Friday, August 31, 2018

တပ္မေတာ္သတင္းစဥ္မွဝါဒျဖန္႔ခ်ီမႈပါဝင္ေသာတင္ျပမႈ

,
ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္အဖြဲ႕ (Independent Commission of Enquiry) အား လက္ခံေတြ႕ဆံု

ေနျပည္ေတာ္၊ ၾသဂုတ္ - ၂၉

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ လြတ္လပ္ေသာ စံုစမ္းစစ္ေဆး ေရးေကာ္မရွင္အဖြဲ႕(Independent Commission of Enquiry) အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပဲြသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕ (Independent Commission of Enquiry) မွ အဖဲြ႕ေခါင္းေဆာင္ H.E. Ambassador Mrs. Rosario Manalo ၊ အဖဲြ႕၀င္ H.E. Ambassador Mr. Kenzo Oshimaႏွင့္ အဖဲြ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)က လြတ္လပ္ ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္အဖဲြ႕အား ျဖစ္စဥ္မွန္မ်ားကို ရွာေဖြေဖာ္ထုတ္ႏိုင္ေရးအတြက္ ပထမဦးစြာ ရခိုင္ျပည္နယ္ျဖစ္စဥ္ျဖစ္ရပ္ သမိုင္းေၾကာင္းမ်ားႏွင့္ ပတ္သက္ၿပီး ပဏာမရွင္းျပခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံ၌ ၂၀၁၄ ခုႏွစ္၊ သန္းေခါင္စာရင္းအရ လူဦးေရ ၅၂ သန္းေက်ာ္ရွိကာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ဗမာ၊ ရခိုင္၊ ရွမ္း ဟူ၍ အဓိကလူမ်ိဳးႀကီး ၈ မ်ိဳးရွိၿပီး ဗုဒၶဘာသာကိုးကြယ္သူ ၈၇.၉ ရာခိုင္ႏႈန္း၊ ခရစ္ယာန္ဘာသာကိုးကြယ္သူ ၆.၂ ရာခိုင္ႏႈန္းႏွင့္ အစၥလာမ္ဘာသာကိုးကြယ္သူ ၄.၃ ရာခိုင္ႏႈန္းအပါအ၀င္ အျခားဘာသာ၀င္ႏွင့္ ဘာသာမဲ့မ်ား ရွိေနမႈအေျခအေနမ်ား၊ ၁၈၂၄ ခုႏွစ္၊ ပထမ အဂၤလိပ္-ျမန္မာစစ္ပြဲအၿပီး အဂၤလိပ္ကိုလိုနီနယ္ခ်ဲ႕မ်ားက ယခင္ အိႏၵိယႏုိင္ငံ၊ ဘဂၤလားနယ္ (ယခုဘဂၤလားေဒ့ရွ္ႏိုင္ငံ) မွ ျမန္မာႏိုင္ငံသို႔ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ကားလမ္း ေဖာက္လုပ္ရန္ အလုပ္ၾကမ္းကူလီမ်ားအေနျဖင့္ ေခၚေဆာင္လာမႈအေျခအေနမ်ား၊ ဘဂၤါလီမ်ားသည္ လူဦးေရ ေပါက္ဖြားႏႈန္းမ်ားျပားမႈအေပၚ ပ်ဥ္းမွ်တစ္အိမ္ေထာင္လွ်င္ ဇနီးမယား ၄ ဦးထိရယူ၍ မိသားစု ၁ စုလွ်င္ လူဦးေရ ၂၀ မွ ၆၅ ဦးအထိရွိမႈအေျခအေနမ်ား၊ ေဒသခံရခိုင္တိုင္းရင္းသားမ်ားအေပၚ လူဦးေရတုိးပြားလာသည့္ ဘဂၤါလီ အင္အားျဖင့္ ေနထိုင္၍မရေအာင္ ၿခိမ္းေျခာက္ခဲ့မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံလြတ္လပ္ေရးရၿပီး ေနာက္ပိုင္း ရခုိင္ျပည္နယ္အတြင္း မူဂ်ာဟစ္ကုလားဆိုးသူပုန္မ်ားႏွင့္ ၁၉၄၂ ခုႏွစ္ အလယ္သံေက်ာ္ အေရးအခင္းမ်ား ေၾကာင့္ ေဒသခံရခိုင္တိုင္းရင္းသား အမ်ားအျပားအသတ္ခံခဲ့ရျခင္းႏွင့္ ေနအိမ္မ်ားမီး႐ိႈ႕ဖ်က္ဆီးခံရျခင္းမ်ား ေၾကာင့္ စစ္ေတြေျမာက္ျခမ္းျဖစ္သည့္ ဘူးသီးေတာင္-ေမာင္ေတာ-ရေသ့ေတာင္ေနထိုင္ၾကသည့္ ေဒသခံရခိုင္ တိုင္းရင္းသားအမ်ားအျပားေနရပ္စြန္႔ခြာလက္လႊတ္ ထြက္ေျပးရမႈအေျခအေနမ်ား၊ လက္ရွိအေျခအေနအရ ၎ဘဂၤါလီ မ်ားသည္ ႏိုင္ငံတကာအဖဲြ႕အစည္းအခ်ိဳ႕၏ အားေပးအားေျမႇာက္မႈအကူအညီမ်ားရယူၿပီး ႐ိုဟင္ဂ်ာလူမ်ိဳး တစ္မ်ိဳးအျဖစ္ လုပ္ႀကံပံုေဖာ္ကာ တုိက္႐ိုက္ႏိုင္ငံသားျဖစ္ခြင့္ရရွိေအာင္ ဖန္တီးေနသည့္ အေျခအေနမ်ား၊ နယ္ေျမလုယူရန္ႀကံစည္အေကာင္အထည္ ေဖာ္ေနမႈအေျခအေနမ်ား၊ ယခင္အစုိးရႏွင့္ တပ္မေတာ္မွ ႐ုိဟင္ဂ်ာမရွိဟု အေထာက္အထား ခုိင္ခိုင္လုံလုံျဖင့္ျငင္းဆုိခဲ့မႈအေျခအေနမ်ား၊ မိမိတို႔ႏိုင္ငံ အေနျဖင့္ ႏိုင္ငံသားျဖစ္ခြင့္ကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒႏွင့္အညီသာ ေဆာင္ရြက္လ်က္ရွိမႈအေျခအေနမ်ား၊ လူဦးေရေပါက္ဖြားႏႈန္းမ်ားျပားမႈ၊ ႏိုင္ငံတကာအဖဲြ႕အစည္းအခ်ိဳ႕တို႔၏ အကူအညီ ရယူမႈမ်ားျဖင့္ ရခိုင္ေဒသ အတြင္း ဘဂၤါလီမ်ားက ျပႆနာဖန္တီးခဲ့ရာတြင္ ၂၀၁၂ ခုႏွစ္၊ ရမ္းၿဗဲၿမိဳ႕နယ္၌ ရခိုင္တုိင္းရင္းသူ မသီတာေထြး ကို ဘဂၤါလီ ၄ ဦးက အဓမၼျပဳက်င့္ခဲ့ရာမွစ၍ စစ္ေတြ၊ သံတဲြ၊ ေတာင္ကုတ္၊ မိတၴီလာ၊ မႏၲေလးႏွင့္ ျပည္ၿမိဳ႕ မ်ားတြင္ ပဋိပကၡမ်ားျဖစ္ပြားခဲ့မႈအေျခအေန၊ ၂၀၁၂ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အတြင္း ေဒသခံရခိုင္ တိုင္းရင္းသားမ်ား၊ အစိုးရႏွင့္ဆက္သြယ္ေဆာင္ရြက္သူမ်ား၊ သတင္းမီဒီယာသမားမ်ားအား သတ္ျဖတ္ျခင္း၊ အစြန္းေရာက္ ဘာသာေရးအယူအဆမ်ားအား ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ေဒသရွိ ဘဂၤါလီမ်ားထံ သြပ္သြင္းျခင္းမ်ား ျပဳလုပ္၍ အစြန္းေရာက္အၾကမ္းဖက္အင္အားတည္ေဆာက္ခဲ့မႈ အေျခအေန၊ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလအတြင္း တရားဥပေဒစိုးမိုးေရးေဆာင္ရြက္ ေနသည့္ ရဲကြပ္ကဲမႈဌာနခ်ဳပ္တစ္ခုအပါအ၀င္ ရဲကင္းစခန္း ၃၀ အား တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး လက္နက္မ်ိဳးစုံ (၆၈) လက္လု ယူမႈအပါအ၀င္ ရဲ၀န္ထမ္း မ်ားႏွင့္ မိသားစု၀င္မ်ားကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့မႈအေျခအေနႏွင့္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္လည္း တပ္မေတာ္ဌာနခ်ဳပ္တစ္ခုအပါအ၀င္ ရဲကင္းစခန္းမ်ားႏွင့္ ေဒသခံတုိင္းရင္းသား ေက်းရြာမ်ားကို အင္အားအလံုးအရင္းျဖင့္ ျဖန္႔ခြဲ၀င္ေရာက္ တိုက္ခိုက္မႈအေျခအေနမ်ား၊ ဘဂၤါလီအခ်င္းခ်င္း အၾကမ္းဖက္မႈ၌ မပါ၀င္သူႏွင့္ သေဘာမတူသူမ်ားကို လည္လွီးသတ္ျဖတ္ခဲ့မႈအေျခအေနမ်ား၊ ၂၀၁၂ ခုႏွစ္ ျဖစ္စဥ္၌ ရပ္ကြက္/ေက်းရြာမ်ားအတြင္းသာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ျဖစ္စဥ္တြင္ တရား ဥပေဒစိုးမိုးေရးေဆာင္ရြက္ေနသည့္ ရဲတပ္ဖဲြ႕၀င္မ်ားကို တိုက္ခိုက္ခဲ့ျခင္း ျဖစ္လာကာ ၂၀၁၇ ခုႏွစ္ျဖစ္စဥ္၌ အရပ္သားမ်ား၊ ရဲစခန္းမ်ားအျပင္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ေနေသာ အျမင့္ဆံုး လံုၿခံဳေရး အဖဲြ႕အစည္းျဖစ္သည့္ တပ္ဌာနခ်ဳပ္မ်ားကိုပါ ၀င္ေရာက္တိုက္ခိုက္ခဲ့သည့္ အေျခအေနမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕၀င္ မ်ားႏွင့္ ေဒသခံတုိင္းရင္းသား ရခုိင္ေက်းရြာမ်ားအေပၚ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္တြင္ ဘဂၤါလီအင္အား အလုံးအရင္းျဖင့္ တုိက္ခိုက္လာမႈေၾကာင့္ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕၀င္ အင္အားႏွင့္ မလုံေလာက္ေတာ့၍ လုံၿခဳံေရးအင္အား ထပ္မံျဖည့္တင္းခဲ့ရသည့္ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း အျမန္ဆုံးျပန္လည္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ စစ္ဆင္ေရးေဆာင္ရြက္ရာတြင္ ႏုိင္ငံေတာ္အစုိးရ၏ ၫႊန္ၾကားခ်က္မ်ား၊ ခြင့္ျပဳခ်က္မ်ားႏွင့္ ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္ ၫႊန္ၾကားခ်က္မ်ား၊ စည္းကမ္းမ်ား၊ ဥပေဒမ်ားႏွင့္အညီ နယ္ေျမ လံုၿခံဳေရးႏွင့္ တရားဥပေဒစုိးမုိးေရးဆုိင္ရာလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့သည့္ အေျခအေနမ်ား၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္မွ စက္တင္ဘာ ၅ ရက္ ေနာက္ပိုင္း လံုၿခံဳေရးအကူအညီအင္အားျဖည့္ေရာက္ရွိေနသည့္ တပ္မေတာ္ စစ္ေၾကာင္းမ်ား ျပန္လည္ဆုတ္ခြာခဲ့ၿပီးေနာက္ ဘဂၤါလီမ်ား အစုလိုက္ အၿပံဳလိုက္ ထြက္ေျပးမႈႏွင့္ ဘဂၤါလီေက်းရြာမ်ား မီး႐ိႈ႕ခံရမႈအေျခအေနအေပၚ ႏိုင္ငံေတာ္အစုိးရႏွင့္ တပ္မေတာ္မွ ေတြ႕ရွိရမႈ အေျခအေနမ်ား၊ တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ၁ ဦး ဦးေဆာင္၍ ပဋိပကၡကာလအတြင္း ျဖစ္ပြားႏုိင္သည့္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈႏွင့္ ဥပေဒမဲ့သတ္ျဖတ္မႈ၊ မုဒိမ္းက်င့္မႈအပါအ၀င္ လံုၿခံဳေရးတပ္ဖဲြ႕၀င္မ်ားမွ က်ဴးလြန္ခဲ့ျခင္း ရွိ/မရွိ၊ ထုတ္ျပန္ထားသည့္ Rule of Engagement ႏွင့္ ေဒသႏၲရစစ္ဆင္ေရး အမိန္႔၊ အုပ္ခ်ဳပ္မႈ အမိန္႔မ်ားအေပၚ လိုက္နာေဆာင္ရြက္မႈရွိ/မရွိႏွင့္ ေဖာက္ဖ်က္က်ဴးလြန္မႈ ရွိ/မရွိတို႔အား ရခိုင္တိုင္းရင္းသား ေက်းရြာ ၂ ရြာ၊ ဟိႏၵဴေက်းရြာ ၂ ရြာႏွင့္ ဘဂၤါလီ ေက်းရြာ ၅၄ ရြာမွ ရြာသူ/ရြာသား ၃၂၁၇ ဦးကို ေတြ႕ဆံုေမးျမန္းခဲ့ၿပီး အသိသက္ေသ ၈၀၄ ဦး၏ သက္ေသထြက္ဆိုခ်က္မ်ားကို ရယူစစ္ေဆးေဆာင္ရြက္မႈ အေျခအေနမ်ားအား ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္၍ ၂၀၁၂ ခုႏွစ္၊ ၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္ျဖစ္စဥ္မ်ားတြင္ အနီးကပ္ကြပ္ကဲရသည့္ တပ္မွဴးႀကီး ၁ ဦး၊ နယ္ေျမအလိုက္ကြပ္ကဲရသည့္ တပ္မွဴးႀကီး ၁ ဦးတို႔ကိုလည္း ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္ၫႊန္ၾကား ခ်က္အေပၚ လက္ေအာက္မွ အေကာင္အထည္ေဖာ္ႏိုင္ေရး ၾကပ္မတ္အားထုတ္ရန္အားနည္းခ်က္ေၾကာင့္ တာ၀န္မ်ားေရႊ႕ေျပာင္း၍ လိုအပ္သလိုစစ္ေဆးေဆာက္ရြက္ခဲ့မႈအေျခအေနမ်ား၊ စစ္ေဆးၿပီးေနာက္ တာ၀န္ရွိမႈ တို႔ေၾကာင့္ အဆိုပါအရာရွိႀကီး ၂ ဦးအား တပ္မေတာ္မွ အခ်ိန္မတုိင္မီ အၿငိမ္းစားေပးခဲ့မႈ၊ တာ၀န္မွ ရပ္စဲခဲ့ရမႈ အေျခအေနအျပင္ တပ္မေတာ္အေနျဖင့္ ထုတ္ျပန္ထားသည့္ စစ္ဘက္ဥပေဒႏွင့္ ရာဇသတ္ႀကီးပုဒ္မမ်ားအား ေဖာက္ဖ်က္က်ဴးလြန္ပါက ျပစ္မႈက်ဴးလြန္မႈအေပၚမူတည္၍ ထိထိေရာက္ေရာက္အေရးယူမႈ အေျခအေနမ်ား အား ေဆြးေႏြးေျပာၾကား သည္။

၎ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) က ဆက္လက္ေျပာၾကား ရာတြင္ ျဖစ္စဥ္ျဖစ္ရပ္မ်ား၏ သက္ေသအေထာက္အထား အခ်က္အလက္မ်ားအား ျမန္မာႏိုင္ငံသို႔ ၂၀၁၈ ခုႏွစ္၊ ေအၿပီ ၃၀ ရက္တြင္ ေရာက္ရွိလာသည့္ ကုလသမဂၢလံုၿခံဳေရးေကာင္စီမွ သံတမန္မ်ားအပါအ၀င္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံခဲ့သည့္ သံတမန္အဖြဲ႕တုိင္းအား လည္းေကာင္း၊ ျပည္တြင္း၊ ျပည္ပမီဒီယာမ်ားထံသို႔ လည္းေကာင္း၊ အခ်ိန္ႏွင့္တစ္ေျပးညီ ျဖစ္စဥ္အမွန္မ်ား သိရွိေစေရး ျဖန္႔ေ၀ျခင္း၊ ရွင္းျပျခင္းမ်ားျပဳလုပ္ခဲ့ေသာ္လည္း ႏိုင္ငံတကာမွ ယေန႔အခ်ိန္ထိ ျဖစ္စဥ္အမွန္မ်ား သိရွိမႈအားနည္းေနသည့္ အေျခအေနမ်ားအားေျပာၾကားၿပီး ျပဳစုထားသည့္အခ်က္အလက္မ်ား၊ ဓာတ္ပံု မွတ္တမ္းမ်ား၊ ထုတ္ျပန္ထားသည့္သတင္းမ်ားအေပၚ အေသးစိတ္ရွင္းလင္းေဆြးေႏြးၿပီးေနာက္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္အဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား၌လည္း တပ္မေတာ္အေနျဖင့္ အျပည့္အ၀လုိအပ္ သည္မ်ား ကူညီရန္အသင့္ရွိပါေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ Mrs. Rosario Manalo က ရခိုင္အေရးကိစၥႏွင့္ပတ္သက္၍ သက္ေသခံအခ်က္မ်ားအေပၚမူတည္ၿပီး မွန္ကန္မွ်တေသာအေျဖကို ရွာေဖြေဖာ္ထုတ္ကာ ႏိုင္ငံတကာကို ေျဖရွင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ား အား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း က ရခိုင္ျပည္နယ္ျဖစ္စဥ္ ျဖစ္ရပ္အမွန္ အခ်က္အလက္မ်ား၊ ဓာတ္ပံုအေထာက္အထားမ်ား၊ ရခိုင္ျပည္နယ္၏ သမိုင္းေၾကာင္းဆုိင္ရာစာအုပ္မ်ားအား လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္အဖဲြ႕၀င္မ်ားထံသို႔ ၁ ဦးခ်င္း ေပးအပ္သည္။

ေတြ႕ဆံုပဲြအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) သည္ လြတ္လပ္ ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္အဖဲြ႕မွ အဖဲြ႕၀င္မ်ား ႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (Independent Commission of Enquiry) အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၂၉

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့(Independent Commission of Enquiry) အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commission of Enquiry) မှ အဖွဲ့ခေါင်းဆောင် H.E. Ambassador Mrs. Rosario Manalo ၊ အဖွဲ့ဝင် H.E. Ambassador Mr. Kenzo Oshimaနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လွတ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား ဖြစ်စဉ်မှန်များကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ပထမဦးစွာ ရခိုင်ပြည်နယ်ဖြစ်စဉ်ဖြစ်ရပ် သမိုင်းကြောင်းများနှင့် ပတ်သက်ပြီး ပဏာမရှင်းပြခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းကျော်ရှိကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍ အဓိကလူမျိုးကြီး ၈ မျိုးရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်းနှင့် အစ္စလာမ်ဘာသာကိုးကွယ်သူ ၄.၃ ရာခိုင်နှုန်းအပါအဝင် အခြားဘာသာဝင်နှင့် ဘာသာမဲ့များ ရှိနေမှုအခြေအနေများ၊ ၁၈၂၄ ခုနှစ်၊ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက ယခင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ) မှ မြန်မာနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးနှင့် ကားလမ်း ဖောက်လုပ်ရန် အလုပ်ကြမ်းကူလီများအနေဖြင့် ခေါ်ဆောင်လာမှုအခြေအနေများ၊ ဘင်္ဂါလီများသည် လူဦးရေ ပေါက်ဖွားနှုန်းများပြားမှုအပေါ် ပျဉ်းမျှတစ်အိမ်ထောင်လျှင် ဇနီးမယား ၄ ဦးထိရယူ၍ မိသားစု ၁ စုလျှင် လူဦးရေ ၂၀ မှ ၆၅ ဦးအထိရှိမှုအခြေအနေများ၊ ဒေသခံရခိုင်တိုင်းရင်းသားများအပေါ် လူဦးရေတိုးပွားလာသည့် ဘင်္ဂါလီ အင်အားဖြင့် နေထိုင်၍မရအောင် ခြိမ်းခြောက်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း မူဂျာဟစ်ကုလားဆိုးသူပုန်များနှင့် ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်းများ ကြောင့် ဒေသခံရခိုင်တိုင်းရင်းသား အများအပြားအသတ်ခံခဲ့ရခြင်းနှင့် နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်းများ ကြောင့် စစ်တွေမြောက်ခြမ်းဖြစ်သည့် ဘူးသီးတောင်-မောင်တော-ရသေ့တောင်နေထိုင်ကြသည့် ဒေသခံရခိုင် တိုင်းရင်းသားအများအပြားနေရပ်စွန့်ခွာလက်လွှတ် ထွက်ပြေးရမှုအခြေအနေများ၊ လက်ရှိအခြေအနေအရ ၎င်းဘင်္ဂါလီ များသည် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အားပေးအားမြှောက်မှုအကူအညီများရယူပြီး ရိုဟင်ဂျာလူမျိုး တစ်မျိုးအဖြစ် လုပ်ကြံပုံဖော်ကာ တိုက်ရိုက်နိုင်ငံသားဖြစ်ခွင့်ရရှိအောင် ဖန်တီးနေသည့် အခြေအနေများ၊ နယ်မြေလုယူရန်ကြံစည်အကောင်အထည် ဖော်နေမှုအခြေအနေများ၊ ယခင်အစိုးရနှင့် တပ်မတော်မှ ရိုဟင်ဂျာမရှိဟု အထောက်အထား ခိုင်ခိုင်လုံလုံဖြင့်ငြင်းဆိုခဲ့မှုအခြေအနေများ၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လူဦးရေပေါက်ဖွားနှုန်းများပြားမှု၊ နိုင်ငံတကာအဖွဲ့အစည်းအချို့တို့၏ အကူအညီ ရယူမှုများဖြင့် ရခိုင်ဒေသ အတွင်း ဘင်္ဂါလီများက ပြဿနာဖန်တီးခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင်တိုင်းရင်းသူ မသီတာထွေး ကို ဘင်္ဂါလီ ၄ ဦးက အဓမ္မပြုကျင့်ခဲ့ရာမှစ၍ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေးနှင့် ပြည်မြို့ များတွင် ပဋိပက္ခများဖြစ်ပွားခဲ့မှုအခြေအနေ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေသခံရခိုင် တိုင်းရင်းသားများ၊ အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်သူများ၊ သတင်းမီဒီယာသမားများအား သတ်ဖြတ်ခြင်း၊ အစွန်းရောက် ဘာသာရေးအယူအဆများအား မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသရှိ ဘင်္ဂါလီများထံ သွပ်သွင်းခြင်းများ ပြုလုပ်၍ အစွန်းရောက်အကြမ်းဖက်အင်အားတည်ဆောက်ခဲ့မှု အခြေအနေ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက် နေသည့် ရဲကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်မျိုးစုံ (၆၈) လက်လု ယူမှုအပါအဝင် ရဲဝန်ထမ်း များနှင့် မိသားစုဝင်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုအခြေအနေနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင်လည်း တပ်မတော်ဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်းများနှင့် ဒေသခံတိုင်းရင်းသား ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် ဖြန့်ခွဲဝင်ရောက် တိုက်ခိုက်မှုအခြေအနေများ၊ ဘင်္ဂါလီအချင်းချင်း အကြမ်းဖက်မှု၌ မပါဝင်သူနှင့် သဘောမတူသူများကို လည်လှီးသတ်ဖြတ်ခဲ့မှုအခြေအနေများ၊ ၂၀၁၂ ခုနှစ် ဖြစ်စဉ်၌ ရပ်ကွက်/ကျေးရွာများအတွင်းသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖြစ်စဉ်တွင် တရား ဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်လာကာ ၂၀၁၇ ခုနှစ်ဖြစ်စဉ်၌ အရပ်သားများ၊ ရဲစခန်းများအပြင် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော အမြင့်ဆုံး လုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် တပ်ဌာနချုပ်များကိုပါ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဒေသခံတိုင်းရင်းသား ရခိုင်ကျေးရွာများအပေါ် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီအင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာမှုကြောင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် အင်အားနှင့် မလုံလောက်တော့၍ လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းခဲ့ရသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အမြန်ဆုံးပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ဆင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်များနှင့် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ ဥပဒေများနှင့်အညီ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် နောက်ပိုင်း လုံခြုံရေးအကူအညီအင်အားဖြည့်ရောက်ရှိနေသည့် တပ်မတော် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ဘင်္ဂါလီများ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုနှင့် ဘင်္ဂါလီကျေးရွာများ မီးရှို့ခံရမှုအခြေအနေအပေါ် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ တွေ့ရှိရမှု အခြေအနေများ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး ဦးဆောင်၍ ပဋိပက္ခကာလအတွင်း ဖြစ်ပွားနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ၊ ထုတ်ပြန်ထားသည့် Rule of Engagement နှင့် ဒေသန္တရစစ်ဆင်ရေး အမိန့်၊ အုပ်ချုပ်မှု အမိန့်များအပေါ် လိုက်နာဆောင်ရွက်မှုရှိ/မရှိနှင့် ဖောက်ဖျက်ကျူးလွန်မှု ရှိ/မရှိတို့အား ရခိုင်တိုင်းရင်းသား ကျေးရွာ ၂ ရွာ၊ ဟိန္ဒူကျေးရွာ ၂ ရွာနှင့် ဘင်္ဂါလီ ကျေးရွာ ၅၄ ရွာမှ ရွာသူ/ရွာသား ၃၂၁၇ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အသိသက်သေ ၈၀၄ ဦး၏ သက်သေထွက်ဆိုချက်များကို ရယူစစ်ဆေးဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်များတွင် အနီးကပ်ကွပ်ကဲရသည့် တပ်မှူးကြီး ၁ ဦး၊ နယ်မြေအလိုက်ကွပ်ကဲရသည့် တပ်မှူးကြီး ၁ ဦးတို့ကိုလည်း ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်အပေါ် လက်အောက်မှ အကောင်အထည်ဖော်နိုင်ရေး ကြပ်မတ်အားထုတ်ရန်အားနည်းချက်ကြောင့် တာဝန်များရွှေ့ပြောင်း၍ လိုအပ်သလိုစစ်ဆေးဆောက်ရွက်ခဲ့မှုအခြေအနေများ၊ စစ်ဆေးပြီးနောက် တာဝန်ရှိမှု တို့ကြောင့် အဆိုပါအရာရှိကြီး ၂ ဦးအား တပ်မတော်မှ အချိန်မတိုင်မီ အငြိမ်းစားပေးခဲ့မှု၊ တာဝန်မှ ရပ်စဲခဲ့ရမှု အခြေအနေအပြင် တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် စစ်ဘက်ဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မများအား ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုကျူးလွန်မှုအပေါ်မူတည်၍ ထိထိရောက်ရောက်အရေးယူမှု အခြေအနေများ အား ဆွေးနွေးပြောကြား သည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က ဆက်လက်ပြောကြား ရာတွင် ဖြစ်စဉ်ဖြစ်ရပ်များ၏ သက်သေအထောက်အထား အချက်အလက်များအား မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ အေပြီ ၃၀ ရက်တွင် ရောက်ရှိလာသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ သံတမန်များအပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် သံတမန်အဖွဲ့တိုင်းအား လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများထံသို့ လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်အမှန်များ သိရှိစေရေး ဖြန့်ဝေခြင်း၊ ရှင်းပြခြင်းများပြုလုပ်ခဲ့သော်လည်း နိုင်ငံတကာမှ ယနေ့အချိန်ထိ ဖြစ်စဉ်အမှန်များ သိရှိမှုအားနည်းနေသည့် အခြေအနေများအားပြောကြားပြီး ပြုစုထားသည့်အချက်အလက်များ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ထုတ်ပြန်ထားသည့်သတင်းများအပေါ် အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်များ၌လည်း တပ်မတော်အနေဖြင့် အပြည့်အဝလိုအပ် သည်များ ကူညီရန်အသင့်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Mrs. Rosario Manalo က ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ သက်သေခံအချက်များအပေါ်မူတည်ပြီး မှန်ကန်မျှတသောအဖြေကို ရှာဖွေဖော်ထုတ်ကာ နိုင်ငံတကာကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေများ အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရခိုင်ပြည်နယ်ဖြစ်စဉ် ဖြစ်ရပ်အမှန် အချက်အလက်များ၊ ဓာတ်ပုံအထောက်အထားများ၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းဆိုင်ရာစာအုပ်များအား လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များထံသို့ ၁ ဦးချင်း ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် လွတ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://m.facebook.com/story.php?story_fbid=243171506344309&id=243123553015771

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “တပ္မေတာ္သတင္းစဥ္မွဝါဒျဖန္႔ခ်ီမႈပါဝင္ေသာတင္ျပမႈ”

Post a Comment

Related Posts Plugin for WordPress, Blogger...