို့ ဖိအားပေးတယ်။ ကျွန်တော်တို့က အဲ့လိုဖိအားပေးတဲ့အတွက် ဒီရွာက နေထွက်သွားစေချင်ရင် အစိုးရက နေတရားဝင်စာထုတ်ပေးရမယ်။ ရွာသားတွေရဲ့ ကန့်ကွက်ချက်လည်း ပါရမယ်။ အဲဒီလိုလုပ်မှ ကျွန်တော် တို့ထွက်သွားနိုင်မယ်ပြောတော့မှ ဘာမှဆက်မပြောနိုင်တော့တာ''ဟု ပေါ်လယ်ကျေးရွာနေ ခရစ်ယာန် ဘာသာဝင်တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ၁၇ရက်နေ့က ခရစ္စ မတ်ပွဲအကြိုပြုလုပ်ရန် ပြင်ဆင်နေ သည့် မိသားစုကို လာရောက်ကူညီ သော လူငယ်(၂ဝ)ဦးအား ကျေးရွာ သားအချို့က ခဲများဖြင့် ဝိုင်းဝန်းပစ် ပေါက်ခဲ့ကြပြီး ထိုသို့ပစ်ပေါက် ခဲ့မှုကြောင့် ဒဏ်ရာရရှိသူများရှိခဲ့ သည်ဟု သိရှိရသည်။

''ပထမလေးခွနဲ့ပစ်တယ်။ ပြီးတော့ လေးဘက်လေးလံကနေ ခဲလုံးကြီးတွေ အိမ်ထဲကိုဝင်လာတယ်'' ဟု ယင်းဖြစ်စဉ်ကို ကြုံတွေ့ရသူတစ်ဦး ကပြောကြားသည်။
ဂန့်ဂေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယခုဖြစ်စဉ် အတွက် စခန်းတွင်အမှုဖွင့်ထားပြီ ဖြစ် ကြောင်း ပြစ်မှုကျူးလွန်သည့် တရားခံ များကို ရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေ ပြီဖြစ်ကြောင်း ပြေကြားသည်။

ဂန့်ဂေါ်မြို့မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးအောင်ဆန်းဝင်က ယခုအကြမ်းဖက်မှုဖြစ်စဉ်ကို ပြေလည် အောင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ခရစ္စမတ်ပြုလုပ်ရန် ထွေ/အုပ်က တားမြစ်သည်ဆိုသည်မှာ မဟုတ် ကြောင်း၊ ယင်းကျေးရွာတွင်သာ ဖြစ်နေခြင်း ဖြစ်ကြောင်း Friday Times သို့ ပြောကြားသည်။

''ဘာသာအားလုံးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ အစိုးရကတော့ ဒီလိုပိတ်ပင်တာမလုပ်ပါဘူး''ဟု လွှတ်တော်အမတ်ဖြစ်သူ ဦးအောင် ဆန်းဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈)၊ ပုဒ်မ၃၅၄တွင် ဖော်ပြထားသည် မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည် သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့် ကျင်လျှင် အောက်ပါအခွင့်အရေး များကို လွတ်လပ်စွာသုံးစွဲဆောင်ရွက် ခွင့်ရှိသည်ဟု ဖော်ပြထားသလို ယင်း ပုဒ်မ၏ အပိုင်ခွဲ(ဃ)တွင် တိုင်းရင်း သား လူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့ မဟုတ် တိုင်းရင်းသားလူမျိုး အချင်း ချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက် နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုး သည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြ ထားသည်။

https://www.facebook.com/714912165290510/posts/1924507890997592/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခရစ္စမတ်ပွဲနှောက်ယှက်ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...