Tuesday, December 26, 2017

"စစ်ဗိုလ်ချုပ်များနဲ့ ခရိုနီတစ်စု ခိုးစားထားသမျှ ..".

,
ပြည်သူ့ရင်ပြင်နဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ ...
ပြည်သူ့ရင်ပြင်နဲ့ မျက်နှာခြင်းဆိုင် ပြည်လမ်းပေါ်က မြေကွက်ကို တဧကလျှင် တစ်လ ၆.၁ သန်းကျပ်နဲ့ ငှားရမ်းနေတဲ့အချိန်မှာ ...

Natural world ကုမ္ပဏီကိုတော့ မြေအကျယ် ၇၆.၃၆ ဧကရှိသော ပြည်သူ့ရင်ပြင်အား တစ်လလျှင် ၀.၀၃၅ သန်း (သုံးသောင်းခွဲ) ကျပ်ဖြင့်သာ ငှားရမ်းထားခဲ့သောကြောင့် တစ်လလျှင် ကျပ် ၄၆၃.၁၂၃ သန်း၊ တစ်နှစ်လျှင် ၅၅၅၇.၄၈၀ သန်း ပြည်သူလူထုက နစ်နာနေပါသည်။

စာချုပ်စတင် ချုပ်ဆိုခဲ့သော ၂၀၁၁ နိုဝင်ဘာလကစတင်၍ တွက်သော် ကျပ်သန်းပေါင်း ၂၂၂၂၉.၉၂ သန်း ပြည်သူတို့ ဆုံးရှုံးနစ်နာနေပြီ ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဒေါ်ညို ညို သင်းမှ ပြည်သူများ နစ်နာဆုံးရှုံးနေသည့်အတွက် မည်သူတာဝန်ယူမည်လဲဟု မေးခွန်းထုတ်ရာ ရန်ကုန်မြို့တော်ဝန်မှ မည်သူတာဝန်ယူမလဲအား မဖြေကြားပဲ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စာချုပ်အသစ် ပြန်လည်ချုပ်ဆိုပါက ငှားရမ်းခနှုံးထားများအား ခေတ်ကာလ တန်ဖိုးနှင့် လျော်ညီစေရန် ပြန်လည်ပြင်ဆင်၍ စာချုပ်သစ် ချုပ်ဆိုသွားပါမည်ဟု ဖြေကြားသောလုပ်ရပ်မှာ သူခိုးလူမိမှ ပြန်ပေးမည်။ စားထားခဲ့သမျှ တာဝန်မယူဆိုသကဲ့သို့ အဓိပ္ပါယ်သက်ရောက်၍ တာဝန်ယူမှု ကင်းမဲ့လွန်းလှပါသည်။

တခါ ဇေကမ္ဘာကုမ္ပဏီကို မြေ ၂၅ ဧကကို တစ်နှစ်ကို ၁ ဧက ၁၂ သိန်းနှုန်း နဲ့ ငှားရမ်းထားတဲ့ နိုင်ငံတော်ရဲ့ နစ်နာမှုမှုကလည်း တစ်နှစ်ကို ၁ ဘီလျှံနဲ့ ကျန်ခဲ့တဲ့ ၅ နှစ် အတွက်ဆိုရင် ၅ ဘီလျှံနစ်နာခဲ့ပါတယ်။

လာပါဦးမယ်။ မြကျွန်းသာ အပန်းဖြေစခန်းကို ကုမ္ပဏီ ၈ခုကို နှစ် ၆၀ အောက်ဈေးနဲ့ ငှားရမ်းမှုမှာလည်း ပွင့်လင်းစွာတင်ဒါခေါ်ယူထားခြင်း လည်းမရှိပါဘူး။ အပန်းဖြေစခန်းတစ်ခုလုံးကို ကုမ္ပဏီ ၈ ခုနေရာအပိုင်တွေခွဲပြီး မြေတွေတူး၊ အဆောက်အဦးတွေဆောက် ထင်တိုင်းကြဲနေကြတာ  အင်းယားကန်ထဲအထိ တိုးချဲ့ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကလည်း သက်သေအထင်အရှားပါ။
ဒါကိုမှ စည်ပင်က ပြန်ဖြေရှင်းရာမှာ စီးပွါးရေးအဆောက်အအုံများ တည်ဆောက်ခြင်းဟာ အင်းလျားကန် ရေပြင်ဧရိယာပေါ် ဆောက်လုပ်ထားခြင်း မရှိပါ ဘူးဆိုပြီးတော့ လွှတ်တော်မှာ ဗြောင်လိမ်ခဲ့ပါတယ်။

မြကျွန်းသာအပန်းဖြေစခန်းကို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေက
(၁)မက်စ်မြန်မာ၊
(၂) ဧဒင်၊
(၃)Inya Palace၊
(၄)Magic Land ၊
(၅) Nay La Pwint Service ၊
(၆) MGS Resort & Entertainment ၊
(၇) Good Shan Brotherနဲ့
(၈) Rya Ji တို့ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၇၃ ခုနှစ် မတ် ၃၁ ရက်အထိ နှစ် ၆၀ အတွက် တစ်စတုရန်းပေကို ကျပ် ၇ သိန်းခန့်ဈေးပေါက်တဲ့နေရာကို တစ်နှစ်ကိုမှ တစ်ဧကလျှင် ကျပ် ၁၂ သန်း တစ်လလျှင် ကျပ် ၁၀ သိန်းဖြင့်သာ ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မြေငှားရမ်းခနှင့် စပ်လျဉ်း၍ တစ်နှစ်ပြည့်သည့် အခါတိုင်း ငှားရမ်းခကို လက်ရှိ ငှားရမ်းနှုန်းထား၏ ၁၀ ရာခိုင်နှုန်းထက် မပိုဘဲ တိုးမြှင့်ရန် ပါရှိထားပေမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကြိုတင်ငှားရမ်းခ ပေးသွင်းတာမှာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်၍ ကောက်ခံထားခြင်း မရှိသလို ကုမ္ပဏီဘက်ကလည်း ပေးသွင်းထားခြင်းမရှိဘူးလို့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။

ယခု အငြင်းပွားနေရသော နိုင်ငံတော်အခွန်ငွေများ အဆမတန် နှစ်စဉ် ကျပ်ငွေ ဘီလီလျံပေါင်း သောင်းနဲ့ချီ၍ နစ်နာဆုံးရှုံးမှုများမှာ ပန်းခြံသုံးခုအား ငှားရမ်းရာမှ
ဆုံးရှုံးနစ်နာမှုများသာ ရှိပါသေးတယ်။
ရန်ကုန်တစ်မြို့လုံးမှာ ပန်းဥယာဉ်ပေါင်း ၆၀ ကျော်ရှိပါတယ်။ လူမသိသူမသိ အသိမ်းခံလိုက်ရပြီး ကွန်ဒိုတွေအဖြစ် နေ့ချင်းညချင်း ပြောင်းသွားခဲ့ရတဲ့  ပြည်သူပိုင် အားကစားကွင်းတွေကို ပြုစုထားတဲ့ စာရင်းကလည်း မနဲပါဘူး။

သက်တမ်း ၅ နှစ်သာရှိတဲ့ ဦးသိန်းစိန်အစိုးရ က ဘာရည်ရွယ်ချက်ကြောင့် နှစ် ၃၀၊ နှစ် ၆၀ နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုပြီးငှားရမ်းနေရတာလဲ၊ နှစ် ၆၀ အထိဆို နိုင်ငံတော်အတွက် ဘယ်လောက်အထိ နစ်နာဆုံးရှုံးမလဲ နားမလည်တာလား။ ပြည်သူတွေအပေါ် စေတနာမရှိတာလားဆိုတာတော့ သူတို့သာ အသိဆုံး ဖြစ်မှာပါဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

သံပါးစပ်

#K.tw


https://m.facebook.com/story.php?story_fbid=321165938363108&id=297343744078661

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"စစ်ဗိုလ်ချုပ်များနဲ့ ခရိုနီတစ်စု ခိုးစားထားသမျှ ..".”

Post a Comment

Related Posts Plugin for WordPress, Blogger...