Friday, February 16, 2018

ရခိုင်​ပြည်မှ သွယ်ယူထားသော ဂတ်စ်(Gas )ပိုက်လိုင်း တရုတ်​ပြည်​တွင် ပေါက်​ကွဲ| ၈ ဦး​သေ| ၃၅ ဦးဒဏ်​ရာရ

,
အောင်​မြင့်​သူ (မာန်​​အောင်​)
သဇင်​ပန်းခိုင်​| ဇူလိုင်​ ၅

တရုတ်​နိုင်​ငံ Guizhou ​ဒေသတွင် ဇူလိုင်လ ၂ ရက်နေ့က Gas ပိုက်​လိုင်း​ပေါက်​ကွဲမူ​ကြောင့်​ လူ ၈ ဦး​သေဆုံးပြီး ၃၅ ဦး ဒဏ်​ရာရခဲ့​ကြောင်း Reuters နှင့်​ China Daily သတင်းဌာနမှ ​၃ ရက်​​နေ့က ရေးသား​ဖော်​ပြခဲ့ပါတယ်​။

China Daily သတင်းရဲ့ ဇူလိုင်​ သုံးရက်​​ ဖော်​ပြချက်​အရ မြန်​မာပြည်​မှ Gas ပိုက်​လိုင်းဟု​ဖေါ်ပြထားခြင်းမ​တွေ့ရသော်လည်း Reuters သတင်းဌာနအဆိုအရ Xinhua News သတင်းတွင် တရုတ်​-မြန်​မာ Gas ပိုက်​လိုင်းဟု​ဖေါ်ပြထားကြောင်း အတည်​ ပြု​ဖော်​ပြထားပါတယ်​။ တခြား Research များ အရလည်း မြန်​မာပြည်​မှ Gas Pipelines ဖြစ်​​ကြောင်း ​တွေ့ ရှိရပါတယ်​။

ဇူလိုင်​ ၂ ရက်​​နေ့  တရုတ်​ဒေသစံ​တော်​ချိန်​ နံနက်​ ၁၀ နာရီခန့်​တွင်​ ​မိုးများပြီး​မြေပြိုမူ​ကြောင့်​ Gas ပိုက်​ကို ထိကာ​ပေါက်​ကွဲခဲ့ရခြင်းဖြစ်​တယ်​လို့ ဆိုပါတယ်​။ ​နေ့ လည်​အချိန်​အထိ မီးသတ်​ငြိမ်းခဲ့ကြရ​ကြောင်း​​သတင်းတွင်​ပါရှိပါတယ်​။

Reuters သတင်းအရ ဒဏ်​ရာရသူ ၃၅ ဦးအနက်​ ၄ ဦးမှာ စိုးရိမ်​ရ​ကြောင်း​ဖော်​ပြထားပါတယ်​။

မြန်​မာပြည်​တွင်းရှိ Gas ​စောင့်​ကြည့်​​လေ့လာသူများက ​တော့ ရခိုင်​ပြည်​မှ တရုတ်​ပြည်​သို့  သွယ်​ယူထားတဲ့ Gas ပိုက်​လိုင်း၏ အန္တရယ်​မှာ လွန်​စွာကြီးများ​ကြောင်း စိုးရိမ်​​နေ ကြတာ​တွေကိုလည်းကြားသိရပါတယ်​။

Source-

http://www.pressreader.com/china/china-daily-hong-kong/20170703/

https://www.usnews.com/news/world/articles/2017-07-02/cnpc-gas-pipeline-blast-kills-eight-injures-35-xinhua

https://m.facebook.com/story.php?story_fbid=2136351763318073&id=100008298112541

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်​ပြည်မှ သွယ်ယူထားသော ဂတ်စ်(Gas )ပိုက်လိုင်း တရုတ်​ပြည်​တွင် ပေါက်​ကွဲ| ၈ ဦး​သေ| ၃၅ ဦးဒဏ်​ရာရ ”

Post a Comment

Related Posts Plugin for WordPress, Blogger...