Thursday, February 1, 2018

ဦးကိုနီဘာလဲဆိုတာသိချင်ရင် အင်မတန်ကြည့်သင့်တဲ့ ရုပ်သံမှတ်တမ်းပါ။

,
ယခုပြန်ဝန်ဖြစ်လာသူဦးဖေမြင့်၊ ယခုရန်ကုန်တိုင်းလွှတ်တော်အမတ် ကိုနေဘုန်းလတ်တို့ပါဝင်တဲ့ စင်္ကာပူနိုင်ငံစာပေဟောပြောပွဲတစ်ခုမှာ ပြောဆိုခဲ့တာပါ။

သူ့ဟောပြောချက်အနှစ်ချုပ်ကတော့

၁။၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေမှာ အုပ်ချုပ်ရေးအာဏာဟာနိုင်ငံတော်သမ္မတမှာရှိတယ်လို့ဆိုပေမယ့် ထွေအုပ်၊ ရဲတပ်ဖွဲ.၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးဌာနတွေကို ရာနှုန်းပြည့်ထိန်းချုပ်ထားတဲ့ ကာချုပ်ဆီမှာပဲရှိတဲ့အတွက် ရွေးကောက်ပွဲကတက်လာတဲ့အရပ်သားအစိုးရ အာဏာလက်မဲ့နေပြီး၊ မြန်မာပြည်ဟာ ဒီမိုကရေစီနိုင်ငံလုံးဝမဖြစ်သေး။
၂။ မြန်မာပြည်လွတ်လပ်ရေးကြေငြာစာတမ်းမှာ နိုင်ငံတော်အာဏာကို တိုင်းရင်းသားပြည်သူတွေကပိုင်ဆိုင်တယ်လို့ ရေးသားထားပေမယ့် ၂၀၀၈ ခြေဥအရ ကာချုပ်ကိုခန့်နိုင်တာ ကာချုပ်ပဲ၊ ဥပေဒပြုရေးလွှတ်တော်ရဲ. ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားတာလဲ ကာချုပ်ပဲ ၊ မဆလခေတ်၊ ဦးသန်းရွှေခေတ်မှာတောင်မရှိခဲ့တဲ့ စစ်ဖက်ဆိုင်ရာတရားရေးကိစ္စတွေကို  အဆုံးအဖြတ်ပေးနိုင်တာလည်းကာချုပ်ပဲ ဒါ့ကြောင့် နိုင်ငံတော်ရဲ.အာဏာဆိုတာ ပြည်သူရွေးတယ်ဆိုတဲ့ သမ္မတဆီမှာ ယောင်ပြပဲရှိတယ်။
၃။ ပြည်သူတွေပိုင်တဲ့အာဏာကို ဓားပြတိုက်ထားတယ်။ ဓားပြတိုက်တယ်ဆိုတာပြန်ရနိုင်သေး၊ ခုတော့ တရားဝင်ဥပဒေနဲ့အပို်င်သိမ်းထားတာကို ဘယ်လိုလုပ်မလဲ။
၎။ နှစ်ပေါင်း ၅၀ ပျက်စီးနေတဲ့ ကျွန်တော်တို့ရဲ. ရိရွဲနေတဲ့စိတ်ဓာတ်တွေကို ပြင်ဖို့ ပညာရေးစနစ်ကို ကောင်းမွန်အောင်မြှင့်တင်ရမယ်။ ပြည်သူတွေကို ပညာပေးလို့ရပေမယ့် တပ်မတော်ကို ဘယ်သူက ပညာပေးမလဲ။
၅။ နိုင်ငံတိုင်းမှာ တပ်မတော်ဆိုတာမရှိမဖြစ်ဘူး၊ တပ်မတော်ဆိုတာ ပြည်သူကချစ်မြတ်နိုးတဲ့တပ်မတော်ဖြစ်ဖို့ သူတိုရဲ.အခန်းကဏ္ဍဟာဘာလဲဆိုတာကျနော်တို့က  Let them know အသိပေးရမယ်။ ပြည်တင်းရင်မင်းမခံနိုင်ဘူး။
၆။ ဖက်ဒရယ်သရဲကိုကြောက်ပြီး တစ်ပြည်ထောင်စနစ်ကို အာဏာနဲ့ကျင့်သုံးခဲ့တာ ခုတော့ နိုင်ငံတော်မှာ လက်နိုင်ကိုင်အဖွဲ.တွေ ၁၅ ဖွဲ.လောက်ပေါ်ပေါက်လာရတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကိုသာရွေးချယ်ရမယ်။
၇။ ဒေါ်အောင်ဆန်းစုကြည်ရှိပါတယ်၊ သူလုပ်နိုင်ပါတယ်လို့ လူတစ်ဦးတစ်ယောက်တည်းကို တာဝန်ပုံတာမျီုးလုပ်လို့မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့အားလုံး နိုင်ငံတော်ရဲ.အာဏာကို ပြည်သူတွေလက်ထဲ၊ ပြည်သူကရွေးချယ်တဲ့ လွှတ်တော်၊ အစိုးရတွေလက်ထဲရောက်ရှိဖို့ကြိုးစားရမယ်။

အမှန်တရားကိုချစ်မြတ်နိုးတဲ့ သူတော်ကောင်းစရိုက်စိတ်နေစိတ်ထားရှိတဲ့ ဆရာဦးကိုနီရောက်ရာအရပ်မှာ အေးချမ်းသာယာပါစေ။သူပြောတာတွေမှန်သလားမမှန်သလားဆို စကားနည်းတဲ့ သမ္မတဦးထင်ကျော် ၂၀၁၈ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာတော့ ၂၀၀၈ ခြေခံဥပဒေပြင်ဆင်ဖို့နဲ. တိုင်းရင်းသားအားလုံးအတွက် တရားမျှတမှုကိုပေးနိုင်မယ့် ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးကိုပဲ ပြောခဲ့ကြာင်းပါ။


https://m.facebook.com/story.php?story_fbid=1545807918807143&id=100001338505522

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုနီဘာလဲဆိုတာသိချင်ရင် အင်မတန်ကြည့်သင့်တဲ့ ရုပ်သံမှတ်တမ်းပါ။ ”

Post a Comment

Related Posts Plugin for WordPress, Blogger...