Saturday, May 12, 2018

တာမွေ စစ်ပွဲ ရပ် ဆန္ဒပြပွဲတွင် သတင်းသမားများ ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်ခံရမှုအပေါ် အရေးပေါ် ကြေညာချက် ထုတ်ပြန်

,
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ Ocean ဈေးဝယ်စင်တာရှေ့တွင် စစ်ပွဲရပ် ဆန္ဒပြ လှုပ်ရှားမှု အခြေအနေကို သတင်းသမားများ အားလုံး သွားရောက် သတင်းယူခဲ့ကြရာ သတင်း သမား များကို  ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်မှု များဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များက ခြိမ်းခြောက် သူများကို ဖမ်းဆီးခြင်းမရှိသည့်အပြင် အာဏာပိုင်တချို့ကိုယ်တိုင် သတင်း သမားများ ကို တိုက်ခိုက် မှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်ပွဲရပ် ဆန္ဒပြပွဲ သတင်းယူစဉ် အရက်သေစာ သောက်စားထားသည့် ပုံရှိသည့် အရပ်သား တချို့က( ထိုသူတို့၏ ပုံများ ရရှိထားပါသည်)  သတင်းရယူနေသည့် သတင်းသမားများကို “ထိုးကွာ၊ ချကွာ၊ သတ်ပစ်လိုက်၊ ငါလိုးမသတင်းသမားတွေ၊ တိုင်းပြည်ဖျက်တွေ” ဆိုပြီး ညာသံ ပေးသံများ လုံထိန်း ရဲများ၏ နောက်ကွယ်မှ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာသော်လည်း အာဏာပိုင်များက လုံးဝ တားဆီးခြင်း၊ သတိပေးခြင်း၊ ဖမ်းဆီးခြင်း လုံးဝ မရှိဘဲ လျစ်လျူ ရှုခဲ့သည်။

ဆန္ဒပြပွဲကို ဖြိုခွင်းစဉ် ရဲတပ်ဖွဲ့ဝင်တချို့က သတင်းသမားတချို့ ကို ဒိုင်းဖြင့် တိုက်ခြင်း၊ လက်သီး ဖြင့် ထိုးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သတင်းသမားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်းသမားများကို ဆဲဆိုခြိမ်းခြောက်သူများကို အရေးယူမခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် သတင်းသမားတချို့ကို တိုက်ခိုက်မှုများအပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်အပ်ပါသည်။ အသေးစိတ်ဖြစ်စဉ်များကို ထပ်မံ အစီရင်ခံစာ ထုတ်ပြန် ပါမည်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ
ရန်ကုန်မြို့၊ မေ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။


https://m.facebook.com/story.php?story_fbid=1333011670133001&id=267633210004191

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တာမွေ စစ်ပွဲ ရပ် ဆန္ဒပြပွဲတွင် သတင်းသမားများ ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်ခံရမှုအပေါ် အရေးပေါ် ကြေညာချက် ထုတ်ပြန်”

Post a Comment

Related Posts Plugin for WordPress, Blogger...