Monday, March 12, 2018

မြန်မာ လူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် အဖွဲ့ ဆွေးနွေး

,
မြန်မာ လူငယ်တွေကို ဂျပန်မှာ အသက်မွေး ဝမ်းကျောင်း ပညာ သင်ကြားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

မတ်လ ၁၂ ရက်က  နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရဲ့ ဧည့်ခန်းမမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  ဂျပန်နိုင်ငံ၊ Japan Business Ferderation (Keidanren) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံတုန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ အရေအတွက်များ တိုးတက် များပြားလာတာနဲ့ အညီ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများနဲ့ အလေး ပေးလိုတဲ့ ကဏ္ဍများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။

မြန်မာနိုင်ငံက လူငယ် လုပ်အားစုများကို  ဂျပန်နိုင်ငံမှာ လိုအပ်မယ့် ဝန်ဆောင်မှု လုပ်ငန်းများနဲ့ ကိုက်ညီတဲ့ သင်တန်းတွေ၊ အသက်မွေး ဝမ်းကျောင်း ပညာများ သင်ကြား လေ့ကျင့်ပေးရန် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အနာဂတ်မှာ စွမ်းအင်ကဏ္ဍနဲ့ လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေး ကဏ္ဍတို့မှာ ဂျပန် ကုမ္ပဏီများ ပိုမိုပါဝင် ရင်းနှီး မြှုပ်နှံရေး ကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ Japan Business Federation (Keidanren) ဒုတိယဥက္ကဋ္ဌ၊ ဂျပန် - မြန်မာ စီးပွားရေး ကော်မတီ ဥက္ကဋ္ဌနဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mr. Ken Kobayashi၊ ဂျပန်-မြန်မာ စီးပွားရေး ကော်မတီ ဥက္ကဋ္ဌနဲ့ မာရူဘီနီ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Teruo Asada တို့ ဦးဆောင်ပြီး ဂျပန်နိုင်ငံက ဦးဆောင် စီးပွားရေး လုပ်ငန်းကြီးများနဲ့ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများက အကြီးအကဲများ စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ဦး ပါဝင်ပါတယ်။

ဒီကိုယ်စားလှယ် အဖွဲ့ဟာ မတ် ၁၃ ရက်မှာ လုပ်မယ့် 3rd Myanmar-Japan Joint Economic Conference ကို  တက်ရောက်မှာ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/258265

DVB
12 . 3 . 2018 .


https://m.facebook.com/story.php?story_fbid=272389303298810&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ လူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် အဖွဲ့ ဆွေးနွေး”

Post a Comment

Related Posts Plugin for WordPress, Blogger...