Wednesday, February 7, 2018

ခင်ဗျားတို့ သဘောတူမှပြင်ရအောင် ခင်ဗျားတို့က ဘာလဲ?

,
၅၉စ ယာယီဆိုင်းငံ့ဖို့ အဆိုတင်သွင်းလာရင် တပ်မတော်ဘက်က အခြေခံဥပဒေအတိုင်းလုပ်သွားမယ်ဆိုပဲ..
သဘောကတော့ ပြင်ဖို့သဘောမတူဘူးဆိုတာကို စကားလှအောင်သုံးသွားတာပါ..။

နေပါဦး..

ကျွန်​​တော်မြင်ရသလောက် ခင်ဗျားတို့ဟာ စစ်သားတွေပါ..မြန်မာ့တပ်မတော်ရဲ့ ပြည်သူ့လခစားဝန်ထမ်းတွေပါ..

စစ်သားဆိုတာ တိုင်းပြည်ကိုကာကွယ်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ..
စစ်သားတစ်ယောက်အတွက် ပြဋ္ဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေက တိတိကျကျရှိပြီးသားပါ..

အခုဆိုရင်

နိုင်ငံရေးသမားတွေသာရှိသင့်တဲ့ လွှတ်တော်ထဲမှာလည်း ခင်ဗျားတို့ပါနေတယ်..
ဥပဒေပြုရေးမှာဆိုလည်း ကန့်လန့်၊ ကန့်လန့်။
ဖွဲ့စည်းပုံကိုပြင်ဖို့ရာမှာလည်း ခင်ဗျားတို့သဘောတူမှ ရမတဲ့..။
ဒီကြားထဲ တပ်ကိုအခက်တွေ့အောင်လုပ်ရင် အာဏာပြန်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုဆန်ဆန် သဘောထားတွေကို ထုတ်ပြောလာတယ်..။

ဒီကိစ္စတွေဟာ ကျွန်တော်သိရသလောက် ခင်ဗျားတို့နဲ့ တစ်ခုမှ မဆိုင်ဘူး..။

ကိုယ်နဲ့မဆိုင်တာတွေကို အတင်းကာရောဝင်လုပ်နေတယ်ဆိုတာ သိက္ခာမဲ့လှပါတယ်ဗျာ..။

ခင်ဗျားတို့ အခုစစ်သားဖြစ်နေပေမယ့် ခင်ဗျားတို့ရဲ့ သားစဉ်မြေးဆက်စစ်သားမဖြစ်နိုင်ပါဘူး..။

စံသွေနေတဲ့ ဒီမိုကရေစီ  (democracy syndrome) ဆိုတာ မဖြစ်မနေကုရမယ့် ရောဂါဆိုးကြီးပါ..။

၂၀၀၈ ခြေဥဆိုတာကလည်း ဦးသန်းရွှေမွေးခဲ့တဲ့ သရဲကြီးပါ..။

အခုဆိုရင် ကိုယ်မွေးတဲ့သရဲ ကိုယ့်ကို ပြန်မစားအောင် သားစိမ်းငါးစိမ်းတွေ ရှာဖွေပြီးယဇ်တင်နေပြီ..။
အမဲသားမှ မှန်မှန်မကျွေးရင် ကိုယ့်ကိုသတ်စားတော့မယ့်အဖြစ်ကိုရောက်နေပြီ..။

ဒီလို အမှားမှားအယွင်းယွင်းဖြစ်နေတဲ့ နိုင်ငံရေးအောက်မှာ ဘယ်သူမှ စိတ်ချမ်းသာမှာမဟုတ်ပါဘူး..။

စစ်သားဖြစ်ပြီး ကျိကျိတက်ချမ်းသာရတဲ့အဖြစ်ဟာ ရှက်တတ်ရင် လဲသေဖို့တောင်ကောင်းပါတယ်..။

ခင်ဗျားတို့ဖြင့် ဘယ်လိုနည်းနဲ့များ လိပ်ပြာတွေသန့်နေကြသလဲမသိဘူး..

ခင်ဗျားတို့ရဲ့ သားသမီးတွေကလည်း ဘယ်လောက်အထိ လူပါးဝလာသလဲဆိုရင်  လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လုပ်ကြံဖို့အထိ အတင့်ရဲ စိတ်ကူးယဉ်လာကြတယ်..

ဒေါ်အောင်ဆန်းစုကြည်က ခင်ဗျားတို့အပေါ် ဘာများမှားခဲ့လို့ ဒီလောက်အထိ အငြိုးတကြီးဖြစ်နေရတာလဲ..။

နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ပြည်သူတွေလက်ထဲပြန်အပ်ဖို့လုပ်တာ တိုင်းပြည်ကိုချောက်ထဲဆွဲချသလိုဖြစ်နေလို့လား...။

စစ်သားအလုပ်နဲ့ နိုင်ငံရေးသမားအလုပ်ခွဲထုတ်ဖို့စီမံတာ ခင်ဗျားတို့ကို စော်ကားရာများရောက်သလား....။

ကျောသားရင်သားမခွဲခြားတဲ့ ဥပဒေအောက်မှာ စစ်သား၊ အရပ်သားနဲ့ နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာနဲ့ကိုယ် ဣနြေ္ဒရရနေသွားနိုင်မယ့် စနစ်ကို အကောင်အထည်ဖော်ဖို့ကြိုးစားတာ မှားသလား..။

ခင်ဗျားတို့ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးတာဟာ ပြည်သူတွေကို ရန်သူလိုသဘောထားတာနဲ့အတူတူပဲ..

အမေစုနဲ့ပြည်သူဆိုတာခွဲလို့မရဘူး..။

ဒေါ်အောင်ဆန်းစုကြည်ကို တပ်နဲ့ထိပ်တိုက်မတွေ့စေနဲ့လို့ ခင်ဗျားတို့ပြောရင် ခင်ဗျားတို့ကိုလည်း ပြည်သူနဲ့ထိပ်တိုက်မတွေ့စေနဲ့လို့ ပြောရတော့မှာပဲ..။

ထောင်ချတော့လည်း ကျရုံပေါ့..ပစ်တော့လည်း သေရုံပေါ့ဗျာ..။

ကျွန်​​တော်တို့ပြည်သူတွေရဲ့ဘ၀ဟာ သန်းခေါင်ထက်တော့ညဥ့်မနက်တော့ပါဘူး....။

မဟာမိုင်း
Aye Aye Khing

https://m.facebook.com/story.php?story_fbid=389529781492529&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခင်ဗျားတို့ သဘောတူမှပြင်ရအောင် ခင်ဗျားတို့က ဘာလဲ?”

Post a Comment

Related Posts Plugin for WordPress, Blogger...