Wednesday, February 13, 2019

,
အမျိုးသားနိုင်ငံရေးပါတီ-တဲ့
 ဗမာပြည်နိုင်ငံရေးလောကလို စစ်ဗိုလ်(ထွက်)တွေ ထောင်တဲ့ နိုင်ငံရေးပါတီတွေများတဲ့နိုင်ငံမျိုး ကမ္ဘာ့သမိုင်းမှာ မရှိ ဖူးဘူးလို့ထင်ပါတယ်။ အာဏာသိမ်းသမိုင်းတွေများလွန်းတယ်ဆိုတဲ့ ထိုင်းတို့၊ လက်တင်အမေရိကတို့မှာတောင် မကြားဖူးဘူး။ တစည၊ ကြံ့ဖွတ်၊ ဗိုလ်ရွှေမန်းပါတီစသဖြင့်မီဒီယာပေါ်ရောက်နေကြတဲ့ ယူနီဖောင်းချွတ်ပါတီတွေထဲမှာ ရက်စွဲ နောက်ပြန်နဲ့(၂ဝ၁၈ခုနှစ်၊ စက်တင်ဘာ၇ရက်) ပါတီတစ်ခုထွက်လာပြန်ပြီ။ အမျိုးသားနိုင်ငံရေးပါတီတဲ့။ ၂ဝ၂ဝခုနှစ် ရွေးကောက်ပွဲအတွက် လာပြီးတာစူကြတာပေါ့လေ။
 ခေါင်းဆောင်ပိုင်းမှာ စစ်ဗိုလ်ဟောင်းတွေချည်းပါနေတာအပြင် ဗိုလ်သန်းရွှေလမ်းညွှန်မှုနဲ့ဖွဲ့တာ”လို့ဗြောင်ထုတ်ပြောတာ တို့ကိုထောက်တော့ သင်းတို့တတွေ မျက်နှာပြောင်လွန်းတယ်ပဲပြောရမှာလား၊ ဘာအကြံဆိုးတွေများရှိနေသလဲလို့ သတိထားရမှာလား၊ လားတွေထပ်တဲ့ အကွေ့တစ်ကွေ့ဖြစ်ပါတယ်။- မင်းတရားတပ်ချုပ်ကြီးက ညွှန်ကြားလို့ ပါတီထောင်တယ်ဆိုတာနဲ့ ပတ်သက်လို့ အခြားတစ်ဖက်က စဉ်းစားကြည့်ရင် စစ်အုပ်စုတွင်း အမွေခွဲရာမှာ အဝေမတည့်ဖြစ်လာတဲ့ ဂိုဏ်းအသီးသီးကို ၂၀၀၈ အောက်မှာ (၂၀၀၈ ကို ထိန်းသိမ်းဖို့ )  တာဝန်ပြန်ခွဲပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဗမာပြည်ကစစ်အုပ်စုလောက် အာဏာထိမ်းသိမ်းရာမှာ အတွေ့ အကြုံနဲ့အကြံဥာဏ်များတာ၊ လုပ်ရဲကိုင်ရဲရှိတာ ကမ္ဘာမှာရှာမှရှားတယ်လို့ဆိုရမှာပါ။
တစ်ခြားဟာတွေမရေရာသေးပေမယ့် သေချာတာတစ်ခုကတော့ ဒီချုပ်ကို ဖိအားလာပေးတာပါပဲ။  ဒီတပ်ထွက်ပါတီ တွေထဲက ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များများရရင် စစ်တပ်တမတ်သားဖွဲ့စည်းပုံဥပဒေကို ဖျက်/ပြင်လုပ်ပေး လေမလား မပြောတတ်ဘူး။ တပ်ထွက် တချို့တလေက ဒေါ်စုကို ကူချင်လို့ ဆိုတဲ့ လေသံပစ်တာလည်း ကြားရတာကိုး။ အခုအထိတော့ ဒီ အမျိုးသားနိုင်ငံရေးပါတီရဲ့မူဝါဒဆိုတာတွေ မကြားရ၊ မတွေ့ရသေးပါဘူး။ မျက်နှာဖုံးစွပ်ထား တဲ့ပါတီမို့များလား စဉ်းစားစရာဖြစ်ပါတယ်။ ဒီနိုင်ငံမှာက ပွင်းလင်းမြင်သာမှုဆိုတာ ရှစ်လေးလုံးအရေး တော်ပုံမှာလို လမ်းမပေါ်ဗြောင်သတ်ဖြတ်တာမျိုးပဲ ရှိတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ကျန်တာမှန်သမျှဟာ လျှို့ဝှက်သဲဖို ဇာတ်လမ်းလိုချည်း ဖြစ်နေတာအမှန်ပါပဲ။
တဘက်မှာတော့ ဗမာပြည်ပြည်သူလူထုလောက် နိုင်ငံရေးအကင်းပါးတာရှားတယ်ဆိုတဲ့အချက်သတိရပြီး ပွဲကြီး ပွဲကောင်းများ ပေါ်လာလေမလား တွေးမိပါတယ်။



https://m.facebook.com/story.php?story_fbid=2137696026325385&id=1143751615719836

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ”

Post a Comment

Related Posts Plugin for WordPress, Blogger...